nကမ္ဘာဘယ်တုန်းကဖြစ်ပေါ်ခဲ့သလဲ? ဘယ်လိုဖြစ်ပေါ်ခဲ့သလဲ? အပိုင်း(၁)

in #myanmar6 years ago (edited)

လူသားတွေရဲ့ မှီတင်းတည်မှီရာ ဒီကမ္ဘာကြီးဘယ်လိုဖြစ်တည်လာခဲ့သလဲ ဆိုတာ လူသားတိုင်းသိချင်ကြမှာပါ။ တကယ်တော့ စာရေးသူတို့ရဲ့ ကမ္ဘာကြီးဟာ လူသားတွေအတွက် အဖိုးအတန်ဆုံးနဲ့ အရေးအကြီးဆုံး ရှေးဟောင်းပစ္စည်းကြီးပါပဲ။ စာရေးသူတို့ဟာ ပစ္စည်းတစ်ခုခု သို့မဟုတ် နေရာတစ်နေရာရာ ကို သက်တမ်းကြာမြင့်လာလေ သမိုင်းတန်ဖိုး မြင့်လာလေလေ ဆိုပြီး ရှေးဟောင်းပစ္စည်းအနေနဲ့ တန်ဖိုးထား ထိန်းသိမ်းတတ်ကြပါတယ်။ ဒါပေမယ့် စာရေးသူတို့ရဲ့ ကမ္ဘာကြီးကိုရော တန်ဖိုးထား ထိန်းသိမ်းမိကြရဲ့လား။

လူသားအတော်များများဟာ ကမ္ဘာပေါ်မှာနေပြီး ကမ္ဘာကိုဖျက်ဆီးမယ့် အပြုအမှုတွေ ၊ ကမ္ဘာကို ဖျက်ဆီးမယ့် product တွေ တီထွင်မှုတွေ တစ်ခုပြီး တစ်ခု လုပ်လာနေကြတာဟာ အရိပ်နေနေ အခတ်ချိုးချိုး လုပ်နေခဲ့ကြတာပဲ မဟုတ်ပါလား ။ဒါ့ကြောင့် ခု စာရေးသူတို့ ရပ်တည်နေတဲ့ ကမ္ဘာမြေကြီးဟာ ဘယ်လောက်အထိ ခက်ခက် ခဲခဲ နဲ့ အချိန်အကြာကြီးယူပြီး ဖြစ်ပေါ်လာခဲ့ရသလဲဆိုတာကို သိထားသလောက် ဝေမျှပေးချင်ပါတယ်။

07-51-25-images.jpg
Credit-image-source
အခု ကမ္ဘာကြီးရဲ့သက်တမ်းကို ပျှမ်းမျှပြောရရင် သန်းပေါင်း လေးထောင်ကျော်သွားပြီဖြစ်တဲ့အတွက် ကမ္ဘာဟာ ကမ္ဘာရယ်လို့ မဖြစ်ပေါ်ခင်မှာ ဘာလေးဖြစ်ခဲ့မယ်ထင်ပါသလဲ။ စပ်စုကြည့်ကြရအောင်ပါ။

22-33-15-solar-storm-early-warning-s.jpg
Credit-image-source

လွန်ခဲ့သော နှစ်သန်းပေါင်း လေးထောင်ကျော်လောက်က နေ လို့ စာရေးသူတို့ခေါ်တဲ့ မီးလျှံလုံးကြီးရှိတယ်။ အဲ့ဒီနေဟာ အားလုံးသိကြတဲ့အတိုင်း အလွန်ပူတဲ့ မီးလျှံလုံးကြီးဖြစ်ပေမယ့် သူ့ရဲ့ ပတ်ပတ်လည်ကို ဖုန်မှုန့်တိမ်တိုက်တွေ ၀ိုင်းရံလှည့်ပတ်ထားခြင်းခံရတယ်…အဲ့ဒီ့ဝန်းရံနေတဲ့ ဖုန်ထုကြီးဟာ အလွန်အင်မတန် သေးငယ်လှတဲ့ အမှုန်ငယ်လေးတွေနဲ့ minerals ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားပြီး အေးစက်နေတယ်တဲ့ အံ့သြစရာပါပဲ။

22-31-37-images.jpg
Credit-image-source

အဲ့လို လှည့်ပတ်နေကြတဲ့ အမှုန်ငယ်လေးတွေနဲ့ minerals တွေအချင်းချင်းကလည်း အကြိမ်ဖန်များစွာ ထိမိ တိုက်မိကြတယ် ။သို့သော် ဒီလို မိုင်ခရိုစကုပ်နဲ့ကြည့်မှမြင်နိုင်တဲ့ အမှုန်ငယ်လေးတွေ ဘယ်လိုတိုက်မိ၊ ဘယ်လိုပေါင်းစည်းပြီး ကမ္ဘာဂြိုလ်အရွယ်အစားရှိတဲ့ အပေါင်းအစုတစ်ခု အဖြစ် ဖြစ်ပေါ်လာတယ်ဆိုတာကို ကနဦးအစက ဘယ်သိပ္ပံပညာရှင်က မှ မမှန်းစတတ်ခဲ့ကြပါဘူး။ ဒီလိုအဖြေမထုတ်နိုင်ခဲ့တဲ့ ပုစ္ဆာဟာ အာကသယဉ်မှူးတစ်ယောက်ရဲ့ သိချင်စိတ်နဲ့စမ်းသပ်လိုက်တဲ့ စမ်းသပ်ချက်အသေးလေးကြောင့် အဖြေရရှိခဲ့ကြပါတယ်။ အဲ့ဒီ့ ကိုစူးစမ်းဟာ ကမ္ဘာ့ဆွဲအားမရှိတဲ့ အာကာအာကသထဲမှာ အရာဝတ္တုတွေဟာ ဘယ်လိုပုံသဏန်ရှိသလဲဆိုတာကို သိချင်တဲ့အတွက် ရိုးရှင်းတဲ့စမ်းသပ်မှုလေးတွေပြုလုပ်ခဲ့တယ်။ အဲ့ဒီ့စမ်းသပ်မှုတွေထဲကမှ ပလက်စတစ်လေဖောင်းအိပ်တစ်ခုထဲကို ဆားတွေထည့်ပြီး ပလက်စတစ်အိပ်ကို လှုပ်ခါကြည့်တဲ့အခါမှာ ဆားအမှုန်လေးတွေဟာ တစ်ခုနဲ့တစ်ခု စတင်ပူးကပ်လာပြီး ဆားအစုအဝေးလေး ဖြစ်သွားတယ် အဲ့ဒီ့ဆားအစုအဝေးလေး ကို ကွဲထွက်မသွားအောင် electric charges က တွဲစပ်ပေး လိုက်တာ ဖြစ်တယ် ၊ ဒီ သာမန်စမ်းသပ်ချက်တစ်ခုကနေ သိပ္ပံပညာရှင်တွေဟာ အစောပိုင်းက အဖြေမရှာတတ်ခဲ့တဲ့ ပုစ္ဆာကိုရှင်းလင်းသဘောပေါက်သွားခဲ့တယ် ။ဒီနေရာမှာ ဆားပွင့်လေးတွေဟာလည်း mineral တစ်မျိုး ပဲဆိုတာကိုတော့ အားလုံးသဘောပေါက်ပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် ဆိုလာစနစ်ထဲမှာ မြောပါနေတဲ့ mineral မှုန်လေးတွေနဲ့ solar dust ဖုန်မှုန့်လေးတွေဟာ ဒီသဘောအတိုင်း နှစ်သန်းပေါင်းထောင်ချီအချိန်ယူပြီး တဖြည်းဖြည်းပေါင်းစည်းလာခဲ့ကြတာဟာ ခုစာရေးသူတို့ နေထိုင်ရာ ကမ္ဘာကြီးရဲ့ အရွယ်အစား ရောက်တဲ့အထိပါပဲ။ ခုချိန်ထိလည်း ကျန်ရှိနေသေးတဲ့ အမှုန်ငယ်များစွာ ကျောက်တုံးပေါင်းများစွာဟာ နေကို လှည့်ပတ်နေဆဲပဲဖြစ်တယ်။

အစပြန်ကောက်ရရင် ဒီလို အစအနလေးတွေ အချင်းချင်းတွဲစပ် ပွတ်တိုက်ရင်း နေကို လှည့်ပတ် လာလိုက်ကြတာဟာ ကနဦး ဘောလုံးတစ်လုံး အရွယ်အစားလောက်ရှိတဲ့ ဖုန်လုံးလေးကနေ အိမ်တစ်လုံးစာ အရွယ်ရှိတဲ့ အစုအဝေးဖြစ်လာတယ် ။ အဲ့အချိန်မှာဆိုရင် ဒီအစုအဝေးဟာ ကိုယ်ပိုင် ဆွဲငင်အားတစ်ခု ရှိနေပြီဖြစ်တာမို့ ဘေးက အမှုန်တွေကို အရင်ကထက် ပိုပြီး သူ့ဆီကို ဆွဲကပ်လာစေပါတော့တယ်။ ဒီလိုနဲ့ ထုထည်ကြီးလာလေ ဆွဲငင်အား ပိုကြီးလာလေဖြစ်ပြီး ကမ္ဘာမဖြစ်သေးတဲ့ ဒြပ်ထုလုံးကြီးဟာ အခြားသော သူ့လို ကိုယ်ပိုင်ဆွဲငင်အားတွေ ရှိနေကြတဲ့ ဒြပ်ထုတွေကိုပါ သူ့ရဲ့ ပိုမိုအားကောင်းတဲ့ ဆွဲငင်အားနဲ့ ဆွဲကပ်ပြီး ထုထည်ကို ချဲ့ထွင်လာပါတယ်။
ဒီလိုနဲ့ နှစ်သန်းပေါင်း ၃၀လောက်အချိန်ယူပီး တဲ့အခါမှာ ခု ကျွန်ပ်တို့ နေထိုင်ရာကမ္ဘာကြီးရဲ့ အရွယ်အစားကို ရောက်လုနီးပါးဖြစ်လာခဲ့တယ် ။ ကမ္ဘာငယ်လေးဟာ သန်းပေါင်းထောင်သောင်းချီတဲ့ ကျောက်တုံးတွေ ကြုံရာကြပမ်း ပေါင်းစည်းထားတဲ့ ဒြပ်ထုတစ်ခုဖြစ်တယ် ။ မျက်စိထဲ မြင်ယောင်ကြည့်မယ်ဆိုရင် အဲ့ဒီ့အချိန်တုန်းက ကမ္ဘာဟာ အားကောင်းလာတဲ့ သံလိုက်တုံးကြီးလိုပဲ အနားမှာရှိတဲ့ သံမှုန်သံစ နဲ့ နည်းနည်းသေးတဲ့ သံတုံးလေးတွေကို ဆွဲကပ်တဲ့ပုံစံပေါ့။ ပြီးတော့ သေချာတာတစ်ခုက ဒီလို ဆွဲကပ်စေတဲ့အခါမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေလည်း ဖြစ်မှာအသေအချာပါပဲ။ ဒါဟာ စာရေးသူတို့ အရင်က သိခဲ့ကြတဲ့ ကြယ်တာရာပေါက်ကွဲမှု (super nova)နဲ့ ကမ္ဘာကြီးဖြစ်တည်လာ တယ်ဆိုတဲ့ သက်သေပါပဲ။
08-03-44-supernova-622x415.jpg
Credit-image-source

ဒါဆိုရင် Journey to the center of earth လိုမျိုး science fiction ရုပ်ရှင်တွေထဲကလို ကမ္ဘာ့အတွင်းဆုံးအပိုင်းကို ရောက်သွားတာတို့ ၊ ကမ္ဘာမြေကြီးရဲ့ အလွှာလိုက်ဖွဲ့စည်းထားတယ်ဆိုတာကကော ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။

07-38-19-51LJxFK19zL._SX336_BO1,204,203,200_.jpg
Credit-image-source

ပုံမှန်အတိုင်းဆိုရင်တော့ စောစောကပြောခဲ့သလို ကမ္ဘာဟာ သန်းပေါင်း ထောင်သောင်းချီတဲ့ ကျောက်တုံးတွေ ဖုန်မှုန့်တွေနဲ့ ဖြစ်သလို ပေါင်းစည်းထားတဲ့ ဒြပ်ထုကြီးတစ်ခုပါပဲ။
07-46-25-images.jpg
Credit-image-source

သူ့မှာ ပုံထဲကလို inner layer တို့ outer layer တို့ earth crust တို့လည်း မရှိသေးပါဘူး ။ဒါဆိုရင် ဒီလို အလွှာ အထပ်တွေ ဟာ ဘယ်အချိန်မှာ ဘယ်လို ရှိသွားတာပါလိမ့်။

ဆက်ပါဦးမည်။

ကမ္ဘာသူကမ္ဘာသားများ ကမ္ဘာကို တန်ဖိုးထားတတ်ကြပါစေ။

Reference > National Geographic channel's The story of earth
Written by @suhtetaung
3.6.2018

Sort:  

ဘာသာပြန်ဆို source link ပါ တွဲသင့်ပါတယ်

ဟုတ်ကဲ့အစ်ကို down ထားတာကြာနေတော့ လင့်ပြန်ရှာရခက်နေတာနဲ့ အချိန်ပေးပီးမရှာဖြစ်လိုက်တာရယ်။ထပ်ရှာပြီးထည့်လိုက်ပါ့မယ်။

Congratulation ပါ @suhtetaung
spg1 contest #7 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-8

ထပ်ပြီးကြိုးစားပါ့မယ်ရှင့်။ခုလို လက်သွေးခါစ ညီမတို့လို steemit newbie တွေအတွက် @steempowergroup1 ရဲ့ လက်ကမ်းကြိုဆို အားဖြည့်ပေးမှုသာမရရင် အတော်ကို စိတ်ဓါတ်ကြရမှာပါ။ ကျေးဇူးတင်ပါတယ်။

ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာပုံဆိုတာ ခရာစ်စယန်အလို၊ ဗုဒ္ဓအလို၊ သိပ္ပံပညာအလိုဆိုပြီးအမျိုးမ်ျုးယူဆကြတာရှိပါတယ်၊ သိပ္ပံပညာအလိုမှာလည်း အများကြီးကွဲပြားကြသေးတယ်၊အားလုံးက ရတဲ့အထောက်အထားလေးတွေပေါ်တည်ပြီးမှန်းဆကြတာပါ၊

ဟုတ်တာပေါ့အစ်ကို ညီမကတော့ ကိုယ်နဲ့လက်လှမ်းမီတာက သိပ္ပံဆိုတော့ သိပ္ပံနည်းကျကျ ချဉ်းကပ် ပြီးဖော်ထုတ်ထားတာကို အရင်ဆုံးလက်ခံယုံကြည်ထားတဲ့သဘောပါပဲ။ ပြီးတော့ ညီမ သိထားသလောက်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားချက်တွေဟာလဲ သိပ္ပံနည်းပညာနဲ့ အချိန်တော်တော်ကြာမှ ဖော်ထုတ်နိုင်ခဲ့တဲ့ အမှန်တရားတွေကို အဆုံးအစမရှိတဲ့ ဘုရားရှင်ရဲ့ ဥာဏ်တော်နဲ့ ရှေ့နှစ်ပေါင်းများစွာကတည်းက တင်ကြို ဟောကြားခဲ့တဲ့ သာဓကတွေလည်း အများကြီးပါပဲ။ ဒီ ဇဗ္ဗူဒီပါလက်ယာတောင်ကျွန်း အပါအဝင် စင်္ကြာဝဠာကြီးဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုတာကို တပည့်သံဃာတော်တစ်ပါး မေးမြန်းခဲ့တာကို ဘုရားရှင်က ဖြေတော်မမူဘူးလို့ဖတ်ဖူးပါတယ်။သိလည်း အကျိုးမရှိတဲ့အတွက်မဟောကြားခဲ့တာလို့ မှတ်မိလိုက်ပါတယ်။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62937.86
ETH 3092.40
USDT 1.00
SBD 3.87