😄 စပ်မိစပ်ရာ ဘာညာကွိကွ

in #myanmar6 years ago (edited)

အားလုံးသော စတီးမစ်သူ စတီးမစ်သားများ မင်္ဂလာပါရှင်။ ခုတလော ဗာဟီရတွေများပြီး စတီးမစ်မှာ ပို့စ်တင်မယ်လို့ စိတ်ကူးထားပေမယ့် တစ်ပတ်လုံး အိမ်ငှားဖို့ လိုက်ရှာရ တွေ့တော့ ငွေချေတဲ့ကိစ္စ ပစ္စည်းသိမ်းတဲ့ကိစ္စ ပြောင်းရွှေ့တဲ့ ကိစ္စ ရုံးက ကိစ္စ အစရှိတဲ့ ကိစ္စအဝဝတွေကြားမှာ ကိုယ့်ဖာသာကိုယ် အပတ်မလည်ဖြစ်နေလို့ အတော်လေးလည်းပျက်ကွက် မိသွားပါတယ်။ Pro day ကိုလည်း စိတ်ထဲမှာ မရောက်သေးလောက်ဘူးထင်ပြီး ပေးထားတဲ့ ဇယားကွက်ကို မကြည့်မိလောက်အောင် ပေါ့ဆမိခဲ့လို့ ကိုယ့်ကိုယ်လည်း စိတ်ပျက်ရပါတယ်။ အဲ့ဒါကြောင့် စနေနေ့ကို ပေါ့ပေါ့ပါးပါး ဟင်းလေးအပြေးအလွှားချက်မယ် စိတ်ကူးကာ ပဲနီပြား ခေါ် ပဲကတီပါ ပြုပ်လေးကို ကြက်သွန်နီလေးနဲ့ သုပ်တဲ့တစ်ခွက်ရယ် ၊ ပုစွန်ခြောက်အချိုခြောက်လေးကို ထောင်းပြီး သံပရာရည်လေးညှစ် ငြုပ်သီးစိမ်းလေးညှပ်ထည့်ပီးသုပ်တာ တစ်ခွက် နဲ့ မုန်ညှင်းကြော်လေး ကြက်သွန်ဖြူ ဓါးပြားရိုက်ကြော်တာတစ်ခွက် ချက်ပြီးချိန်မှာ စာရေးဖို့ခုံမှာထိုင်ရင်း mood သွင်းသော်လည်း မဝင်လာတော့ အခက်တွေ့ပြီးသည့် သကာလ တောင်တောင်အီအီ ထိုင်တွေးနေမိပါတော့တယ်။

တွေးကားတွေး၏ သို့သော် အကြံမထွက် ငပိချက် ဖြစ်နေတာကြောင့် ခေါင်းထဲပေါ်လာတဲ့ အချက်လေးတွေပဲ ချရေးမိပါတော့တယ်။ ပေါ်လာတာတွေကလည်း ဘယ်လိုမှအဆီအငေါ်မတဲ့တဲ့ အချက်တွေမို့လို့ ဖတ်ရတာ ပြေပြေပြစ်ပြစ် မဖြစ်လို့ အားနာမိပါတယ်။ ဖော်ပြပေးချင်တဲ့အချက်လေးတွေက ကျွန်မတို့ နေ့စဉ်ဘဝမှာ မြင်တွေ့နေရပေမယ့် သတိမထားမိတဲ့ သဘာဝတရားရဲ့ ဆန်ကြယ်တဲ့ အရာလေးတွေပါ။ ဆိုခဲ့ပြီးတဲ့အတိုင်း တချို့သော အချက်များက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိတာကြောင့် နံပါတ်စဉ်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေဟာ စာရေးသူရဲ့ အာပေါ်တွေ မဟုတ်ပါဘူးရှင်။ သိပ္ပံပညာကို စိတ်ဝင်စားလို့ ဟိုက ဒီက လိုက်ရှာဖတ်ရင်း ဖြစ်နိုင်ခြေရှိတဲ့အချက်လေးတွေကို ဖော်ပြပေးခြင်းသညဖြစ်တာမို့ တစုံတရာ ဘဝင်မကျစရာများ ပါလာခဲရင်လည်း နားလည်ပေးစေလိုပါတယ်။

၁။ လဆန်းရက်တွေနဲ့ လပြည့်နေ့တွေမှာ ဒီရေတက်တာကိုတော့ လူတိုင်းသိပြီးကြပြီးသားဖြစ်ပါတယ်။ အဲ့လို ဒီရေတက်ရခြင်းက လရဲ့ဆွဲငင်အားကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့သတိမထားမိတဲ့အချက်က လဟာ ပင်လယ် သမုဒ္ဓရာထဲကရေကိုပဲ ဆွဲငင်မြင့်တက်စေတာမဟုတ်ပါဘူး ကမ္ဘာ့ မြေဆီလွှာထဲက ရေတွေကိုပါ ဆွဲငင်တာဖြစ်တယ်ဆိုတဲ့အချက်ပါ။ ဒီလို ဆွဲငင်တဲ့အစွမ်းကြောင့်သာ အပင်တွေဟာ လပြည့်နဲ့ လဆန်းရက်တွေမှာ အစာရေစာ ပြည့်ဝနေတတ်ပါတယ်။ အသီးအနှံတွေဆိုလည်း အဲ့လိုရက်တွေမှာ ခူးဆွတ်ရင် အရည်ပိုရွှမ်းပြီး ပိုအရသာရှိတတ်ပါတယ်။ ဒါ့ကြောင့်မို့လည်း ကျွန်မတို့ မြန်မာအယူအဆ ရှိတယ်မဟုတ်လား တန်ဆောင်မုန်းလပြည့်နေ့ဟာ ဆေးပေါင်းခတဲ့ည လို့အဆိုရှိခဲ့ကြတာဟာ တခြားကြောင့်မဟုတ်ပါဘူး ။ တန်ဆောင်မုန်း လပြည့်ညရဲ့ လဝန်းကြီးဟာ အခြားသော လပြည့်တွေထက် ပိုမို အရွယ်အစားကြီးမားပါတယ် လရောင်ဟာလည်း ထိမ်ထိမ်သာလေ့ရှိတာကို လူတိုင်းသိကြပါတယ်။ဒါဟာ လသည် ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်င်္ရှိလာခြင်းကြောင့် သူ့ရဲ့ဆွဲငင်အားဟာလည်း အမြင့်ဆုံး peak interval ကာလဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။
16-09-05-AN72-Watermelon-732x549-Thumb_0.jpg
Crd-img-src

၂။ အလားတူစွာပဲ လကွယ်ညတွေ လဆုတ်ရက်တွေမှာတော့ အပင်တွေဟာ ချိနဲ့ အားနည်းတတ်ပါသတဲ့။ လပြည့်နဲ့ပြောင်းပြန်ပေါ့နော်။ ဒါကြောင့်မို့ လဆုတ်ရက်တွေ လကွယ်ရက်တွေမှာ စိုက်ပျိုးသီးနှံနဲ့ အပင်တွေဟာ ဖျက်ပိုးဒဏ်ကို ပိုမိုခံရပါတယ်။
16-06-21-Pests_1600x750.jpg
Crd-img-src

၃။ နောက်ထပ် လပြည့်ရဲ့ လူတွေအပေါ်သက်ရောက်မှုလည်း ရှိပါသေးတယ်။Moon's Biorhythm လို့ခေါ်တဲ့ လကြောင့် လူ့ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေဟာလည်း အံ့အားသင့်စရာပါပဲ။ လရောင်သို့မဟုတ် လရဲ့ ဆွဲငင်အားကြောင့် လူတွေရဲ့ ဇီဝနာရီတွေ ကမောက်ကမ ဖြစ်နိုင်သလို ဟိုမုန်းအပြောင်းအလဲတွေလည်း အများကြီးဖြစ်နိုင်တယ်လို့ လေ့လာစမ်းသပ်ချက်တွေက ဆိုထားပါတယ်။ ဒါ့ကြောင့် လပြည့်ညတွေမှာ လရောင်ကို မမြင်ရဘဲ အိပ်စက်နေရင်တောင် အိပ်ရေးမဝတတ်ဘူးလို့ လည်း သိရပါတယ်။ လပြည့်ညတွေမှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့နှုန်းလည်း မြင့်လေ့ရှိသလို အက်ဆီးဒန့်ဖြစ်ပွားနှုန်းလည်း မြင့်တတ်ပါသတဲ့။ နောက်ပြီး အရူးတွေဆိုရင်လည်း လပြည့်ညတွေမှာ ပိုမိုစိတ်ဖောက်ပြန်ကြတယ်မဟုတ်လား။
15-59-17-images.jpg
Crd-img-src

၎။ နောက်တစ်ချက်ကတော့ အပင်တွေရဲ့ နွယ်ပတ်ပုံ လားရာအရပ်ဟာ ကမ္ဘာက နေကို လည်ပတ်သလို လက်ယာရစ် နွယ်ပတ်တတ်ကြတာပါ။ သခွားနွယ် ဗူးနွယ်ကစလို့ အမျိုးမျိုးသော နွယ်ပင်အများစုဟာ လက်ယာရစ် ပတ်ခွေတာကို တွေ့ရလေ့ရှိတယ်ဆိုတဲ့အချက်ပါပဲ။
15-45-04-maxresdefault.jpg
Crd-img-src

၅။ နောက်တစ်ချက်ကို မပြောခင်မှာ ကမ္ဘာလုံးကြီးကို မြောက်ဘက် အခြမ်းနဲ့ တောင်ဘက်အခြမ်း ခွဲထားပြီး အလည်မှာ အီကွေတာ မျဉ်းက ကန့်လတ်ဖြတ် တည်ရှိနေတာကို မျက်စိထဲမြင်ယောင်ကြည့်ပေးစေချင်ပါတယ်။ အဲ့ဒီ့လို North Hemisphere နဲ့ South Hemisphere မှာ ဘေစင်ထဲက ရေတွေ ပိုက်ထဲကို စီးကျ ပုံခြင်းမတူပါဘူး။ မြောက်ကမ္ဘာခြမ်းမှာတော့ ရေတွေဟာ နာရီလက်တံအတိုင်း ရစ်ခွေစီးဆင်းပြီး တောင်ကမ္ဘာခြမ်းမှာတော့ နာရီလက်တံပြောင်းပြန်လှည့်သလို စီးဆင်းပါတယ်။ ဒါဟာ Coriolis effect ကြောင့်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံဟာ အီကွေရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ရေတွေဟာ ဘေစင်တို့ toilet တို့ထဲမှာ နာရီလက်တံအတိုင်းစီးဆင်းပါတယ် ။ စမ်းကြည့်လို့လည်း ရပါတယ်။

15-55-39-hiNW3VzbyTgAAAABJRU5ErkJggg==.jpg
Crd-img-src

၆။ နောက်တစ်ချက်က အီကွေတာ ဒေသတွေမှာ ဆိုင်ကလုန်းတို့ ဟာရီကိန်းတို့လို မုန်တိုင်းတွေ မဖြစ်ပေါ်နိုင်ပါဘူး။
15-52-15-cECCC.png
Crd-img-src

ဒီလဟာ ဝါဆိုလဖြစ်တာကြောင့် ဝါဆိုလပြည့်နေ့လည်း နီးပြီမို့လို့ ကောင်းတာတွေရော မကောင်းတာတွေပါ ဖြစ်ပေါ်သက်ရောက်တတ်တဲ့ လပြည့်နေ့တွေအကြောင်းနဲ့ စပ်မိစပ်ရာ လေးတွေကို ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း ပျော်စရာ ပိတ်ရက်လေးကို ပိုင်ဆိုင်ကြပါစေ။

Written by @suhtetaung

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97