my life job go

in #myanmar6 years ago

image

အလုပ်သွားဖို့ကားဂိတ်မှာကားစောင့်ရတာ၁နာရီနီးပါးလောက်ကြာတယ်သူများတွေအလုပ်ပိတ်လို့အနားယူတဲ့သူကအနားယူ မိသားစုနဲ့ အပြင်သွားသူကသွားကြနဲ့ ကိုယ်တွေမှာတော့မနားရပါဘူး။ပိတ်ရက်လေး အေးဆေးနေရမလားအောင်မေ့တယ်။

ဖုန်းလာလို့ကိုင်လိုက်တော့...ညီမလေး show room ကိုလာပေးလို့ရမလားတဲ့။ကိုယ့်ရဲ့အထက်ကအမတယောက်ကလှမ်းခေါ်တော့ လာနိုင်ပါတယ် လို့ပဲပြောရတော့တာပေါ့။ဘယ်လိုလုပ်မလဲနော်။စိတ်ညစ်ပါတယ်။အေးအေးဆေးဆေး TV လေးကြည့် Music Song လေးနားထောင်ပြီးနေရမလားထင်ထားတာလေ။

ဒါနဲ့ အလုပ်သွားဖို့ပြင် ပြီးတော့ကားဂိတ်ရောက်ပေါ့။စောင့်လိုင်ရတဲ့ကား တနာနီြးားလောက် လမ်းတွေပိတ်နေလို့ တစီးမှကိုမလာတာ။ ဒီနေ့ပိတ်ရက်တောင်ကားလမ်းကပိတ်နေရသေးတယ်။

ဘာပဲဖြစ်ဖြစ်လေ သွားရမှာတော့သွားရမှာပဲလေ။ဘဝဆိုတာ တိုက်ပွဲပါ။ အချိန်တိုင်း တိုက်နေရတယ်လှုပ်ရှားနေရတာလေ။အငြိမ်နေလို့မှမရတာကိုး။လှုပ်ရှားရုန်းကန်ရင်း ဝမ်းပြည့်အောင်ဖြည့်နေကြရတာ။

သူများတွေမိသားစုတွေနဲ့ပျော်ရွှင်နေတာကြည့်ပြီးအားကျမိပါတယ်။ကိုကတော့ အလုပ်ကိုသွားနေတဲ့ကားပေါ်မှာလေ။
ချစ်ဆုံးနဲ့ရိုက်ထားတဲ့ပုံလေးတင်လိုက်ဦးမယ်။

အားလုံးမိသားစုနဲ့အတူပျော်ရွှင်သောနေ့ ရက် များပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းရင်း စာကိုအဆုံးသက်လိုက်ပါတယ်နော်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61562.85
ETH 2891.34
USDT 1.00
SBD 3.43