"ကိုကိုဆိုအကျင့်​မ​ကောင်းဘူး"

in #myanmar6 years ago

image

"ဝယ်​လ်​ကမ်းတူမိုဘိုင်းလီးဂျန့်​!"
"ဖိုက်​စကန့်​တူဒီအန်​နမီရိချင်းတစ်​ဘက်​တယ်​ဖီးစမက်​ခ်ျ​ဒမ်း!"
"​အောထရုအိပ်​စ်​ဖ​လော!"
"ဘွန်း အတက်​ခ်​!"
[မထင်​မှတ်​ပဲနဲ့​တွေ့ဆုံခဲ့မင်း​လေး​ကြောင့်​ငါ့မှာရူး....​သေ​စေ​လောက်​တဲ့အကြည့်​​တွေနဲ့နှလုံးသားမှာအစားထိုးမရဘူး.....ရင်​ရင်​​လေးနဲ့...."

"ဟာ....လခွမ်းတဲ့မှ ခုမှပွဲကအစပဲရှိ​သေးတယ်​ မသာမကဖုန်းကဆက်​လာ​သေးတယ်​ ရှုံး​တော့မှာပဲ"

"Hello ကိုကို"

"Hello ချစ်​​လေး​ပြော ဘာဖြစ်​လို့လည်း"

"ဘာမှ​တော့မဟုတ်​ပါဘူးဒီတိုင်းလွမ်းလို့ဆက်​လိုက်​တာ ကိုကို​ကောမလွမ်းဘူးလား?"

"ဘယ်​လိုများ​မေးလိုက်​တာလည်းချစ်​​လေးရယ်​ အရမ်းလွမ်းတာ​ပေါ့(စိတ်​ထဲမှာ​တော့ မသာမ ​ပြောစရာရှိမြန်​မြန်​​ပြောဟ ဒီမှာ ရှုံး​တော့မယ်​😒)"

"ဟုတ်​လို့လား ကိုကို"

"အွန်း ဟုတ်​တာ​ပေါ့ချစ်​​လေးရဲ့"

"အွန်း....ကိုကိုဘာလုပ်​​နေလည်း ထမင်း​ကောစားပြီးပြီလား"

"ဘာမှလုပ်​ပါဘူးချစ်​​လေးရဲ့ ချစ်​​လေးကိုထိုင်​လွမ်း​နေတာ..ဟီးဟီး..."

"ဟွန်း လွမ်းတာများဖုန်းလည်းမဆက်​ဘူး ချစ်​​လေးကဆက်​ရတယ်​"

"ကိုကိုကခုပဲချစ်​​လေးကိုဆက်​မလို့ဖုန်းကိုင်​တုန်းရှိ​သေးတယ်​ချစ်​​လေးကဆက်​လာတာကို အာ့​ကြောင့်​ချစ်​​လေးဖုန်းဆက်​လာတာနဲ့ချက်​ချင်းကိုင်​နိုင်​တာ​ပေါ့လို့(​တော်​ကီ​တွေ ​ပေးတတ်​ရတာ​ပေါ့😝)"

"ဟီးဟီး အာ့​ကြောင့်​လား...ချစ်​လိုက်​တာ ကိုကို.."

"အွန်းကိုကိုလည်းများကြီးချစ်​..အာဘွား..."

"အာဘွားအခါတစ်​သိန်း...မွမွ(အယ်​ကိုတို့အားကျ​နေပြီမလား မညာချင်​စမ်းပါနဲ့​ဗျာ😝)"

"အွန်းအွန်း ဒါဆိုကိုကိုဖုန်းချလိုက်​​တော့မယ်​​နော်​​ ​ရေချိုးမလို့"

"ဟုတ်​ကိုကို အကြာကြီးလည်းလုပ်​မ​နေနဲ့အုန်းအ​အေးမိပြီးဖျားမယ်​"

"ဟုတ်​ကဲ့ပါ​ဗျာ အကြာကြီးမလုပ်​ပါဘူး စိတ်​ချ​ရေချိုးပြီးတာနဲ့ဖုန်းဆက်​လိုက်​မယ်​"

ဂွပ်​ဆိုဖုန်းချပြီးမပြီး​သေးတဲ့ဂိမ်း​လေးကိုမြန်​မြန်​ပြန်​ဝင်​​တော်​​သေးတယ်​​ဗျဂိမ်းကမရှုံး​သေးဘူးဒါ​ပေမဲ့ဟိုဘက်​က​တော်​​တော်​ကိုသာ​နေပြီ​ဗျ ။ကျွန်​​တော်​တို့ဘက်​ကtower ၃တိုင်​ပဲကျန်​တယ်​။ကျွန်​​တော်​လည်းပြန်​ကစားတာ​ပေါ့။ကျွန်​​တော်​ကအဲ့ဂိမ်းထဲက အကြမ်းဆုံး ကိုင်​ရအခက်​ဆုံးဆိုတဲ့အ​ကောင်​ကိုမှ​ရွေးကိုင်​ထားတာ​ဗျ။ difficulty အမြှင့်​ဆုံးဖြစ်​တဲ့fanny ​ပေါ့ အဲ့အ​ကောင်​ကိုကိုင်​တတ်​ဖို့ comstom mode မှာ ပွဲ100ထက်​မနည်းကျင့်​လို​က်​ရတယ်​။ဒါ​တောင်​ခုထိအရမ်းကြီးကျွမ်း​အောင်​မကိုင်​တတ်​​သေးဘူး။2 vs 1​တော့​ကောင်း​ကောင်းကြီးနိုင်​​နေပြီ​။အာ့နဲပြန်​ကစားbuff ​တွေပြန်​ farm item ​လေး2ခု​လောက်​ပြီး​တော့မှ ဟို​ဘက်​ကအ​ကောင်​​တွေကိုပြန်​သတ်​ရင်းပြန်​နိုင်​ခဲ့တယ်​။စိတ်​ကလည်းချစ်​ရ​သောသူ​လေးနဲ့ကြည်​ကြည်​နူးနူး​တွေ​ပြောထားတာဆို​တော့​ပျော်​ရွှင်​တက်​ကြွ​နေ​တော့​ဆော့ရတာပိုအဆင်​​ပြေသွားတယ်​ထင်​တာပဲ။Epic comeback ပြန်​ယူသွားနိုင်​​ပေမဲ့လည်း အကြာကြီး afk ဖြစ်​ထား​တော့ report ​တော့ထိတယ်​​ဗျာ credite scores ​တော့ 5ခု​လောက်​​လျော့သွားတယ်။အာ့နဲ့ကျွန်​​တော်လည်းချစ်​သူ​လေးကို​ရေချိုးပြီးဖုန်းဆက်​မယ်​​ပြောထား​တော့ဂိမ်းကထွက်​ပြီး​ရေမြန်​မြန်​ချိုးပြီးဖုန်းဆက်​ဖို့လုပ်​ရ​တော့တာ​ပေါ့။သူကကျွန်​​တော့်​ကိုဆိုအရမ်းချစ်​တာ​ဗျ ကျွန်​​တော်​နဲ့ပတ်​သတ်​ရင်​တစ်​ခုခုဆိုအရမ်းအ​လေးထားတယ်​။သူနဲ့ကျွန်​​တော်​နဲ့ကတစ်​နှစ်​ကြီးတစ်​နှစ်​ငယ်​။သူကကျွန်​​တော့်​ထက်​ငယ်​​ပေမဲ့ကျွန်​​တော်အ​​ပေါ်အရမ်းကြီးမဆိုးဘူးအရမ်းနားလည်​​ပေးတတ်​တယ်​။
ကျွန်​​တော်​သူ့ကိုဘယ်​​လောက်​ပဲအနိုင်​ယူယူသူကအမြဲအ​လျော့​ပေးတတ်​တယ်​​ဗျ။

ကဲပါ​စောနကအ​ကြောင်း​လေးပြန်​ဆက်​မယ်​။ကျွန်​​တော်​လည်း​ရေအမြန်​ချိုးပြီး အဝတ်​အစားမြန်​မြန်​ဝတ်​ပြီး ဖုန်းကိုကိုင်​ပြီး call content ထိပ်​ဆုံးမှာရှိတဲ့သူ့နံပါတ်​​လေးနိပ်​ပြီး​ခေါ်တာ​ပေါ့။ကျွန်​​တော်​ထင်​တဲ့အတိုင်းပဲသူ့ဖုန်းကိုတန်းဝင်​တာနဲ့တန်းကိုင်​​တော့တာပဲ။ပြီးရင်​ကြာလို့ဆိုပြီးလူကြီးလိုလိုဘာလိုလိုနဲ့ဆု​ငေါက်​အုန်းမယ်​ဆုံးမအုန်းမယ်​ဆို​တာကျွန်​​တော်​ကြိုသိ​နေတာ​ပေါ့။

"Hello ချစ်​​လေး..ဟီး..(အပြစ်​လုပ်​ထား​တော့ဆက်​ဖြီးဖြီးနဲ့အသံကိုအချိုဆုံးနဲ့​ပြောရတာ​ပေါ့)"

"ဘာအခုမှ Hello ချစ်​​လေးလည်း ​ရေချိုးတာဘာလို့အဲ့​လောက်​ကြာ​နေတာလည်း​ပြော"

"​ဖြေး​ဖြေး​ပြောပါချစ်​​လေးကလည်း ကိုကိုဘာမှလုပ်​ပါဘူး...ဟီးဟီး"

"ဆက်​ဖြီးဖြီးလုပ်​မ​နေနဲ့ ဘာမှမလုပ်​ပဲဘာလို့အဲ့​လောက်​ကြာ​နေတာလည်း ​ရေကိုအဲ့​လောက်​ကြာ​အောင်​ချိုးရလားအ​အေးပတ်​ပြီး​လေဖြတ်​​သွားရင်​ဘယ်​လိုလုပ်​မလည်း"

"ငင့်​..ချစ်​​လေးကလည်းကိုကို့ကိုအဆုံးပို့ပြန်​ပြီ အ​အေးပတ်​ပြီးဖျားရုံဆို​တော်​​သေးတယ်​"

"စိတ်​ပူလို့​​ပြောတာ​လေ ဘာလည်းမပူရဘူး မပူရဘူးဆိုလည်းရတယ်​​နော်​...ဟွန့်​"

"မဟုတ်​ပါဘူး ပူပါ ချစ်​​လေးစိတ်​ပူတာ​လေးကိုကိုကိုက​ပျော်​​နေတာ"

"ဟွန့်​...သူများကသူ့ကိုစိတ်​ပူ​လို့​သေ​တော့မယ်​သူက​ပျော်​​နေတယ်​ > ကိုကိုဆိုအကျင့်​မ​ကောင်းဘူး < သူများကိုစိတ်​ပူ​အောင်​အမြဲတမ်းလုပ်​တယ်​ ချစ်​​လေးကိုမစာနာဘူး ချစ်​​လေးအ​ကြောင်းလည်းသိရဲ့သားနဲ့"

"အွန်းပါချစ်​​လေးကလည်း ကိုကိုသိပါတယ်​ချစ်​​လေးကိုကို့ကိုဘယ်​​လောက်​ချစ်​တယ်​ဆို​တာ ​စိတ်​မဆိုးပါနဲ့​တော့​နော်​ချစ်​​လေးစိတ်​ဆိုး​ပြေ​အောင်​ကိုကိုဘာလုပ်​​ပေးရမလည်း သီချင်းဆိုပြရမလား"

"အွန်းဆိုပြ ချစ်​​လေးကိုpropose လုပ်​တုန်းက သီချင်း​လေးဆိုပြ"

"မရိုး​သေးဘူးလားချစ်​​လေးရဲ့ တစ်​ခါလာလည်းဒီသီးချင်းပဲနှစ်​ခါလာလည်း ဒီသီချင်းပဲ"

"ရိုးစရာလား ကိုကိုချစ်​​လေးကိုpropose လုပ်​တုန်းကသီချင်​စ​လေးမလို့အားတိုင်းနား​ထောင်​ဖြစ်​တယ်​ ကိုကိုသာအ​လေးမထားတာ"

"အ​လေးမထားတာမဟုတ်​ပါဘူးချစ်​​လေးကလည်းကိုကိုကချစ်​​လေးရိုး​နေမှာဆိုးလို့"

"အာ့ဆိုပြ"

"ဟုတ်​ကဲ့ပါ​ဗျ ဆိုပြပါ​တော့မယ်​​ဗျ ​သေချာနား​ထောင်​​နော်​"

ဆက်​ပါအုန်းမယ်​​ဗျ😁....

မောင်​စံ​ပေါင်း​လေးဖတ်​ရမှာပျင်း​နေမှာဆိုးလို့အချစ်​ဇာတ်​လမ်း​လေးတစ်​ခု​ဖော်​ပြ​ပေးချင်​လို့ဒီဟာ​လေး​ရေးဖြစ်​သွားတာပါ​ဗျစိတ်​​ကျေနပ်​မယ်​လို့ထင်​ပါတယ်​​ဗျ😁

Photo credit ;facebook


MSC.119
@thantzinwin
Thant Zin Win

Sort:  

လူလိမ်လူညာကြီးပေါ့ကွယ် အာဖြီးတဲ့ကိုကို...
ချစ်တာမိုးလောက်ကြီးပါတဲ့ ပြောတဲ့ကို...
ပို့စ်ဖတ်ပြီး ဆိုမိပါတယ်ကွယ်ယ

ဟီးဟီး​တော်​ကိမှမ​ကြေ်​ရင်​ခု​ခေတ်​ရင်​ခုန်​​စေဖို့မလွယ်​ဘူးအစ်​ကို​ရေ😁

ဟဟား လူပျို​တောင်​ ပြန်​ဖြစ်​လိုက်​ချင်​​သေး ​ရေးထားတာ ဂွတ်​တယ်​ဗျာ

ညီတို့လူပျို​တွေကိုအားကျသွားတယ်​မလား😝

ကိုကို ချစ်လေးနဲ့ ပြောကြသူအများစု ရန်ဖြစ်တာ များတာကို အတွေ့အကြုံအရ သိထားတယ် ဒီကလည်း ဘယ်လိုနေမလဲ အချစ်အခင်မပျက်ဘဲ အခုလိုပဲ ဆက်ဖြစ်နေပါစေဗျာ

ပျက်​သွားခဲ့တာ၇လ​ကျော်​ခဲ့ပါပြီ​ဗျာ😢သတိရလို့​ရေးလိုက်​တာ😔

ဘာသီချင်းနဲ့ proposeလုပ်တာလဲ 😁 ဆိုပြလေ ဘရို ..အရေးအသားလေးကောင်းတယ် ဒါကြောင့်စော်တွေကြွေတာပေါ့

Rintone လုပ်​ထားတဲ့သီချင်းပါပဲအစ်​ကို​ရေ​ကျေးဇူးပါ​ဗျ😁

propose သီချင်းလေး ကြားချင်လိုက်တာဗျာ

ဟီးပိုစ့်​ထဲမှာပါတဲ့ ringtone ပါပဲ​ဗျ😁

မိန်းကလေးတွေတော့ သတိထားရတော့မယ် hee hee

မ​ကြောက်​ကျပါနဲ့လို့ဒို့ကနွဲ့ပါတယ်​လို့😝

ဟား
မဆိုးဟ တော်ကီ ဂေါ်ဇီလာလောက်ရှိတယ်။
မှက်ထားအုံးမှပါ။ ဂိမ်းဆော့တဲ့အချိန် အတိုင်းသာ ရေချိုးတာဆို တစ်ကယ်တေမှာမှက်😁😁
အခုpostကို အဲ့ဒီ ချစ်လေးဆိုတာတွေ့ရင် ပိုရစ်လို့ကောင်းပြီပဲ😁😁😁

ခု​ခေတ်​မိန်းခ​လေး​တွေကိုချုပ်​ရင်​​တော်​ကီ​လေးမှမကြွယ်​ရင်​ရဖို့ဆိုတာမလွယ်​ဘူး​လေ😁😁

အရေးအသားကောင်းပါတယ်အစ်ကို

ဟုတ်​​ကျေးဇူးတင်​ပါတယ်​​ဗျ

COC War တိုက်နေတုန်းလာရင် အသေစိတ်ဆိုးတာ

ဟုတ်​ပဖုန်း​တွေပါလွင့်​ပစ်​ချင်​စိတ်​​ပေါက်​တယ်​😁

အရမ်းချစ်တယ် အာဘွားအာဘွားမွမွမွ

ဆောက်ရမ်းလန်းတယ်😂😂😂

ဟီးဟီး အားကျသွားတယ်​မလား😝

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 65848.40
ETH 3007.80
USDT 1.00
SBD 3.73