ကျွန်​​တော်​နှင့်​တလွဲများ

in #myanmar6 years ago

image

Steemit Myanmar ကညီကို​မောင်​နှမများအားလုံးမင်္ဂလာရှိ​သော​နေ့​လေးဖြစ်​ပါ​စေ​ဗျာ။ကျွန်​​တော်​က​တော့မနက်​ခင်းမိုးလင်းပြီဆိုတာနဲ့အလွဲ​လေးတစ်​ခုနဲ့ထလိုက်​ရမှ။နဂိုကတည်းကရှက်​ပြာရှက်​ပြာနဲ့တစ်​​ယောက်​ထဲ​ဂယက်​​တွေထ​နေတတ်​တဲ့အကျင့်​က​လေးကရှိ​သေးတဂိုး။ဒီက​နေ့လည်းမိုးလင်းတာနဲ့အလွဲက​လေးတစ်​ခုနဲ့ထခဲ့ရပြန်​ပြီ။ထုံးစံအတိုင်းကျွန်​​တော်​ရဲ့အကျင့်​အတိုင်း၅နာရီထိုးတာနဲ့မျက်​လုံးကပွင့်​လာပြီ။နိုးတာနဲ့လုပ်​​နေကျဖုန်း​လေးကိုင်​ပြီးဟိုဟာလုပ်​သလိုဒီဟာလုပ်​သလိုနဲ့ဟိုဝင်​ဒီထွက်​လုပ်​မလို့ဖုန်း​လေးကိုအကြည့်​...ဖုန်းအားသွင်းတုံးကမီးခလုပ်​မှာမရှိတာကိုမြင်​လိုက်​တာနဲ့"လခွမ်းနဲ့မှ....ဖုန်းအား​ကောရှိလားမသိဘူး"ဆိုပြီးဖုန်းကိုယူကြည့်​​တော့ထင်​တဲ့အတိုင်းပဲဖုန်း​လေးကpower​တောင်​မနိုးရှာ​တော့ဘူး။အစ်​ကိုတို့​တော့မသိဘူးကျွန်​​တော့်​အတွက်​​တော့ဖုန်း​လေးအားမရှိရင်​ကို့ရည်းစားကအ​ကြောင်းမဲ့ထားခဲ့ခံရတာ​လောက်​​တောင်​ဝမ်းမနည်းဘူး။ဖုန်းအားသွင်းတုန်း​လေးကကျွန်​​တော့်​ရဲ့​ခေါင်းထိပ်​တည့်​တည့်​ကမီးပလပ်​ခုံ​လေးမှတပ်​ပြီးအားသွင်း​နေကျ။ကျွန်​​တော်​ကိုကအမှတ်​မရှိတာပါ​လေအိပ်​ပြီဆိုဝက်​လိုပဲဟိုလိမ့်​လိုက်​ဒီလိမ့်​လိုက်​အိပ်​တတ်​တဲ့အကျင့်​ရှိတာကိုအမှတ်​မရှိဖုန်းအားသွင်းတုံးကို​ခေါင်း​ပေါ်တည့်​တည့်​တပ်​ပြိးသွင်းတာ။ပြောရမယ်​ဆိုတနည်းအားဖြင့်​လူရမ်းကားမဟုတ်​တဲ့လူမိုက်​​ပေါ့​ဗျာ:3။ဖုန်းကအားမရှိ​တော့စိတ်​တိုပြီး​အော်​ပြီးဆဲဆိုလိုက်​မိတယ်​။အဲ့လို​အော်​ပြီးဆဲဆို​တော့​ဘေးကအစ်​ကိုကအိပ်​​နေရာက​နေလန့်​နိုးပြီးထဆဲပါ​လေ​ရော​ဗျာ။ထမထိုးတာကံ​ကောင်းတယ်​​ပြောရမယ်​​ဗျ😂။

ဖုန်းအားသွင်းတုံးကိုပြန်​တပ်​ပြီးခဏ​စောင့်​ပြီးဖုန်းကို power ပြန်​ဖွင့်​ပြီး​တော့မှပုံမှန်​လုပ်​​နေကျsteemitထဲကိုဝင်​feed​လေးကိုနဲနဲပွတ်​ပြီးvote ​ပေးစရာရှိတာ​ပေးcommentဝင်​​ပေးစရာရှိတာ​ပေးပြီးlegit လို့ထင်​ရတဲ့ E&E mining site ထဲဝင်​ပြီး​တော့တူးထားတဲ့doge ​လေးနဲနဲကို Ghs ​ပြောင်းဖို့ exchange လုပ်​ပြီးပြန်​ထွက်​facebook ​လေးနဲနဲပွတ်​ပြီး Mobile legend ​လေးကိုတစ်​ပွဲ​လောက်​​အပျင်း​ပြေ​ဆော့။ပြီးရင်​ထ​ရေမိုးချိုး(တစ်​လမှတစ်​ခါချိုးတာ😂)ပြီးထမင်းစားအလုပ်​သွားဖို့ပြင်​ပြီးအလုပ်​ကိုသွားတာ​ပေါ့။အလုပ်​​တော့​ရောက်​ပြီထုံးစံအတိုင်းမလွဲရရင်​ကိုမဖြစ်​တဲ့ကျွန်​​တော့်​အကျင့်​အတိုင်းဖုန်းအားသွင်းကြိုးကျန်​ခဲ့ပြီ​လေ။ဖုန်းငအားကလည်းသိပ်​မရှိ​တော့ကိုယ့်​ဘာကိုယ်​ပဲ​ဒေါသထွက်​ရပြန်​ပြီ​ပေါ့။သူများနားကလည်းငှါးလို့မရကျွန်​​တော့်​ဖုန်းအားသွင်းကြိုး​ခေါင်းကtype C ဆို​တော့သူများအားသွင်းကြိုးနဲ့မတူ​တော့ဒုက္ခနဲ့လှလှ​တွေ့ရပြီ​ပေါ့​ဗျာ။ပြန်​ယူရ​အောင်​လည်းကျွန်​​တော့်​အလုပ်​နဲ့ကျွန်​​တော့်​အိမ်​နဲ့ကလည်း10မိုင်​​ကျော်​​လောက်​​ဝေးတာဆို​တော့သွားယူဖို့ကမဖြစ်​နိုင်​။ဒါ​ကြောင့်​တစ်​​နေကုန်​ဖုန်းမကိုင်​ဖြစိဘူး။ဖုန်းမကိုင်​ရ​တော့လက်​ထဲမှာဟာသလိုလိုရင်​ထဲမှာဟာသလိုလိုကဖြစ်​​နေပြန်​တယ်​​။အလုပ်​လုပ်​ရတာလည်းစိတ်​မပါ​တော့ဘူး​ဗျ။ဒီဖုန်း​ရောဂါကလည်းအ​တော်​ကြီးတယ်​​ဗျ။အလုပ်​လုပ်​ရတာစိတ်​မပါ​တော့ဘာလုပ်​လုပ်​အဆင်​ကိုမ​ပြေပါဘူး​ဗျာ။ကြားထဲမှာကျွန်​​တော်​ရဲ့ရှက်​ပြာရှက်​ပြာနိုင်​တဲ့အကျင့်​​ကြောင့်​ LG Tv မှန်​မ​တော်​တဆထိပြီးကွဲသွား​သေးတယ်​​ဗျ။

ဖြစ်​ပုံကဒီလို​ဗျအဲ့​နေ့ 3KV transformer ကည​နေယူမှာဆိုပြီးorder ရထား​တော့ကျွန်​​တော်​လည်းအမြန်​ပြီး​အောင်​လုပ်​ရတာ​ပေါ့။main ပက်​ဘာညာအကုန်​လုပ်​ပြီးမျက်​နှာစာ​တွေဆင်​ပြီးrelay ​တွေအကုန်​ထိုင်​ပြီးစက်​လုံးဖို့ပဲကျန်​တဲ့အချိန်​မှာအဖုံးဖုံးဖို့ပဲကျန်​တာ​ဗျ။order မှာသူကလည်း​ရောက်​​နေပြီတဲ့။အဖုံး​လေးပဲဖုံးဖို့ကျန်​ခါမှအဖုံးက​ပျောက်​​နေတယ်​ရှာလို့မ​တွေ့ဘူး​ဗျာ။အာ့နဲ့မ​တွေ့​တွေ့​အောင်​လိုက်​ရှာတာ​ပေါ့။အဲ့အချိန်​ကျွန်​​တော့်​အစ်​ကိုက LG အထဲက LED မီးသီးကျွမ်း​နေလို့လဲနေတာ​ဗျ။LED မီးသီးလဲတာဆို​တော့မှန်​ခွာလုပ်​ရတာ​ပေါ့။ကျွန်​​တော်​တို့ဆိုင်​ကအ​တော်​​လေးကျဉ်းတယ်​​ဗျ။ပြင်​ပြီးလာမ​ရွေးတဲ့Tv​တွေကလည်းအ​ပေါ်​ကော​အောက်​​ကော​ဘေးဖက်​​တွေ​ကော​တောင်​လိုပုံလို့​ဗျ။ဆိုင်​ခန်း​ကကျဉ်း​တော့အဲ့လို LCD Tv ​တွေမှန်​ခွာလုပ်​ရပြီဆို​နေရာ​လေးကိုအတင်းလုပ်​ယူပြီး​အောက်​ကခုံ​လေးနှစ်​ခုံသုံးခုံ​ပေါ်မှာ Tv ဖာ​လေးကိုတင်​ပြီး အဲ့​ပေါ်မှာခွာထားတဲ့မှန်​​လေးကိုတင်​ရတာ​ပေါ့။ဖြစ်​ချင်​​တော့ကျွန်​​တော်​ရှာ​နေတဲ့ မီးအားမြှင့်​စက်​အဖုံးက​အဲ့​အောက်​​ရောက်​​နေတယ်​​ဗျ။ကျွန်​​တော်​လည်း​လော​လော​လော​လောနဲ့ဆို​တော့အဲ့အဖုံးကိုမြင်​တာနဲ့အ​ပေါ်ကမှန်​တင်​ထားတဲ့ဟာကိုမမြင်​​တော့ပဲအမြန်​လှမ်းယူလိုက်​တယ်​​ဗျ။အာ့နဲ့အ​ပေါ်ကတင်​ထားတဲ့မှန်​ကိုတိုက်​မိပြီး​အောက်​ကိုကျပြီးpanel နားကွဲသွားတယ်​​ဗျ။မှန်​panel ကွဲပြီဆို​တော့ဘာမှလုပ်​မရ​တော့ဘူး​ပေါ့အသစ်​​ရော်​​ပေးရုံပဲကျန်​တာ​ပေါ့​ဗျာ။အစ်​ကို​တွေ​ကောအ​ဖေ​ကောဆဲလိုက်​တာမှလွန်​​ရော​ဗျာ။ကျွန်​​တော်​လည်း​ရော်​ရတယ်​ဆို​တော့လန့်​ပြီးဖျား​တောင်​ဖျားတယ်​။သုံးရက်​​လောက်​အိပ်​ယာထဲလဲသွားတယ်​😁။အဲ့​နောက်​ကစပြီးကျွန်​​တော်​အသက်​နိုင်​ဆုံးရှက်​ပြာရှက်​ပြာလုပ်​တတ်​တဲ့အလွဲ​တွေမရှိ​အောင်​ကြိုးစား​နေထိုင်​ခဲ့ပါတယ်​ခုထိ​ပေါ့။သို့​ပေမဲ့တစ်​ခါတစ်​ရံ​တော့အဲ့အကျင့်​ကပြန်​ပြန်​​ပေါ်လာ​သေးတယ်​​​ဗျ။အာ့​ကြောင့်​တျွန်​​တော့်​လိုမဖြစ်​ရ​အောင်​တစ်​ခုခုလုပ်​မယ်​ဆို​ခေါင်း​အေး​အေးနဲ့မှန်​မှန်​ကန်​ကန်​​ဖြစ်​​အောင်​ပုံမျန်​မှန်​ပဲလုပ်​ကျပါလ်ု့တိုက်​တွန်းချင်​ပါတယ်​​ဗျ။


MSC.119
@thantzinwin
Thant Zin Win

Sort:  

ရှပ်ပြာရှပ်ပြာနဲ့ အနားနီးမှ ကပ်တင်တာပေါ့လေ။

ဟုတ်​ပအစ်​ကို​ရေရှပ်​ပြာရှပ်​ပြာနဲ့ပဲကပ်​တင်​လိုက်​ရတယ်​😁

အင်း စိတ်မလောနဲ့ ညီရေ
သတိထားပြီးလုပ်တာတောင် မလွယ်လှဘူး

ဟုတ်​တကယ်​ကိုမိုး​ဇော်​​ရေကြီလည်းသတိထားရဲ့ကြားကခဏခဏကိုဖြစ်​တာ​ဗျဆိုင်​ခန်းကလည်းကျဉ်း​တော့​လေ

သတိတော့ ထားပါ ညီရေ
Lcd ဈေးကလည်းသေးဘူး
လျော်ရရင်မစားသာဘူး

ဈေးကလည်းအသစ်​တစ်​လုံးနီးနီးပဲ😁

ဖြစ်တတ်ပါတယ် ကျွန်တော်က အမှတ်တမဲ့နဲ့ ကြိတ်စက်ထဲ လက်ပါသွားဖူးတယ်

Wow ​တော်​​တော်​ကိုနာမှာပဲ​ဗျာလက်​ကိုကြိတ်​စက်​ထဲပါသွား​တော့ဘယ်​​လောက်​​တောင်​ခံရခက်​လိုက်​မဲ့ဖြစ်​ခြင်းလဲ​ဗျာ

သတိထား​ပေါ့ကွယ်

သတိ​တော့ထားတာပဲညီလည်း ဒါ​ပေမဲ့လို tv3လုံးရှိပြီညီခွဲတာ😁

ကျန်တော်တို့ ဖုန်းပြင်ဆိုင်မှာလုပ်တုန်းက မှန်ခွာတာ လက်ချောသွားလို့ မှန်ကွဲတော့ အိတ်စိုက်လိုက်ရတာလေး သွားအမှတ်ရတယ် 😁

ဟီး ညီဆိုtvမှန်​ကွဲတာသုံးခါ​တောင်​​ဗျ​အလုပ်​လုပ်​တာ​ပေါ့မိတာ​ပေါ့😁

အကျိုးရှိတဲ့ post လေးပါဗျာ

ဟုတ်​ညီ့ရဲ့​ပေါက်​ကရ​လေး​တွေကိုဖတ်​ရှူ့​ပေးလို့​ကျေးဇူးပါ​ဗျ

ဒါလည်း ပိုစ့်ဖြစ်တာဘဲ့

ရေးတတ်​ရင်​ဖြစ်​ပါတယ်​​ဗျ😁😁​ပေါက်​ကရ​လေး​တွေကိုဖတ်​​ပေးလို့​ကျေးဇူး​ဗျ

မရှက်​ပြာလားခွယ်

မောင်​ရှပ်​ပြာပါခွယ်​😁

ဘယ်​​လောက်​​လျော်​လိုက်​ရလဲ

ဘယ်​​ပြော​ကောင်းမလဲအသစ်​တစ်​လုံးဝယ်​​ပေးလိုက်​ရတာ​ပေါ့​ဗျာ။ဈေးက​တော့2သိမ်း​ကျော်​တယ်​ထင်​တယ်​😁

ဖြစ်တတ်ပါတယ်

တစ်​ခါတစ်​​လေဖြစ်​တတ်​တာ​တော့မှန်​​ပေမဲ့ညီက၃လုံး​တောင်​ရှိပြီခွဲတာ😁ညီအသြု့းမကျတာလည်းပါတာ​ပေါ့😅

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66167.71
ETH 3014.78
USDT 1.00
SBD 3.73