ကျွန်​​တော်​ရဲ့အဓိကပန်းတိုင်

in #myanmar6 years ago (edited)

image

Photo Credit:Google Image

အိပ်​​နေရာက​နေမျက်​လုံး​လေးကရုတ်​တရက်​ပွင့်​လာပြီ။နိုး​တော့ထုံးစံအတိုင်းဖုန်း​လေးကိုဖွင့်​ဖုန်းထဲကနာရီကိုကြည့်​​တော့၅နာရီအတိ။ဘယ်​​လောက်​ပဲညနက်​​အောင်​​နေပြီးမှအိပ်​ အိပ်​ဘယ်​​လောက်​ပဲ​စော​စောအိပ်​အိပ်​၅နာရီထိုးပြီဆိုတာနဲ့မျက်​လုံး​ကသူ့အလိုလိုကိုပွင့်​​နေပြီ။အကျင့်​လည်းဖြစ်​​နေပြီကိုး။အရင်​က​တော့ကျွန်​​တော့မှာဒီလိုအကျင့်​မျိုးမရှိပါဘူး။steemitကိုအသုံးပြုပြီးမှဖြစ်​​ပေါ်လာခဲ့တဲ့အမှုအကျင့်​တစ်​ခုပါ။အပို​ပြောတာမဟုတ်​ပါဘူးအမှန်​တကယ်​ပါ။၅နာရီထိုးလို့နိုးလာပြီဆိုတာနဲ့steemit ​လေးထဲကိုဝင်​၇ရက်​မပြည့်​​သေးတဲ့ကိုယ်​​ရေစထားတဲ့ပိုစ့်​​အောက်​ကSteem Dollers ​လေး​တွေကိုကြည့်​။နဲနဲများများရ​နေတာ​လေးကိုကြည့်​ပြီး​ကျေနပ်​ပီတိ​တွေဖြစ်​လို့။botတစ်​ခုခုသုံးထားတဲ့ပိုစ့်​က​လေး​တွေဆိုပိုလို့မှ​ပျော်​ရ​သေးတယ်​။botထားတဲ့ပမာဏနဲတာနဲတာsbd​လေး​တွေများများvoteခံရထားတာ​လေး​တွေကြည့်​ပြီးတစ်​​ယောက်​ထဲဝမ်း​တွေသာလို့​ဗျာ😁။promotion ပိုစ့်​​လေးတင်​ထားပြီး​နောက်​တစ်​ရက်​ဆိုproရပြီလားဆိုပြီးအ​ပြေး​လေးကြည့်​ရတာလဲဖက်​ဖက်​ကို​မောလို့​။proပိုစ့်​က​လေးdollers​လေး​တွေတက်​​နေပြီဆိုရင်​​တော့​​နောက်​၅-၆ရက်​​လောက်​​နေရင်​ငါရတဲ့sbd​လေးကိုဘယ်​​လောက်​ကိုspမြင့်​မယ်​။ဘယ်​​လောက်​ကို​တော့botသုံးဖို့ချန်​မယ်​ဆိုပြီးမ​ရောက်​​သေးတဲ့ရက်​က​လေးအတွက်​ကိုကြို​တွေး​နေမိတာလည်းfeelingတစ်​မျိုးပဲ​ဗျ။အ​တွေး​တွေနဲ့တင်​တစ်​​ရောက်​ထဲဝမ်းသာတစ်​ခါတစ်​​လေထရယ်​လို့ရယ်​နဲ့ရူးတယ်​​ပြောလဲခံရမှာပဲ​ဗျာ။ကျွန်​​တော်​ကတကယ်​လည်းရူး​နေတာကိုး😂။အခုလည်းgroup ​လေးခုproတင်​ရမဲ့ရက်​ထဲမှာမှကျွန်​​တော်​ပါဝင်​တဲ့group 1 promotion တင်​ရမဲ့အလျိည့်​က​ရောက်​ရှိလို့လာပြီ​ပေါ့။

ထုံးစံအတိုင်းကျန်​တဲ့ရက်​​တွေထက်​ကိုပိုစ့်​တင်​ဖို့​ပိုပြီးအားထုတ်​ရ​တော့မှာ​ပေါ့​ဗျာ။ကျွန်​​တော်​ဆိုတာကလည်း​ကျောင်းကတည်းကစာ​ရေးရစာဖတ်​ရတာအလွန့်​အလွန်​ကိုပျင်းထူတဲ့လူငယ်​တစ်​​ယောက်​ပါဝန်​ခံပါတယ်​ဗျာ။ဆရာမကအိမ်​စာ​ပေးတဲ့​နေ့ဆိုရင်​တမှိုင်​မှိုင်​နဲ့စိတ်​ညစ်​လို့​ဗျ။ဆရာ/မ ​တွေက​တော့ကျွန်​​တော့်​ကို​ခဏခဏ​ပြောတယ်​​ဗျ။"နင်​ကဥာဏ်​က​ကောင်းရဲ့သားနဲ့အပျင်းထူ​နေတာ"တဲ့"တစ်​​နေ့မှနင်​​နောင်​တရလိမ့်​မယ်​​နောင်​တမရရ​အောင်​အခုကတည်းကစာကိုကြိုးစားအပျင်းမကြီးနဲ့နင်​ကဥာဏ်​​ကောင်းတယ်​"ဆိုပြိးခဏခဏကျွန်​​တော့်​ကို​ပြောတယ်​​ဗျ။ကျွန်​​တော်​ကလည်းအဲ့လိုလာ​ပြောပြီဆိုရင်​ခပ်​လွယ်​လွယ်ပဲဆရာ/မ​တွေကိုပြန်​​ဖြေတတ်​တယ်​။"ဟုတ်​ဆရာ/မ သားကြိုးစားပါ့မယ်​​ဗျ"ဆိုပြီးခပ်​လွယ်​လွယ်​ပဲ​ဖြေခဲ့တယ်​။အဲ့လိုခပ်​လွယ်​လွယ်​ပဲ​ဖြေခဲ့လို့ပဲအခုထိ၁၀တန်းကိုမ​အောင်​ခဲ့ပါဘူး။ကျွန်​​တော်​(၁၀)တန်းကို(၂)နှစ်​​ဖြေခဲ့ပါတယ်​ဒါ​ပေမဲ့မ​အောင်​ခဲ့ပါဘူး။ပထမတစ်​နှစ်​က​တော့ကျွန်​​တော်​တကယ်​ကို​ပေ​တေ​နေခဲ့လို့ကျခဲ့တာပါ။သူငယ်​ချင်းမက်​ပြီးဟိုအ​လေလိုက်​ဒီအ​လေလိုက်​မိဘ​ပေးတဲ့ပိုက်​ဆံကိုကိုယ်​မရှာရတိုင်းဖြုန်းတီးခဲ့တယ်​။အဲ့လိုလုပ်​ခဲ့မိတာ​တွေအတွက်​စာ​မေးပွဲresult ထွက်​မှ​နောင်​တ​တွေရခဲ့ရတယ်​။အ​မေနဲ့ဖတ်​ငိုလိုက်​တစ်​​ယောက်​ထဲအခန်း​အောင်း​စောင်​ခြုံပြီးငိုလိုက်​နဲ့​နောင်​တမျက်​ရည်​​တွေ​ကောအ​ဖေအ​မေတို့ကိုအားနာလို့ကျတဲ့မျက်​ရည်​​တွေ​ကော​ချောင်းစီးခဲ့ရတယ်​။ကျွန်​​တော်​​နောက်​တစ်​နှစ်​​တော့​အောင်​​စေရမယ်​၊ငါ့မိဘစိတ်​ချမ်းသာ​အောင်​ငါ​အောင်​​အောင်​​ဖြေမယ်​ဆိုပြီးထက်​​ဖြေဖို့ဆုံးဖြတ်​ခဲ့တယ်​။

ဒါ​ပေမဲ့ထက်​ကျခဲ့တယ်​​ဗျ။ဒီတစ်​​ခေါက်​​တော့ကျွန်​​တော်​မကြိုးစားလို့​တော့မဟုတ်​ပါဘူး။ကျွန်​​တော်​စာ​မေးပွဲကိုအပြင်​​ဖြေ​​ဖြေပဲ​ဖြေခဲ့တယ်​။ကျောင်းမတက်​ပဲ​ပေါ့။ကျူရှင်​​တော့တက်​တယ်​​ဗျသို့​ပေမဲ့ကျူရှင်​ကစာ​မေးပွဲကြီးမ​ဖြေခင်​4လ​လောက်​လိုမှတက်​တာ​ဗျ။ဘာလို့အဲ့အချိန်​မှတက်​လည်းဆို​တော့ကျွန်​​တော်​အ​ဖေ့ဆီကပညာ​တွေသင်​ရင်​အ​ဖေလုပ်​တဲ့အလုပ်​electronic serviceမှာလူကလည်းအစ်​ကိုတစ်​​ယောက်​နဲ့အ​ဖေ့တပည့်​အစ်​ကိုတစ်​​ယောက်​နဲ့ပဲရှိ​တော့ကျွန်​​တော်​လည်းဝင်​လုပ်​ကူရင်းပညာသင်​​နေခဲ့တာ​ပေါ့။ကျူရှင်​​တော့နီးမှတက်​​တော့မယ်​ဆိုပြီးအ​ဖေ့အလုပ်​ကိုဝင်​ကူ​နေခဲ့တာ​ဗျ။
စာ​မေးပွဲ​ဖြေဖို့​လေးလပဲကျန်​တဲ့အချိန်​မှာ​တော့ကျူရှင်​တက်​။အ​ဖေ့အလုပ်​ကိုခဏ​မေ့ထားပြီး​တော့​နေ့​ကောညပါစာ​တွေကျက်​လိုက်​စာ​တွေတွက်​လိုက်​နဲ့ထမင်းစားချိန်​နဲ့1နာရီ​လောက်​ပဲနားပြီးကြိုးစားခဲ့ပါတယ်​။သို့​ပေမဲ့လို့4လဆိုတဲ့အချိန်​ကကျွန်​​တော့်​အတွက်​မ​လောက်​ခဲ့ဘူး။ကျွန်​​တော်​​ရှေ့က​ပြောတဲ့အတိုင်းပဲကျွန်​​တော်​ကစာဖတ်​ရမှာအလွန်​ပျင်းခဲ့တာဆို​တော့တွက်​စာပဲအချိန်​ပို​ပေးခဲ့တယ်။တွက်​စာမှာ​တော့ကျွန်​​တော်​အ​တော်​​လေးရပါတယ်​။တွက်​စာဆိုလည်းအ​တော်​​လေးကိုကြိုက်​ပါတယ်​​ခေါင်း​အေး​အေးနဲ့စဉ်းစားပြီးအ​ဖြေတစ်​ခုထွက်​လာပြီဆိုရင်​အ​တော်​ကို​ပျော်​စရာ​ကောင်း၊​ကျေနပ်​စရာ​ကောင်းပါတယ်​။၃လ​လောက်​ကိုကျွန်​​တော်​တွက်​စာ​တွေနဲ့ပိုအချိန်​ကုန်​ခဲ့တယ်​။ကျက်​စာဆိုရင်​ကျက်​ပြီဆိုတာနဲ့ငိုက်​လာပြီ။မအိပ်​​အောင်​ဘယ်​​လောက်​အချဉ်​​တွေစားက​ဖေး​တွေ​သောက်​​သောက်​အိပ်​ကိုအိပ်​ချင်​လာ​ရော။အာ့နဲ့ကျက်​စာကျက်​ပြီဆိုရင်​ကျက်​လို့ရတာကနဲနဲအိပ်​တာကများများဖြစ်​သွားတယ်​​ဗျ။စာ​မေးပွဲ​ဖြေဖို့တစ်​လ​လောက်​အလိုမှာ​တော့"မဖြစ်​ဘူးငါကျက်​စာ​တွေဟုတ်​တိပက်​တိအခုထိမရ​သေးဘူးကျက်​စာကိုကျက်​မှရ​တော့မယ်​"ဆိုပြီးစိတ်​ကအတင်းခိုင်းမှကျက်​စာကိုကျက်​ဖြစ်​တယ်​​ဗျ။ဒါ​ပေမဲ့အားလုံးသိတဲ့ပတိုင်းပဲကျက်​စာကမြန်​မာတစ်​ဘာသာနဲ့တင်​ကိုရှူး​လောက်​တယ်​။ဘောဂကလည်းယူထား​တော့ပိုဆိုး​ပေါ့​ဗျာ။ထို့​ကြောင်​တစ်​လဆိုတဲ့အချိန်​ကကျွန်​​တော်​စာအကုန်​ကျက်​နိုင်​ဖို့မ​လောက်​ငခဲ့ဘူး​ဗျ။

စာ​မေးပွဲ​ဖြေပြီး​တော့​အောင်​ဖို့ကိုလုံးဝမ​​မျှော်​လင့်​ရဲပြန်​ဘူး​အောင်​ချင်​စိတ်​က​တော့အလွန်​ပျင်းပြ​နေတာ​ပေါ့။result ထွက်​​တော့ကျ​နေပြန်​​ရော။ဘာနဲ့ကျလည်းဆိုတာသိရဖို့စာစစ်​ဌာနမှာအမှတ်​​တောင်းစစ်​​တော့မှာမြန်​မာစာက36နဲ့ကျသွားတယ်​​ဗျ။တွက်​စာ​​တွေရဲ့အမှတ်​က​တော့60​ကျော်​မှာရှိ​နေတယ်​​ဗျ။အဲ့ကစပြီးကျွန်​​တော့်​ရဲ့အပျင်းကြီးတတ်​တဲ့စိတ်​ကို​ဖျောက်နိုင်​​အောင်​ကြိုးစားခဲ့တာပါပဲ။နောက်​ထက်​​တော့10တန်းကိုမ​ဖြေဖြစ်​ခဲ့ပါဘူး။အ​ဖေနဲ့အ​မေကိုအားနာတာ​ရော၊အ​ဖေ့အလုပ်​ကအလုပ်​အရမ်းရှုပ်​​တော့ကူ​ပေးမဲ့လူလို​နေတာ​ရော​ကြောင့်​ကျွန်​​တော်​10တန်းဆကိမ​ဖြေဖြစ်​​တော့ပါဘူး။ဒါ​ပေမဲ့ကျွန်​​တော့်​စိတ်​ထဲအခုထိ10တန်းကိုရ​အောင်​​ဖြေပြီးဘွဲ့အများကြီးမဟုတ်​​တောင်​အနည်းဆုံးတစ်​ခုရ​အောင်​ကြိုးစားဖို့ဆန္ဒရှိပါ​သေးတယ်​။အဲ့ဆန္ဒကိုမဖြစ်​ဖြစ်​​အောင်​လုပ်​ဖို့ရည်​မှန်းချက်​လည်းရှိပါတယ်​။တစ်​ချိန်​မှာကိုယ့်​ဝင်​​ငွေနဲ့ကိုယ့်​ဘဝကိုကိုယ်​ရက်​တည်​နိုင်​တဲ့အချိန်​ကျ10တန်းကို​ဖြေကို​ဖြေမှာလို့စိတ်​ထဲဆုံးဖြတ်​ချက်​ချပြီးသားပါ။ကျွန်​​တော့်​ရဲ့ရည်​မှန်းချက်​ကကျွန်​​တော်​ကဘွဲ့ဝတ်​စုံကြီးနဲ့​ဘေးမှာအ​ဖေနဲ့အ​မေကပြုံးပြုံး​လေးရပ်​ကြီးဓာတ်​ပုံရိုက်​နိုင်​ဖို့ပါ။ပြီး​တော့အ​ဖေနဲ့အ​မေဘာအလုပ်​မှလုပ်​စရာမလိုပဲအိမ်​မှာပဲ​အေး​အေး​ဆေး​ဆေးနဲ့သား​တွေကိုဆိုဆုံ့းမနိုင်​တာကိုပဲလိုချင်​တာပါ။တစ်​ခြားကျွန်​​တော်​ဘာကိုမှမလိုခြင်​ပါဘူး။ကျွန်​​တော်​က​​ဖေ​ဖေ​မေ​မေတို့​ဘေးမှာဘဝတစ်ပါးသို့ကူး​ပြောင်းမသွားခင်​အချိန်​ထိသူတို့ရဲ့​ဝေရာဝိစ္စအမျိုးမျိုးကိုဂရုစိုက်​​တာဝန်​ယူချင်​တာပါ။ထိုဆန္ဒက​လေးပဲရှိပါတယ်​​ဗျာ။ကျွန်​​တော့်​ရဲ့ရည်​မှန်းချက်​ပန်းတိုင်​က​တော့အများကြီးမဟုတ်​ပါဘူးဒီ​လောက်​ပါပဲ​ဗျာ။ကျွန်​​တော့်​မိဘစိတ်​ချမ်းသာ​ပျော်​ရွှင်​​အောင်​လုပ်​​ပေးနိုင်​ဖို့ပဲအဓိကလိုချင်​တာပါ​ဗျာ။မိဘ​တွေကိုဂရုစိုက်​ရမဲ့အချိန်​ဖဲ့မ​ပေးနိုင်​လို့မိန်းမ​တောင်​ယူဖို့အစီအစဉ်​မရှိဘူး(ရသွားရင်​​တော့မ​ပြောတတ်​ဘူးခုထိ​တော့မစွံဘူး​ဗျာ😁မစွံဆိုရှာမှမရှာပဲကိုး😅ကျွန်​​တော့်​ရုပ်​ရည်​နဲ့ဆိုယူလို့ရတယ်​ထင်​တာပဲ😝စတာပါ😁)။ကျွန်​​တော့်​ရဲ့အဓိကရည်​မှန်းချက်​က​​တော့ဒါပါပဲအားလုံးရွှင်​လန်းချမ်း​မြေ့ပါ​စေ​ဗျာ။ဖေ​ဖေ​မေ​မေကအားကိုးရတဲ့သားလိမ္မာသမီးလိမ္မာ​လေးများဖြစ်​ကျပါ​စေ​ဗျာ။


MSC.119
@thantzinwin
Thant Zin Win

Sort:  

Steemit ရောဂါ စွဲကပ်လာတာကတော့ Facebook စွဲတာထက်
ပိုးဆိုးသဗျို့ နေ့လည်းနေ့မို့ အားရင်အားသလို ဖွင့်ကြည့် စာဖတ် comment ပေး reply ပြန်နဲ့ ညလည်းညမို့ နိုးတိုင်းထကြည့်မိနေတော့တာပါပဲ

ဟုတ်​ပအစ်​ကို​ရေ​ပျောက်​​အောင်​ကုရခက်​တဲ့​ရောဂါတစ်​မျိုးပဲ​ဗျို့

စာမေးပွဲဖြေချင်ရင် အချိန်ထပ်မဆွဲနဲ့တော့ ညီရေ
အသက်တွေကကြီးလာကြပြီလေ မြန်မြန် မြန်မြန်👏👏

ဒီနှ်စ် မဖြေဖြစ်ဘူးလားဗျ ဆက်ဖြေစေချင်ပါတယ်

ဟုတ်​ဒီနှစ်​​တော့မ​ဖြေဖြစ်​​တော့ပါဘူးအစ်​ကို

ကိုယ်ကတော့လိမ်မာတယ်မဆိုးဘူး ငှယ်ငှယ်။ လိမ်မာအောင်နေရတာပေါ့နော်။နေလို့တော်တော်ကောင်းတယ်။

ညီလည်းအခုလိမ္မာ​နေပါပြီမဆိုးမ​ပေ​တော့ဘူး ဟီးဟီး

အောင်မြင်ပါစေအကိုရေ အကိုကတော်ပြီးသားပဲ

ဟီးမ​တော်​ပါဘူး​ဗျာဘာပဲဖြစ်​ဖြစ်​​ကျေးဇူးပါ​ဗျ။

ပြည့်စုံနိုင်ပါစေ bro

ဟုန်​​ပေးတဲ့ဆုနဲ့ပြည့်​ရပါ​စေ​ဗျာ

ဆက်ဖြေပါbro အားပေးပါတယ်
"ပညာလိုအိုသည်မရှိတဲ့"

ဟုတ်​ဆက်​​ဖြေမှာပါအစ်​ကိုအခုလိုအား​ပေးစကား​ပြောလို့​ကျေးဇူးပါ​ဗျ

ပြန်​​ဖြေပါ ​ဖြေခွင့်​ရှိတုန်း

ဟုတ်​ညီ​ဖြေဖြစ်​​အောင်​​ဖြေမှာပါအစ်​ကို

ရည်​မှန်းချက်​ပန်းတိုင်​ကို​ချော​မွေ့စွာ​ရောက်​ပါ​စေBro

ဟုတ်​​ပေးတဲ့ဆုနဲ့​ပြည့်​ရပါလို၏​ဗျာ

ပန်းတိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ရှိပါစေ

ဟုတ်​အမြန်​ဆုံး​ရောက်​ရပါလို၏​ဗျာ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65262.74
ETH 2937.20
USDT 1.00
SBD 3.68