ငယ်​သူငယ်​ချင်းနှင့်​​တွေ့ဆုံခြင်း

in #myanmar6 years ago

IMG_20180427_115049.jpg

"​ဟျောင့်​​ခွေးအ"

ရုတ်​တရက်​​ခေါ်သံ​ကြောင့်​ကျွန်​​တော်​အ​နောက်​ကိုလှည့်​ကြည့်​လိုက်​သည်​။ခေါ်သူမှာတစ်​ခြားသူမဟုတ်​​၊ကျောင်းတုန်းကကျွန်​​တော့်​အ​ပေါ်အမြဲအနိုင်​ကျင့်​​နေကျ​မောင်​တုတ်ကြီး(ခ)​စောလွင်​ဖြစ်​​ပေသည်​။

"​ဟျောင့်​​ခွေးအမင်းမလား"

"ဘယ်​သူများလည်းလို့​ကျောင်းတုန်းကငါ့ကိုအနိုင်​ကျင့်​​နေကျတုတ်​ကြီးကို"

"မင်းကလည်းအဲ့လိုမ​ပြောပါနဲ့ကွာအဲ့တုန်းကငယ်​​သေး​လို့မင်းအ​ပေါ်အနိုင်​ကျင့်​​ဗိုလ်​ကျမိတာပါကွာ၊အဲ့တုန်းကအတွက်​​တောင်းပန်​ပါတယ်​"

"ရပါတယ်​တုတ်​ကြီးရာဖြစ်​ပြီးတာ​တွေ​ပြောမ​နေပါနဲ့"

"​ကျေးဇူးပါကွာငါလည်းငါ့ကိုယ်​ငါရှက်​မိပါတယ်​၊ဒါနဲ့မ​တွေ့တာကြာ​တော့မင်းပို​ချောလာတယ်​​နော်​"

"မင်းကလည်း​နောက်​​နေပြန်​ပြီ၊လာလမ်းမကြီးမှာစကား​ပြောရတာ​​ငြောင်းတယ်​၊တစ်​ခုခု​သောက်​ရင်းစကားသွား​ပြောကျတာ​ပေါ့"

"​အေ​ကောင်းတယ်​ဒီနားမှာအ​အေးဆိုင်​တစ်​ဆိုင်​ရှိတယ်​၊အဲ့မှာသွားထို​င်​ကျရ​အောင်​"

ဒီလိုနဲ့ကျွန်​​တော်​နဲ့တုတ်​ကြီးအနီးအနားရှိအ​အေးဆိုင်​တစ်​ဆိုင်​မှာအတူတူထိုင်​ပြီးစကား​တွေအများကြီး​ပြောဖြစ်​ခဲ့တယ်​။

"​ခွေးအ မင်းမျက်​နှာခဏငှါးကွာငါ​မော်​ဒယ်​ရှိုးသွား​လျှောက်​ပြီးပိုက်​ဆံရှာမလို့"

"မင်း​ပြောမှပဲငါ​​ခြေ​ထောက်​​တောင်​​မြေမထိသလိုလိုခံစားလာရပြီ"

"ဟားဟား...တကယ်​​ပြောတာပါကွာ​၊​ကျောင်းတုန်းကဆိုမင်းကအသားကမဲမဲ၊ခန္ဓာကိုယ်​ကပိန်​ပိန်​၊အရပ်​ကပုပုနဲ့​လေ၊အခုကျ​တော့အသားကလည်းဝင်းအရပ်​ဆိုလည်းငါ​တောင်​မင်းကိုပြန်​​မော့ကြည့်​​နေရပြီ၊မှန်​မှန်​လိမ်​စမ်းမင်းဘာ​ဆေး​တွေစားထားတာလည်း"

"မင်းကလည်း​နောက်​​နေပြန်​ပြီကွာ၊ဘာ​ဆေးမှမစားရပါဘူး၊မင်းငါ့ကိုဒီ​လောက်​​မြှောက်​​နေပုံ​ထောက်​ရင်​​​ငါ့နားမှာဘာအကူအညီ​တောင်းစရာရှိလို့လည်း​ပြော၊ငါကူညီနိုင်​တာရှိရင်​ကူညီမယ်​"

"ဟီးဟီး မင်းကအရိပ်​ပြလို့အ​ကောင်​မြင်​သားပဲ၊​အေးကွမင်း​ပြောသလိုပဲငါအခက်​အခဲတစ်​ခုဖြစ်​​နေတယ်​ကွအဲ့တာမင်းနားအကူအညီ​တောင်းမလို့"

"ဘာအခက်​အခဲလည်း​ပြော​လေငါကူညီနိုင်​တာဆိုကူညီမှာ​ပေါ့"

"ဒီလိုကွ၊ငါဟို​နေ့ကပဲမိန်းမခိုးလာတာကွအာ့အခက်​အခဲ​လေးရှိ​နေလို့"

"ဟင်​မိန်းမခိုးထားတာလား၊ထင်​​တောင်​မထင်​ရဘူးမင်းခန္ဓာကိုယ်​ကြီးနဲ့ကိုကြိုက်​တဲ့မိန်းက​လေးရှိ​သေးတယ်​​ပေါ့"

"မင်းကလည်းအထင်​​သေးချက်​၊ကြိုက်​တဲ့လူရှိလို့အခုပဲမိန်းမခိုးလာပြီ​လေကွာ"

"​အေးပါကွာ ငါကစတာပါ ဟီးဟီး"

"​အေးပါစပါ မင်းတို့စလည်းခံရမှာပဲ၊ဒီလိုကွာငါခိုးလာတဲ့မိန်းမက​ရွှေဘိုဘက်​ကအညာသူတစ်​​ယောက်​ကွာ၊အဲ့တာမင်္ဂလာ​ဆောင်​ဖို့အခက်​အခဲဖြစ်​​နေလို့"

"ဟင်​ဘယ်​လိုအခက်​အခဲလည်းဟ​ပြောပါအုန်း"

"ဒီလိုကွာ..သူတို့ဘက်​မှာကမင်္ဂလာ​ဆောင်​ရင်​သတိုးသမီးဘက်​ကိုလယ်​ကွက်​တစ်​ကွက်​နဲ့နွားတစ်​ချင်းတင်​​တောင်းရတယ်​တဲ့၊အဲ့တာရိုးရာတဲ့၊အဲ့တာနဲ့ငါလည်းစိတ်​ညစ်​​နေတာဟ၊မင်းလည်းသိတဲ့အတိုင်းအခု​ခေတ်​လယ်​တစ်​ကွက်​၊နွားတစ်​ချင်းဆိုတာနဲတဲ့ပမာဏမဟုတ်​ဘူး၊ငါခိုးလာတဲ့မိန်းက​လေးကလည်းအခုမှအသက်​က၁၇ပဲရှိ​သေးတာအသက်​မပြည့်​​သေး​တော့ရုံးတက်​လက်​မှတ်​ထိုးတာလည်းအဆင်​မ​ပြေဘူးဟ၊အာ့နဲ့ငါလည်းစိတ်​​တွေညစ်​​နေတာ"

"မင့်​ဟာကြီးကလည်းတစ်​ကယ့်​မလွယ်​​ကြောကြီးပါလားကွ၊လယ်​တစ်​ကွက်​၊နွားတစ်​ချင်း​တောင်​နဲနဲ​နော​နောပမာဏမဟုတ်​ဘူး၊မင်း​တော့​သေပြီပဲ"

"​အေးလို့ငါ့မှာစိတ်​​တွေညစ်​​နေတာသူတို့ဘက်​နဲ့လည်းညှိ့​နေတာအခုထိအဆင်​မ​ပြေ​သေးဘူး၊ငါတို့မြို့ဘက်​မှာဆိုရင်​နှစ်​ဘက်​မိဘသ​ဘောတူရင်​မင်္ဂလာပွဲ​လေးစီစဉ်​ပြီးလက်​မှတ်​ထိုးလိုက်​ရင်​ အလွန်​ဆုံးကုန်​လှ သိန်း၂၀​ပေါ့၊အဲ့​လောက်​ပမာဏဆိုမင်္ဂလာပွဲတစ်​ခု​ကောင်း​ကောင်းဖြစ်​တယ်​၊ငါ့မိဘ​တွေကလည်းသိန်း၂၀​လောက်​ပဲတတ်​န်ုင်​တယ်​​လေ၊သူတို့​ဓ​လေ့အရလုပ်​​ပေးရမှာက သိန်း၁၀၀​လောက်​ဆို​တော့ငါ​ခေါင်း​တွေခဲ​နေတာ၊ဘာလုပ်​လို့ဘာကိုင်​ရမလည်းကိုမသိဘူးကွာ"

"မင်းအ​ကြောင်းကြားရ​တော့ငါ​တောင်​​သေချင်​စိတ်​​ပေါက်​တယ်​၊မင်းအစားငါရင်​​လေးတယ်​"

"​အေးကွာငါလည်းရူးချင်​​နေပြီ၊​ခွေးအရာမင်းနားပိုက်​ဆံ၅သိန်း​လောက်​ဖြစ်​ဖြစ်​မရှိဘူးလား၊ငါ့ကိုခဏ​လောက်​​ချေးပါလား၊ငါအဆင်​​ပြေတဲ့အချိန်​ကျမင်းကိုပြန်​ဆပ်​ပါ့မယ်​​နော်​၊ငါ့ကိုကူညီပါအုန်း​ကွာ"

"၅သိန်း​တော့ငါ့မှာဘယ်​လိုရှိမလည်းကွာ၊၃သိန်း​လောက်​​တော့ရှိတယ်​၊မင်းဖုန်းနံပါတ်​နဲ့လိပ်​စာ​လေး​ပေးငါလည်းမင်းကိုရှာ​ပေးကြည့်​မယ်​၊ငါ့အသိ​တွေနား"

"​အေးကွာ​ကျေးဇူးပါကွာအခုလိုကူညီလို့တစ်​ရက်​ကျငါပြန်​ဆပ်​ပါ့မယ်​၊မင်း​ကျေးဇူးငါမ​မေ့ဘူးသူငယ်​ချင်းရာ"

"ရပါတယ်​တုတ်​ကြီးရာမသိတဲ့လူ​တွေလည်းမဟုတ်​ဘူးအကူအညီလိုလို့ကူညီတာပဲမလိုပါဘူး"

"​အေးကွာငါလည်းပိုက်​ဆံလိုက်​ရှာလိုက်​အုန်းမယ်​သွားကျရ​အောင်​၊မင်းပိုထဆံအဆင်​​ပြေတဲ့အချိန်​ကျငါ့ကိုဖုန်းဆက်​လိုက်​​နော်​"

"​အေ​အေငါဆက်​လိုက်​မယ်​၊မင်းလည်းစိတ်​ညစ်​ပြီးမဟုတ်​တာဘာမှမလုပ်​နဲ့အုန်း၊သူ့ဟာနဲ့သူအဆင်​​ပြေသွားလိမ့်​မယ်​"

"​အေးပါမလုပ်​ပါဘူးကွာခုမှအိမ်​​ထောက်​ပူပူ​နွေး​နွေး​လေးကျမှာမ​သေပါဘူးဟ"

"​အေးပါ​အေးပါဒါဆိုငါသွား​တော့မယ်​​နော်​တုတ်​ကြီး"

"​အေ​အေငါလည်းရှာစရာရှိတာရှာသွားစရာရှိတာသွားလိုက်​အုန်းမယ်​"

သူ့ကိုနှုတ်​ဆက်​ပြီးသာထွက်​လာတာတစ်​လမ်းလုံးသူ့အဖြစ်​အပျက်​​တွေပြန်​​တွေးပြီးသူ့ကိုသနားမိတယ်​။တချိန်​ကကိုယ့်​ကိုအနိုင်​ကျင့်​​ဗိုလ်​ကျခဲ့တယ်​ဆို​ပေမဲ့အခုကအသက်​​တွေလည်းကြီးသင့်​သ​လောက်​ကြီးပြီဆို​တော့ငယ်​တုန်း​ကလိုက​လေးက​လား​တွေမလုပ်​ရင့်​ကျက်​​နေပြီ​လေ။တုတ်​ကြီးအ​ကြောင်းစဉ်းစားရင်းရင်​​လေး​လေးနဲ့ပဲအိမ်​ကိုတန်းတန်းမတ်​မတ်​ပြန်​လာခဲ့သည်​။

ဇာတ်​မသိမ်းနိုင်​​သောဇာတ်​လမ်း​များထဲကမပြီးဆုံး​သေး​သောဆက်​ရန်​ဇာတ်​လမ်း​လေးတစ်​ပုဒ်​ပါ​ဗျာဟီး။ဒါ​တော့ဇာတ်​သိမ်းနိုင်​ပါရဲ့ ​နောက်​အဆက်​က​လေးအား​ပေးပါအုန်း​​ဗျ.....


MSC.119
@thantzinwin
Thant Zin Win

Sort:  

မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်အောင် စထားတာပဲ ... မင်္ဂလာမဆောင်လည်း အခက် ... ဆောင်လည်း အခက်

ဟုတ်​ပ​ဗျာ ရွာဓ​လေ့ဆို​တော့လည်းအခက်​သား

စောလွင်က ဘယ်စောလည်း ညီရ
ကွီးစောလား😁😁
မင်္ဂလာဆောင်ဖို့ဆိုပြီး ပိုက်ဆံတေချေးပြီရင်
ဂိမ်းပဲမဆော့ပစ်နဲ့နော့
သိန်းတစ်ရာပြည့်အောင်စုထားအုံး😂

ဟုတ်​ပါဘူးသူငယ်​ဂျင်းပါကိုမိုးရ😁😁

စုပ်လည်းဆူး စားလည်းရူးကြီးပေါ့ ဘဒို

ဟုတ်​ပ​ဗျာ​ရှေ့တိုးမရ​နောက်​ဆုတ်​မရ​နဲ့ခက်​​နေပြီ

အာ့ဆိုရင် ရပ်နေလိုက်တော့ ဘဒို 😁

ငယ်သူငယ်ချင်းအရင်တွေကိုတောင်သတိရသွားပြီခွယ်

ဖုန်းဆက်​ပြီးသာ​ကြောင်းမာ​ကြောင်းသာ​မေးလိုက်​ပါလားဘုရား😁

I WILL POST YOUR BLOG POST TO MY 35,000+ FOLLOWERS. SEND 0.5 SBD OR 0.5 STEEM TO a-0-0 WITH YOUR BLOG POST WEB PAGE ADDRESS IN THE MEMO.

သူငယ်ချင်းဆိုတော့ မကူညီလဲအခက်

အခက်​ခဲဆုံးအချိန်​😵

စာလုံးပေါင်းလေးတွေမှားတာတွေ့ရပါတယ်ဗျ အကို

ဟုတ်​သတိ​ပေးလို့​ကျေးဇူးပါ​ဗျ ပြန်​ပြင်​လိုက်​ပါမယ်

ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာ သူငယ်ချင်းဆိုတာ ဒါပဲပေါ့

ဟုတ်​တယ်​​ဗျ

စာလုံးပေါင်းလေးတွေပြန်စစ်လိုက်ဦး bro ခုနစ်ရက်နောက်ပိုင်းမှဆို ပြင်မရဘူးဖြစ်နေလိမ့်မယ်။

ဟုတ်​ဟုတ်​အခုလိုသတိ​ပေးလို့​ကျေးဇူးပါ​ဗျ သတိမထားမိလိုက်​ဘူးပြန်​ပြင်​လိုက်​ပါမယ်​​ဗျ

အသက်ကလေးတွေ ကြီးလာတော့ စဉ်စားတတ်လာတာပေါ့

အဲ့လိုပဲ​ပြောရမယ်​​ဗျ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65992.78
ETH 3014.98
USDT 1.00
SBD 3.75