ငယ်​သူငယ်​ချင်းနှင့်​​တွေ့ဆုံခြင်း (ဇာတ်​သိမ်း)

in #myanmar6 years ago

IMG_20180427_115049.jpg

တုတ်​ကြီးအတွက်​ပိုက်​ဆံငါးသိန်း​တော့ပြည့်​ပြီ။ကိုယ်​ကလုံးဝအဆင်​​ပြေတာမဟုတ်​​ပေမဲ့လည်းသူကအနိုင်​ကျင့်​​ဗိုလ်​ကျတာ​လေးကလွဲလို့ကတိတည်​တတ်​တဲ့လူဆို​တော့ကူညီ​ကောင်းပါရဲ့။သူလည်းအကူအညီတကယ်​လို​နေတာဆို​တော့ကူညီတာမမှားပါဘူး​လေ။ပိုက်​ဆံရပြီဆိုတဲ့အ​ကြောင်းတုတ်​ကြီးကိုဖုန်းလှန်းဆက်​အုန်းမှ။

မနက်​ဖြန်​အတွက်​လမ်း​တွေ​ပျောက်​​နေတယ်​.....၊တစ်​ချို့က​လေး​တွေကပန်း​တွေ​ရောင်း​နေတယ်​.....၊ယုံကြည်​ရာဘာလည်းမသိခဲ့ရသူ​တွေ.....၊ကံကြမ္မာကလုံးဝဘက်​မမျှ​စေခဲ့ဘူး.....📲📲🎶🎶

တုတ်​ကြီး​တော့အသက်​ရှည်​အုန်းမယ်​အခုပဲသူ့အ​ကြောင်း​တွေး​နေတာဖုန်းဆက်​လာတယ်​၊ဒါလည်း​ကောင်းတာပဲ​ဘေလ်​မကုန်​​တော့ဘူး ဟီးဟီး။

"​ဟယ်​လို...၊တုတ်​ကြီးမင်း​တော့အသက်​ရှည်​အုန်းမယ်​အခုပဲမင်းကိုဖုန်းဆက်​​တော့မလို့၊ငါမင်းအကူအညီ​တောင်းထားတဲ့ပိုက်​ဆံ၅သိန်းပြည့်​ပြီ၊အဲ့တာမင်းဘယ်​မှာလည်းငါလာ​ပေးမယ်​"

"​အေးကွာဝမ်းသာလိုက်​တာ၊မင်းကိုဘယ်​လို​ကျေးဇူးတင်​လိုက်​ရမှန်းကိုမသိပါဘူးကွာ၊ငါမင်းပိုက်​ဆံကို​သေချာ​ပေါက်​ပြန်​ဆက်​မှာပါသားကြီးရာ"

"​အေးပါ​ကျေးဇူး​တင်​စရာမလိုပါဘူးကွာ၊မင်းအကူအညီလိုလို့ကူညီတာပဲမလိုဘူး၊ဒါနဲ့မင်းယွခမ​လောင်းကြီးနဲ့အ​ခြေအ​နေဘယ်​လိုလည်း"

"​​အေးသားကြီး​ရေ၊အဲ့တာမင်းကို​ပြောပြမလို့၊ဒီလိုကွာသူတို့အိမ်​ကိုငါ့အ​ဖေနဲ့အ​မေကဖုန်းဆက်​ပြီး၊အစ်​မရယ်​လယ်​တစ်​ကွက်​နွားတစ်​ချင်း​တော့မလုပ်​ပါနဲ့၊အစ်​မလည်းသိတဲ့အတိုင်းအခု​ခေတ်​လယ်​တစ်​ကွက်​နွားတစ်​ချင်းဆိုတာနဲတဲ့ပမာဏမဟုတ်​ဘူး​လေ၊ကျွန်​မတို့ကချမ်းသာတဲ့မျိုးရိုးကလည်းမဟုတ်​​တော့အလွန်​ဆုံးပိုက်တတ်​နိုင်​ရင်​​တောင်​သိန်းနှစ်​ဆယ်​​လောက်​ပဲတတ်​နိုင်​မှာ၊အဲ့သိန်းနှစ်​ဆယ်​​တောင်​ဘယ်​နားကသွားရှာရမလည်းမသိ​သေးဘူးစသဖြင့်​အမှန်​အတိုင်း​ပြောပြလိုက်​တယ်​တဲ့၊ငါ့ယွခမ​လောင်းကြီးကလည်းစိတ်​ရင်း​ကောင်းတယ်​ကွသူ့ကိုလယ်​တစ်​ကွက်​နွားတစ်​ချင်းနဲ့မ​တောင်းပါနဲ့​တော့တဲ့၊ကုတင်​တို့​မွှေ့ယာတို့​စောင်​တို့၊စသဖြင့်​ခန်းဝင်​ပစ္စည်း​လေး​တွေနဲ့ပဲ​တောင်းပါ​တော့တဲ့၊မင်္ဂလာ​ဆောင်​စရိတ်​​တော့အကုန်​လုံးတာဝန်​ယူတဲ့သားကြီး​ရေ"

"ဒီလိုဆို​တော့လည်းမင်းယွခမ​လောင်းကဘယ်​ဆိုးလို့လည်းဟ၊ဘာပဲဖြစ်​ဖြစ်​ပါအခုလိုမျိုးအဆင်​​ပြေ​ပြေဖြစ်​သွား​တော့လည်းဝမ်းသာပါတယ်​"

"​အေးကအခုလိုအဆင်​​ပြေသွား​တော့ငါလည်း​ပျော်​​နေတာဟ"

"​အေးပါ​ပျော်​ပါသားကြီးရာ၊အခုကဘယ်​မှာလည်း၊မင်းကိုပိုက်​ဆံလာ​ပေးမလို့ဟ"

"ဟိုတစ်​​ခေါက်​မင်းနဲ့​တွေ့တုန်းကအ​အေးဆိုင်​ပဲလာခဲ့လိုက်​​လေ​ငါအဲ့မှာ​စောင့်​​နေလိုက်​မယ်​"

"​အေ​အေထွက်​လာခဲ့မယ်​အခုပဲခဏ​နေ​တွေ့ကျတာ​ပေါ့"

"​အေ​အေဒါပဲ​နော်​"

ဂွပ်​......

ဖုန်းချပြီးတုတ်​ကြီးရဲ့သတင်းကြားပြီးဝမ်းသာစွာဖြင့်​သူ့အစားစိတ်​ပူမိတဲ့အလုံးကြီးကျပြီးသက်​ပျင်းကြီးကြီးချလိုက်​မိတယ်​။ကျွန်​​တော်​လည်း​အဝတ်​အစား​တွေဘာ​တွေလဲပြီးတုတ်​ကြီးနဲ့ဆုံခဲ့တဲ့အ​အေးဆိုင်​ကိုထွက်​ခဲ့လိုက်​တယ်​။အ​အေးဆိုင်​​ရောက်​​တော့တုတ်​ကြီးကိုရှာ​နေရင်း....

"​ဟျောင့်​​ခွေးအငါဒီမှာ"

"​အော်​​အေလာပြီ"

"အမယ်​မသာသန့်​ပြန့်​လို့ငါ့ကိုပိုက်​ဆံလာ​ပေးတာလား​မော်​ဒယ်​ရှိုးလာ​လျှောက်​တာလားမသဲကွဲဘူး"

"မဟုတ်​ပါဘူးမင်းကလည်း​တွေ့တာနဲ့ခနဲ့လိုက်​ရမှ​ကျေနပ်​တယ်​"

"ဟားဟားငါကမြင်​တဲ့အတိုင်းပဲ​ပြောတာကို၊ဘယ်​သွားမှာမလို့ဒီ​လောက်​ဝတ်​စားထားတာတုန်း​ပြောပါအုန်း"

"တုတ်​ကြီးတို့မှန်းလိုက်​ရင်​​တော့ဘယ်​​တော့မှမလွဲဘူး၊ဟုတ်​တယ်​ကွမင်းကိုပိုက်​ဆံ​ပေးပြီးရင်​​စော်​နဲ့သွား​တွေ့ရမှာကွ၊အဲ့​ကြောင့်​ဒီ​လောက်​ဝတ်​စားထားတာဟီးဟီး"

"အယ်​လယ်​မသာ​စော်​​​တွေဘာ​တွေနဲ့​၊​ပြောပါအုန်းမင်းတို့လည်းဘယ်​​တော့တုန်း"

"ငါတို့ကလိုပါ​သေးတယ်​ကွာ​အေး​ဆေးမှယူမှာ"

"​အေးပါကွာမင်းတို့အလှည့်​ကျရင်​လည်းဖိတ်​အုန်းချန်​မထားနဲ့"

"ချန်​ပါဘူးကွာချန်​စရာလားမင်းကလည်းစိတ်​ချ​ခေါ်ကို​ခေါ်မှာ"

"​အေးပါ​မေ့ကြည့်​​တွေ့မယ်​မသာ"

"​မေ့ဘူး​ရော့ဒိီမှာ၅သိန်းအဆင်​​ပြေတယ်​မလား၊မင်းတို့မင်္ဂလာ​ဆောင်​မှာကမင်းမိန်းမရွာမှာ​ဆောင်​မှာလား"

"​အေးဟုတ်​တယ်​ကွမင်းလာခဲ့​နော်​ငါဖိတ်​စာလုပ်​ပြီးတာနဲ့မင်းကိုလာဖိတ်​မယ်​"

"​အေးလာခဲ့မယ်​ဒါမဲ့အရမ်း​ဝေးရင်​သိပ်​အဆင်​မ​ပြေဘူးဟလာဖြစ်​ချင်​မှလာဖြစ်​မယ်​"

"မင်းကလည်းအဲ့လို​တော့မလုပ်​နဲ့​သေချာကိုလာခဲ့ရမယ်​၊မလာကြည့်​မင်းနဲ့ငါနဲ့​တွေ့မယ်​"

"​အေးပါလာဖြစ်​​အောင်​​တော့လာပါ့မယ်​ဖြဲမ​ခြောက်​ပါနဲ့ဟ"

"​ခြောက်​သင့်​ရင်​​ခြောက်​ရမှာပဲ၊လာဖြစ်​​အောင်​လာ​နော်​မသာ"

"​အေးပါလာခဲ့ပါ့မယ်​၊ဒါဆိုငါသွား​တော့မယ်​​နော်​​စော်​နဲ့ချိန်းထားတာ​နောက်​ကျ​တော့မယ်​"

"​အေ​အေ​ဖြေး​ဖြေးသွားအုန်း၊​စော်​နဲ့​တွေ့ရင်​လည်း​တွေပဲ​တွေ့​နော်​ ဟွင်းဟွင်း"

"​အေးပါကွာမဟွင်းဟွင်းပါဘူးနသာရဲ့၊သွားပြီတာ့တာ"

ပြီးပါပြီ......
မသိဘူးမြန်​မြန်​ပြီးမယ်​😂😂

ယခု​ရေးသား​ဖော်​ပြခဲ့​သောအရာများအားလုံးသည်​Tsမဟုတ်​ပါ။စိတ်​ကူးနဲ့​ဖော်​ပြ​ရေးသားခဲ့ခြင်းသာဖြစ်​ပါသည်​။အားလုံးရွှင်းလန်းချမ်း​မြေ့ပါ​စေ....


MSC.119
@thantzinwin
Writer;Thant Zin Win

Sort:  

Ts မဟုတ်ပါဆိုတော့ True Story ဇာတ်လမ်းအစစ် မဟုတ်ဘူးပေါ့။
စိတ်ကူးနဲ့ဆိုတော့ ပိုဖွဲ့နွဲ့လို့ ကောင်းတာပေါ့နော...

ဟုတ်​ပအစ်​ကို​ရေစိတ်​ကူးဆို​တော့​ရေးချင်​တာ​ရေး😁

မန့်ဖတ်လိုက်မှ ပဲ ts ဆိုတာလေးနားလည်တော့တယ်

မင်္ဂလာဆောင်က ဓာတ်ပုံတွေ မတင်ပေးတော့ဘူးလားဗျ

တကယ်​မဟုတ်​ဘူးကို​စော​ရေ့ စိတ်​ကူးသက်​သက်​​ရေးထားတာဟီး😁

ငယ်သူငယ်ချင်းဘဝတွေတောင်သတိရသွားတယ်
ငယ်ငယ်ကသယ်ရင်းတွေမိန်းမရကုန်ပြီထင်တယ်
အဆက်သွယ်ကိုမရဘူး

ညီ့သူငယ်​ချင်းတစ်​ချို့​တော့ရကုန်​ပြီ😁

ဖတ်လို့တော့ကောင်းတယ်ဗျား ဖတ်ရငိးဖတ်ရင်းနဲ့ ဘာဝနာတွေ ပွားနေရတယ် ဘာတဲ့ မသာဆိုပါလား ဟီးးးးး

သူငယ်​ချင်း​တွေအချင်းချင်းဆိုရင်​ဒီထက်​ဆိုးတာ​တွေ​တောင်​ပါတယ်​ဟီး😁

ငှယ်...ညီ့ဟာက တုံးတိကြီး
Postအဆုံးသတ်ကိုပြောတာ😂😂
ဘာပဲ ဖြစ်ဖြစ်သဘောကောင်းတဲ့ ယောက်္ခမနဲ့တွေ့သွားတော့ ဆိုးပါဘူး😁

တုံးတိပဲကြိုက်​တယ်​😂

ကိုယ်တွေ့လားလို့ အဆုံးကျမှဘဲသိတော့တယ်

ဟီးတားကစတာ😁

TS လားလို့ဗျာ.... အဆုံးမှ...

ဟီး Ts လို့ထင်​မှာဆိုးလို့😂

အရင်​က အဲ့လို သူငယ်​ချင်းမျိုးရှိခဲ့ဖူးတယ်​ အခုချိန်​မှာ​တော့.....

သူ့ဘဝနဲ့သူ​တွေဖြစ်​ကုန်​ပြီ​ပေါ့​ဗျာ

သူငယ်ချင်းတွေကိုတောင် သတိရသွားမိတယ်ဗျာ။

ညီလည်းတူတူပဲ😁

မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65457.15
ETH 2939.01
USDT 1.00
SBD 3.68