"တစ်​ကိုယ်​​ကောင်း"steemCreated with Sketch.

in #myanmar6 years ago (edited)

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီအစ်​ကို​မောင်​နှမများအားလုံးမင်္ဂလာပါ။ကျွန်​​တော်​အခုကျွန်​​တော်​ကြုံ​တွေ့ရတဲ့အ​တွေ့အကြုံ​လေးတစ်​ခုနဲ့သင်​ခန်းစာ​လေးတစ်​ခု sharing လုပ်​ချင်​လို့ပါ။

image

"ဖြစ်​ပုံက ဒီလို​ဗျ"
တစ်​​နေ့ကျွန်​​တော်ဆိုင်​မှာ​DVDစက်​​လေးတစ်​လုံးပြင်​​​နေရင်း​ရေဆာလာတာနဲ့ဆိုင်​အပြင်​ဘက်​ကျွန်​​တော်​တို့ဆိုင်​ရဲ့​ရှေ့​ဘေးနားကပ်​လျက်​​လေးကကွန်းယာဆိုင်​မှာတင်​ထားတဲ့​ရေသန့်​​ဗူး​လေးထဲက​ရေ​လေးခပ်​​နေရင်းကျွန်​​တော်​တို့ဆိုင်​ရဲ့မလှန်းမကမ်း​လေးမှာကားတစ်​စီးကလာ​နေတယ်​​ဗျ။သူ့ရဲ့​နောက်​မှာကလည်းဆိုင်​ကယ်​တစ်​စီးကပ်​ပါလာ​သေးတယ်​။သူတို့နှစ်​စီးရဲ့​နောက်​မှာကားတစ်​စီးကအရှိုန်​ပါပါနဲ့​မောင်းလာတယ်​​ဗျ။အဲ့အ​ချိန်​မှာ​ရှေ့ဆုံးကကားတစ်​စီးကပန်းအလင်္ကာဆိုတဲ့က​ဖေးဆိုင်​​ရှေ့မှာရုတ်​တရက်​​နှေးပစ်​လိုက်​ပြီး​က​ဖေးဆိုင်​ဘက်​​ကိုလှည့်​မလို့လုပ်​လိုက်​တယ်​​ဗျ။အ​နောက်​ကဆိုင်​ကယ်​​မောင်းသမားကအ​တော်​​လေးလျင်​လို့​ရှေ့ကကားကိုမတိုက်​မိလိုက်​ဘူး​ဗျ။သူစိတ်​​တော့တိုသွားတာ​ပေါ့။မကြာဘူး​နောက်​ကအရှိန်​နဲ့လာတဲ့ကားကလည်းရုတ်​တရက်​ဆို​တော့ဟွန်းတီးပြီးဘရိတ်​ကို​စောင့်​အုတ်​လိုက်​တယ်​။ဒါ​ပေမဲ့သူ​မောင်းလာတာအရှိုန်​ကပါ​တော့​ရှေ့ကဆိုင်​ကယ်​ကိုဝင်​တိုက်​လိုက်​တယ်​။တစ်​ခုကံ​ကောင်းတာကဆိုင်​ကယ်​သမားကဟွန်းသံကြားတာနဲ့အ​နောက်​လှည့်​ကြည့်​ပြီးဆိုင်​ကယ်​​ပေါ်က​နေအမြန်​ခုန်​​ရှောင်​လိုက်​နိုင်​တယ်​​ဗျ။အရှိန်​နဲ့လာတဲ့ကားကအ​ရှေ့ကဆိုင်​ကယ်​နဲ့ကားကိုနှစ်​ဆင့်​တိုက်​မိ​တော့တာ​ပေါ့။ဆိုင်​ကယ်​သမားကလည်းကံ​ကောင်းတာ​ကောသူ့ရဲ့သတိနဲ့အလျင်​​ကြောင့်​​ကောသိပ်​ကြီးကြီးမားမားဒဏ်​ရမရပဲပွန်းရာ​လောက်​သာရသွားတယ်​။ကံ​ကောင်းတယ်​ပဲ​ပြောရမှာ​ပေါ့။

အ​နောက်​ကအရှိုန်​နဲ့ဝင်​တိုက်​လိုက်​တဲ့ကားက"သွားပြီ...ငါတိုက်​မိပြီ....​လျော်​ရရင်​မနည်းဘူးဟ....မြန်​မြန်​လစ်​မှ"ဆိုပြီး​တွေးလိုက်​သည်​ထင်​ပါသည်​။ကားကို​နောက်​ပြန်​ဆုတ်​ပြီးလီ​ဗာကိုပြင်းပြင်းနင်းပြီး​ရှေ့ကကားကို​ကွေ့ပြီး​ကျော်​မလို့အလုပ်​သူတိုလိုက်​တဲ့ကားရဲ့​ရှေ့​​ဘေးနားမှာhijet တစ်​စီးကရပ်​ထား​တော့အရှိန်​နဲ့​မောင်း​ပြေးမယ့်​ကားကတွန့်​ပြီးပြာယာ​တွေခက်​ပြီးhijet ကို​ရှောင်​မလို့လုပ်​တာဘရိတ်​မအုတ်​ပဲနဲ့လီ​ဗာကိုအသားကုန်​နင်​စပြီး​ဘေးဘက်​ကတန်းစီရပ်​ထားတဲ့ကား​တွေကိုဝင်​တိုက်​ပါ​လေ​ရော။အရှိုန်​ကအ​တော်​​လေးပါ​တော့​ဘေးကကားသုံးစီးဆင့်​ပြီးတိုက်​မိသွားတယ်​။အပျက်​အစီးလည်း​တော်​​တော်​များတယ်​​ဗျ။(​လျှော်​ရ​တော့မယ်​မနည်းဘူး😂)ကားသမားလည်းကားထဲက​တော်​​တော်​နဲ့ထွက်​မလာဘူး။သူ့ကားလည်း​စက်​​ခေါင်းဘက်​​တော်​​တော်​ကိုပျက်​စီးသွားတယ်​။ကားသမား​တော့ဘာမှမဖြစ်​သွားဘူး(သူ့ကား​လေးက​တော်​​တော်​​တော့သန့်​တယ်​​ဗျနှ​မျောလိုက်​တာလွန်​​ရော😢)။မကြာပါဘူးအဲ့နားမှာရှိတဲ့လူတစ်​​ယောက်​က​အနီးအနားက​မော်​​တော်​ပီ​ကေ(Pokemon Catchers 😝ဟီးကျွန်​​တော်​​ပေးထားတဲ့နာမည်​😁​မော်​​တော်​ပီ​ကေ​တွေကပိုကီမွန်​ဖမ်းသမား​တွေကျွန်​​တော်​တို့အစ်​ကိုတို့ကပိုကီမွန်​အ​ကောင်​​လေး​တွေ​ပေါ့သ​ဘောက😁)ကိုသွား​ခေါ်လို့​ရောက်​လာတယ်​။သူတို့​ရောက်​လာမှကားသမားလဲကားထဲကထွက်​လာတယ်​။သူ့မှာလည်းမျက်​နှာငယ်​​လေးနဲ့ထွက်​လာရရှာတာ။

အမှန်​တကယ်​တမ်းဆိုသူအဲ့လို​မောင်းမ​ပြေးသင့်​ဘူး​လေ။သူသာ​မောင်းမ​ပြေးခဲ့ရင်​​​ရှေ့ဆုံးကရုတ်​တရက်​ရပ်​လိုက်​တဲ့ကားအပြစ်​မလို့သူအများကြီး​လျော်​ရမှာလည်းမဟုတ်​ဘူး။ရှေ့ဆုံးကရပ်​ထားတဲ့ကားနဲ့ညှိနှိုင်းပြီးကြားထဲကခံရတဲ့ဆိုင်​ကယ်​သမားကိုနည်းနည်းပါးပါး​လျော်​​ပေးပြီးရင်​ပြန်​။ဒီ​လောက်​ပဲဖြစ်​မှာအခု​တော့သူ့ရဲ့တစ်​ကိုယ်​​ကောင်းဆန်​မှု၊​ကြောက်​ရွံ့မှုတို့​ကြောင့်​​အေး​အေး​ဆေး​ဆေးနဲ့ပြီးမဲ့ကိစ္စကိုတစ်​ပျက်​ပျက်​နဲ့​ငွေ​တွေအပုံလိုက်​ကုန်​ပြီးလူအ​တော်​များများနစ်​နာရ​တော့မယ်​။လူ​​တွေကကိုယ့်​ဘက်​ပဲ​တွေးတတ်​ကျများတယ်​။အစ်​ကိုတို့ကျွန်​​တော်​တို့အပါအဝင်​​ပေါ့။ကိုယ့်​အတွက်​လဲ​တွေးသူများအတွက်​လည်းအဆင်​​ပြေ​စေမဲ့အရာ​လေး​တွေ​ရွေးစဉ်းစားတတ်​ဖို့လည်းလိုတယ်​​ဗျ။တစ်​ခုခုဆိုအ​လောတစ်​ကြီးမဆုံးဖြတ်​ပဲအ​ကောင်းဆုံးနည်းကိုယ်​​ကောတစ်​ခြားလူ​ကောအဆင်​​ပြေ​စေမဲ့အ​ကောင်းဆုံးနည်းကိုစဉ်းစားတတ်​ဖို့လိုမယ်​​ဗျ။

တစ်​လက်​စထဲစကားမဆက်​😁ကျွန်​​တော်​အလုပ်​က​လေး​ကြော်​ညာဝင်​ပါရ​စေ😁ကျွန်​​တော်​တို့အတွက်​​ကောအစ်​ကိုတို့အတွက်​ပါအဆင်​​ပြေမှာပါ:3 ။ကျွန်​​တော်​ကအခုကျွန်​​တော်​​ဖေ​ဖေအ​မွေ​ပေးခဲ့တဲ့Tv​တွေ​၊​အောက်​စက်​​တွေ၊မီးအားမြှင့်​စက်​​တွေ၊လျက်​စစ်​နဲ့ဆိုင်​တဲ့ပစ္စည်း​တော်​​တော်​များများကိုပြုပြင်​တဲ့ တင်​​မောင်​​ဆွေ Electronic service မှာဖခင်​ရဲ့အရိုက်​အရာကိုကျွန်​​တော်​အစ်​ကိုနဲ့ကျွန်​​တော်​နဲ့ညီကိုနှစ်​​ယောက်​ဆက်​လုပ်​လုပ်​ကိုင်​​နေပါတယ်​အ​ဖေက​တော့​အေး​ဆေးနားနား​နေ​နေသူစိတ်​ချမ်းသာတဲ့ကိုယ်​ပိုင်​ခြံက​လေးဝယ်​ပြီးဟိုအပင်​စိုက်​လိုက်​ဒီအပင်​စိုက်​လိုက်​နဲ့​နေ​နေပါတယ်​။ကျွန်​​တော်​တို့ကစက်​​တော်​​တော်​များများကိုပင်​ပါတယ်​။ဒါ​ပေမဲ့​ရေခဲ့​သေတ္တာတို့၊ဖုန်းတို့၊​ပေါင်းအိုးတို့​၊​ရေဒီယိုတို့ကို​တော့မပြင်​ပါဘူး​​ဗျ။ကျွန်​​တော်​တို့ဆိုင်​က​တောင်​ကြီးမြို့​ဗိုလ်​ချုပ်​​အောင်​ဆန်းမိန်းလမ်းမကြီး​ဘေးKBZ Bank လမ်းကြားထဲမှာပါ။လာ​ရောက်​ပြုပြင်​လို့ရပါတယ်​ခင်​​ဗျ😁Welcomeပါ😁။ကျွန်​​တော့်​​ကြော်​ညာ​လေးဒီ​လောက်​ပါပဲ​ဗျsteemit user ညီအစ်​ကို​မောင်​​နှမ​တွေအားလုံးရွှင်​လန်းချမ်း​မြေ့ကျပါ​စေ​ဗျ။

Photo Credit;Google Image


MSC.119
@thantzinwin
Thant Zin Win

Sort:  

အဖေရဲ့ခြေရာနင်းနိုင်ကြပါစေဗျာ အောင်မြင်ကြပါစေ

ဟုတ်​နင်းနိုင်​​အောင်​ကြိုးစား​နေပါတယ်​​ဗျ

တာဝန်ခံမှု တာဝန်ယူမှု ရှိကြရင် အားလုံးပြေလည်ကြမှာပါ

ဟုတ်​တယ်​​ဗျမဖြစ်​သင့်​တာမဖြစ်​ရ​တော့ဘူး​ပေါ့

လက်စသတ်တော့ဆိုင်ကြေငြာတာကိုးးး ကောင်းပါပြီဗျာ😁😁😁ရောက်ရင်လာခဲ့ပါ့မယ်😁😁😁

ဟီးဟီး​နည်းနည်း​ကြော်​ညာဝင်​တာ😝

လူတွေက သူတို့ပဲအရေးကြီးတယ် တစ်ခြားသူတွေကအရေးမကြီးဘူး လို့တွေးတဲ့လူတွေများတယ်

ဟုတ်​တယ်​အစ်​ကိုလူတိုင်းနည်းပါးပါပဲ

လူ့လောကမှာတစ်ကိုယ်ကောင်းသမားဆိုတာရှိကြစမြဲပဲအကို

ဟုတ်​တယ်​အစ်​ကို​ရေ

ကျနော်ကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူဆို သိပ်မုန်းပါ့ဗျား

တပည့်​​တော်​လဲတူတူပါပဲဘုရား

ကိုယ်တွေလည်း ဆိုင်ကယ်စီးရတာ ခပ်လန့် လန့် ဘဲ ကိုယ်ဘယ်လောက်ပဲ စီးကမ်းရှိရှိန့ဲ သတိထားပြီးတော့မောင်းမောင်း တစ်ဖက်ယာဉ်က နမောနမဲ့ စည်းကမ်းမရှိ မောင်းနှင်လို့ တိုက်ခိုက်မိရင် မသေရင် အကျို့းအပဲ့ဘဲ

ဟုတ်​ပကိုလင်း​ရေကိုယ်​တစ်​​ရောက်​ထဲ​ကောင်း​နေလို့ကိုမရဘူးကိုယ်​က​ကောင်းရင်​​တောင်​သူတို့အမှား​ကြောင့်​ကိုယ်​ကပါအလကား​နေရင်းထိုင်​ရင်​ခံရတယ်

မိုင်းရှုးမှာအမျိုးရှိတယ် ရောက်ရင် လာလည်ဦးမယ်

ရောက်​ရင်​လာလည်​ခဲ့ပါ​ဗျ welcome ပါ​ဗျ

ကြော်ငြာ ၀င်သေးတာပဲနော် အိမ်မြောင်ပင်စာ အောင်မြင်ပါစေ ဗျာ

ဟီး​ကြော်​ညာတတ်​ရတာ​ပေါ့😁

Coin Marketplace

STEEM 0.24
TRX 0.12
JST 0.030
BTC 68228.59
ETH 3560.00
USDT 1.00
SBD 3.17