"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၄)"

in #myanmar6 years ago

image

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီကို​မောင်​နှမအားလုံးမင်္ဂလာပါခင်​​ဗျာ။ကျွန်​​တော်​ရဲ့​ရောက်​တက်​ရာရာ​ပေါက်​ကရအ​တွေး​တွေနဲ့​ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း"ဆိုတဲ့ပုံပြင်​အပိုင်း​(၄)​လေးဆက်​ပါရ​စေ။ပထမအပိုင်း(၁)၊(၂)နဲ့(၃) ကိုမဖတ်​ရ​သေးဘူး၊စိတ်​ဝင်​စားလို့ဖတ်​ချင်​ပါတယ်​ဆိုရင်​​တော့​အောက်​ကlinkက​နေသွား​ရောက်​ဖတ်​ရှု​ဝေဖန်​​ပေးနိုင်​ပါတယ်​​ဗျ။

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၁)"
https://steemit.com/myanmar/@thantzinwin/tu-ing-mete-emang-san-epang-1

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၂)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-2

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၃)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-3-6daca5d58cdc6

"ဒီကနှမ​တော်​ရဲ့အမည်​က သိင်္ဂီ တဲ့လား"

"ဟုတ်​ သင်္ဂီ ပါ"

"အင်းပါဟုတ်​ပါပြီ ဒါဆိုဒို့​တွေ့ခရီးဆက်​စို့"

"ဟုတ်​ကဲ့ပါ​နောင်​​တော်​"

မောင်​စံ​ပေါင်းလည်းသင်္ဂီအား​ခေါ်​ဆောင်​ပြီး သူ့ရဲ့နန်း​တော်​သို့ပြန်​​လေသည်​။သွားတဲ့ခရီးဘယ်​​လောက်​ပဲ​ဝေး​ဝေး​မောင်​စံ​ပေါင်း​နောက်​ကတစ်​ချက်​က​လေးမှမငြီးမငြူပဲလိုက်​ပါ​နေတဲ့သိင်္ဂီရဲ့ပုံစံကို​မောင်​စံ​ပေါင်းတစ်​ချက်​အကဲခက်​လိုက်​သည်​။
"ဒီ​ကောင်​မ​လေး​ပုံစံကြည့်​ရတာ အသားကလည်းနို့နှစ်​​ရောင်​က​လေးလိုဖြူစင်​ပြီး ရုပ်​ရည်​အရာမှာလည်းပြစ်​မျိုးမဲ့မထင်​အလွန်​အမင်​လည်းချစ်​စရာ​ကောင်း​နေသည်​....အ​ပြောအဆိုမှာဆိုရင်​လည်းအထူးတလည်​​ပြောစရာမလိုပဲ​​ကျေးငှက်​တို့​တေးဆိုတဲ့အခါကြားရတဲ့ သာယာချိုမြိန်​တဲ့အသံက​လေးနဲ့လည်းဖြစ်​သည်​.......မသိဘူး သိင်္ဂီ ဆိုတဲ့နှမငယ်​ရယ်​....မင်းကိုမြင်​မြင်​ချင်းပဲ​မေတ္တာသက်​ဝင်​ချစ်​ခင်​​နေမိပြီကွယ်​..."
ထိုသို့​မောင်​စံ​ပေါင်းအ​တွေးထဲ၌သိင်္ဂီဆိုတဲ့​ကောင်​မ​လေးရဲ့အ​ကြောင်းအရာ​တွေနှင့်​သာ​ပြည့်​နှပ်​​နေ​တော့သည်​။ဤကဲ့သို့​ဖြစ်​သည်​မှာ​မောင်​စံ​ပေါင်းတစ်​​ယောက်​ထဲဖြစ်​သည်​မဟုတ်​။အလားတူသိင်္ဂီရဲ့ရင်​ထဲအ​တွေးထဲ၌​မောင်​စံ​ပေါင်းဟာ​နည်းအမျိုးမျိုးပုံစံအဖုံဖုံနဲ့နယ်​ချဲ့သိမ်းပိုက်​လို့​နေပါပြီ။မောင်​စံ​ပေါင်းနဲ့သိင်္ဂီတို့အတူတူခရီဆက်​ကျရင်းတစ်​​​ဖြေး​ဖြေးတစ်​ဦး​ပေါ်တစ်​ဦးထားရှိတဲ့​မေတ္တာ​တွေသံ​ယောဇဉ်​ကြိုး​တွေဟာခိုင်​မာလာခဲ့ပြီ။ထိုသို့အတူတူသွားလာ​နေ​ပေမဲ့​မောင်​စံ​ပေါင်းဟာ​ဗာရာဏတီပြည့်​ရှင်​ကံ​ကောင်းဘုရင်​၏သား​တော်​မှန်းမသိ​ချေ။မောင်​စံ​ပေါင်းလည်းမ​ပြောပြပါ။အဘယ်​​ကြောင့်​ဆို​သော်​ ​မောင်​စံ​ပေါင်းဟာသူဟာမင်းသားတစ်​ပါမို့လို့သိင်္ဂီဟာသူ့နားကိုအတင်းသွယ်​ကပ်​​ပြီးချစ်​ခင်​​ယောင်​​ဆောင်​သည်​လို့နန်း​တော်​သို့​ရောက်​​သောအခါအများအထင်​မလွဲ​အောင်​လို့သိင်္ဂီအားလျို့ဝှက်​ထား​လေသည်​။

သိင်္ဂီဟာလည်း​မောင်​စံ​ပေါင်းကို​မေတ္တာသက်​ဝင်​​နေမိ​သောသူဖြစ်​​သော​ကြောင်​​မောင်​စံ​ပေါင်းရဲ့ပုံစံကိုကြည့်​၍​မောင်​စံ​ပေါင်းအား​လေ့လာ​နေသူတစ်​ဦးဖြစ်​သည်​။
"​နောင်​​တော်​ဟာ​တော်​ရုံတန်​ရုံမျိုးနွယ်​ထဲက​တော့မဖြစ်​နိုင်​​​လောက်​ဘူး.....​နောင်​​တော်​ရဲ့ရုပ်​ရည်​ဟာအခြား​သောသူများနှင့်​မတူတည်​ကြည်​သန့်​ပြန့်​ခန့်​ညားထည်​ဝါလှသည်​.......အသပြာဆိုလျလည်း​ရေလိုသုံးနိုင်​ဖြုန်းနိုင်​သည်​.....သာမန်လူတန်းစားထဲက​တော့မဖြစ်​နိုင်​​ပေဘူး....အို....သူဟာဘယ်​လိုလူစားမျိုးပဲဖြစ်​ဖြစ်​ငါ​နောင်​​တော်​ကိုအလွန်​ပဲချစ်​ခင်​​နေမိပြီ....​နောင်​​တော်​လည်းငါ့ကိုချစ်​​နေတဲ့ပုံပဲ..ဟိဟိ...ထားပါ​လေသူဖွင့်​မ​ပြောလာမချင်​မသိသလိုပဲဟန်​​ဆောင်​ပြီး​နေလိုက်​မယ်​...ဟိဟိ"
မောင်​စံ​ပေါင်းလည်းသိင်္ဂီအားဖွင့်​မ​ပြောရဲ​ချေ။အဘယ်​​ကြောင့်​ဆို​သော်​သိင်္ဂီ​လေးသူ့ကိုကယ်​တင်​​ပေးခဲ့တဲ့​ကျေးဇူးရှင်​ဆိုပြီးအခွင့်​အ​ရေးယူတယ်​လို့ထင်​မှာဆိုး၍ဖြစ်​သည်​။မောင်​စံ​ပေါင်း၏ပထမဦးဆုံးအချစ်​ဦးလည်းဖြစ်​​လေ​တော့သူ့အတွက်​ချစ်​ကြိုက်​စကား​ပြောရမှအလွန်​အမင်​ခက်​ခဲ​နေ​လေသည်​။သိင်္ဂီအားဖွင့်​​ပြောဖို့အကြိမ်​ကြိမ်​ကြိုးစားခဲ့​သော်​လည်းတစ်​ခါမှဖွင့်​မ​ပြောဖြစ်​ခဲ့​ချေ။

တစ်​​ယောက်​နဲ့တစ်​​ယောက်​မသိတဲ့​မေတ္တာ​နှောင့်​ဖွဲ့ကြိုး​လေးချီ​နှောင်​​ရင်းခရီးဆက်​လာရင်းက​ရောက်​ချင်​​နေတဲ့ပန်းတိုင်​သို့​ရောက်​ရှိလာ​​လေပြီ။မောင်​စံ​ပေါင်းသည်​သူ၏အိမ်​နန်း​တော်​တို့​ရောက်​ရှိပြီဖြစ်​​သော်​လည်းချက်​ချင်းမဝင်​​သေး​ချေ။
"နှမ​တော်​ သိင်္ဂီ ကို​နောင်​​တော်​​မဖြစ်​မ​နေ​ပြောရမဲ့စကားရှိတယ်​..."

"ဟုတ်​​နောင်​​တော်​ဘာကိစ္စပါလဲ​နောင်​​တော်​ နှမ​တော်​နား​ထောင်​​နေပါတယ်​..."

"​နောင်​​တော်​ဟာအမှန်​တကယ်​​တော့​ဗာရာဏတီပြည်​ကံ​ကောင်းဘုရင်​ကြီး၏တစ်​ဦးတည်း​သောသား မင်​သားစံ​ပေါင်​​ဖြစ်​သည်​..."

"ရှင်​!...နှမ​တော်​..အယ်​မဟုတ်​ပါဘူး...ကျွန်​​တော်​မျိုးမကိုအစကတည်းကဘာ​ကြောင့်​မ​ပြောပြခဲ့တာပါလည်း..."

"​အရင်​ပုံစံအတိုင်းလွတ်​လွတ်​လပ်​လပ်​ပဲ​ပြောပါ..... နောင်​​တော်​အစကတည်းက​ပြောပြချင်​​ပေမဲ့​ပြောပြလို့မရတဲ့အ​ကြောင်းအရာ​လေးရှိ​နေလို့ပါနှမ​တော်​..."

"ဘယ်​လိုအ​ကြောင်းမျိုး​ကြောင့်​ပါလည်း သိခွင့်​ရှိရင်​သိပါရ​စေရှင်​..."

"တကယ်​​တော့​နောင်​​တော်​ဟာ နှမ​တော်​ကိုမြင်​လျင်​မြင်​ချင်း​မေတ္တသက်​ဝင်​ခဲ့တာပါ.....နှမ​တော်​ကိုအကြိမ်​ကြိမ်​ဖွင့်​​ပြောဖို့ကြိုးစားခဲ့ပါ​သေးတယ်​....ဒါ​ပေမဲ့​​နောင်​​တော်​ဖွင့်​​ပြောလိုက်​လို့နှမ​တော်​ကငါ့ကိုကယ်​တင်​ခဲ့တယ်​ဆိုပြီးအခွင့်​အ​ရေးယူတယ်​လို့အထင်​လွဲမှာစိုးလို့ပါနှမ​တော်​..."

"(​ယေ့ ​ယေ့ ​ယေ့ ငါ့cruch ကြီးက ငါ့ကိုပြန်​ cruch ​နေတဲ့ ​ပျော်​လိုက်​တာ😋/သိင်္ဂီ၏စိတ်​ထဲတွင်​ဖြစ်​​ပေါ်​နေပုံ😁)နားရှက်​စရာ​တွေ​နောင်​​တော်​ရယ်​ ဘာ​တွေ​ပြော​နေတာလည်းမသိဘူး ရှက်​လိုက်​တာ...နှမ​တော်​​နောင်​​တော်​ရဲ့ကိုယ်​ကျင့်​သိက္ခာကို​တွေးသိပါတယ်​....​နောင်​​တော်​ကိုအဲ့လိုမျုးမမြင်​ပါဘူး​နောင်​​တော်​..."

"မရှက်​ပါနဲ့နှမ​တော်​ရယ်​...​နောင်​​တော်​က​မေတ္တာစစ်​​မေတ္တာမှန်​နဲ့ချစ်​တာပါ...နျိမ​တော်​ယုံ..."

"နှမ​တော်​​​နောင်​​တော်​ရဲ့အချစ်​ကို​တော့ယုံပါတယ်​...ဒါ​ပေမဲ့​နောင်​​တော်​နဲ့နှမ​တော်​ကအဆင်​အတန်းမတူဘူး​လေ...."

"​နောင်​​တော်​ရဲ့အ​တွေးထဲမှာအဆင့်​အတန်းဆိုတာမျိုးမရှိပါဘူး...နှမ​တော်​စိတ်​ထဲလည်းအဆင့်​အတန်းဆိုတာကြိးကိုမ​တွေးပါနဲ့...."

"နှမ​တော်​လည်းအဆင့်​အတန်းဆိုတာကိုမ​တွေးချင်​ပါဘူး...ဒါ​ပေမဲ့..."

"ဒါ​ပေမဲ့​တွေဘာ​တွေလုပ်​မ​နေပါနဲ့​တော့နှမ​တော်​ရယ်​...​​နောင်​​တော်​ကိုပြန်​ချစ်​ပါ​နော်​..."
ဆိုပြီး​​မောင်​စံ​ပေါင်းဟာသိင်္ဂီအားဖက်​၍​ပြောလိုက်​​လေရာ

"အို...​​နောင်​​တော်​ရယ်​လူမြင်​ကွင်းကြီးမှာမသင့်​​တော်​ပါဘူး လွတ်​ပါ..."

ဆက်​ရန်​...

ညီအစ်​ကို​မောင်​နှမများရွှင်​လန်းချမ်း​မြေ့ကျပါ​စေ....


MSC.119
@thantzinwin
Thant Zin Win

Sort:  

ခံစားချက်​​တွေဖွင့်​ဟလိုက်​​တော​နေသာထိုင်​သာရှိသွာကြပီး​ပျော်​​ကြေတာ​ပေါ့

ဟုတ်​ပ နို့မို့ဆိုညီ့လို့ပဲကျန်​ရစ်​ဖြစ်​​နေမှာဆိုးလို့😂

အိုကွယ်....မင်းချစ်မှချစ်ပါ့မလား..သေချာရန်မလွယ်ပါလား..🎶🎶🎤🎤
အဲ့ဒီသီချင်းလေးလိုထင်နေတာ
ဘယ်ဟုတ်ပါ့မလည်း နှစ်ယောက်သားက ကျိတ်ကြံနေတာကိုး..ဟိဟိတွေတောင် ပါသေး😵😵😁😁

အ​ဟေးအ​ဟေး သီချင်း​လေးနဲ့ဟကြိတ်​ကြံနာဟွင်းဟွင်း😁

"​ယေ့ ​ယေ့ ​ယေ့ ငါ့cruch ကြီးက ငါ့ကိုပြန်​ cruch ​နေတဲ့ ​ပျော်​လိုက်တာ " ခေတ်စကားလေးတောင် ထည့်ပြီးနှောလိုက်သေးပါလား ဟရို့

ဟီးဟီး ဖတ်​ရတာမပျင်း​အောင်​လို့😁

မောင်းစံပေါင်းထဲမှာ ခေတ်စကားတွေလဲပါတာဘဲလား hee hee

ဖတ်​​နေရင်းပျင်း​နေမှာဆိုးလို့ဟာသ​လေး​နှောလိုက်​တာ ဟီးဟ

စာဖတ်သူတောင် ရင်ထဲ ကတုန်ကယင်ဆိုတော့ စာရေးသူက ပိုဆိုးမှာပေါ့ဗျာ အဲဒီအတွေ့အကြုံရှိတဲ့လက်ရာထင်တယ်

ဖြစ်နိုင်တယ် 😂😂

ဟာဂျာသားကရိုးရိုး​လေးကို သားကသားဘာသား​အ​တွေးထဲရှိတာ​ရေတားဂိုသားကက​လေဲးရြှိ​သေးတာကို😭😂

🎶🎶အဆင့်အတန်းချင်းမတူသလိုဘဲ
ချစ်ချင်းတရားတွေ
ကွဲပြားလို့နေတယ်🎶🎶
သီချင်းဆိုမိသွားတယ်

ယေ့ ​ယေ့ ​ယေ့
လိုက်​ကမိသွားတယ်​😁
ကျေးဇူးပါ​ဗျ ဖတ်​ရှု​ပေးလို

အို နောင်တော်ရယ် ကောင်းခန်းကြီးကျ မှဗျာ။ တန်းလန်းကြီး။

ဟီးဟီး ဖတ်​​ပေးလို့​ကျေးဇူး​ဗျ ​နောက်​အခန်းမှဆက်​​ကောင်း​တော့😁

ဖတ်ရတာ အဆင်ပြေပါတယ် စောင့်မျှော်နေပါတယ်

တင်​ပါ့ဘုရား အဆက်​​လေး​စောင့်​ဖတ်​​ပေးပါအုန်းဘုရား

ဖက်​လို့အရမ်း​ကောင်း ​စောင့်​​မျှော်​​နေပါ့မယ်​ခင်​ဗျာ

ဟုတ်​​ကျေးဇူး​ဗျ ​စောင့်​ဖတ်​​ပေးပါအုန်း​ဗျ

အရမ်းကောင်းပါတယ်အကို ဆက်လက်အားပေးနေပါတယ်။

ဟုတ်​​ကျေးဇူးပါ​ဗျ အပိုင်းဆက်​က​လေး​စောင့်​ဖတ်​​ပေးပါအုန်း​ဗျ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66439.14
ETH 3005.38
USDT 1.00
SBD 3.68