မြန်​မာလူငယ်​များ နှင့်​ မူးယစ်​​ဆေးဝါးအန္တရာယ်

in #myanmar6 years ago

FB_IMG_1522285498711.jpg

မီးသမျှပင်ပူပြင်းလှတဲ့​​နွေရာသီ​နေ့လည်​ဘက်​​နေအပူရှိန်​ရဲ့​အောက်​မှာ အိုးစည်​ဒိုးပက်​သံများစူညံပြီးရှင်​​လောင်း​လေးများကဆင်​​ပေါ်စီးတဲ့သူကစီးမြင်း​ပေါ်စီးတဲ့သူကစီးနဲ့ဆင်စီးမြင်ရံသကဲ့သို့လှည့်​လည်​​နေတဲ့ရှင်​ပြုပွဲတစ်ခုရဲ့မြင်ကွင်း​လေးကပူပြင်း​နေတဲ့​နေအပူရှိန်​​ကိုပင်သတိမထားမိ​တော့​လောက်​​​အောင်​ပင်​ကြည်​နူးရင်​သက်​ရှု​မောဖွယ်​​ကောင်း​လွန်း​နေသည်​။ကွန်း​တောင်ကိုင်ပန်း​တောင်​ကိုင်အလှပ​ဂေးမိန်းမလှ​လေးများကလည်းဆွမ်း၊ခဲဖွယ်တို့ကိုကိုင်လျက်မိမိတို့တွင်ရှိ​နေ​သောအလှအပ​တွေကိုကိုယ်စီထုတ်​​ဖော်​ပြသ​နေလျက်ရှိသည်။ဆင်ထိန်းမြင်းထိန်းများနဲ့အ​နောက်​က​နေလိုက်ပါ​နေတဲ့အိုးစည၊်ဗုံ၊မောင်း တီး၍သီဆို​နေကျ​သောလူငယ်​​ယောကျာ်ထုများကလည်းပင်ပန်းမှုတစ်စက်မျှပင်မရှိပဲ​ပျော်​​ပျော်ရွှင်ရွှင်ကခုန်​​နေကြပါသည်။လူငယ်တစ်​​ယောက်​ဖြစ်တဲ့ကျွန်​​တော်သည်လည်းဤမြင်ကွင်းကိုမြင်​ပြီးကိုယ်​တိုင်​ကိုယ်​ကျပါဝင်ပြီးတစ်ပွဲတစ်​လမ်းအကဲစမ်းလိုစိတ်များတစ်ဖွားဖွားဖြစ်​​ပေါ်လို့​နေပါသည်။ထိုသို့​တွေး​နေရင်းကမြင်ကွင်းတစ်ခုကိုမြင်၍ကျွန်​​တော်အ​တော်​​လေးရင်​​လေးသွားသည်​။ထိုမြင်​ကွင်းမှာ အိုးစည်​၊​ဗုံ​၊​မောင်း တီးခက်​​နေ​သောလူငယ်​တစ်စုမှာအရက်က​လေးသမျမျ​သောက်ပြီး​ခေတ်​​ပေါ်​ဆေးလိပ်များ​သောက်သုံးကာမြူးတူး​နေကြသည်။မကြာခင်သူတို့တ​တွေအ​ကြောင်းသတင်းတစ်ခုခုကြားရမည်လို့​တွေးမိလိုက်​သည်​။

Screen-Shot-2017-01-05-at-2.40.14-PM.png

ထိုသို့​တွေး​နေရင်းကမကြာပါဘူးထိုလူငယ်များအနားမှရုတ်တရက်တစ်အုန်းအုန်းတစ်ရုံးရုံးဖြစ်​လာသည်​။ကျွန်​​တော်​ထင်တာမလွဲ​ပေ။ရန်​ပွဲပင်​ဖြစ်​​လေသည်။ထို​ဘေးနားကလူ​တွေ​ပြောတဲ့အသံကြားပုံအရ​တော့ထိုလူငယ်​အုပ်​စုမှအမူးလွန်ပြီးသူငယ်ချင်းအချင်းချင်းပင်​မသိ​တော့ပဲထိုးကြိတ်ကြသည်ဟုကြားပါသည်​။ထိုသို့ကြားပြီး​နောက်ကျွန်​​တော်​​​ခေါင်းထဲဍ်​​မေးခွန်း​ပေါင်း​သောင်း​ခြောက်​​ထောင်အ​တွေး​ပေါင်း​သောင်း​ခြောက်​​ထောင်​စုပြုံ၍ဝင်လာ​တော့သည်။ကျွန်​​တော်​တို့လိုလူငယ်​​လေး​တွေရဲ့ဘဝထဲကိုမူးယစ်​​ဆေးဝါးဆိုတဲ့အန္တရာယ်​ကြီးဝင်​​ရောက်လာခဲ့ရင်​ဆိုတဲ့အ​တွေးနဲ​ခေါင်းကြီးသွားသည်။ကျွန်​​တော်​တို့လိုလူငယ်​​လေး​တွေဟာတစ်​ချိန်ကျတိုင်းပြည်ရဲ့အကျိုးတိုးတက်​​အောင်​မြင်​​အောင်ဦးစီးဦး​ဆောင်လုပ်ရမဲ့လူ​တွေပါ။ဤအရာကိုအားလုံးကလည်းလက်ခံထားပြီးသားပါ။တိုင်းပြည်၊နိုင်ငံတစ်ခုထိမဆိုထားနှင့်​ကျွန်​​တော်တို့လူငယ်ဆိုတာတစ်ချိန်ကျမိသားစုကိုဦးစီးဦး​ဆောင်​ပြုရမည့်​သူများသာဖြစ်​သည်​။အရင်​ဦး​ဆောင်​ခဲ့​သော တစ်​ချိန်​တစ်​ခါကလူငယ်အဖြစ်​မှာမိသားစုအတွက်ရှာ​ဖွေကြိုးစား​ပေးခဲ့​သောမိဘများအသက်ကြီးလာပြီးမိသားစုကို​ကောင်း​ကောင်းရှာမ​ကြွေးနိုင်​​တော့သည့်​အခါမိသားစုစားဝတ်​​နေ​ရေတို့ကိုသား​တွေဖြစ်​တဲ့ကျွန်​​တော်​တို့လိုသွက်​သွက်​လက်လက်လှုပ်ရှားရုန်းကန်​နိုင်​​သေးတဲ့လူငယ်​​လေး​တွေရဲ့တာဝန်​တစ်​ရပ်​ဖြစ်​လာမည်​ဖြစ်​ပါသည်​။ထိုနည်းအတူ ပြည်​​ထောင်​စု၊နိုင်​ငံ​တော်ရဲ့အဘက်ဘက်ကတိုးတက်​​ရေးဟာလည်းကျွန်​​တော်တို့လိုလူငယ်​​လေး​တွေရဲ့တာဝန်ပဲဖြစ်ပါသည်။ထိုကဲ့သို့တိုးတက်​​ရေးအတွက်​အမှန်​အကန်​ကြိုးစား​နေ​သောလူငယ်​များလည်းအမှန်​တကယ်​ရှိပါသည်​။သို့​သော်​ယခု​ခေတ်အခါတွင်ကျွန်​​တော်တို့လိုလူငယ်​​တွေကြားနည်းလမ်းမျိုးစုံနဲ့အလွယ်​တစ်​ကူဝင်​​ရောက်​​နေ​သောမူးယစ်​​ဆေးဝါးများ​ကြောင့်​လူငယ်​​တွေရဲ့ကြိုးစားလိုစိတ်​​​တွေ၊ရည်​ရွယ်​ချက်​​တွေ၊​ပျော်​ရွှင်​မူ​တွေ၊စည်​လုံးခြင်း​တွေကိုတဖြည်းဖြည်းချင်းဖျက်​စီးလို့​နေပါသည်​။

IMG_20180329_075641.jpg

ခုနကအဖြစ်အပျက်ကိုပဲကြည့်​ပါ​လေ။မူးယစ်​​ဆေးဝါး​တွေထဲမှာမှလူ​တွေကြားအလွယ်တစ်​ကူဝင်​​ရောက်​​နေတဲ့အရက်​​ကြောင့်​အတူတူ​ပျော်ပါး​နေ​သောသူငယ်ချင်းအချင်းချင်းပင်မသိ​တော့ပဲအသိစိတ်​​ပျောက်ပြီးထိုးကြိတ်​​နေသည်ကို​တွေ့ရသည်။မူးယစ်​​ဆေးဝါးအန္တရာယ်ဘယ်​​လောက်​​ကြောက်ဖို့​ကောင်းသည်​ဆိုတာကိုအတိအကျမီး​မောင်းထိုးပြ​နေတဲ့ဖြစ်ရပ်ပင်​ဖြစ်သည်။ထိုကဲ့သို့​သောအလားတူဖြစ်​ရပ်တစ်ခုကို​ပြောပြချင်ပါ​သေးသည်။ကကျွန်​​တော့်​ရဲ့ဦး​လေးအရင်း​ခေါက်​​ခေါက်​တစ်​​ယောက်အ​ကြောင်းပါ။သူဟာအရမ်းရိုးသားပြီးတည်ကြည်​​ဖြောင့်​မတ်တဲ့လူတစ်​​ယောက်လည်းဖြစ်သည်။အလုပ်ဆိုလည်းသူများတစ်​ခုလုပ်​ရင်​နှစ်​ခုလုပ်​​လေ့ရှိပါသည်​။အလွန်​အလုပ်ကြိုးစားတဲ့သူတစ်ဦးဖြစ်သည်။သို့​ပေမဲ့သူကြိုးစားသ​လောက်သူ့လုပ်ငန်း​တွေဟာမ​အောင်​မြင်​ပဲအရှုံးကြည့်​​ပေါ်ခဲ့သည်​။ထိုအခါစိတ်ဓာတ်ကျပြီးအရက်က​လေးတစ်​မြမြ​သောက်သုံးလာသည်။တစ်​ဖြည်းဖြည်းနဲ့အရက်ကို​နေ့မနားညမနားပါ​သောက်လာသည်။အရက်​​သောက်ပြီးမိသားစုကိုတစ်​ဖြည်းဖြည်းပြသနာရှာညှင်းပန်းလာ​တော့ဇနီးနှင့်​သမီးနှစ်​​ယောက်ကလည်းအတူတူမ​နေထိုင်​​တော့ပဲအိမ်ခွဲပြီး​နေ​လေသည်။ကျွန်​​တော်ဦး​လေးဟာစိတ်​​ကောင်းရှိသူတစ်​ဦးပါကျွန်​​တော်​တို့ငယ်ငယ်ကဆိုမုန့်ဖိုး​လေး​ပေးပြီးကျွန်​​တော်တို့ကိုဆိုအမြဲတမ်းကြိုးစားရိုးသားပြီးလူ​ကောင်းတစ်​​ယောက်​ဖြစ်​​အောင်အမြဲဆုံးမ​ပေးပါသည်။ထိုသို့အရမ်း​ကောင်းတဲ့လူတစ်​ဦးဟာအခုလိုအရက်​​​တွေ​သောက်​ပြီးကိုယ့်​ဘဝကိုယ်​​ရေစုန်​​မျောပြီးဖြစ်​သလို​နေပြီးအရက်ကိုထမင်းလိုဟင်းလို​သောက်သုံး​နေ​တော့မကြာပါဘူးဦး​လေးဆုံးသွားခဲ့သည်။ဒါကကျွန်​​တော်သိတဲ့မူးယစ်​​ဆေးဝါးအရက်​​ကြောင့်​ဖြစ်​ခဲ့တဲ့အဖြစ်​အပျက်​က​လေးကိုသာ​ပြောပြခြင်းဖြစ်​ပါသည်။ကျွန်​​တော်မသိ​သေး​သောမူးယစ်​​ဆေးဝါး​တွေတစ်​နည်းအားဖြင့်​ဘိန်း တို့ WY လို့​ခေါ်တဲ့​ဆေးပြားတို့ No. Four တို့တစ်​​တွေ​ကြောင့်​ပျက်​စီးသွားတဲ့တန်​ဖိုးရှိတဲ့လူငယ်​​တွေရဲ့အသက်​​တွေဘဝ​​တွေအ​တော်များများလည်းပျက်စီးဆုံးရှုံး​နေရပါသည်။ထို့​ကြောင့်​ကျွန်​​တော်တို့လူငယ်​​တွေအ​နေနဲ့မူးယစ်​​ဆေးဝါးကိုမသုံးစွဲဖို့အရမ်းကိုအ​ရေးကြီးပါသည်​။

stop-figure.jpeg

တန်​ဖိုးရှိတဲ့အသက်​​တွေဘဝ​တွေမဆုံးရှုံးရဖို့မူးယစ်​​ဆေးဝါးများကို​ရှောင်​ကျဉ်​ကျပါစို့

Photos Credit;Google And Facebook


MSC.119
@thantzinwin
Thant Zin Win

Sort:  

မူးယစ်ကင်းစင် မြန်ပြည်တခွင်
သာယာစိုပြေ မြန်မာပြည် ပေါ့

ဟုတ်​တာ​ပေါ့

တန်ဖိုးရှိတဲ့ ဘဝလေးမှာ မူးယစ်စေတဲ့ အရာတွေ သုံးပြီး ဘဝဆုံးမှုတွေ ကင်းဝေးကြပါစေဗျား

ထက်​တူထက်​​ဗျပါအရှင်​ဘုရား

အန္တရာယ်များလိုက်တာနော်။ လူသားတွေကိုလူသားတွေပဲ ပြန်ဒုက္ခပေးနေတာပါ။

ဟုတ်​တယ်​အစ်​ကို လူသား​တွေကိုလူသား​တွေကပဲဒုက္ခပြန်​​ပေးကျတာပါပဲအခြားအရာ​တွေကနည်းနည်း​ပေါ့

ဝေဖန်အကြံပေးမယ်နော်..။ဖတ်လို့အဆင်ပြေသော်လည်း
တင်ပြပုံနဲနဲအားနည်းသေးတယ်။ခေါင်းစဉ်က..မြန်မာ့လူငယ်များနဲ့မူးယစ်ဆေးဝါးအန္တာရာယ်..ဆိုတော့..၊လူငယ်တွေရဲ့အရေးကြီးပုံကို..အရင်ဖေါ်ပြရမယ်။လူငယ်တွေဟာတိုင်းပြည်တိုးတက်မူ့အတွက်အရေးကြီးဆုံးအခြေခံအုပ်မြစ်ဖြစ်တာကို၊မြင်သာအောင်ဖေါ်ပြရမယ်။မူးယစ်သောအရာဆိုတာ..မကောင်းဘူးဆိုတာကိုဖေါ်ပြပီး..နမူနာအနေနဲ့အခုရေးသားချက်လေးကိုထည့်ရမယ်..ဒီလိုမြို့လေးတမြို့ မှာတောင်မှ..ဒီလောက်သာယာကြည်နူးစရာကိုပျက်စီးမူ့ဖြစ်စေသေးတာ..နိုင်ငံနဲ့ချီသွားရင်..ဘယ်လောက်ဆုံးရှူံးမူ့တွေကြုံတွေ့ရမလဲဆိုတာ..ကိုယ့်ရဲ့အမြင်ကိုသုံးသပ်ချက်ကိုဖေါ်ပြပီး
ဘယ်လိုလုပ်ဆောင်သင့်ကြောင်း..အကြံပြုချက်တွေ..
ဘယ်လိုလုပ်ကြပါစို့ဆိုတဲ့..ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုဖေါ်ပြပီးဆွဲခေါ်စည်းရုံးရမဲ့အချက်လေးက..အရေးကြီးတယ်။
စေတနာနဲ့အကြံပြုတာနော်။

အရမ်းကိုကောင်းမွန်တဲ့ အကြံပြုချက်ပါပဲအန်တီရေ
အခုလို လမ်းညွှန်သင်ပြပေးလို့ အန်တီ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

ညီလည်းတကယ်​ကို​ကျေးဇူးတင်​တယ်​​ဗျာ 😍

အန်တီကတော့..လူငယ်တွေကိုစာဖတ်စေခြင်းဖြင့်အသိတွေတိုးတက်စေခြင်လို့..ကိုယ်သိသမျှ..မချွင်းမချန်ပြောပြမှာပါ။တကယ့်စေတနာအမှန်ပါ။

ဟုတ် အန်တီ
လေးစားမိပါတယ်ဗျာ။

ပျော်​လိုက်​တာ 😁
ကျေးဇူးအများကြီးတင်​ပါတယ်​ဆရာမအလုလိုကျွန်​​တော့်​ရဲ့​ဆောင်းပါး​လေးကို​ဖတ်​ပြီး​ဝေဖန်​အကြံ​ပေးလို့ဒီထက်​ပိုပြီးလုပ်​​ဆောင်​နိုင်​​အောင်​ကြိုးစားပါမယ်​​ဗျ

ကျ​နော်​ကိုယ်​တိုင်​ တစ်​ချိန်​တုန်းက မူးယစ်​​ဆေးဝါးကို ဗဟုသုတအ​နေနဲ့ လက်​တည့်​စမ်းဖူးတယ်​ မ​ကောင်းမှန်းသိလို့ လုံးဝကို မသုံးတာ ​ဆေးလိပ်​ အရက်​ ဘီယာ ကွမ်းကလွဲရင်​​ပေါ့ အဓိက ကိုယ့်​စိတ်​ကိုယ်​နိုင်​ဖို့ပါပဲ စိတ်​မနိုင်​ရင်​ အစကတည်းက မလုပ်​တာ အ​ကောင်းဆုံးပါ

ဟုတ်​တယ်​​ဗျဒါ​​ပေမဲ့မူးယစ်​​ဆေးဆိုတဲ့အမျိုးကကိုကနဂိုရှိတဲ့စိတ်​ကို​ပျောက်​ပြီးစိတ်​ရိုင်းဝင်​​စေတာလို့ထင်​တယ်​​ဗျာ

မူးယစ်ဆေးဝေးကရှောင်တာအကောင်းဆုံးပဲ

ညီဆို​ရှောင်​တယ်​ ဟီးတစ်​ခုမှလုပ်​ဘူး😁

ဆုရပါစေဗျာ ....

ဟုတ်​​ကျေးဇူးအများကြိးတင်​ပါတယ်​​ဗျာ​ပေးတဲ့ဆုနဲ့ပြည့်​ရင်​​တော့​ကောင်းတာ​ပေါ့ ဟီး😁

အန်တီရီရီဆွေ အကြံပေးတာကို အခုမှ မြင်မိတယ် ... ၂၉ရက်က နောက်ဆုံးနေ့ဆိုတော့ ... ညီလေး ပြန်ပြင်ရေးလိုက်သင့်တယ် အခုဟာကိုပဲ ပိုကောင်းသွားအောင်ပေါ့ ... ဒီအတိုင်းထားလိုက်တာတော့ နည်းနည်းမှားသွားသလားလို့

ဟုတ်​ညီလည်းပြန်​​ရေးမလို့စဉ်းစား​သေးတယ်​ ဒါ​ပေမဲ့တင်​ပြီးပြီဆို​တော့ကိုယ့်​ဘာကိုယ်​ကိုယ့်​အ​ရေအချင်းကိုယ်​မလုံလို့မပြင်​ဖြစ်​တာပါအစ်​ကို

ပြင်လိုက်သင့်တယ် ကိုယ်လည်း အခုမှ ပြင်ချင်ပေမယ့် အချိန်က လွန်နေပြီလေ

မူးယစ်​ဆိုရင်​ ​ဆေးလိပ်​​တောင်​ မ​သောက်​မိပါ​စေနဲ့ဗျာ

ဟုတ်​ကဲ့ပါအစ်​ကို​ရေညီ​တော့တစ်​ခုမှကိုမလုပ်​ဖြစ်​ပါဘူး​ဗျာ

ဆုရပါ​စေ​ဗျာ 😊

ဟုတ်​​ကျေးဇူးပါ​ဗျ​ပေးတဲ့ဆုနဲ့ပြည့်​ရင်​​တော့​ကောင်းတာ​ပေါ့ ဟီး

အကိုတော့ပြိုင်ပွဲဝင်စာပေတောင်မရေးလိုက်နိုင်တော့ဘူး ညီရေ
အားပေးခဲ့ပါတယ်ကွာ။
အမူးလွန်ရင်ရန်ဖြစ်နေကြတာတော့ ခဏခဏတွေ့နေရတယ် ညီရေ

ဟုတ်​တယ်က်ုမိုး​ရေညီလည်းခဏခဏ​တွေ့တယ်​ကိုမိုးကဝင်​မပြိုင်​ဖြစ်​ဘူးလား

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66439.14
ETH 3005.38
USDT 1.00
SBD 3.68