ရိုးသားမှု

in #myanmar6 years ago

“ရိုးသားမှု”

အောင်ကျော်တစ်ယောက် မိသားစုစားဝတ်နေရေးကြောင့် ၈တန်းမှာပင် ကျောင်းထွက်လိုက်ရပါသည်။ကျောင်းမှထွက်ပြီး အမျိုးတစ်ယောက်အိမ်တွင် လယ်ယာလုပ်ငန်း ၊တစ်ခြားသောဝေယျာဝစ္စများကိုလုပ်ရင်း မိသားစုကိုတစ်ဖက်တစ်လမ်းမှကူညီခဲ့ရပါသည်။ရိုးသားပြီး စိတ်စေတနာကောင်းသောကြောင့် လူချစ်လူခင်များပြီး စိတ်ချရသောကြောင့် ခိုင်းစရာရှိလျှင် ခေါ်၍ခိုင်းကြပါသည်။ဒါကိုပင် တစ်ချို့က ရွာ၏ခိုင်းဖက်ဟုကွယ်ရာတွင်ပြောကြပါသေးသည်။နောက်ဆုံးတော့ အောင်ကျော်တစ်ယောက် ရွာမှရန်ကုန်တွင် အလုပ်လုပ်နေသောအစ်ကိုတစ်ယောက်မှ အလုပ်လုပ်ရန်လူလို၍လာခေါ်ခြင်းကြောင့် မိမိဘ၀တွင်မရောက်နိုင်ဟုထင်ထားသော ရန်ကုန်မြို့သို့ခြေချခွင့်ရခဲ့ပါသည်။
download1.jpg
Image Credit
ရန်ကုန်ရောက်သည့်အချိန်တွင် အိတ်များချုပ်သောစက်ရုံဖြစ်သောကြောင့် အစပိုင်းမကျွမ်းကျင်သောအချိန်တွင် အောက်ခြေမှစပြီးလုပ်ကိုင်ခဲ့ပါသည်။ရွာတွင်နေသည့်ဘ၀ထက်စာလျှင် သိပ်ပင်ပန်းသည်မဟုတ်ပေ။ဒါပေမယ့် ဘ၀ပေးအခြေအနေက သူများခေါ်လို့လိုက်ခဲ့ရသောကြောင့် ရသည့်လစာကို ခေါ်လာသည့်အစ်ကိုမှ ချေးသုံးသည့်အတွက် မိဘများဆီသို့မပို့နိုင်ခဲ့ပေ။အလုပ်မှာ စရိတ်ငြိမ်းအလုပ်ဟုဆိုသော်လည်း အလုပ်ရှင်သည်တရုတ်ဖြစ်သောကြောင့် ထမင်းဟင်းမှာ ၄င်းတို့စားသည့်ပန်းကန်လုံးတစ်လုံးစာသာ စားရမှုကြောင့် ကြာတော့ ဗိုက်မပြည့်ပေမယ်လည်း စားရတာနှင့်ပင်တင်းတိမ်ခဲ့ရပါသည်။
အချိန်အားဖြင့် ၅လလောက်ကြာသည့်အချိန်တွင် အောင်ကျော်ရိုးသားကြိုးစားမှုကြောင့် အလုပ်တွင် တော်တော်များများကို သူဌေးယုံကြည်ပြီးမျက်နှာလွဲ၍ရလာသည် အထိဖြစ်လာရပါသည်။ ဤအခြေအနေမရောက်မီတွင် အောင်ကျော်မှာ သူဌေး၏ စာရိတ္တပိုင်းတွင်အမျိုးမျိုးသောစမ်းသပ်ခြင်းကို ခံရပါသည်။အလုပ်မကျွမ်းကျင်မီကာလများက အောင်ကျော်အား ပစ္စည်းများအားဝယ်ခိုင်းရာတွင် ပိုသည့် ၅၀ ၊၁၀၀မှစ၍မယူဘဲ ပြန်ပေးမှုကြောင့် သူဌေးမှ သူ၏ကိုယ်ကျင့်တရားကို သတိထားမိလာခဲ့ပါသည်။ တစ်ခါတစ်ရံသူဌေးမှ ပစ္စည်းများဝယ်ခိုင်းရာတွင် ပိုက်ဆံများကို ၁သိန်းဟုပြောပေမယ့်လည်း ၁သိန်းထက်ပိုအောင်ပေးပြီး ပြန်ပေးမပေးစမ်းသပ်သည်များလည်းရှိတတ်ပါသေးသည်။တရုတ်သူဌေးများသည် လူတစ်ယောက်အား လွယ်လွယ်နှင့်မယုံတတ်ပေ။ဒါပေမယ့် ၄င်းတို့မှလူတစ်ယောက်အား စိတ်ချယုံကြည်မိပြီဆိုလျှင် အရာရာအားပုံအောပေးတတ်ကြပါသည်။

အောင်ကျော်သည် သူဌေး၏အမျိုးမျိုးကိုယ်ကျင့်တရားစမ်းသပ်မှုများကိုမသိဘဲ မိမိ၏ပင်ကိုရိုးသားမှုဖြင့်သာလုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပါသည်။အောင်ကျော်အတွက် ပြောင်းလဲမှုဖြစ်မည့် စမ်းသပ်မှုကို သူဌေးမှစမ်းသပ်ခဲ့ပါသည်။၎င်းသူဌေးသည် ယခင်အလုပ်သမားများကိုလည်း ဤသို့စမ်းသပ်မှုများကို ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် လူတို့၏လောဘအတိုင်း ရလျှင်ရသလိုရယူကြသူများသာတွေ့ခဲ့ရပါသည်။တစ်ရက်တွင် သူဌေးမှ ၄င်းမ၀တ်တော့သောအ၀တ်အစားများကို အောင်ကျော်အားအထုပ်လိုက်ပေးခဲ့ပါသည်။အောင်ကျော်လည်း သူဌေးမှပေးသည်ဆိုတော့လဲ ဒီအတိုင်းအိတ်ကိုယူလာခဲ့လိုက်ပါသည်။အခန်ထဲရောက်၍ဖွင့်ကြည့်သောအခါ အ၀တ်အစားများကြားတွင် သိန်း ၃၀လောက်ရှိသောငွေများအားတွေ့လိုက်ရပါသည်။ထိုအချိန်တွင် အခြားသောသူများက ၄င်းငွေများကို တိတ်တိတ်ကလေးယူထားရန် တိုက်တွန်းကြပါသည်။ဒါပေမယ့် အောင်ကျော်သည် သူတစ်ပါးပစ္စည်းကို ပိုင်ရှင်မသိဘဲ မယူချင်ပေ။သို့ပေမယ့် ငွေကြေးပမာဏမှာ သာမန်အလုပ်သမားတစ်ယောက်အတွက် မက်မောလောက်စရာပမာဏပင်ဖြစ်ပါသည်။အောင်ကျော်ဘ၀တွင် ဒီလောက်ပမာဏများသောငွေကြေးကို မိမိလက်ထဲရောက်နေသည့်အတွက် ရန်ကုန်မှ ရွာသို့ပြန်လျှင်ပင်တစ်ခုခုလုပ်ကိုင်စားလို့ရပါသည်။အောင်ကျော်၏စိတ်တွင်လဲ ကိုယ်ကျင့်တရားနှင့်လောဘ လွန်ဆွဲနေပါသည်။ဒီလိုနှင့်ပင်အောင်ကျော်တစ်ယောက် ညအိပ်မပျော်နိုင်ဘဲ စိတ်ထဲတွင်ဝေခွဲမရနိုင်ဖြစ်နေပါသည်။

နောက်တစ်နေ့မိုးလင်းသည့်အချိန်တွင် အောင်ကျော်တစ်ယောက်အိတ်ထုပ်အားဆွဲရင်း သူဌေးရုံးခန်းထဲသို့ဝင်ခဲ့လိုက်ပါသည်။သူဌေးအား မနေ့ကအိတ်ထဲတွင် ငွေသိန်း၃၀ ပါလာသည့်အကြောင်း ဒါကြောင့်ပြန်လာပေးခြင်းဖြစ်ကြောင်းပြောပြီး သူဌေးအားပြောပြီးပြန်ပေးလိုက်ပါသည်။သူဌေးမှ အောင်ကျော်အား ၄င်းငွေများကိုတိတ်တိတ်ကလေးယူလို့ရနိုင်ပေမယ့် ဘာအကြောင်းကြောင့်မယူထားသည် ကိုအောင်ကျော်အားပြန်လည်မေးသောအခါ အောင်ကျော်မှ မိမိသည် သူတစ်ပါးပစ္စည်းကို မပေးဘဲ မယူချင်ကြောင်းရိုးရိုးသားသားပင်ပြောပြလိုက်ပါသည်။ထိုအခါကျမှသာ သူဌေးမှ ၄င်းငွေများကို တမင်ထည့်ခဲ့ကြောင်း ၊အောင်ကျော်၏ကိုယ်ကျင့်တရားရိုးသားမှုကိုသိလို၍ စမ်းသပ်ခြင်းဖြစ်ကြောင်း ၊အကယ်၍သာ ၄င်းငွေများကို ယူသွားပါက ငွေ သိန်း၃၀ဖြင့်ပင်လဲ၍ လူတစ်ယောက်၏ အကျင့်စာရိတ္တကိုသိရမည်ဖြစ်သောကြောင့် ယခုလိုစမ်းသပ်ရခြင်းဖြစ်ကြောင်းပြောမှသာ အောင်ကျော်မှမိမိ၏ကိုယ်ကျင့်တရားစမ်းသပ်ခြင်းဖြစ်ကြောင်းသိလိုက်ရပါသည်။အောင်ကျော်၏ရိုးသားမှုကြောင့် ယနေ့အချိန်ထိ ၄င်း၏သူဌေးမှ လူယုံသဖွယ်ထားပြီး အလုပ်တာဝန်များကိုပါ တာဝန်လွှဲခိုင်းသည် အထိဖြစ်လာခဲ့ပါသည်။အောင်ကျော်သည် အတန်းပညာအားဖြင့်အားနည်းသော်လည်း ၄င်း၏ရိုးသားကြိုးစားမှုကြောင့် ယနေ့အချိန်ထိ ရိုးသားကြိုးစားမှု၏ရလဒ်ကို ရရှိနေခြင်းဖြစ်ပါတော့သည်။

ယခုရေးသားသောအကြောင်းအရာများသည် ကျွန်တော့်သူငယ်ချင်းအဖြစ်မှန်ကို နာမည်လွဲရေးသားခြင်းဖြစ်ပါသည်။ဖတ်ရှုသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်………။

logo.jpg

Thant Zin Soe (@tharpauk)
MSC 134

Sort:  

ရိုးသားမှုဟာ ဘာနှင့်မှ မလဲအပ်သောအရာပါ

မှန်ပါတယ် ကိုဟိန်း

ရိုးသားမူဟာတန်​ဖိုးမဖြတ်​နိုင်​​သောဂုဏ်​ပုဒ်​တစ်​ခုဖြစ်​ပါတယ်​ရှင်​။

ဟုတ်ပါတယ်မအိ

ရိုးသားမှုဆိုတာ အရေးကြီးပါတယ်

ဘ၀ရဲ့အရေးပါတဲ့အရာပေါ့ဗျာ

တကယ်တော့ ရိုးသားခြင်းက တန်ဖိုးကြီးလှပါတယ်

တန်ဖိုးမဖြတ်နိုင်တဲ့အရာပါဘဲ အန်တီ

အလုပ်ရှင်ဆိုသူတိုင်းက ရိုးသားသူမှန်ကန်သူများကိုရှာနေကြတာပါ။ကိုတွေလုပ်ငန်းရှင်သူဌေးဖြစ်လာရင်လည်း ရိုးသားသူကိုလိုချင်မှာပဲ ဒါကသဘာဝပါ။

ဒီနေ့ခေတ်မှာ ရိုးသားသူတွေက ရှားသွားပါပြီ

စိတ်ထားမှန်တော့လည်း ကံကအကျိုးပေးတာပေါ့

ဟုတ်ပါတယ်ဗျာ

တကယ်ပဲ အဲ့လိုမျိုး ယုံကြည်မူ့စမ်းကျတာတွေရှိတယ်။ တနေရာတစ်မျိုးစီပေါ့။

ဟုတ်ပါတယ်ကိုစိုင်းရေ

တင်ပြပုံကလေးကောင်းပါတယ်ကွယ်။

ကျေးဇူးပါဆရာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83