ကျ​နော်​ လူသတ်​ဖူးတယ်

in #myanmar6 years ago (edited)

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg
ညေး မင်းလူသတ်​ဖူးလား

ဒီလူ​ကိုကျ​နော်​မကြည်​တာအ​တော်​ကြာပီ
မကြည်​ဆို admin မတ်မတ်ကြည်​​​ကို​ပြောတာဟုဘူး​နော်
လူတစ်​​ယောက်​ကိုကြည့်​မရတာ အမြင်​ကပ်​တာ​ပြောတာ
အ​တော်​ကို ကျ​နော်​သူ့ကို ကြည့်​မရတာဗျာ
ကြည့်​မရဆို ဒီလို့ဗျ

ကျ​နော်​ဆိုတဲ့​ကောင်​ကလည်း ဇတ်​တူသားချင်းစားတတ်​တာမျိုး၊ တမှုးပိုရှုပီးဖင်​​ခေါင်းကျယ်​တာမျိုးကို ကိုယ့်​ထမင်းကိုယ်​စားပီး ကြည့်​မရတာဗျ။
ဇတ်​တူသားချင်းစားဆိုလို့ ဟိုလို ဇတ်​တူသားစားတာ​ပြောတာမဟုတ်​ဘူး​နော်​ အလုပ်​သမားအချင်းချင်း ​ခေါင်းပုံဖြတ်​တာတို့ကို​ပြောတာ။

ထားပါ​တော့ သူကိုကြည့်​မရတဲ့အ​ကြောင်းရင်းက
ဒီလိုဗျာ ကျ​နော်​တို့ ဘီအီးကို အ​ကြွေး​သောက်​တာချင်းအတူတူ သူက အလကားရတဲ့ လဖက်​ကို ကျ​နော်​က ငါးခါပဲ​တောင်းတယ်​ဗျာ
သူက ခွန်​နှစ်​ခါ​တောင်​ ​တောင်းတယ်​ဗျာ။
ဒါလုပ်​စရာလား​လေ နှစ်​ခါ​ကြီးများ​တောင်​ ပိုတယ်​ဗျာ။
တကယ်​ ဆိုင်​ရှင်​ကို​ကော စားပွဲထိုး​တွေကို​တေ​ကော အားမနာဘူး။
တမှုးပိုရှုတယ်​ဆိုတာ အဲ့ဒါ... အဲ့ဒါ။
အားမနာတတ်​ဘူး။
ဘယ်​နှယ်​ဗျာ နှစ်​ခါ​တောင်​ပိုတယ်​ ​ပြောရင်း ​ဒေါသ​တောင်​ထွက်​တယ်​။
ဒါက အကင်းရှိ​သေးတာ ပိုကြည့်​မရတာ တခု​သေး။

သူပုံစံက အရပ်​ ​5 ​ပေ 10 လက်​မ​လောက်​ရှိတယ်​ လူက လည်းအလုံးအထည်​​ကောင်းတယ်​။
နာမည်​သာကြည့်​​တော့ သူ့ဗလကြီးလို့​ခေါ်ကြတာပဲ​မောင်​​ရေ။
တကယ်​ဗလကြီးပဲ မသိရင်​​တော့ ​ကြောက်​စရာကြီးရယ်​။ ​​ခြေတံ​ရှည်​ လက်​တံရှည်​နဲ့ လက်​​ဝှေ့ထိုးဖို့​ကောင်းတဲ့ပုံစံပဲ။

သူက မှုးလာရင်​ အချင်းချင်း ရစ်​​တော့တာပဲ။
သူက မှုးတိုင်း​မေးတဲ့​မေးခွန်းကြည့်​အုံး​လေ ​``​ညေး မင်းလူသတ်​ဖူးလား ငါသတ်​ဖူးတယ်​ ​ဟျောင့်​´´တဲ့​လေ။
ကျ​နော်​ ဘာ​ပြောရမှန်းမသိ​တော့ဘူး​လေ။

ကျ​နော်​ ပြန်​မ​ပြောနိုင်​လိုသာ အံကြိတ်​ခံ​နေတာ ဒီ​ကောင့်​ကို သိပ်​​ကျေနပ်​တာမဟုတ်​ဘူးရယ်​။
ပြန်​မ​ဖြေနိုင်​လို့နဲ့ ရှိန်​​နေလို့သာ အသာ​လေး ငြိမ်​​နေတာ နို့မို့က​တော့ ​ကောက်​ရိုးက ဦးချိုးပီးသားပဲ။

ကောက်​ရိုးဆိုတာကလည်း အချဉ်​မှမဟုတ်​တာ 16နှစ်​ကတည်းက လက်​ထိပ်​နဲ့ရင်းနှီးလာတာ။
ကောက်​ရိုးအထင်​​တော့မကြီးနဲ့​မောင်​​ရေ သူငယ်​ချင်းကရဲ​လေ နှစ်​​ယောက်​သား​တောင်​​ပေါ်တတ်​ရင်း အ​ရေးကြီးလို့သွားဦးမယ်​ဆိုပီး ​တောင်​တဝက်​က တိုင်​မှာ လက်​ထိပ်​ခက်​သွားပီးပြန်​ဆင်းသွားတာ
ကျ​နော့်​မှာဗျာ အင်္ကျီ​လေးချွတ်​ပီး အုပ်​ထားရတာပ။
ဒါ​တောင်​ ​​တောင်​​ပေါ်တတ်​လာ​တော့​တွေ့တဲ့​ကောင်​မ​လေး​တေက​ပြော​သေး ဟယ်​ ​ကောင်​​လေးက ​ချော​ချော​လေး ဘာမှုလဲမသိဘူး´´ ​ဘေးက သူဘဲက​ပြောတာ​ပေါ့ နှုတ်​ခမ်းကြီးဆူပီးမုဒိမ်းမှုဖြစ်​မှာ​ပေါ့´´
တဲ့​လေ။
ဘာပြန်​​ပြောသွားတယ်​မှတ်​လည်း ​ကောင်​မ​လေးက ​ပြောပါဘူး
နောက်​ပို့​တေကျ ​တွေ့မယ်​​လေ ကျ​နော်​နဲ့လက်​ထိပ်​ ဟိုလက်​ထိပ်​ခတ်​သွားတဲ့​ကောင်စုတ်​က ငါးနာရီကြာမှပြန်​လာတယ်​။
အမ​လေး ​​သော့ကမရှိဘူးဆိုပီး​ကြေးနန်းကြိုးနဲ့ ဖွင့်​​ပေးတယ်​ဗျာ။ စိတ်​နာစရာများ စကိုင်​ကတည်းကမရှိတာတဲ့။ ကို့ယ်​မှာ ​မျောက်​လိုပဲ ကြိုးနဲ့ချည်​ပြခံရသလိုပဲ ​တော်​​သေးအဲ့​ခေတ်​က ဖုန်း​တေမ​ပေါလို့ပ။ မီးမ​တေ မလွယ်​ဘူး​နော်​ အဲ့ကတည်းက အ​တော်​ခံရတာ။

ထားပါ​တော့ ​ကောက်​ရိုးက အဲ့ကတည်းက လက်​ထိပ်​ skill ရှိဖူးတာ။
နောက်​​တော့ သူငယ်​ချင်း​တွေလက်ထိပ်လာခတ်​​​လာခတ်​ ​အေး​ဆေးပဲ။

နောက်​ skill တခုက အချုပ်​ခန်းဝင်​ရ​​သော skill ပဲ။ အသက်​က 17 ​လောက်​ရှိမယ်​ထင်​တာပဲ။
အမှုက အ​တော်​ထူးဆန်းတယ်​။
ကောက်​ရိုးက အိမ်​မှမအိပ်​ပဲ သူငယ်​ချင်းဆီသွားအိပ်​မယ်​ဆို
mmk ၃၀၀ရတယ်​​လေ ဘာလို့ဆို မနက်​ကျ ထမင်းစားဖို့ဆို အ​မေက ​ပေးတာ​လေ။
ဖြစ်​ချင်​​တော့ ​ကောက်​ရိုးက အဲ့ mmk ၃၀၀ ကို အရက်​​သောက်​မိ​ရော။
ဒါနဲ့အိပ်​စရာ ​နေရာမရှိတာနဲ့ အဲ့တုန်းကအ​ပေါင်းဆုံးသူငယ်​ချင်း​တွေရှိ​သော
အမှတ်​ 2 ရဲစခန်းထဲ ​ကျော်​ဝင်​လာပီး​တော့ လူပျို​ဆောင်​မှာ သူငယ်​ချင်း​နေရာကို ဝင်​ပီး ​သူ့​စောင်​ခြုံ အိပ်​ပါ​လေ​ရော။

အွန်း ခက်​တာက တ​ဆောင်​လုံးလူကြီးလမ်း​ကြောင်းဆိုလားသွား​တော့ တပ်​ကြပ်​ကြီးက ​အိပ်​​နေ​တဲ့​ကောင်​​တွေ့တာနဲ့​ဆော်​ရင်း

ကျ​နော်​ စခန်းထဲ ခိုးဝင်​မှုဆိုပီး လူပျို​ဆောင်​တတ်​ခိုးမှုဆိုပီး
အချုပ်​ထဲစ​ရောက်​ရတာ​ပေါ့ဗျာ
အမှန်​တကယ်​ စခန်းမှုး​ကော တပ်​ကြပ်​​တေ​ကော အားလုံးက ကျ​နော့ကို သိပါတယ်​။
နောက်​ မလုပ်​ရဲ​အောင်​ ဝိုင်းစကြတာ​ပေါ့။ မနက်​ကျ ပြန်​ထုတ်​​ပေးပါတယ်​။
ကျ​နော်​ဝင်​အိပ်​တဲ့​နေရာက ရဲတပ်​သား​လေးက​တော့ အခုစခန်းမှုးဖြစ်​​နေပီ။ ဒါမယ့်​ ထုံးစံအတိုင်း​ပေါ့ မကြာခဏ​ပြောင်း​တော့ ဘယ်​​ရောက်​သွားမှန်း အဆက်​အသွယ်​မရ​တော့ဘူး။

ေ​ပြာခဲ့ပီးပီပဲ​ပေါ့ ​ကောက်​ရိုးက အဲ့လို ငယ်​ငယ်​ကတည်းက အချုပ်​ခန်းထဲဝင်​ဖူးတဲ့ skill ရှိတယ်​။

တရားရုံးအချုပ်​ခန်း
နောက်​ ​ထောင်​7ရက်​ skill ​တွေ ရှိတယ်​။ (​နောက်​များမှ အလွဲများ​ရေးပါဦးမယ်​)
မိုက်​ဂုဏ်​​လေးရှိတယ်​​လေ။

အဲ့လို အ​တော်​ကြမ်းကြမ်းရမ်းရမ်းမိုက်​ဂုဏ်​ရှိ​သော ​​ကောက်ရိုးထိုင်​​သောဆိုင်​မယ်
ဗလကြီးက မင်းလူသတ်​ဖူးလား ဆို​သောစကားက အင်​မတန်​ အ​နှောက်​အယှက်​ဖြစ်​တယ်​။
ဗလကြီးကိုဖြိုချင်​​နေတာကြာပီ​လေ။
လူသတ်​ဖူးလားဆို​သောစကားနဲ့ ​ကောက်​ရိုးရဲ့ မိုက်​ဂုဏ်​ကို​စော်​ကား​နေသ​ယောင်​​ယောင်​။

ကောက်​ရိုးကြည့်​သ​လောက်​ သူသည်​ ​ထောင်​တွင်းအ​တွေ့အကြုံမရှိပါ။
ကောက်​ရိုး ​နေခဲ့ရ​သော ၇ရက်​တာအ​ကြောင်းစကားစ​သော်​ သူမသိ​ပေ။
လူသတ်​ပီး ​ထောင်​မကျဘူးလား​ပေါ့။
ကောက်​ရိုး စဉ်းစားစရာဖြစ်​ပီ။

ထို​နေ့က သူလည်း လွန်​လွန်​ကြူးကြူး ဘီးအီး နှစ်​လုံးချင်း အ​ကြွေးမှတ်​တာချင်းတူတူ
သူက ​ကောက်​ရိုး လဖက်​ ငါးခါပဲ ပြန်​​တောင်း​ပေမယ့်​ သူက ၈ခါ အထိ​တောင်းလာ​တော့ ​ကောက်​ရိုး အ​တော်​စိတ်​ဆိုးသွားတယ်​။

ကောက်​ရိုး အားနာတတ်​တယ်​။ ကြည့်​​နေတာကြာပီ ဒါနဲ့​နောက်​ဆုံး သည်းမခံ​တော့ဘူး။

ဟေ့​ကောင်​ ဗလကြီး မင်း လွန်​လာပီ လူသတ်​ဖူးတယ်​ ဆိုတာ ဘာလဲကွ။

ဟေ့​ကောင်​ ​ကောက်​ရိုး မင်းမယုံရင်​ ငါ့မိန်းမ ​မေးကြည့်​ပါ့လား။ ​နောက်​ကိုယ်​ဝန်​ သုံးခါ​တောင်
ဖျတ်​ချရတယ်​ကွ။ မင်းမယုံအိမ်​လိုက်​​​မေး။ အဆင်​မ​ပြေလို့ ဖျက်​ချရတာ ငါ့မိန်းမများ ​သေမလိုပဲ။ ငါ​လောက်​မင်းတို့ အဆင်​မ​ပြေလို့ ဆုံးဖြတ်​ရဲလားကွာ။ ပထမနှစ်​ခါက ငါမသိဘူး မိန်းမဖာသာလုပ်​​နေတာ မကျ​ဘူး​လေ။
ငါလည်းစာနည်းနည်းတတ်​ပါတယ်​ကွ လုပ်​မိပီးမှ မလွယ်​​တော့ဘူး။ ​မွေးလာရင်​ အဂါင်္မစုံ ဖြစ်​ဖို့များ​နေပီ။ မိန်းမလည်း အရမ်း လုပ်​မိ​နေပီ။
နောက်​ဆုံး ငါကိုယ်​တိုင်​​ငွေ​ပေးပီး ​သေချာလိုက်​ရှာအပ်​ပီး လုပ်​ခဲ့ရတာပါ။
ငါက လူသတ်​​ကောင်​ပါကွာ။
ငါ့က​လေးကို ငါ လက်​မခံခဲ့တဲ့​ကောင်​ပါကွာဆိုပီး။

ဟုတ်​ ဗလကြီးက လူသတ်​ဖူးတယ်​။
ကျ​နော့ရင်​ဘက်​ထဲမှာလည်းငိုဖူးတယ်​။
ကျ​နော်​လည်း ​ရောငိုတယ်​။
သူ့​ခေါင်း​လေးပွတ်​ပီး​ပေါ့။
သိတယ်​မဟုတ်​လား အရက်​သမား​တွေ မျက်​ရည်​လွယ်​တယ်​။
received_817512645096897.gif
MSC 005
That ko zaw

Sort:  

ညေး မင်းမူးနေဘီဆိုတာ သေချာပေါက်သိလိုက်ပါဘီ ☺

အဲ့​လောက်​လွယ်​တာကြီး မခန့်​မှန်းပါနဲ့ ဥစို

ငါ့အတွက်တော့လွယ်ဘူး နီက မူးချင်တဲ့အချိန်မူး ဖြတ်ချင်တဲ့အချိန်ဖြတ်နေတာကိုး ☺ နင်လုပ်ထာနဲ့ ငါ့မလည်း ဥအမြဲတမ်း စိုနေတော့တာဖဲ ☺

ဟီးဟီး ယုံပါဘူးကွယ်

Posted using Partiko Android

မလိမ်​ပါဘူးကွယ်​ ဒီတခါတည်းပါ

လက်ရဲ ဇက်ရဲ နိုင်လှ ချည်လားဗျာ။ 😊

Posted using Partiko Android

မရဘူးကြမ်းတယ်

အယ်‌လဲ့ ၊‌ရေးချက်‌က လန်‌ထွက်‌။

ဂယ်​လား ​မြောက်​​မြောက်​မ​ပေးနဲ့ဗျ

ဂလိုပြောမယ်ဆိုတာ ဂလောက်တော့သိပြီးသား

Posted using Partiko Android

လုပ်​ဖူးတယ်​​ပေါ့ မညာချင်​စမ်းပါနဲ့

Woo လူသတ်​ဖူးဘူး 😁😁

Posted using Partiko Android

ကိုယ်​လည်း ဟိုးတုန်းက Theory ​ခွေထဲက
ဒီကိစ္စလူသတ်​မှုပဲဆိုတဲ့စာသာ​လေး
နား​ထောင်​မိပီး ​လျောက်​​ရေးတာပါကွာ်​။

အဆုံးကျတော့ စိတ်မကောင်းစရာ။

Posted using Partiko Android

အမြန်​ဖြတ်​လိုက်​ရတာ ​ရေးရင်​အများကြီးရ​သေးတယ်​ နု​မျောတာ မတတ်​နိုင်​ဘူး​လေ ကိုယ်​က ​နောက်​ကျ​နေပီ

ဗလကြီးနဲ့ လူသတ်ဖူးသတဲ့ကြောက်တာပေါ့နော့

ဦး​ထွေးတို့တုန်းက Ecee2 မသုံးကြဘူးမို့လား မညာချင်​စမ်းပါနဲ့ အဲ့လယ်

မိုက်လှချည်လားကွယ်

Posted using Partiko Android

အ​တော်​မိုက်​ဖူးတယ်​ ဟီး

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60648.94
ETH 2906.35
USDT 1.00
SBD 3.60