တွေးမိတွေးရာလေးများ

in #myanmar6 years ago (edited)

တွေးမိတွေးရာလေးများ
image
MMA, မြန်မာ့လက်ဝှေ့အစရှိတဲ့ တိုက်ခိုက်ရေးအားကစားပွဲတွေကို ကြိုက်နှစ်သက်တော့ အဲ့အကြောင်းလေးတွေရေးချင်လို့ ရေးလိုက်ပြီနော် ညီအစ်ကိုတို့
ပြီးခဲ့တဲ့ one championship mma ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား အောင်လအန်ဆိုင်း ပါဝင်ယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်အကြောင်းလေးကို တွေးမိတာလေးပါ။
ချန်ပီယံ ဘာကြောင့်ဖြစ်လဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်မိလိုက်တာပါ။ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကြိုတင်ပြင်ဆင်မူ တအား အားနည်းကြပါတယ်။ပြင်ဆင်မူအားကောင်းတဲ့လူ က အနိုင်ရစမြဲဆိုတာကို အောင်လ ကောင်းကောင်းကြီး နားလည်သဘောပေါက်ပါတယ်။ဒါကြောင့် champion ဖြစ်နေရခြင်းဖြစ်ပါတယ်။
ပြိုင်ဘက်က ဂျူ ဂျစ်စု မွေးဖွားရာ အရပ်က ဂျူ ဂျစ်စုသမား မြေပြင်တိုက်ကွက် အချုပ်သိုင်း ကို groundမှာယှဉ် တိုက်ခိုက်လို့မရမှန်း အောင်လ သိတယ်။ပြီးတော့ stand fight ယှဉ်ဖို့ကလည်း မလွယ်နိုင်ဘူး ။ပြိုင်ဘက်ရဲ့ အရှေ့က ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေ ကြည့်ကတည်းက အောင်လနားလည်လောက်ပြီ။ဒါဆို ဘယ်လိုယှဉ်မလဲ...... သိပ်ကိုလှပပါတယ် ကြိုတင်ပြင်ဆင်လာထဲ့တဲ့ တိုက်ကွက်က....... လက်ခမောင်းခတ်လိုက်ကတည်းက......... သေချာပါပြီ ကျွန်တော် တွေးထင်ထားတာနဲ့သူမြန်မာရိုးရာသိုင်းလက်ဝှေ့ က အမြင့်ခြေခတ်ကို အလေးထားအသုံးပြုမယ်ဆိုတာ ကိုမှန်းမိလိုက်ပါပြီ။အမြင့်ခြေခတ်တာ ကာကွယ်မူ လေ့ကျင့်မူ မရှိလာခဲ့တဲ့ ပြိုင်ဘက်၊ပြိုင်ပွဲအချိန်အတွင်းမှာ ခြင်္သေမင်း ရှေ့မှာ ဝပ်ဆင်းတဲ့ ယုန်သူငယ်လေးလို့ ပွဲ စောစောစီးစီး ပြတ်သွားပါတယ်။
image
အဓိကအချက်က ပြိုင်ဘက်ရဲ့အခြေအနေကို မှန်ကန်စွာဆုံးဖြတ်နိုင်ပြီး ကြိုတင်ပြင်ဆင်လာခဲ့တဲ့အကျိုးကျေးဇူးဘဲဖြစ်ပါတယ်။
ပြိုင်ဘက်က အင်တာဗျူ တစ်ခုမှာ ဖြေထားတာ တစ်ခုကိုဖတ်လိုက်ရပါတယ်။သူ့ကာကွယ်နိုင်ပါသေးတယ်။ဒိုင်လူကြီး ဆုံးဖြတ်ချက် မှားသွားတယ်လို့ ဖြေတာ ဖတ်မိလိုက်ပါတယ်။ကျွန်တော် တွေးမိတာ သူလဲကျသွားတဲ့အချိန် သူကို တိုက်ခိုက်နေတာ လက်ရှိ ချန်ပီယံပါ။ လဲသွားတဲ့အချိန်ထိုးချက် 2 ချက် ချက်ကောင်းကိုမထိသွားပေမယ့် ဒိုင်ဝင်မဆွဲရင် ဒူးတိုက်ချက်တွေပါ ဝင်လာပါလိမ့်မယ် ။ပြီးတော့ replay တွေပြန်ကြည့်ကြည့်တော့ ကျွန်တော့်အမြင်မှာ ပြိုင်ဘက်ကခုခံနိုင်စွမ်း မရှိတော့ပါဘူး။ခံနိုင်ရည်ကောင်းလွန်းတယ်ဆိုရင်တောင် ဆက်ပြိုင်ခိုင်းရင် အဲ့တစ်ချီ ထဲက အမှတ်နဲ့တင် အောင်လနိုင်ပါတယ်။ ဆက်ပြိုင်ခိုင်းရင် သူသာ ဒဏ်ရာပိုဖို့ဘဲ ရှိပါတယ်။နောက်တပွဲ ယှဉ်ပြိုင်ခိုင်းလျှင်လဲ ကြိုတင်ပြင်ဆင်မူကောင်းသော အောင်လသာ အနိုင်ရရှိနိုင်မယ်လို့ ထင်မြင်မိပါတယ်။
image
MMA Fighter မြန်မာလူမျိုး ဖိုးသော်......... သူ့ပွဲတွေ စကြည့်တော့ ကိုယ့်တွေမျက်လုံးထဲစွဲနေတဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေလို မာဂုဏ်လည်းမရှိ သက်လုံ မကောင်းတဲ့ ကစားသမားလို့ ဆုံးဖြတ်မိခဲ့တယ်။နောက်ပိုင်း ပွဲတွေဆက်ကြည့်တော့ တော်တော်တိုးတက်လာတာကိုတွေ့ရပါတယ်။ စောဘဦးနဲ့ ပွဲက အထင်ရှားဆုံးမြင်နိုင်မှာပါ။ကြိုတင်ပြင်ဆင်မူ အားကောင်းကောင်းနဲ့ ပြင်ဆင်ခဲ့လို့အနိုင်ရရှိခဲ့တာပါ။ဖိုးသော်က စောဘဦးရဲ့ ပြိုင်ဘက်တစ်ယောက်မဟုတ်ခဲ့ပါဘူး။မာဂုဏ်၊သက်လုံ၊အင်အား၊stand fight မှာ စောဘဦးကို မယှဉ်နိုင်ပါဘူး။ဒါပေမယ့် သူ့ရဲ့ အားသာချက် စောဘဦးရဲ့ အားနဲချက်ဖြစ်တဲ့ ချုပ်သိုင်းကိုအဓိက အသုံးပြုသွားပြီး အမှတ်ရအောင်ထိုးသတ်သွားခဲ့ပြီး အနိုင်လက်မှတ်ကိုဆုတ်ကိုင်သွားခဲ့ပါတယ်။ခု နောက်ဆုံးပွဲမှာ ဘယ်ညာ လက်သီးတွဲလုံးတွေ ပွဲသိမ်းကွက်တွေနဲ့ တိုးတက်လာတာကိုအတိုင်းသားတွေမြင်ရပါတယ်။ပြိုင်ဘက်ထက် ခြေတံလက်တံ ရှည်တာကို အမိအရ အခွင့်အရေးယူပြီး ခွာထိုးထိုးပြီး အနိုင်ယူသွားပါတယ်။MMA Myanmar players တွေ တိုးတက်လာတာကို တွေ့မြင်နေရပါပြီ။ မြန်မာ့လက်ဝှေ့ ဘာလဲ ဘယ်မလဲ မေးရမလိုဖြစ်နေပါပြီ။အဓိကက စနစ်တကျ ချဉ်းကပ်မူ အပေါ်မှာ မူတည်သွားပါတယ်။ အောင်လတို့ ဖိုးသော်တို့ ရဲ့ ပြိုင်ဘက်အပေါ် ချဉ်းကပ်လေ့လာပုံနဲ့ဘတစ်ပွဲခြင်းပြင်ဆင်မူ အပိုင်းတွေကို မြန်မာ့လက်ဝှေ့သမားတွေ အတုယူစေချင်ပါတယ်။အဲ့လို ပြောလို့ မြန်မာ့လက်ဝှေ့ကို မနှစ်သက်လို့ ပြောတယ်မထင်ပါနဲ့ အောင်မြင်စေချင်တဲ့ စေတနာပါ။
image
ခု အောင်လတို့ ဖိုးသော်တို့ ပွဲအကြောင်းပြောနေပေမယ့် တွေ့မရှောင်၊စိုးကြီး၊စက်သေနတ် သပြေညို တို့က ကိုယ့်ရင်ထဲက အသည်းတွေပါ။ သိပ်ကြိုက်တဲ့တိုက်ခိုက်ရေးသမားတွေပါ။ရင်ထဲက အားပေးလို့ နာမည်အရင်းတောင် မခေါ်ရက်ပါဘူး။သံမဏီ စိုးကြီး၊ စက်သေနတ် ညို ကြီး လို့ ချစ်စနိုး ခေါ်တာပါ။အခု မြန်မာ လက်ဝှေ့မှာ ဒေစ့် က ချန်ပီယံ ဖြစ်နေပါတယ်။ အမှန်အတိုင်းပြောရရင် ဒေစ့်ကို ယှဉ်နိုင်မယ့် လက်ဝှေ့သမား မြန်မာနိုင်ငံမှာ မရှိသေးတာကို ဝမ်းနည်းစွာလက်ကိုင်ထား နေရပါတယ်။ဒေစ့် 2 ပွဲလောက်ထိုးပြီး မြန်မာတွေရဲ့ အားသာတဲ့ နည်းစနစ်တွေကို စနစ်တကျ ကျင့်နေတာ ကို တွေ့မြင်ရပါတယ်။ကျင့်တာဘဲလား ဆိုတော့ မဟုတ်ပါဘူး ပြိုင်ပွဲတွေမှာပါ အဲ့ဒီ ကျင့်ထားတဲ့အတိုင်း အသုံးပြု သွားတာ တွေ့ရပါတယ်။မြန်မာ့ လက်ဝှေ့သမားတွေကို အဲ့လို့ မျိုးဖြစ်စေချင်တာပါ ။အခုတော့ သတ်ကိုးသတ်ရှိတဲ့မြန်မာ့လက်ဝှေ့မှာ မာဂုဏ်တစ်ခုဘဲ လောက်လောက်လားလား ကျန်တော့တဲ့မြန်မာလက်ဝှေ့ တိုက်ခိုက်ရေးသမားတွေ ကြိုးဝိုင်းပေါ်မှာ ခံနေရတာ မြင်တိုင်း အသည်းတွေ တဆက်ဆက် နာခဲ့တဲ့ အကြိမ်ပေါင်းမနည်းတော့ပါဘူး။အဲ့အတွက်ကြိုတင်ပြင်ဆင်ပြီး သတ်ကိုးသတ် လုံးအကျွမ်းတဝင် အသုံးပြုနိုင်အောင်ကြိုးစားပေးကြပါလို့ ..........
image
Photo credited by google
@thethtooaung
MSC-157

Sort:  

ကောင်းတယ်ဗျာ မြန်မာ့လက်ဝှေ့တိုးတက်စေချင်ပါတယ်။

ဟုတ်တယ် bro

စိတ်​ဝင်​တစား​လေ့လာထားတာပဲ broသက်​ထူး​အောင်​ပွဲ​ရောဘယ်​​တော့ကြည့်​ရမလဲ​ဗျ 😁

ဟီး .....စိတ်ကပါပေမယ့် ခန္တာက မလိုက်နိုင်ပါဘူးဗျာ

အ​ရေး​ကောင်းပါ့

ြှောက်နေပြပြီ ဟီး....

ကျေးဇူးပါ bro

လေးစားပီလေ

ဟီး...ကျေးဇူး bro

ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။

လက်ဝှေ့ရေးရာကျွမ်းကျင်သူကြီးပါဗျာ 👍

ဟုတ်ပါဘူး ဝါသနာရှင်ပါ bro

လက်ဝှေ့ ပညာရှင်ကြီးလားအောက်မေ့ရတယ်

ဟုတ်ရပါဘူး bro ရယ်

လက်ဝှေ့ထိုးတော့မှာလားဗျာ
အားပေးမယ်နော်

ဟား.....bro ကတော့အျွန့်ပြီ 😁😁😁

Coin Marketplace

STEEM 0.24
TRX 0.12
JST 0.030
BTC 69412.19
ETH 3670.99
USDT 1.00
SBD 3.25