ရင်ကော့ခံမယ်သူ

in #myanmar6 years ago (edited)

ရင်ကော့ခံမယ်သူ
image
ရွေးချယ်စရာ မရှိတဲ့ ဘဝကိုပိုင်ဆိုင်မိတဲ့ သူတစ်ယောက်အတွက် ဘဝမှာ တစ်ခါလောက် ကိုယ့်ဆန္ဒကိုဦးစားပေးမိတာ အမှားလား.....?
အမှားဆိုလဲ ရင်ကော့ပြီးခံလိုက်ပါမယ်........
လူမပီသတဲ့ လူတစ်ယောက်ရဲ့ ရဲရင့်ခြင်းကို တစ်ခါလောက် ဖြစ်ဖြစ် တံထွေးနဲ့ ထွေးခဲ့လို့ရပါတယ်။
ဘဝမှာ အရှားပါးဆုံး ယုံကြည်မိတဲ့သူ အတွက် ဘဝကို စတေးဖို့ အင်အားတွေပိုင်ဆိုင်ခဲ့သူပါ။
image
လူ့လောကကြီးနဲ့ အံမဝင်တဲ့သူ သူများဘဝတွေကို ဖျက်ဆီးတဲ့သူလို့ ပြောကြပါစေ တစ်ခါလောက်တော့ ကိုယ်ယုံကြည်ရာကို မိုက်မိုက်ကန်းကန်း ရွေးခွင့်ရတုန်းလေး.......ရွေးချယ်ခဲ့တာပါ။
image
ရွေးချယ်ခွင့် တစ်ခုအတွက် ပတ်ဝန်းကျင်ရဲ့ လှိုင်းတံပိုးဒဏ် ကို ခါးစီး ခံပါမယ်။စိတ်မပျက်ပါနဲ့...... ရှိသေးတယ် လာမယ့်မုန်တိုင်းတွေအတွက် ပြင်ဆင်ကြအောင်လေ...
မဖြစ်သေးတဲ့ ဘဝတွေအတွက်ကြိုမတွေးဘဲ ခုဘဝရဲ့ ပထမဆုံးရွေးချယ်ခွင့်လေးကို မလွတ်တမ်းဆုတ်ကိုင်ထားတာပါ။နောက်ဆုံး......နောက်ဆုံး........နောက်ဆုံး တစ်ခေါက်ပါဘဲ........
Photo credited by google
@thethtooaung
image
image* item

Sort:  

အ​ရေး​ကောင်းပါတယ်​။

Thanks မအိ

လူဆိုတာ…ယုံကြည်ရာတစ်ခုတွက်… အသက်ကိုတောင် …စတေးကြတာပဲ…

ဟီး ဟုပ်ပ

ယုံကြည်ချက် စိတ်ဓါတ်လေး တွေ့လိုက်တယ်။

ဟုတ်တယ် bro

ကိုယ့်ဆန္ဒကို ဦးစားပေးမိတာ အမှားလားဆိုတာကတော့ ရင်ဘက်ချင်းတူနေပြီ ကိုထူး

ဟဲဟဲ တူရမှာပေါ့ ဗျာ 😁😁😁😁

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 69061.75
ETH 3774.04
USDT 1.00
SBD 3.51