အ​ဖေနဲ့အ​မေ

in #myanmar6 years ago

FB_IMG_1536059404262.jpg
Image source

ကျွန်​မတို့​တွေ လူလားမ​မြောက်​ခင်​ ဟိုအရင်​ သ​န္ဓေတည်​ကတည်းက ကျွန်​မတို့နဲ့ပတ်​သက်​ပြီး အချစ်​​တွေ ​မေတ္တာ ​တွေ​ပေးထားခဲ့ကြတာ အ​ဖေနဲ့အ​မေပါ။ ငါ့သား​လေး၊ငါ့သမီး​လေး သဲသဲကွဲကွဲ မသိခင်​ကတည်းက အလုပ်​​တွေကြိုးစားရှာ​နေတာ အ​ဖေပါ။ သူများနဲ့ယှဉ်​မျက်​နှာမငယ်​ရ​အောင်​ စီးပွား​ရေး​ပြေလည်​ဖို့ အတွက်​​နေပူမ​ရှောင်​၊မိုးရွားမ​ရှောင်​ ရှာ​ဖွေခဲ့တာ အ​ဖေပါ။ အစားအ​သောက်​၊အ​နေအထိုင်​ မသက်​သာ​ပေမယ့်​ ​နေ့တိုင်း​မေတ္တာ​တွေပို့ အချစ်​​တွေနဲ့ လူ​လောကအလယ်​ကို​ရောက်​လာမယ့်​ ကျွန်​မတို့​တွေကိုအပြုံးမပျက်​ကြိုဆို​နေတာ အ​မေပါ။

FB_IMG_1536059278318.jpg
Image source

လူလား​မြောက်​လို့ အရွယ်​မ​ရောက်​​သေး​သော ကျွန်​မတို့​တွေကို အစစအရာရာ အ​သေးစိတ်​ဂရုစိုက်​ပြီး ကြီးပြင်းသည်​အထိ ဆုံးမ​ပေး​နေတာ အ​မေနဲ့အ​ဖေပါ။ မှားသင့်​တာ မမှားရ​အောင်​ အကြိမ်​ကြိမ်​မ​မောနိုင်​​အောင်​ ​ထောက်​ပြ​ပေး​နေတာ အ​ဖေနဲ့အ​မေပါ။ ပညာ​တွေ အခက်​အခဲမရှိသင်​ယူနိုင်​​ရေး ​နေ့တိုင်း ရှာ​နေတဲ့အ​ဖေ့ရဲ့​ချွေး​ကြွေး​တွေ၊ မိသားစု​ရေး​ပြေလည်​​ရေး ချီးတစ်​ခါ ငှါးတစ်​လှည့်​ မရှက်​မ​ကြောက်​ ​ခေါင်း​မော့ပြီး​ဖြေရှင်း​ပေးတဲ့ အ​မေ့ရဲ့ သတ္တိ​တွေ ကို ​လေးစားရင်​၊တန်​ဖိုးထားရင်​ ၊​ကျေးဇူးသိတတ်​ရင်​ သူတို့​တွေအတွက်​ မငြီးညူပါနဲ့။ ခါး​တွေကိုင်း ဇရာ​တွေ​ထောင်း​ပြီး ယိုင်​နဲ့​နေတဲ့ သူတို့လက်​တွကို ​ဖေးမကြပါ။ မျက်​လုံး​တွေဝါး အသိဥာဏ်​​တွေ မ​ကောင်း​တော့တဲ့ သူတို့​လေး​တွေကို ​စောင့်​​ရှောက်​ကြပါ။ သူတို့​တွေ အိုမင့်​ရင့်​​ရော်​မှု​ပေါ် မတရားသမှုမပြုပါနဲ့။ ဟိုအ​မေအိုတစ်​​ယောက်​ လမ်း​ဘေးဘယ်​သူထားခဲ့မှန်းမသိဘူး၊ ဟိုအ​ဘကြီးတစ်​​ယောက်​ မျက်​ရည်​​တွေနဲ့ ဓာတ်​တိုင်​နားမှာ ဘယ်​သူ့ကို ​မျှော်​​နေလဲမသိဘူး။ သနားစရာ သူတို့ဘဝ​တွေကို အ​ကြွေးဆပ်​တဲ့အ​နေနဲ့ အလင်းပြန်​​ပေးပါ။ ​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ ​ကျွေး​မွေး​စောင့်​​ရှောက်​ပါ။ တစ်​ချိန်​က ခင်​ဗျား အကြိမ်​ကြိမ်​​ခေါ်ခဲ့တဲ့ နာမည်​နှစ်​လုံး ​လောကကြီးထဲက စာရင်း​ပျောက်​သွားမှ လိုက်​ရှာမ​နေနဲ့။ ရှိတုန်းမှာ တန်​ဖိုးထားပါ။ ရှိတုန်းမှာ တဝကြီးချစ်​ပါ။ သူတို့ဟန်​ပါပါနဲ့ ပြုံးတဲ့အပြုံး​တွေ မကွယ်​​ပျောက်​ခင်​ အားပါးတရကြည့်​​နေလိုက်​စမ်းပါ။ အ​ဖေနဲ့​အ​မေကို တန်​ဖိုးထား ပြီ​ကျေးဇူးတရားဆပ်​တတ်​ကြပါ​စေ။

@thithisann
Msc 262

Sort:  

မှန်သောစကားများပါ

ဟုတ်​တယ်​ အမှန်​​တွေပဲ

မိဘကျေးဇူး အထူးဆပ်သင့်ပါပေ၏

ဆပ်​ကြရမယ်

မိဘများရှိစဉ်တန်ဖိုးထားဂရုစိုက်သင့်ပေသည်

ရှိတုန်း ဂ၇ုစိုက်​ကြပါ

ကျေးဇူး သိတတ်ခြင်းဟာ မင်္ဂလာပါ ခင်ဗျ

ဟုတ်​ပါတယ်​ အကို​ရေ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62726.22
ETH 2961.65
USDT 1.00
SBD 3.60