လေးစားလျက်​ပါ ဆရာ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီ​နေ​တော့ ငယ်​ဘဝကသတိရမိတာ​တွေ ​တွေးရင်းနဲ့ ကျွန်​မဦး​ဏှောက်​ထဲ၊နှလုံးသားထဲကို ​ရောက်​လာတဲ့ ခံစားချက်​တစ်​ခုက ဆရာဆို​သော အနန္တဂိုင်းဝင်​​ကျေးဇူးရှင်​ တစ်​ပါးပါ။ကျွန်​မတို့ဘဝ​တွေ လှပသည်​ဖြစ်​​စေ၊ကြမ်းကြသည်​ဖြစ်​​စေ ဆရာဆို​သော နာမည်​​လေးနဲ့​တော့ ရင်းနှီးဖူးကြမှာပါ။ဘဝမှာ ပညာရှာပြီး ရုန်းကန်​ရမှ ဆရာနဲ့​တွေ့သည်​ဟု ​ပြောလို့ရတာမဟုတ်​ပါဘူး။မြင်​ဆရာ၊ကြားဆရာ​တွေလည်း ရှိပါတယ်​။သူလုပ်​တာကြည့်​ပြီး ကိုယ်​လိုက်​လုပ်​တယ်​ အဆင်​​ပြေတယ်​။သူ့နည်းကို ကိုယ်​ယူသုံးလိုက်​​တော့ သူကကိုယ့်​ရဲ့ မြင်​ဆရာပဲ​ပေါ့။ကိုယ်​ကို စာတစ်​လုံး​ပေတလုံးတတ်​​အောင်​သင်​မှ ဆရာမဟုတ်​ဘူး ဆိုတာ အရင်​ဆုံး​ပြောပြတာပါ။

IMG_20180821_113152.JPG
Image source

ကျွန်​မငယ်​ငယ်​က ​လေးစားပြီးအရမ်း​ကြောက်​ရတဲ့ ဆရာတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။သူဘွဲ့ရတစ်​​ယောက်​မဟုတ်​ဘူး။တစ်​ဝက်​တစ်​ဖြတ်​နဲ့​ကျောင်းနားထား​တော့ ဘွဲ့မရလိုက်​ဘူး။ဒါ​ပေမယ့်​ ကျွန်​မတို့ရွာမှာက ပညာတတ်​အရမ်းရှားတယ်​။တက္ကသိုလ်​တက်​ဖူးသူဆိုတာ ​ရှားမှရှားပဲ။ဆရာက သူတတ်​တဲ့ပညာနဲ့နိုင်​သ​လောက်​ ကျူရှင်​​ခေါ်တယ်​။ဆရာအင်​အားနည်းလို့ ရွာက ဆရာ့ကိုလည်း ရွာ​ကျောင်းမှာ ငှါးသင်​ခိုင်းကြတယ်​။ကျွန်​မ ငယ်​ငယ်​ ၃တန်း ၄တန်းက​ပေါ့။ဆရာ့ရဲ့ နာမည်​အကြီးဆုံး ဂုဏ်​သတင်းက အရိုက်​ကြမ်းတာပါပဲ။ဆရာဆိုတာ သူသင်​လိုက်​တဲ့စာကို ​ကျောင်းသား​တွေ တက်​ကြွပြီး နားလည်​​နေမှ သ​ဘောကြတဲ့ ​စေတနာရှင်​ကြီး​တွေပါ။အိမ်​စာ​တွေ​ပေးတယ်​ မနက်​​ရောက်​ပြီဆို ​မေးတယ်​။မရရင်​ ​ခြေတလုံး လန်​ပြီး အရိုက်​ခံရတယ်​။ဆောင်းတွင်းဆို ပိုဆိုးတာ​ပေါ့။နာလိုက်​တာ....နာလိုက်​တာ....မ​ပြောပြတတ်​​အောင်​ပဲ။

IMG_20180821_113313.JPG
Image source

ဆရာက သူ့အိမ်​မှာ ကျူရှင်​သင်​တယ်​။မသင်​ခင်​ က​လေး​တွေကို အိပ်​ခိုင်းတယ်​။ပြီးရင်​ တရားထိုင်​ခိုင်းတယ်​။ပြီးမှ စာကို ဂရုတစိုက်​သင်​​လေ့ရှိတယ်​။ကျူရှင်​အ​စောကြီးလာသူ​တွေကို ​ဘောလုံး​ကန်​ကစားခိုင်းတယ်​။ကျွန်​မမှတ်​မိ​သေးတယ်​ ​ဘောလုံးကန်​ချင်​လို့ အ​​စောကြီး​ရေမချိုးဘဲနဲ့သွားတာ ဆရာက​ရေမချိုးရင်​ မလာရဘူးတဲ့​လေ။အဲ့လို ​ပေ​တေ​အောင်​ကစားရတာကို နှစ်​သက်​ခဲ့ဖူးတယ်​။အဲ့တုန်းကဆို သူငယ်​တန်းစာ​တောင်​ ​ချော​ချောမွတ်​မွတ်​​ပြေ​ပြေပြစ်​ပြစ်​ မဆိုတတ်​​အောင်​ ၃တန်း​လောက်​က အ​ခြေအ​နေဆိုးခဲ့ဖူးတယ်​။အဲ့နှစ်​မှာ ကျူရှင်​စဖွင့်​တယ်​၊ဖွင့်​ဖွင့်​ချင်းတက်​တယ်​။နောက်​နှစ်​၄တန်း၊၅တန်းဆက်​တိုက်​ နှစ်​တိုင်းဖွင့်​တယ်​။အမြဲတမ်း အား​ပေးတဲ့ ဆရာ့ရဲ့ ပင်​တိုင်​စံ customer တစ်​​ယောက်​က ကျွန်​မပါပဲ။၅တန်း​လောက်​ကျ စာ​တော်​တဲ့စာရင်းထဲပါလာပြီ​လေ။ဒါ​တွေအားလုံး ဆရာ့​ကျေးဇူး​ကြောင့်​ဆိုတာ ကျွန်​မ အပြည့်​အဝဝင်​ခံပါရ​စေ။ဆရာ့ကို ​ကြောက်​ပြီး သူသင်​တဲ်​စာ​တွေကို ညဆို​အော်​​အော်​ပြီး ကျက်​တယ်​။ရပြီဆိုမှ အိပ်​ယာဝင်​တယ်​။ဆရာ့က သချာင်္ကိုပိုပြီးနှစ်​သက်​တယ်​။အရင်​က အတွက်​အချက်​ညံ့တဲ့ကျွန်​မ သင်္ချာ ​တွေစိတ်​ဝင်​စားလာပြီ​လေ။

IMG_20180821_114344.JPG
Image source

နောက်​ပြီး ဆရာက English grammar ကို အ​လေးထားပြီးသင်​​တယ်​။ကဗျာ​လေး​တွေနဲ့မှတ်​မိလွယ်​​အောင်​ ​သေချာသင်​​ပေးတာ​တွေမှတ်​မိ​သေးတယ်​။ည​နေ ည​နေ​ကျောင်းဆင်းချိန်​ဆို အပြိုင်​အဆိုင်​ ကဗျာ​တွေ ​အော်​ဆိုခဲ့တာ မှတ်​မိ​နေ​သေးတယ်​။က​လေးဘဝမှာ အပူအပင်​ဆိုတာ ဘာဆိုဘာမှ မရှိဘူး။ဆရာ့ကို​ကြောက်​တဲ့စိတ်​​တော့ ရှိခဲ့ဖူးတယ်​။အဲ့တာ​ကြောင့်​လည်း အခုအ​ခြေအ​နေမှာ လက်​မ​ထောင်​နိုင်​​နေတာ​ပေါ့။ဆရာ့​ရေ့...ဒီ​နေရာက​နေ ဆရာ့ကို ကန်​​တော့ပါတယ်​။တချိန်​က​လေးစားရ​သော ဆရာ အခုလည်း ​လေးစာမှု​တွေ မ​လျော့​သေးပါဘူးဆရာ။

IMG_20180821_113257.JPG
Image source

ကြောက်​တဲ့စိတ်​​ကြောင့်​ စာ​တွေလုပ်​ရင်း သင်္ချာ မှာအမှတ်​ပြည့်​ရခဲ့ဖူးတယ်​။သြော်​...စဉ်းစားကြည့်​လိုက်​ရင်​ ဆရာဆိုတာ​ပေးဆပ်​ခြင်းသက်​သက်​နဲ့လုပ်​အား၊ဥာဏ်​အား ​တွေအားလုံး စိုက်​ထုတ်​ပြီး ကိုယ်​ကျိုးစွန့်​သူ​တွေပါ။ ကျူရှင်​လခ​လေး တစ်​လမှ ၁၅၀၀နဲ့ စာ​တွေအများကြီး တတ်​ခဲ့ဖူးတယ်​။ ဆရာရဲ့​စေတနာ အခုချိန်​ထိ ထင်​ဟတ်​​နေဆဲပါဆရာ။ဆရာတို့​ပေး​သော ပညာ ​တွေနဲ့ ဆက်​လက်​ပြီး ပညာ​တွေအများကြီးတတ်​​နေပါပြီဆရာ။ဆရာ့​ကျေးဇူး၊ဆရာ့ဂုဏ်​ပို ဘယ်​​တော့မှ​မေ့​ပျောက်​မသွားပါဘူးဆရာ။ထာဝရတွက်​ဆရာဆိုတာ ပညာအလင်းတိုင်​ကိုကိုင်​ပြီး လမ်းမှန်​​ပေါ်​ရောက်​​အောင်​ ​မောပန်းခြင်းမရှိ လမ်းပြ​ပေးတဲ့ ၊သင်​ပြ​ပေးတဲ့ လမ်းပြဘုရားတစ်​ဆူပါပဲလို့ ကျွန်​မတင်​စားပါရ​စေ။

IMG_20180821_113224.JPG
Image source

ပြောရင်းဆိုရင်း...အ​ဖေ​ပြောပြတဲ့ အဖြစ်​အပျက်​​လေးတစ်​ခု​တောင်​မှတ်​မိသွားတယ်​။ဒီလိုပါ...ဆိုင်းဆရာ​ပြောပြတာ မှတ်​ထားတာတဲ့​လေ။ သူတို့အိမ်​နားမှာ မူလတန်းကလေး​တွေကျူရှင်​​ခေါ်ပြီးသင်​ပြ​ပေး​နေတဲ့ ဆရာမတစ်​​ယောက်​ရှိတယ်​။စေတနာကလည်းအရမ်း​ကောင်း က​လေး​တွေလည်း အရမ်းဂရုစိုက်​​တော့ လာအပ်​တဲ့ မိဘ​တွေများတာ​ပေါ့။ တ​စ်​​နေ့ကျ GTI​ကျောင်းသားတစ်​​ယောက်​က သူ့အိမ်​ခဏပြန်​လာ​တော့ သူ့အ​ဖေက ငါ့သား ဟိုဘက်​အိမ်​ကဆရာမက​တော်​​တော်​​လေး​တော်​တယ်​၊စာအသင်​အပြလည်း နာမည်​ကြီးတယ်​။သင်​တဲ့​နေရာမှာလည်း အသင်​က​တော်​​တော်​​ကောင်းဆိုပြီး နာမည်​ကြီး​နေတာကြာပြီတဲ့။သားဖြစ်​သူက ဘာ​ပြောလဲဆို​တော့....အဲ့ဆရာမ ကျွန်​​တော်​​လောက်​မတတ်​ပါဘူးတယ်​။ကျွန်​​တော်​တို့က ပိုပြီးမြင့်​တယ်​၊အသက်​​မွေးဝမ်း​ကြောင်းပညာ​တွေသင်​ရတာတဲ့။ တကယ်​​တော့ သူငယ်​ငယ်​က မူလတန်းမှာ သင်​​ပေးဖူးတဲ့သူ့ငယ်​ဆရာမပါ။ ဝ ´လုံးဆိုတာ ဒါပါ။ဒါကိုကြက ´ကကြီးလို့ဖတ်​ရတယ်​။အမျိုးမျိုး အဖုံအဖုံ နည်းမျိုစုံနဲ့ သင်​​ပေးခဲ့ဆရာမတစ်​​ယောက်​ကို ကျွန်​​တော်​​လောက်​ပညာမတတ်​ဘူးတဲ့။ဟုတ်​တယ်​ ခင်​ဗျားတို့ရတဲ့ဘွဲ့ ဒီဂရီ​တွေက သူ့တို့ထက်​မြင့်​ချင်​မြင့်​လိမ့်​မယ် ၊ခင်​ဗျားတို့​လောက်​မတတ်​ဘူး ဟုတ်​ချင်​ဟုတ်​လိမ့်​မယ်​။ဒါ​ပေမယ့်​ ခင်​ဗျား အဲ့လမ်း​ပေါ်​ရောက်​​အောင်​၊လမ်းမှန်​​ပေါ်မှာ မျက်​နှာမငယ်​ ဘဲ​လျှောက်​လှမ်းနိုင်​​အောင် foundation. ချ​ပေးခဲ့တာ အနစ်​နာခံ ပုဂ္ဂိုလ်​ ​တွေပါ။
ဘယ်​အရာပဲဖြစ်​ဖြစ်​ ​အုတ်​မြစ်​မ​ကောင်းရင်​ ကြာကြာမခံဘူး၊ဒဏ်​မခံနိုင်​ဘူး။

IMG_20180821_113329.JPG
Image source

ဒါ​ကြောင့်​ ဆရာဆိုတာ ဒုတိယမိဘပါပဲ။ဘယ်​​တော့မှ ဆရာ့ဂုဏ်​​တွေမ​မေ့ကြပါနဲ့။ဆရာရဲ့​ကျေးဇူး တစ်​နည်းမဟုတ်​တစ်​နည်းနဲ့ ဆပ်​နိုင်​ကြပါ​စေ။အနန္တဂိုင်းဝင်​​ကျေးဇူးရှင်​ ဆရာအာ့း ကျွန်​မ ဒီpost​ရေးရင်းနဲ့ ဂါရဝ ပြုလိုက်​ရပါသည်​။

@thithisann
Msc 262
Author Thi Thi San

Sort:  

အာစရိယဂုဏော အနန္တော

မြတ်​ဆရာ....မြတ်​​သောဆရာ​တွေပါ

ဆရာဆိုတာ ဘုရားနဲ့တဂိုဏ်းထဲ​လေ

ဟုတ်​ပါတယ်​ ဘုရားနဲ့တစ်​ဂိုဏ်းတည်းပါ

ဆရာ့‌ကျေးဇူးသိတတ်‌တဲ့တပည့်‌မ‌လေး ဘဝမှာ‌အောင်‌ မြင်‌ပါ‌စေလို့ ဆု‌တောင်း‌ပေးလိုက်‌ပါတယ်‌။

ပြည့်​ပါရ​စေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆရာ့ကျေးဇူးမြင့်မိုဦးပါ

ဟုတ်​ပါတယ်​ အကို​ရေ့

ဆရာဆိုတာ အ​ကောင်း​တွေပဲ ကိုယ့်​တပည့်​​တွေကို ဖြစ်​​စေချင်​သူ​တွေပါ

တကယ်​ကို ​စေတနာရှင်​​​တွေပါ

ငယ်ငယ်ကဆို ဗိုက်ခေါက်ပြတ်မတတ်ဆွဲပြီး လက်ရေးလှအောင်သင်ပေးခဲ့တဲ့ ဆရာမကျေးဇူး ခုမှ ပိုသိလာတယ်

သတိရသွားပီ​ပေါ့ဘုရား

ဒီပိုစ့်​ဖတ်​ပြီးငယ်​ငယ်​​လေးကစခုချိန်​ထိသင်​ကြာပြသ​ပေးတဲ့ဆရာ၊ဆရာမများကိုသတိရမိပါတယ်​....​ကောင်း​သောပိုစ့်​ပါ....

ကျေးဇူးပါရှင့်

ဆရာဆိုတာ အနန္တဂိုဏ်းဝင်ပါ ငယ်ဘဝကဆရာတွေ ပိုမမေ့သင့်ပါဘူး😊

ငါးပါးမှာ တစ်​ပါးအပါအဝင်​ ဆရာပါ

ဘုရားနဲ့တဂိုဏ်းတည်းထားခဲ့တာပါ။အမြဲလေးစားဂါရဝထားပြီး နေထိုင်ကြရမှာပါ။လေးစားထိုက်သောဆရာတွေရဲ့ အကြောင်းကို ပေါ်လွင်အောင် ရေးသားပြထားတာ ကောင်းလှပါတယ်ခင်ဗျာ

ကျေးဇူးပါ အကို​ရေ့

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62683.02
ETH 2962.44
USDT 1.00
SBD 3.64