နေညိုချိန်

in #myanmar6 years ago

နေညိုရင်​ အလွမ်း​တွေပိုတယ်​တဲ့။အမှန်​ပင်​ တစ်​​နေ့သာဖြတ်​​ကျော်​ခဲ့​ပေမယ့်​ ​နေညိုချိန်​​ဆို ငိုချင်​လာတယ်​။နေ့ခင်းအချိန်​​တွေက လူကပုံမှန်​ပဲ ​နေညိုရင်​မရ​တော့ဘူး။တာဝန်​​ကျေပွန်​စွာထမ်း​ဆောင်​သွားတဲ့​နေမင်းကြီး အနားယူ​တော့မယ်​ အချိန်​က ဘာလို့အဲ့​လောက်​ ကျွန်​မကို အလွမ်း​တွေပို​စေလဲမသိပါဘူး။ မယ်​မယ်​ရရ လွမ်းစရာရှိလို့လား​မေးပြန်​ရင်​ မရှိပါဘူးလို့ပဲ​ဖြေတယ်​။တကယ်​လည်း ဘာကိုလွမ်း​နေတာလဲ ​ရေ​ရေရာရာမသိပါဘူး။ ၁၂နာရီကြာ ​ပျောက်​ကွယ်​သွားမယ့်​ ​နေမင်းကြီးကိုလွမ်း​နေတာလား??အ​မေ့အိမ်​ကိုပဲလွမ်း​နေတာလား??ဘာကိုလွမ်းမိ​နေပါလိမ့်​​နော်​။ ​နေမင်းကြီးကိုကြည့်​​လေ​လေ အလွမ်း​တွေတိုး​လေ​လေ။ တစ်​ခဏတာ တိတ်​ဆိတ်​ သွားခြင်းက ငါ့ကို ငြိမ်​ပြီးကြည့်​​နေတယ်​။

FB_IMG_1535200957991.jpg
Image source

မလှုပ်​မယှက်​ အလွမ်းဒဏ်​ခံ​နေရတဲ့ငါကလည်း မျက်​ရည်​​လေး​တွေဝဲပြီး ​နေမင်းကြီးကို နှုတ်​ဆက်​​နေတယ်​။ ဘာပဲဖြစ်​ဖြစ်​ ဘာသက်​​ရောက်​မှုမှမရှိဘဲ ငြိမ်​သက်​​နေတဲ့ ငါ့ရဲ့ အချိန်​တိုတွင်း​လေးက ပြန်​​တွေးလိုက်​ရင်​ ပြုံ​အောင်​လုပ်​နိုင်​​သေးတာပဲ။ အဲ့လိုအလွမ်းကို ​နေညိုချိန်​မှာပဲခံစားလို့ရတယ်​ထင်​ပါရဲ့ တစ်​​နေ့တာလုံး အလုပ်​​တွေ​ကောင်း​ကောင်းလုပ်​​နေပြီမှ ​နေညိုချိန်​ကျမှ ငါ့ဆီ အလွမ်း​တွေအလိုလို​ရောက်​လာတယ်​။ ​ကျေးဇူးပါ ​နေမင်းကြီးရယ်​။မနက်​ဖြန်​ခင်​ဗျား အလင်း​တွေနဲ့ ကျွန်​မကို ကြိုဆို​နေမယ်​ဆိုတာ ကျွန်​မသိတယ်​။ ခင်​​ဗျား​ကြောင့်​အလွမ်း​တွေဖြစ်​​စေသလို ခင်​ဗျား​ကြောင့်​ ကြည်​နူးရပါတယ်​။ ဘာပဲဖြစ်​ဖြစ်​ ခင်​ဗျားတာဝန်​​ကျေပါတယ်​။

@thithisann
Msc 262

Sort:  

ကြည်နူးလွမ်းမောစရာနေမင်းကလေး

နေမင်းကြီးကြည့်​ပီး လွမ်းသလိုလို

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61185.89
ETH 2933.50
USDT 1.00
SBD 3.68