ရွှေမန်းမြို့

in #myanmar6 years ago

FB_IMG_1535959662730.jpg
Image source

အခုချိန်​မှာ နာမည်​အကြီးဆုံး ၊သတင်း ထဲအပါဆုံး၊​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ လုယက်​မှု အဖြစ်​ဆုံးဆိုတဲ့ မြို့ကို​ပြောပါဆိုလျှင်​ မန္တ​လေး ဟု​ပြောရ​ပေမည်​။ အားလုံးလည်း သတင်း​တွေကြားကြမှပါ။ ​အ​တော်​​လေးဆိုးတဲ့အ​ခြေအ​နေ သို့​ရောက်​​နေပြီဟု သုံးသပ်​မိသည်​​။ မိန်းက​လေး​တွေသာ မလုံခြုံသည်​မဟုတ်​ ​ယောက်ျား ​လေး​တွေပါ မသွားရဲမလာရဲ ဖြစ်​​နေကြပြီ။ တစ်​​နေ့ကို တစ်​ခုမက ဖြစ်​ပျက်​​နေ​သော လုယက်​မှု​တွေ သည်​ လူကိုပါ အန္တာရာယ်​​ပေးသွားကြပြန်​သည်​။ ပစ္စည်းလုယုံတင်​မက လူပါ ဓားနဲ့ ထိုးခြင်း၊ဖြတ်​ခြင်း များပါ အ​ကြောက်​မရွံ လုပ်​ရဲကြသည်​။

လုယက်​မှု အများဆုံးနှစ်​ဟု အမည်​သွင်​​ပေ​တော့မယ်​။ မနက်​မိုးလင်း ဘယ်​လမ်းမှာ ဘယ်​သူလုခံလိုက်​တယ်​၊ ည​နေမိုးချုပ်​ ဘယ်​​နေရာမှာ လူကို ဓားနဲ့ လှီးပြီး ဘာပစ္စည်းယူသွားတယ်​။ ကြားရတဲ့ သတင်း တကယ်​ကို​ကြောက်​စရာ​ကောင်း​နေပါပြီ။ ဘယ်​လိုကိုင်​တွယ်​မလဲဆို​တာ​တော့ ​စောင့်​ကြည့်​ယုံ​ပေါ့။ လူနှစ်​​ယောက်​ဆိုရင်​​တောင်​ မိုးချုပ်​အပြင်​မသွားရဲ​အောင်​ဖြစ်​​နေပြီ။ ဖြစ်​လိုက်​တဲ့အမှုတိုင်းလည်း လုယက်​မှု၊လုယက်​မှုတိုင်းလည်း အနည်းဆုံးလူ၂​ယောက်​ မဟုတ်​ရင်​ အုပ်​စုလိုက်​လုတာ များသည်​။ အ​တော်​​လေး​တော့ ​ကြောက်​ဖို့​ကောင်းတာအမှန်​ပင်​။ မ​နေ့ကလည်း ရတနာပုံ​ကျောင်းသူအချင်းချင်း ရန်​ဖြစ်​စကားများရာမှ ခဲတံချွန်​ဓားနဲ့ ၅ချက်​ ခြစ်​တဲ့အမှု ​တွေ့လိုက်​ရ​သေးသည်​။ ဘယ်​လိုမျိုး အမှု​တွေ အဖြစ်​စဖူး ဆက်​တိုက်​ဖြစ်​​နေသ​လော ​ရွှေမန်းမြို့ကြီးရယ်​။ အသက်​က​လေးရယ်​ရှည်​​စေလို မန်း​တောင်​ရိပ်​ခိုတဲ့ အခု​တော့ မခိုရဲ​အောင်​ ချိန်း​ချောက်​မှု​တွေများ​နေပြီ။ အမြန်​ဆုံး အမှု​တွေ ကင်းရှင်းပါ​စေ။ ​ရွှေမန်းမြို့ကြီး သာယာပါ​စေ။

@thithisann
Msc 262

Sort:  

အယ် ... မန်းလေး လာရမှာ ကြောက်ကြောက်

ညီမတို့​တောင်​ ဘယ်​မှမသွားရဲဘူးအကို့

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 60837.81
ETH 2874.77
USDT 1.00
SBD 3.62