Flexible

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီတစ်​ခါတင်​ပြချင်​တာ​လေးက​တော့ အလိုက်​တင့်​​နေတတ်​ထိုင်​တတ်​သင့်​တယ်​ဆိုတဲ့အ​ကြောင်းနဲ့ပတ်​သက်​ပြီး တင်​ပြချင်​ပါတယ်။ Flexible လို့လည်း ​ပြောလို့ရပါတယ်​။အဓိပ္ပါယ်​က အားလုံးနဲ့အဆင်​​ပြေ​ပြေ​နေနိုင်​တယ်​လို့​ပြောတာပါ။လောကကြီးထဲမှာ လူ​ပေါင်း သန်းချီပြီး အများကြီး​နေထိုင်​ကြတယ်​။တစ်​​ယောက်​ချင်းဆီမှာလည်း ကိုယ်​ပိုင်​စိတ်​​နေစိတ်​ထား​တွေ ရှိကြတယ်​။တစ်​​ယောက်​တစ်​​ယောက်​ကလည်း စိတ်​ထားခြင်းမတူကြဘူး။တစ်​မိသားစုထဲက ​မွေးတဲ့ ​မောင်​နှမအရင်းချာ​တွေ​တောင်​ မတူနိုင်​ပါဘူး။ ကျွန်​မတို့​တွေ သက်​ရှင်​​နေထိုင်​​နေတဲ့တစ်​​လျှောက်​လုံးမှာလည်း တစ်​​ယောက်​တည်း ဖြတ်​သန်းဖို့မဖြစ်​နိုင်​ဘူး။အဖွဲ့အစည်းနဲ့​နေပြီး လုပ်​​ဆောင်​ရတယ်​။လူမှဖြစ်​လာရင်​ လူ​တွေနဲ့​တွေ့မယ်​၊ဆက်​ဆံရမယ်​။ အဲ့ဒီမှာ သူတစ်​ပါးနဲ့လိုက်​​လျောညီေ​ထွနေထိုင်​တတ်​ဖို့လိုအပ်​တယ်​။

အခု​ခေါင်းစဉ်​က လူ​တွေနဲ့မှ အဆင်​​ပြေ​ပြေ​နေတတ်​ဖို့ရင် ​မဟုတ်​ပါဘူး။သဘာဝတရား​တွေ၊ပတ်​ဝန်းကျင်​​တွေနဲ့လည်း လိုက်​​လျေညီစွာ​နေတတ်​ဖို့လိုတယ်​။အဲ့လို မ​နေတတ်​တဲ့သူ​တွေက ပြသနာနဲ့အမြဲတမ်းအတူရှိ​နေတတ်​တယ်​။ကိုယ့်​ရဲ့ စရိုက်​၊စိတ်​​နေစိတ်​ထား​တွေ ကို ​ပြောင်းသင့်​ရင်​​ပြောင်းရမယ်​။ အမျိုးစုံကြိုးခုန်​တန်​ရမယ်​​ပေါ့။ ကျွန်​မတို့ရန်​ကုန်​မှာ ၁လ​ သွားပြီး​နေတုန်းက ​​တော်​​တော်​လေးခက်​ခဲခဲ့တယ်​။ ရန်​ကုန်​တိုတဲ့ မြို့ကြီးမှာရှိတဲ့ အ​ဆောင်​ဆိုတာ သိတဲ့အတိုင်းပဲ အသက်​ရှု​ပေါက်​မနည်းရှာပြီး ​နေထိုင်​တတ်​မှရမယ်​​လေ။

ပထမဆုံး​ရောက်​ဖူးတာဆို​တော့ ဘာမှမလုပ်​တတ်​၊ဘာမှ သိပ်​ပြီးနားမလည်​ဘူး​ပေါ့။အ​ဆောင်​ကို​ရောက်​စကဆို မျက်​ရည်​​တွေဝဲပြီး ​လောကကြီးထဲက​တောင်​ ထွက်​သွားချင်​မိတယ်​။ လူ​တွေအများကြီးပြည့်​နက်​​နေတဲ့ အိမ်​​လေးတစ်​လုံးထဲမှာ ​နေရတာ ဘယ်​​လောက်​မွန်းကြပ်​လဲ ကျွန်​မ အစက မသိခဲ့ဘူး။ မိုးရာသီဆို ​လျှော်​ပြီးသားအဝတ်​က မ​ချောက်​ မိုးကခဏခဏရွာ နဲ့အ​တော်​​လေးစိတ်​ပျက်​မိတယ်​။ ည ညဆို ​ပေါလိုက်​တဲ့ခြင်​၊​ပေါလိုက်​တဲ့ကြွက်​ ​ပြောမပြချင်​ဘူး။ တီ​တွေကလည်း မိုး​ရွာပြီဆို အလျိုလျို နဲ့အပုံလိုက်​ ​ရေချိုးတဲ့​နေရာမှာ ​တွေ့ရ​တော့ ပထမတစ်​ပတ်​က​တော့ အိမ်​ကိုငိုပြီးဖုန်းဆက်​။မ​နေချင်​ဘူး ဆိုပြီး သနားစဖွယ်​​ပြောခဲ့မိတယ်​။ဒါ​ပေမယ့်​ အဲ့လိုလွယ်​လွယ်​နဲ့ ​ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်​​တော့ ​ပြောတာ​ပြော​နေရတာ မ​နေမဖြစ်​ဆိုတာလည်း သိပါတယ်​။၂ပတ်​​မြောက်​မှာ ကျွန်​မအ​တော်​​လေးအဆင်​​ပြေ​နေပြီ။ကျင့်​သားရသွားတာထက်​ ဒီလိုပတ်​ဝန်းကျင်​မှာ ဒီလိုရုန်းကန်​မှ ဖြစ်​မှာကို သိသွားလို့ ကျွန်​မအဆင်​​ပြေ​အောင်​​နေတတ်​သွားတယ်​။

သြော်​...ကျွန်​မတို့​တွေ ပတ်​ဝန်းကျင်​ကိုလိုက်​ပြီး​ပြောင်းလဲတတ်​ရမယ်​။ရာသီဥတုကိုလိုက်​ပြီး​ပြောင်းလဲဝတ်​ဆင်​ရတယ်​။ အဲ့လိုပဲ လူ​တွေနဲ့​တွေ့တဲ့​အခါ၊​ပေါင်းသင်းတဲ့အခါမှာလည်း Flexible ဖြစ်​​အောင်​​နေတတ်​ဖို့အ​ရေးကြီးတယ်​။ အရင်​ဆုံးလူတစ်​​ယောက်​နဲ့ စကားစ​ပြောကြည့်​ အဲ့လူရဲ့ စိတ်​​နေစိတ်​ထား အားလုံးမသိ​ပေမယ့်​ အနည်းဆုံး​တော့မှန်းလို့ရတယ်​။ ပထမဆုံးလူ​တွေက သူတို့အကျင့်​​တွေကို ဖုံးကွယ်​ကြ​ပေမယ့်​ တဖြည်းဖြည်းနဲ့​ပေါ်လာတတ်​တာပဲ။ စကားစကား​ပြောပါများ...စကားထဲကဇာတိပြတဲ့ ။အမှန်​ပင်​ စကားအရမ်း​ပေါတတ်​တဲ့သူတစ်​​ယောက်​ အစက​တော့ သိပ်​ပြီးစကားမများသလိုလို၊ခပ်​​ချေ​ချေ ​နေ​ပေမယ့်​ တစ်​နာရီ​လောက်​ပဲ ကြာကြာစကား​ပြောကြည့်​ သူစကား​ပေါတတ်​တယ်​ဆိုတာ သိလာလိမ့်​မယ်​။

ကိုယ်​က ​လေ​ပေါတာ မကြိုက်​တဲ့သူတစ်​​ယောက်​ဖြစ်​​နေရင်​​တောင်​ သူနဲ့အဆင်​​ပြေဖို့ ကိုယ်​မကြိုက်​တဲ့အချက်​ကို ဖုံးကွယ်​ပြီး ဟန်​​ဆောင်​​ကောင်း​အောင်​ ​နေပြရမယ်​။မဟုတ်​ရင်​ လုမှု​ရေးရိုင်းသွားမှာ​ပေါ့။ သူနဲ့ Flexible ဖြစ်​​အောင်​​နေ​ပေးရမယ်​။သတိ​ပေးချင်​တာက လူ​တွေက အ​ရောင်​​ပြောင်းလွယ်​တယ်​။ပြောင်းလဲလွယ်​ကြတယ်​။အဲ့ဒါ​တော့ သိထားဖို့လိုတယ်​။ပတ်​ဝန်းကျင်​​တွေဆိုတာ သသတ်​မှတ်​ထဲ​ပြောင်းလဲတဲ့အတိုင်းအဆင်​​ပြေ​ပေမယ့်​ လူသားတို့အတွက်​ အဆင်​မ​ပြေနိုင်​။ဘာလို့ဆို သူတို့သည်​ ​ပြောင်းလဲတတ်​လို့ပါပဲ။ ဘာပဲဖြစ်​ဖြစ်​ Flexible ဖြစ်​​အောင်​​နေတတ်​ရင်​ ကိုယ့်​အတွက်​အဆင်​​ပြေ​စေပါတယ်​။ဘယ်​လိုလူမျိုး၊ဘယ်​လိုပတ်​ဝန်းကျင်​နဲ့မဆို Flexible ဖြစ်​ဖို့လိုအပ်​တယ်​။

အားလုံးကို​ကျေးဇူးတင်​ပါတယ်​။
@thithisann
Author Thi Thi San
Msc 262

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Good...
Flexibility is very important for Communication.

It is one of the important things.

အလိုက်သင့်နေထိုင်ခြင်းသည်အကောင်းဆုးံပါ

အဲ့ဒါအ​ကောင်းဆုံးပဲ

မမတော့ တခါတလေ flexible အဖြစ်လွန်လို့ စိတ်လေတေ😁တခါတလေ အားမနာတတ်ချင်ပုအေ

မမကြည်​ ​ရေ့ အမြဲတမ်း flexible ​တော့မဖြစ်​နိုင်​ဘူး ​နော

လိုက်‌‌လျောညီ‌ထွေ ဆိုတဲ့စကားကို အ‌ကောင်းဆုံးသက်‌‌သေ ပြနိုင်‌တာက ဒိုင်‌နို‌ဆော‌တွေပါဘဲ။

ဟုတ်​လား....သိဘူး

ဟုတ်​လား....သိဘူး

ဟုတ်​ပဗျာ အ​ရောင်​​ပြောင်းသင့်​ရင်​​ပြောင်းရမှာပဲ​လေ ☺

ပြောင်းဖို့လိုအပ်​လာရင်​​ပြောင်းရမယ်

ဗဟုသုတရပါတယ်​....စာ​ရေးတာ​ကောင်းပြီးဖတ်​လို့လည်း​ကောင်းပါတယ်​....

ကျေးဇူးပါ အား​ပေးလို့

ရောမရောက်ရင်ရောမလိုကျင့်ရမှာပေါ့ဗျာ

ဟုတ်​တယ်

အခုခေတ်အနေအထားအရတော့ အလိုက်သင့်နေရမှာပေါ့
ဒါမယ့် ကျွန် တော်ကတော့သိပ်မကြိုက်ဘူး အလိုက်သင့်ဆိုတဲ့ positionကိုလေ

ဘာလို့မကြိုက်​တာ ​လဲ အကို့

သင့်တင့်အောင် ပေါင်းတတ်ဖို့အရေးကြီးပါတယ်

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61451.22
ETH 2929.56
USDT 1.00
SBD 3.65