Barcamp Yangon 2018 experience

in #myanmar6 years ago

ဒီနှစ်တော့ ရန်ကုန်ဘားကမ့်မှာ ပထမနေ့ ဘာမှမပြောဖြစ်။ ဒုတိယ နေ့မှပဲ Ubuntu တခန်း ၊ Social security တခန်း ၊ SteemIt အကြောင်းတခန်း ဝင်ပြောဖြစ်တယ်။ ကြာသပတေး နေ့လောက်က မအူပင် ဘားကမ့် မှာလဲ Centralize , Decentralize နဲ့ SteemIt အကြောင်းပြောခဲ့ပါသေးတယ်။ ပြောပြစရာတွေ များနေပေမယ့် ၄၅ မိနစ်နဲ့ အမြန်ပြောခဲ့ပါတယ်။ နားမလည်တာရှိရင်လည်း ဒီမှာ လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ပြန်လည်မျှဝေနိုင်ပါတယ်။
အဓိက ဦးတည်ပြောဖြစ်တာကတော့ မတူညီတဲ့ social platform တွေထဲက ထူးခြားချက်နဲ့ လူလိမ် ၊ အဖွဲ့လိမ်တွေအကြောင်း ပြောဖြစ်တယ်။ ပိုမိုကောင်းမွန်တဲ့ platform တခုဖြစ်စေချင်တာပါ။ ခေတ်တခု အပြောင်းအလဲမှာ နောက်ကျမကျန်ဖို့ အသိပညာ ဖြန့်ဝေမှုက အရေးကြီးပါတယ်။ ခံရတဲ့ ဖြစ်စဉ်အားလုံးက လောဘကြီးခြင်းနှင့် အသိအားနည်းခြင်းတွေက အများဆုံးပါပဲ။
၁မိနစ် အသိ။
Tho Hi

Sort:  

ကျွန်တော်လည်း ပထမရက်က လာဖြစ်တယ်ဗျ . . . ငရဲပြည်နှင့်ကောင်းကင်ဘုံတို့အတွက်အမှန်တရားခေါင်းစဉ်နဲ့ ပြောဖြစ်ခဲ့ပါတယ် . . ဒုတိယရက်က မန္တလေးရောက်သွားတာနဲ့ မလာဖြစ်လိုက်ဘူး . . အခြားအခန်းသွားနားထောင်တာဆို Cryptocurrency တွေအကြောင်း နားထောင်ဖြစ်ခဲ့ပါတယ်

နိုင်ငံခြားသားတွေ ဒီနှစ်မှာ cryptocurrency အကြောင်း အုပ်စုလိုက်လာပြောကြပါတယ်။ နားတော့ မထောင်ဖြစ်ဘူး ၊ မအားတာနဲ့ ။ ပြီးရင် ဘားကမ့် တပွဲလုံးစာ slide show တွေတင်ပေးပါ့မယ်။

Coin Marketplace

STEEM 0.26
TRX 0.12
JST 0.031
BTC 61258.08
ETH 2873.80
USDT 1.00
SBD 3.56