တောင်ကြီးမှာ စက်ဘီးစီးရင်

in #myanmar6 years ago

တောင်ပေါ်မြို့ ဖြစ်တဲ့တောင်ကြီးမှာ အရင်က ဆိုင်ကယ်နဲ့ လွယ်ကူ သက်သာစွာ သွားနေတာ ကုန်း အနိမ့်အမြင့် တွေကို သိပ်ဂရုအစိုက်ခဲ့ဘူး။ ဒီနေ့ ဆိုင်ကယ် ပြင်နေလို စက်ဘီး နှင့် သွားကြည့်တော့မှ ကုန်ပြေပြေ လေးကို အမောစို့ အောင်နင်းရပါတယ် ။
မြေပြန့်ဖြစ်တဲ့ ရန်ကုန်မြို့မှာ အေးဆေး နင်းနိုင်သော်လည်း တောင်ကြီးမှာတော့ တော်တော်မလွယ်ပါဘူး။ ဒါကြောင့်လဲ နယ်မြေအစုံ မှာ ဆိုင်ကယ်က တွင်ကျယ်စွာ သုံးနေကြတာ။ အစားထိုးနိုင်တဲ့ ဈေးသက်သာတဲ့ ဒီလို စက်ပစ္စည်းမျိုး ထပ်ထွင် လာဖို့ အတော် ခက်ပါအုန်းမယ်။
တကယ်က တောင်ပေါ် မြို့တွေမှာ လမ်းလျှောက်တာက အသက်သာဆုံး နည်းလမ်း ဖြစ်နေတုန်းပါပဲ ။
တောင်ပေါ်မြေ ရောက်လို့  ကျွန်တော့ လို ကြုံရပြီဆို ဘာလုပ်သင့်တယ် ဆိုတာ ဂရုပြုအောင် မျှဝေတာပါ ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62900.77
ETH 2949.76
USDT 1.00
SBD 3.59