Steem rewards ကို ဘယ်လိုတွက်မလဲ

in #myanmar6 years ago (edited)

Steem နဲ့ပတ်သက်လို့ အများကြီး မသုံးဖြစ်သေးပေမယ့် ဖွဲ့စည်းတည်ဆောက်ထားပုံကိုလေ့လာကြည့်တော့ ဆုပေးတဲ့အပိုင်းက တွက်ချက်မှု့က မျက်စိလည်စရာ ဖြစ်နေတယ်။ ကိုယ်တိုင်ပြန်ဖတ်ဖို့နဲ့ တခြားသူတွေ ဖတ်ရအဆင်ပြေအောင် နမူနာတွက်ထားတာ ရှာမိတယ်။
စကားလုံးလေးတွေ အရင် ရှင်းပြပါမယ်။
STEEM ကတော့ ဈေးကွက်ထဲ ကနာမည်။
Post အောက်မှာ ပြတဲ့ $က ဒေါ်လာ အစစ်တန်ဖိုးမဟုတ်ပါ။ သူ့ကို STU ( steem token unit) လို့ ခေါ်ပါတယ်။
STU က SBD , STEEM နဲ့မတူပါ ။ SBD နှင့် STEEM ကတော့ဈေးကွက်ထဲ က ငွေကြေး အဖြစ် ရှိနေပါတယ်။
တွက်ချက်မှု အကြမ်းဖျင်းကတော့ post က 100$ (STU) ရတယ်လို့ ပြရင်
25 % ကို curator (ထိန်းသိမ်းစောင့်ရှောက်ပေးသူ) ကို ပေးရပါတယ်။
ကျန်တဲ့ 75 STU ကို 50% / 50% ခွဲထုတ်လိုက်ရင် ၊ 50% က SBD အဖြစ် ရတယ် ( ဥပမာ 75 STU ရဲ့ 50% က 37.5 SBD ဖြစ်သွားပါတယ်။ )
ကျန်တဲ့ 50% ကို Steem Power အနေနဲ့ ရပါတယ် ။ ဒါကြောင့် 37.5$ တန်တဲ့ STEEM Power ရပါတယ်။ လက်ရှိ STEEM ဈေးက 4 USD ဆိုရင် 37.5$ / 4$ = 9.376 STEEM Power ရပါပြီ။
ဒီနေရာမှာ SBD က 50% က တိုက်ရိုက် မတွက်ရပဲ ရနိုင်ပေမယ့် STEEM Power ကတော့ ဈေးကွက်မှာ ရှိတဲ့ STEEM ပေါက်ဈေးပေါ် မူတည်ပြီး အပြောင်း အလဲတွေ ရှိပါမယ်။
ဒါကြောင့် နမူနာ တွက်ပြတဲ့ အချက်အရ
100$ (STU) ကနေ
37.5 SBD
9.376 SP (STEEM Power) ရရှိပါတယ် ။
မိမိရဲ့ post 100$(STU) ကနေ လက်ရှိ ဈေး ဘယ်လောက်ရလဲ အကြမ်းတွက်ကြည့်ရင်
STEEM = 4$ , SBD = 3.9 $ ဈေးရတယ် ဆိုပါစို့ ၊
37.5 SBD x 3.9$ = 146.25 $
9.376 SP x 4 = 37.5 $
စုစုပေါင်း 183.75 $ (real USD) ရတယ်လို့ တွက်နိုင်ပါတယ် ။
တခြား ဆွေးနွေးစရာ အနေနဲ့ SP ကြောင့် post , comment တွေ အပေါ် အကျိုးသက်ရောက်မှု့ကတော့ သပ်သပ်ရှိပါသေးတယ်။
SP များရင် များသလို မိမိရဲ့ post တွေ comment တွေ က တန်ဖိုးတက်တာတွေ ရှိပါသေးတယ်။
ကိုးကား အနေနဲ့ ဖတ်ချင်တယ် ဆိုရင်
Steem Rewards မှာဖတ်နိုင်ပါတယ် ။
ကိုယ့် အကောင့် တန်ဖိုး အကြမ်းတွက်ပြတာကတော့
Steem Supply @ကိုယ့်အကောင့်နာမည်ထည့်ပြီး ရှာပါ ။
အားလုံးဖတ်လို့ အဆင်ပြေမယ် မျှော်လင့်ပါတယ် ။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 61769.55
ETH 2910.04
USDT 1.00
SBD 3.64