SteemIt ပေါ်ကမတူညီတဲ့ ခံယူချက်

in #myanmar6 years ago (edited)

ဒီ platform ပေါ် က မြန်မာတွေရဲ့ ဖွဲ့စည်းပုံ ခံယူချက် စတာတွေ စိတ်ဝင်စားမိလို့ လေ့လာကြည့်ဖြစ်ပါတယ် ။ စတွေ့တဲ့ အများဆုံး ကိစ္စက လူလိမ် ပြသနာ ပါပဲ ။
အခြေခံတဲ့ အကြောင်းအရင်းကလဲ လောဘတက်ကြတာက စတာပဲ။ အဖွဲ့တွေ ဖွဲ့ ၊ vote များအောင်လုပ် ၊ ငွေတွေလွှဲခိုင်း စတာတွေ ရှုပ်ကြတာပါပဲ။
တကယ်ဖြစ်သင့်တဲ့ ရိုးရှင်းတဲ့ ခံယူချက်က ကိုယ်စိတ်ဝင်စားတာ ကိုရေးပြီး ကိုယ့်ကြိုးစားမှု့ အတွက် စာရေးခ သဘောမျိုး နည်းနည်းပါးပါး ခံစားခွင့်ပြန်ရရင် အဆင်ပြေပါပြီ။ တခြား ဆိုရှယ် ပလက်ဖောင်း တွေမှာ အချိန်ကုန် ကြိုးစား ရေးထားတာတွေ ဒီအတိုင်း ပျောက်ကွယ်သွားမည့် အတူတူ ဒီမှာရေးပြီး တချိန် ကိုယ်လဲပြန်ဖတ်နိုင် တခြားသူလည်း ဗဟုသုတရ ၊ စာရေးတဲ့ အားထုတ်မှု့အတွက် ခံစားခွင့်လေးရရင် ကျေနပ်စရာပါ ။ ဒီမှာ ပြန်ခံစားရတဲ့ ရသလေးတွေက တချိန်က blog ခေတ်အတိုင်း ခံစားမိစေတာပါ။
ကိုယ်လည်း ဗဟုသုတရ ၊ တခြားသူတွေကိုလည်း ပြန်လည် မျှ ဝေတဲ့ ပုံစံအတိုင်း လောဘ မတက်ကြဘဲ အေးဆေး နှစ်ချီ ပြီး စာရေးသွားရင် အားလုံးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခုဖြစ်လာမှာပါ ။
အားလုံးပဲ ကျွန်တော့ ဆိုလိုရင်းကို သဘောကျပြီး လက်ခံနိုင်တယ် ဆိုရင် ဖတ်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတတွေ ရမယ်ဆိုတာ သေချာပါတယ် ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61562.85
ETH 2891.34
USDT 1.00
SBD 3.43