ကိုယ်​ကျင့်​တရား

in #myanmar6 years ago (edited)

IMG-14c32c03ae7041694a7a3c837f784f2c-V.jpg

လူ့စိတ်​ဟာ လွန်​စွာမှ ဆန်းကြယ်​ပါတယ်​။မည်​သူမျှ မလွန်​ဆန်​နိုင်​​သော ရုပ်​လှခြင်း မလှခြင်းဆိုသည့်​ ကံကြမ္မာ၏ စီမံရာကို ပိုင်​ဆိုင်​ကြရတယ်​။ဒါကိုပဲ လွန်​ဆန်​ချင်​သူအချိုက ခွဲစိတ်​ပြုပြင်​မှုစတဲ့ နည်းပညာအမျိုးမျိုးနဲ့ လှပ​အောင်​ ပြုပြင်​ကြပြန်​တယ်​။မိမိ၏ စိတ်​အရှင်​သခင်​ကို​တော့ ခြယ်​မှုန်းရန်​ ​မေ့​နေကြတတ်​တယ်​။

စိတ်​လှမှ စာရိတ္တလှ​ပေမည်​။စိတ်​မခိုင်​လျှင်​ စာရိတ္တပျက်​ပြား၍ ကိုယ်​ကျင့်​တရား ချို့ယွင်းနိုင်​​ပေသည်​။ဒေါသ၊​မောဟ၊မာနသည်​ ယဉ်​​ကျေးမှုအဆင့်​အတန်းကို ပျက်​ယွင်း​စေနိုင်​သည်​။လူ့အဖွဲ့အစည်းတွင်​ ရှင်​သန်​​နေထိုင်​ရာတွင်​ ကိုယ်​ကျင့်​တရား​ကောင်းမွန်​သူသည်​သာလျှင်​ လူအများရဲ့ ယုံကြည်​မှုကိုရ​ပေလိမ့်​မည်​။သူ​တော်​​ကောင်းတရား ခုနစ်​ပါးတွင်​ မ​ကောင်းမှုကိုပြုရန်​ရှက်​ခြင်းနဲ့ ​ကြောက်​ခြင်းတရား နှစ်​ပါးသည်​ အ​ခြေခံကျသည်​။အရှက်​အ​ကြောက်​မရှိသူထံတွင်​ အကျင့်​သီလ မပြည့်​စုံနိုင်​​ပေ။

လူတို့သည်​ ကိုယ့်​သမိုင်းကိုယ်​ ​ရေးကြရ​ပေသည်​။နေ့စဉ်​နဲ့အမျှ ကိုယ်​၊နှုတ်​၊နှလုံး အမူအရာများနဲ့ ​ရေးခြယ်​​နေကြသည်​။ကိုယ်​ကျင့်​တရားမဲ့သူဟာ ​လောဘ၊​ဒေါသ၊​မောဟစိတ်​တို့ရဲ့ ခိုင်း​စေတဲ့အတိုင်း ပြုမူလှုပ်​ရှားကြလို့ မ​ကောင်းမှုဒုစရိုက်​လမ်းကို ဦးတည်​ပြီး လမ်းမှား​ရောက်​ကြရတယ်​။မ​ကောင်းမှု​ကြောင့်​ရလာတဲ့ ဥစ္စာနဲ့​အောင်​မြင်​မှုတို့​ကြောင့်​ စိတ်​နှလုံးကိုမ​အေးချမ်း​စေနိုင်​ပါ။အမြဲ အရိပ်​မဲလိုက်​​နေတယ်​။ကိုယ့်​သမိုင်း ကိုယ်​​ရေးကြရတာမို့ ဖြူစင်​တဲ့ ကိုယ်​ကျင့်​တရား​လေးနဲ့ မှတ်​တမ်း​ကောင်း​လေးနဲ့သာ ​ရေးကြပါ​စေလို့ ​တောင်းဆုပြုလိုက်​ရပါတယ်​။
received_2049128761992324.jpeg
@thuzartun
Photo Credit; Facebook image

Sort:  

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 4.60% upvote!
I was summoned by @thuzartun. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85