You are viewing a single comment's thread from:

RE: Bitcoin ဆိုသောအရာ

in #myanmar6 years ago

တစ်ကမ္ဘာလုံး မည်သည့်နေရာ၊ မည်သည့်နိုင်ငံတွင်မဆို ဗဟိုချုပ်ကိုင်မှုကင်းကင်းဖြင့် ကြားခံလူတစ်ဦးမပါဝင်ဘဲ လွယ်ကူလျှင်ပြန်စွာ သုံးစွဲနိုင်သည့် ငွေကြေးစနစ် လို့နားလယ်ထားပါတယ်ဗျာ။
ကမ္ဘာပေါ်မှာ Digital Payment စနစ်အသုံးပြုနေတဲ့နိုင်ငံပေါင်း များစွာရှိနေပါ တယ်။
ဒိန်းမတ် နိုင်ငံဟာ ငွေစက္ကူမသုံးတော့တဲ့ နိုင်ငံဖြစ်နေပါပြီ။
ဆွီဒင် နိုင်ငံလည်း ငွေစက္ကူမသုံးတော့တဲ့ နိုင်ငံဖြစ်ခါနီးပါပြီ။
နောက်ထပ် ထိပ်တန်းအကျဆုံး 3 နိုင်ငံကတော့
ဘယ်ဂျီယမ် နိုင်ငံရဲ့ 93%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 86% သော သူတွေဟာ digital payment တွေ သုံးနေကြတယ်။
ပြင်သစ် နိုင်ငံရဲ့ 92%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 69% သောသူ တွေဟာ digital payment တွေ သုံးနေကြတယ်။
ကနေဒါ နိုင်ငံရဲ့ 90%သောသူတွေဟာငွေစက္ကူမသုံးတော့ဘူး။ 88% သောသူ တွေ ဟာ digital payment တွေ သုံးနေကြတယ်
Digital payment
စနစ်တွေထဲမှာအသုံးဝင်ဆုံးဟာ
Crypto currency
Crypto currency ဆိုတာ digital currency ပါ
လုံခြုံစိတ်ချရတဲ့ငွေလွှဲပြောင်းခြင်းတွေကိုလုပ်ဖို့ငွေပို့သူနဲ့လက်ခံသူသာရရှိမယ့် စကားဝှက်နည်းစနစ်ကို အသုံးပြုပြီး ငွေကြေးအရ တန်ဖိုးရှိသော ကြားခံ အရာတစ်ခု အဖြစ်ပုံဖော်ထားတဲ့ digital data တွေပါပဲ ဒေသခံငွေကြေး တစ်ခုခုနဲ့ လဲလှယ် သုံးစွဲနိုင်ပါတယ်


Sort:  

Wow, bitcoin အကြောင်းအသေးစိပ်ထပ်သိခွင့်ရပီ။
ကျေးဇူးပါဆရာ။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.031
BTC 69590.59
ETH 3887.33
USDT 1.00
SBD 3.73