သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၆)

in #myanmar5 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၆)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

မိဘကို ရိုသေ လိုရာရ၏။
image
ကျွန်တော်တို့စာဖတ်သူထဲမှာ မိဘကို ရိုသေသူများ ရှိပါလိမ့်မည်။မိဘကို ရိုသေသူတွေအများစုဟာ ဘာအလုပ်ဘဲလုပ်လုပ် ဘယ်ဘဲသွားသွား ခလုတ်မထိ ဆူးမညှိတဲ့ဘေးကနေ လွတ်ကင်းနိင်ပါသည်။သာဓကနဲ့ဥပမာ ပြရရင် ဟိုရှေ့တုန်းက တိုင်းပြည်တပြည်မှာ ဘုရင်နတ်ရွာစံတော့ သားတော်ဖြစ်တဲ့အိမ်ရှေ့မင်းသားနန်းတတ်သည်။ထိုအိမ်ရှေ့မင်းသားဟာ သူအဖေသေလွန်တော့ ဘယ်ဘဝရောက်လည်း သိချင်တာနဲ့ မြတ်စွာဘုရားဆီ သွားပြီးမေးမြန်းလျောက်ထားသောအခါ သူအဖေဟာ ငရဲကျနေကြောင်းသိရှိရသည်။သို့သော် မင်းသားဟာ သူအဖေငရဲကျတာ ဟုတ်မဟုတ်သိရှိရန် ငရဲကို သွားနိင်သူကို ငွေ၁၀၀၀ ပေးမည်ဟု တိုင်းပြည်အနှံ မောင်းထု ကြော် ငြာလိုက်တယ်။ထိုအချိန် မိဘကိုရိုသေသောသူက ဘုရင်ထံသွားပြီး သူငရဲပြည်ကို သွားနိင်ကြောင်း လျောက်ထားကာ ခရီးစထွက်တော့သည်။သို့သော် မိဘရိုသေသူဖြစ်သောကြောင်း နတ်သကြားရဲ့ပလ္လင်ဟာ ကြမ်းတမ်းလာသောကြောင့် သိကြားမင်းလည်း အစအဆုံး ကူညီလေသည်။ဒီသာဓကကို ကြည့်ခြင်းအားဖြင့် မိဘကို ရိုသေသူဟာ လိုရာရကြောင်း ပြောပါရစေ။

ကျီးကို ဘုတ်ရိုသေ၊ဘုတ်ကို ကျီးရိုသေ။
image
ဒီစကားပုံလေးက တစ်ယောက်နဲ့တစ်ယောက် နောက် အချင်းချင်း ရိုသေလေးစားမှုရှိကြောင်း ပြဆိုထားသော စကားလေးဖြစ်သည်။အဘယ်ကြောင့်ဆို ရှေ့လူကြီးတွေ ပြောဖူးတဲ့ဥပမာလေးပေးရရင် ရွာတစ်ရွာမှာ ညီအမနှစ်ယောက်ရှိကြသည်။ထိုညီအမတွေရဲ့အမည်က ကျီးနဲ့ဘုတ်လိုအမည်ရှိကြလေသည်။သူတို့နှစ်ယောက်လုံးက အရမ်းချစ်ကြ ယုယကြသည်။ကျီးကလည်း သူညီမအပေါ် ရိုသေယုယသလို ဘုတ်ကလည်း အမအပေါ် ရိုသေချစ်ကြသည်။ဒါကြောင့်ကျီးကို ဘုတ်ရိုသေ၊ဘုတ်ကို ကျီးရိုသေဆိုတာ ညီမနှစ်ယောက်ကို တင်စား၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။တစ်ချို့က တိရိစ္ဆာန်ဖြစ်သော ကျီး ဘုတ်လို့အမှတ်မှားကြသည်။ဟုတ်တော့လည်း ဟုတ်ပါသည်။ကျီးနဲ့ဘုတ်ဟာ အဝေးကကြည့်လျင် မဲနက်တာခြင်း တူသောလည်း အနီးကပ်ကြည့်လျင် ဘုတ်မှာ အမောက်နဲ့ ရောင်စုံအမွေးအမျှင်များပါရှိပါသည်။ထိုဥပမာလေးကိုကြည့်ပြီး မည်သူကိုမဆို တစ်ဦးကိုတစ်ဦး ကျီးကို ဘုတ်ရိုသေ၊ဘုတ်ကို ကျီးရိုသေဆိုသလို နေကြပါလို့ပြောပါရစေ။

(စကားလက်ဆောင်)

မိဘကိုရိုသေ လိုရာရ၏။

ကျီးကို ဘုတ်ရိုသေ၊ဘုတ်ကို ကျီးရိုသေ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

#myanmar #msc

Posted using Partiko Android

Sort:  

ဆရာ​အေးပိုစ်​​တွေက အခု​ခေတ်​က​လေး​တွေနဲ့အကိုက်​ပါ့ဗျာ

ဟုတ်ကဲ့အကို။သိသလောက်လေး ရေးရတာပါအကိုရေ။အားရင်အားသလို ရေးဖြစ်ပါတယ်

Posted using Partiko Android

မိဘရိုသေ အသက်ရှည်

Posted using Partiko Android

ဟုတ်တယ်ဗျို့

Posted using Partiko Android

ကောင်းမွန်သောစကားလက်ဆောင်ပါ

ဟုတ်ကဲ့ပါ

Posted using Partiko Android

You got a 13.35% upvote from @joeparys! Thank you for your support of our services. To continue your support, please follow and delegate Steem power to @joeparys for daily steem and steem dollar payouts!

ကွက်လပ်ကလးတစ်ခုဖြည့်ပေးလို့ ကျေးဇူးတင်ပါ၏။

ဟုတ်ကဲ့ပါဆရာ

Posted using Partiko Android

အပြန်အလှန်ယုံကြည်လေးစားမှုပေါ့။

ဟုတ်ပါတယ်အကို။

Posted using Partiko Android

ဟုတ်ပါတယ်အကို။

Posted using Partiko Android

မှတ်သားစရာကောင်းပါတယ်အစ်ကို။အမြဲအားပေးလျက်ပါ။

လုလိုကြားရတာ အားဖြစ်ပါတယ်

Posted using Partiko Android

ဆုံးမား​လေး​တွေ မှတ်​သားထားပါမယ်​ဗျာ

Posted using Partiko Android

ကျေးဇူးပါ

Posted using Partiko Android

တန်‌ဘိုးရှိ‌သော စာ‌တွေပါဘဲ။အမြဲအမှတ်‌ရ‌အောင်‌ကြိုးစားပါ့မယ်‌။

ဟုတ်။ကြိုးစားပါအကို

Posted using Partiko Android

ငှက်မှတ်နေတာ ညီအမတွေကို

ဟုတ်။လူတိုင်း အဲလိုထင်နေကြလို့ ရေးလိုက်တာပါ။တကယ်တော့ လူအမည် ညီအမတွေပါအကို

Posted using Partiko Android

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73