အချိန်တိုတိုအတွင်း မိတ်ဆွေဖွဲ့နည်း

in #myanmar6 years ago

အချိန်တိုတိုအတွင်း မိတ်ဆွေဖွဲ့နည်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

IMG_20180508_103009.jpg

ဒီတစ်ပတ်မှာ အချိန်တိုတိုအတွင်း မိတ်ဆွေဖွဲ့နည်း ခေါင်းစဉ်အမည်ဖြင့် စာဖတ်သူအပေါင်းနဲ့မိတ်ဆွေ သူငယ်ချင်း အကို အမ ညီ ညီမ စသောသူတွေကို ဖတ်စေချင်သောစေတနာဖြင့် ကျွန်တော် သိသမျှ ဖတ်ခဲ့သော အသိပညာများကို မျှဝေခွင့်ပြုပါ။

အချိန်တိုတိုအတွင်း ဘယ်လို မိတ်ဆွေဖွဲ့ကြမလဲ?ဟိုအရင် စာရေးသူကျွန်တော်လည်း လူမှုဆက်ဆံရေးအကြောင်းကို လေ့လာခဲ့ပြီး ခုလိုမေးခွန်းမျိုးခဏခဏမေးခဲ့ဖူးသည်။ဒီအချိန်မှာ ကျွန်တော်မေးခဲ့ဖူးတဲ့ အမေးလေးကို ခေါင်းစဉ်ထားပြီး စာရေးလိုက်ခြင်းဖြစ်၏။စာဖတ်သူတို့ ခရီးတစ်ခုသွားလျင် ကားပေါ်မှာဘဲဖြစ်စေ သင်္ဘောပေါ်မှာဘဲဖြစ်စေ (သို့မဟုတ်)လေယာဉ်ပေါ်မှာဘဲဖြစ်စေ မိမိထိုင်ခုံနဲ့အတူကျတဲ့ လူတွေနဲ့ကြုံရပါလိမ့်မည်။ဒါဆို မိမိဘေးက သူနဲ့မိတ်ဆွေဖွဲ့ရတော့မည်။တစ်ချို့က မိတ်ဆက်သောလည်း တစ်ချို့က မိတ်ဆက်ခြင်းမရှိကြပါ။လူအမျိုးမျိုးစိတ်အထွေထွေရှိသောကြောင့် ခုလိုလူတွေရှိကြတာ မဆန်းပါဘူး။ကျွန်တော်ကတော့ သွားလေရာ မိတ်ဆွေဖွဲ့တတ်တဲ့အကျင့်လေးရှိပါသည်။အချိန်တိုတိုဘဲတွေ့ရသောကြောင့် ထိုအချိန်အတိုင်းအတာအတွင်းမှာ မိတ်ဆွေဖွဲ့ရပါတယ်။စာဖတ်သူတို့ရော မိတ်ဆွေဖွဲ့တတ်တဲ့အလေ့အကျင့်လေးတွေ ထားကြပါ။
IMG_20180508_103127.jpg
လူအများစုဟာ လူတစ်ယောက်ကို ကြည့်လျင် ဘယ်နေရာကို အရင်ကြည့်ကြမလဲ?စာဖတ်သူတို့ရော ဘယ်နေရာကို ကြည့်ကြမလဲ?ထိုလူတစ်ယောက်မှာ မျက်နှာ ဆံပင် ခေါင်း ကိုယ် ခြေထောက် စသောနေရာတွေအများကြီးရှိပြီး ထိုအရာတွေထဲက ဘယ်အရာကို အရင်ဆုံး ကြည့်သလဲ? သေသေချာချာစဉ်းစားကြည့်ပါ။ကျွန်တော်ကတော့ မျက်နှာလို့ထင်တယ်။စာဖတ်သူတို့အမြင်လေးတွေကို မန့်ခဲ့ပါ။ဒါဆို မျက်နှာလို့ကျွန်တော်က သတ်မှတ်လိုက်တယ်။ထိုမျက်နှာမှာ မျက်လုံး နား နှခေါင်း ပါးစပ် နှုတ်ခမ်း စသောအရာတွေရှိပြန်တယ်။ထိုအရာတွေကို မိမိအနေနဲ့ အရင်ဆုံး ချီးမွမ်းသင့်တယ်။လူတစ်ယောက်ဟာ မိမိတို့ကို ချီးမွမ်းတာဘဲ ခံချင်တယ်။ကဲ့ရဲ့ပြောဆိုခြင်းကို မကြိုက်ကြဘူး။ဒါကြောင့် လူတိုင်းတိုင်း အနည်းနဲ့အများတော့ သူတို့ရဲ့ကိုယ်ကို ပြင်ဆင်ကြလိမ့်မယ်။
IMG_20180508_103248.jpg
ဒါကြောင့် မိမိတို့အနေနဲ့လည်း သူတို့ ပြင်ဆင်ထားတဲ့အရာကို ချီးမွမ်းမှ သူတို့ကအမှတ်ရနေပါလိမ့်မည်။ထိုချီးမွမ်းတာက ပါးစပ်နဲ့ချီးမွမ်းသောကြောင့် မိမိပါးစပ်ကိုလည်း အထူးဂရုစိုက်သင့်တယ်။ဘာကြောင့်ဆို ဒီပါးစပ်က ကောင်းသောအရာကို ပြောဆိုနိင်သလို မကောင်းသောအရာတွေကိုလည်း ပြောဆိုနိင်သောကြောင့်ဖြစ်၏ပထမဦးဆုံး ချီးမွမ်းခြင်းနဲ့ မိတ်ဆွေဖွဲ့ပါ။နောက်မှ မိမိကိုယ်ကို အမည် နေရပ် ဖုန်းနံပါတ် စသောအရာတွေကို တစ်ဦးနဲ့တစ်ဦးပြောဆိုပြီး မိတ်ဆက်ပါ။ထိုမှတစ်ဆင့် လက်ဆွဲနှုတ်ဆက်ပေါ့။ယောကျာ်းလေးဆို ပြဿနာမရှိသောလည်း မိန်းကလေးကို လက်ဆွဲနှုတ်ဆက်ရင်တော့ လက်ကိုအကြာကြီး ဆုပ်မကိုင်ထားပါနဲ့နော်။တော်ကြာ သူရည်းစားမြင်သွားပြီး ကိုယ်ကို ပြဿနာရှာနေလိမ့်မည်။
IMG_20180508_103334.jpg
ခုလိုမိတ်ဆက်ခြင်းဟာ အချိန်တိုတိုအတွင်း ထိရောက်သော မိတ်ဖွဲ့နည်းဖြစ်သလို တစ်ဦးနဲ့တစ်ဦးနောက် လမ်းမှာဆုံလျှင်ဖြစ်စေ အမြဲအမှတ်ရနေမဲ့ သူများဖြစ်ပါသည်။သို့သော် ချီးမွမ်းခြင်းနဲ့မြှောက်ပင့်ခြင်းကို သေသေချာချာခွဲခြားတတ်ပါစေ။ချီးမွမ်းခြင်းသည် သူတစ်ပါးအတွက် အကျိုးရှိစေပြီး မြှောက်ပင့်ခြင်းသည် သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်။ဒါကြောင့် မိမိကိုမိတ်ဆွေလာဖွဲ့သောသူသည် အမှန်တကယ် မိမိကို လိုလိုလားလားနဲ့ မိတ်ဆွေဖွဲ့ခြင်းလား (သို့မဟုတ်)အကျိုးမျော်လို့ညောင်ရေသွန်းစသောမြှောက်ပင့်စကားလားဆိုတာ ခွဲခြားတတ်ပါစေ။
IMG_20180508_103501.jpg
စာဖတ်သူအပေါင်းလည်း အချိန်တိုတိုအတွင်း မိတ်ဆွေဖွဲ့နိင်ကြပါစေ။ဝေဖန်အကြံပြုစာများ မန့်ခဲ့ပေးကြပါ။

(စကားလက်ဆောင်)

*အချိန်တိုတိုအတွင်း မိတ်ဆွေဖွဲ့ပါ။

*မိမိမိတ်ဆွေရဲ့ ကောင်းကွက်လေးတွေကို အမြဲမှတ်ထားပါ။

*ထိုကောင်းကွက်လေးကို အကြောင်းတိုက်ဆိုင်တိုင်း အမြဲချီးမွမ်းပါ။

*စကားပြောရာတွင် မိမိရဲ့ပါးစပ်ကိုအမြဲထိန်းပါ။

*ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းကို သေသေချာချာခွဲခြားသိမြင်နိင်ပါစေ။

ကျွန်တော်ရဲ့ စာဖတ်သူအားလုံးကို ချီးမွမ်းစကားပြောချင်ပါတယ်။ကျွန်တော်စာလေးကို ခုလိုဖတ်ပေးတဲ့အတွက် စာဖတ်သူအားလုံးချစ်စရာကောင်းပြီး အကောင်းဆုံးမိတ်ဆွေပါလို့ ပြောပါရစေ။အားလုံးကို ကျေးဇူးတင်ပါတယ်။

အစဉ်ကြိုးစားလျှက်
Author tunnaingwin
Msc.100
5/5/2018
10:00am

Sort:  

ဗလ ငါးတန်‌ထဲမှာ မိတ္တဗလပါတယ်‌။မိတ်‌‌ဆွေ ဖွဲ့နိုင်‌‌လေ ‌ကောင်း‌လေပါ။

ဟုတ်တာပေါ့#mahaw

ခုလို​ရေး​ပေး​နေတာအသိပညာရပြီးမှတ်​သားစရာဘဲ...စကားလက်​​ဆောင်​လည်း​ကောင်းပါတယ်​...

asterဆိုရင် စက္ကူနဲ့ပုံလေးတွေတည်ဆောက်တာ အကောင်းဆုံးပါ။

တစ်ကယ် လိုအပ်တယ်ဗျ

ဟုတ်ကဲ့။လူတိုင်းအတွက်လိုအပ်မယ်ထင်လို့ပါ

ဟုတ်ပါတယ် အစ်ကိုရယ် ပထမဦးဆုံးသတိထားမိတာက မျက်နှာပါ သို့ပေမယ့် အစ်ကို့ကို Steemit တွင် စတင်ထားမိသည်က ရခိုင်ဆိုသော ဆိုင်းဘုတ်လေးကြောင့်ပါဗျ

ဟုတ်လား။ကိုက ရခိုင်ကိုချစ်လို့လေ

တစ်ကယ့်လောကနီတိတွေပါပဲ
မှတ်သားလိုက်နာပါ့မယ်

ဟုတ်ကဲ့။လောကနီတိပါ။

မှတ်​သားရပါတယ်​ဗျ

ချီးကျူးတဲ့အခါ စိတ်ရင်းပါရင် ပို အကျိုးရှိတယ်ဗျ ကိုယ်တွေ့ပါဗျာ😊

ခုလိုပြေပြပေးလို့ နည်းလမ်းကောင်းရသွားပြီ ကျေးဇူးပါဗျာ😊😊

ဟုတ်။အမြဲတမ်း တစ်နေ့ထက်တစ်နေ့ကောင်းအောင် ကြိုးစားလျက်ပါ

မှတ်သားစရာတွေချည်းမို့  ဖတ်ရတာကျေးဇူးပါ

ခုလိုအာျးပးလို့လည်း ကျေးဇူးပါမသက်ရေ

ဗဟုသုတရပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63688.35
ETH 3125.30
USDT 1.00
SBD 3.97