လူတိုင်းခေါ်ပါ မင်္ဂလာ

in #myanmar6 years ago

လူတိုင်းခေါ်ပါ မင်္ဂလာ

IMG_20180512_222156.jpg

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
IMG_20180512_222350.jpg
ဒီတစ်ပတ်မှာ စာဖတ်သူတွေကို အသိပညာတစ်ခုနဲ့မိတ်ဆက်ပေးပါမည်။ထိုအသိပညာလေးရဲ့ခေါင်းစဉ်လေးကတော့ လူတိုင်းခေါ်ပါ မင်္ဂလာ ဆိုတဲ့ အမည်လေးနဲ့ရေးသားလိုက်ပါသည်။ခေါင်းစဉ်လေးရဲ့ရည်ရွယ်ချက်ကတော့ လူတိုင်းလူတိုင်း အမြဲတမ်း မင်္ဂလာပါ ဆိုတဲ့စကားလေး ပြောဆိုပေးဖို့ ရည်ရွယ်ထားပါသည်။စာဖတ်သူတို့လည်း အဆုံးထိ ဖတ်ရှုပေးကြပါ။
IMG_20180512_222446.jpg
စာဖတ်သူတို့ စားသောက်ဆိုင် ဟိုတယ်တို့ ဘဏ်တို့တွေမှာ ဝန်ထမ်းအများဆုံး ဘယ်လိုစကားမျိုးသုံးကြသလဲ...?သတိထားမိကြမလား။သတိရောထားပြီး ကြည့်ဖူးသလား။ဟုတ်ကဲ့ စာဖတ်သူတို့ သိရှိသူ သတိထားမိသူရှိသလို သတိမထား မသိသူတွေလည်း ရှိကြပါလိမ့်မည်။စာရေးသူ သတိထားမိခဲ့သည်။ဘဏ် ဟိုတယ် စာသောက်ဆိုင်တွေမှာ ဝန်ထမ်းအများဆုံး မိမိတို့ဆီ လာရောက်အားပေးသူတွေကို မင်္ဂလာပါ ဆိုတဲ့စကားမျိုး ပြောဆို နှုတ်ဆက်တာ မြင်ဖူးပလိမ့်မည်။ဒါဟာ နှုတ်ဆက်ခြင်းတစ်မျိုးဖြစ်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာလည်း မင်္ဂလာပါဆိုတဲ့စကားပြောလေး ကြားလိုက်ယုံနဲ့ ရင်ထဲမှာ ကျေနပ်သွားလိမ့်မည်။
IMG_20180512_222620.jpg
ခုလို အပန်းမကြီးတဲ့မင်္ဂလာစကားလေးကို ဘာကြောင့် လူတိုင်း မပြောနိင်ကြသလဲ။ဘယ်လောက်များ ပင်ပန်းလို့လဲ။မပင်ပန်း မခက်ပါဘူး။ဒါက စာရေးသူအထင်ကို ပြောပြတာပါ။မင်္ဂလာပါဆိုတဲ့စကားကို လူမြင်တိုင်း ပြောဆိုနှုတ်ဆက်ပေးပါ။ခုလို မင်္ဂလာပါ စကားကို ပြောဆို နှုတ်ဆက်ပုံ အမျိုးမျိုးရှိတယ်။ထိုအမျိုးမျိုးထဲက တစ်ချို့ကို ရေးသားသွားပါမည်။မင်္ဂလာပါ အပြောကို ရုပ်ရည်ချောမောသူပြောဆိုရင် ပိုပြီးကောင်းသွားပါလိမ့်မည်။ရုပ်ဆိုတာ လူတစ်ယောက်မှာ အနည်းနဲ့အများတော့ လိုအပ်ပါလိမ့်မည်။ဒါကြောင့်လည်း အလုပ်အကိုင် အတော်များများမှာ ရုပ်အတင့်အသင့်ရှိရမည်။ထိုသို့ ခေါ်ယူကာ အလုပ်များကို ခန့်ထားကြောင့် တွေ့မြင်နိင်ပါမည်။
IMG_20180512_222808.jpg
ခုနောက်ပိုင်း အလုပ်တွေမှာ မင်္ဂလာ စကားပြောဆိုနှုတ်ဆက်ပြီး ရုပ်အတင့်အသင့်ရှိမယ်ဆိုရင် မင်္ဂလာပါ တစ်ခွန်းထဲပြောတာထက် အနည်းကယ်ပြည့်စုံသွားပါလိမ့်မည်။ ထို မင်္ဂလာပါ ပြောဆိုရာတွင် စကားကိုချိုချိုသာသာပြောတာတို့ ပေါင်းစပ်လိုက်ရင် ပိုပြီးကောင်းသွားမည်။စကားချိုချိုသည် လူတိုင်း၏ရင်ထဲကို အေးမြစေပြီး မင်္ဂလာပါလို့ထည့်ပြီး ပြောဆိုပါက ပြည့်စုံသွားကာ ရုပ်ချောသူဖြစ်ရင်တော့ ပိုပြီး ပြည့်စုံသွားမည်။ဒါကြောင့် မင်္ဂလာ ရုပ် ချိုသာသောစကား ထိုအချက် (၃)ချက်ကို လေ့လာပါ။စကားချိုအောင် ပြောဆိုမှုကို လေ့ကျင့်ပါ။မင်္ဂလာပါလို့ မနက်မိုးလင်းတိုင်း မြင်သူများကို နှုတ်ဆက်ပါ။ဒါဆို လူချစ်လူခင်ပေါများစေပြီး အလုပ်လုပ်ရာတွင် အလုပ်တွင်စေပါသည်။နောက် ကိုယ်လိုချင်တဲ့အရာများ ပြီးမြောက်စေပါသည်။
IMG_20180512_222931.jpg
စာဖတ်သူအပေါင်းတို့ မနက်မိုးလင်းတိုင်း မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ပါစေ။ဒီစာလေးဖတ်ပြီးကျန်းမာပျော်ရွှင်ပါစေ။

(စကားလက်ဆောင်)

*လူတိုင်းသည် မင်္ဂလာ လို့နှုတ်ဆက်ရမှာကြောက်ကြသည်။

*လူတိုင်းကို မင်္ဂလာပါ လို့ နှုတ်ဆက်ကြပါ။ချစ်သူခင်သူပေါများလာမည်။

*အမြဲတမ်းမိမိကိုယ်ကို တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် ပိုတော်အောင်ပြုလုပ်ပါ။

*လူတိုင်းသည် ချိုသာသောစကားကိုကြိုက်ကြသည်။ဒါကြောင့် ချိုသာသောစကားပြောဆိုပါ။

*လူဖြစ်လာလျှင် ကောင်းမြတ်သောအလုပ်ကို လုပ်ပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
12/5/2018
10:00am

Sort:  

မင်္ဂလာပါဆိုတဲ့ စကားလုံးလေးက လူမျိုးခြားတွေတောင်မှ မြန်မာတွေနဲ့တွေ့ရင် အမြတ်တနိုးပြောနေတာဆိုတော့ ကျနော်တို့တွေက ပိုပြီးတန်ဖိုးထားပြောဆိုသင့်ပါတယ်

ဟုတ်တယ်@thiရေ

မင်္ဂလာပါ
Welcom to Myanmar .

မင်္ဂလာပါ

မင်္ဂလာပါ ကို ထွန်းနိုင်‌ဝင်း‌ရေ။

မင်္ဂလာပါ@Mahaw

မင်္ဂလာပါ ဆိုတဲ့ စကား​လေး​ပြောရတာ လွယ်​သ​လောက်
ကျွန်​​တော်​တို့အများစု မေ ပြာဖြစ်​ကြဘူး အ​လေ့ အကြင့်​​လေးလုပ်
ရမယ်​ဗျ

ဟုတ်တယ်။တစ်နေ့နည်းနည်းလေ့ကျင့်ရင်အဆင်ပြေသွားပါမည်

ခုလို​ရေး​ပေးတာ​ကောင်းပါတယ်​...မှတ်​သားစရာပါ...စကားလက်​​ဆောင်​အတွက်​​ကျေးဇူးပါ...

ဟုတ်။ခုလိုအားပေးလို့ကျေးဇူးပါ@aster

မှန်ပါ့ဗျာ တခါတလေမှာ နီးလျက်နဲ့ ဝေနေကြတာပါ။မင်္ဂလာပါဆိုတဲ့ စကားလေးကို ချိုချိုသာသာနဲ့ ပြုးရွှင်စွာပြောဆိုနုတ်ဆက်နေကြရင်တော့ဖြင့် ဘယ်လောက်အေးချမ်းပြီးပီတိဖြစ်စရာကောင်းမလဲဗျာ။အားလုံး မေ့နေတတ်ကြတဲ့ စကားလေးကို အခုလို သတိပေးတဲ့ Post ပိုင်ရှင့်ရဲ့စေတနာကိုလည်းလေးစားပါတယ်ခင်ဗျာ။အားပေးလျက်။

ဟုတ်ကဲ့။ခုလိုအားပေးတဲ့အတွက်

မင်္ဂလာပါ ဗျာ အရမ်းကို လိုက်နာသင့်သော ကျင့်ဆောင်သင့်သော post ပါ ၊ သို့ပေမည့် ကျနော်တို့မန်မာလူမျိုးတွေက ပြောလေ့ပြောထ မရှိလို့လားမသိဘူး အဲ့ဒီလိုပြောလိုက်ရင် တစ်မျိုးကြီးဖြစ်နေရော

အစပိုင်းမှာတော့ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ပြောနေကျရင် အဆင်ပြေသွားမှာပါ

မင်္ဂလာပါ ခင်ဗျာ ခုလိုပြောပြပေးလို့ ကျေးဇူးပါ😊😊

ဟုတ်ကဲ့ပါ။

ကိုရီးယားကားတွေထဲကလိုဘဲ ကျမတို့တွေလည်း တစ်ဦးတစ်ဦးတွေ့ရင် မင်္ဂလာပါလို့နှုတ်ဆက်တဲ့အကျင့်လေးရှိရင် သိပ်ကောင်းမှာနော်

အတိုင်းထက်အလွန်ပိုကောင်းတာပေါ့@sandi

ဟုတ်ကဲ့ မင်္ဂလာပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63892.45
ETH 3117.72
USDT 1.00
SBD 3.87