သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၃)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၃)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ငွေပေါတော့ လူပျက်။
image
ငွေငွေငွေ လူတွေသည်းခြေကြိုက်တာငွေပါ။နောက်လူတွေပါးစပ်ဖျားမှာငွေဟာ ဒုတိယဘုရားသခင်လို့ပြောကြသည်။ဟုတ်လည်းဟုတ်ပါတယ်။သို့သော် ငွေပေါသောသူတွေ အများအားဖြင့် လူပျင်းလူပျက်တွေ ဖြစ်ကြသည်။ထိုသို့ပေါများလှသောငွေကို အကျိုးရှိရှိ အသုံးမချတတ်ကြပေ။နောက် ငွေနဲ့အရာရာဖြေရှင်းလို့ရတယ်လို့ထင်တတ်ကြသည်။ဒါဟာ မမှန်ကန်သောစကားပါ။ငွေဟာ အရာအားလုံးကို မဖြေရှင်းတတ်ပါ။ထိုသို့ဖြေရှင်းမှုသည် မတရာသော ဖြေရှင်းမှုသာ ဖြစ်ပါလိမ့်မည်။မိမိမှာငွေပေါနေလျင် ငွေကြေး အထောက်အပံ့လိုအပ်သောနေရာတွေမှာ အကျိုးရှိရှိအသုံးချကြပြီး သူတော်သူကောင်းများလုပ်ကြပါ။ဒါမှမဟုတ် အကျိုးမရှိသောနေရာတွေမှာအသုံးချနေလျင်အသင့်သူသည် လူပျင်းလူပျက်တစ်ယောက်ဖြစ်ပါလိမ့်မည်။သို့ဖြစ်ပါသောကြောင့် လူပျင်းလူပျက်မဖြစ်အောင် စာဖတ်သူတွေလည်း အသိတရားရှေ့ထားကာ စဉ်စားကြပါလို့ ပြောပါရစေ။

#ချစ်တော့ချစ်ပါ။
image
ဒီစာသားလေးက မိသားစုအကြောင်းကို ရည်စူးပြီးရေးသားလိုက်ပါသည်။တစ်ချို့မိသားစုတွေဟာ ပျော်ရွှင်ချမ်းမြေ့စွာနေကြသည်။သို့သော် သူတို့တွေဘာကြောင့်ပျော်ရွှင်သလဲ။ဒါက မိမိတို့မိသားစုကို စည်းစည်းလုံးလုံးနဲ့ထိန်းသိမ်းကြပ်မတ်တော်လို့ဖြစ်ပါလိမ့်မည်။ဒါပေ့မဲ့ အရာအားလုံးတော့ ပျော်ရွှင်နိင်မှာမဟုတ်။ထိုမိသားစုတွေမှာလည်း မိသားစု ပြဿနာတွေရှိတတ်ကြသည်။သူတို့မိသားစုအရေးကို အရေးထားပြီး ဆုံထြတ်ကြလိမ့်မည်။သို့သော် တစ်ချို့မိသားစုတွေမှာ အကြပ်အမတ်တော်ပင်ငြားလည်း မိမိတို့ကလေး သားသမီးတွေရဲ့ အလိုကို သိတတ်ဖို့တော့ လိုပါမယ်။ဘာကြောင့်ဆို မိမိတို့သားသမီးအပေါ် အချစ်ပိုပြီး မဖြစ်သင့်တာ မဖြစ်အောင် ကြပ်မတ်သော်လည်း မိမိတို့ကလေးတွေရဲ့ စိတ်ထဲမှာ သူတို့ဖြစ်ချင်တာ မဖြစ်ရလေသောအခါ စိတ်ဓာတ်ကျခြင်း အားငယ်ခြင်းတွေ ရှိတတ်လာကြသည်။နောက်မိမိကိုယ်ကိုးအားကိုးချင်စိတ်တွေနည်းလာတတ်တယ်။သူများကလေးတွေနဲ့ယှဉ်လျင် အရာရာ အရမ်းကြပ်မတ်ကာ စည်းကမ်းကြီးလွန်တယ်ဟုထင်မြင်လာတတ်ကြတယ်။အချိန်ကြာလာသည်နှင့်အမျှ အစိုင်အခဲကြီးမားလာကာ ပေါက်ကွဲလာကြပြီး မဖြစ်သင့်တာ ဖြစ်လာတတ်ကြပါသည်။သို့ဖြစ်ပါသော်ကြောင့် မိမိတို့ကလေးအပေါ် မလျော့မတင်း စောင်းကြိုးညှင်းသလို့ ထိန်းသိမ်းကြမ်းမတ်ပါလို့ ပြောပါရစေ။

#စနစ်တကျ သုံးတတ်သူအဖို့ စာအုပ်မလို။
image

လူလောကတွင် နေထိုင်ကြသ၍ အသုံး အဖြုန်းစသောအရာတွေ ပြုလုပ်ကြရလိမ့်မည်။ဒါဟာ လူလောက နိယာမသဘောပါ။တစ်ချို့တွေအလုပ်လုပ်ကိုင်ရာတွင် စာရင်းဇယားတွေနဲ့လုပ်တတ်ကြသည်။ဒါဟာ စနစ်ကျမှုကိုပြသလို့ မိမိတို့အလုပ်အပေါ်စေ့စပ်သေချာမှုကိုပြသခြင်းဖြစ်သည်။အရမ်းစနစ်တကျပြုလုပ်သူကြတော့ ထိုသို့မပြူလုပ်ကြပါဘူး။သူတို့တွေဟာ ငွေကို ရအောင်ရှာပြီး အလုပ်ကိုစနစ်တကျမှတ်မှန်ကန်ကန်လုပ်တော့ကြောင့် စာရင်းမှတိရန် စာအုပ်မလိုပါ။သူတို့ရင်ထဲမှာ အသည်းစွဲအောင် ငယ်စဉ်အခါက ပြုလုပ်ခဲ့သောကြောင့် ကြီးသောအခါ နှလုံးသားမှာ စွဲနေပြီး စာအုပ်မလိုတော့ပါ။ဒါကြောင့် မိမိတို့အနေနဲ့လည်း စာအုပ်သည် စာရင်းကိုနိင်အောင် မှတ်သားထားခြင်းဖြစ်ပြီး အလားတူ မိမိကလည်း မိမိဘဝအတွက် စနစ်တကျပြုလုပ်သောအရာတွေကို စာရင်းလုပ်ပြီးမမှတ်ဘဲ နှလုံးသားထဲမှာ သံမှိုလို့စွဲအောင် ပြုလုပ်ကြပါလို့ပြောပါရစေ။

(စကားလက်ဆောင်)

ငွေပေါတော့ လူပျက်။

ချစ်တော့ချစ်ပါ။

စနစ်တကျ သုံးတတ်သူအဖို့ စာအုပ်မလို။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

တန်‌ဘိုးရှိ‌သော အသိ‌လေး‌တွေ အလင်း ပြ‌ပေးလို့ ‌ကျေးဇူးပါ။

ဟုတ် ဆက်လက်ကြိုးစားလျက်ပါ

ငွေ​ပေါ​တော့လူပျက်​ဆိုတဲ့စကား အရမ်းမှန်​တယ်​....အခု​ခေတ်​ပို​တောင်​မှန်​​သေးတယ်

ဟုတ်ကဲ့။ခုလိုကြားရတာ ကျေးဇူးပါ

နည်းလမ်း​ကောင်း​လေး​တွေ ​ပြောပြ​ပေးလို့​ကျေးဇူးပါဗျာ

ဟုတ်။စာများများဖတ်ပြီး ကြိုးစားစွာရေးသားလျက်ပါ

ငွေများငွေနိုင်တဲ့ခေတ်ပါ လူသတ်မှုတောင် ကျေအေးနိုင်တယ်လေ

ဟုတ်တယ်

ဒို့မြန်​မာစကားပုံရှိတယ်
ငွေသည်​ လူကိုဖြက်​ဆီးတပ်​၏တဲ့
လူပြက်​မှာစိုးလို့​ငွေသိပ်​မရှာ​တော့ဘူး အဟီးးး

အရမ်းမှန်တယ်

မှတ်​သားဖွယ်​ဥပ​ဒေသများပါ...လိုက်​နာကျင့်​သုံးနိုင်​ရင်​အ​ကောင်းဆုံးပါ...ခုလိုမျ​ဝေ​ပေးလို့​ကျေးဇူးပါ...

အသုံးနဲ့ အဖြုန်းမကွဲပြားတဲ့သူ များပါတယ်

ဟုတ်ကဲ့ပါ

သိမှတ်ဖွယ်ရာ လူမှု့ဥပဒေသတွေကို တင်ပြပေးတာ အားလုံးအတွက် အသိတွေတိုးစေပါတယ်။မှတ်သားစရာတွေလည်း အများကြီးရရှိပါတယ်ခင်ဗျာ။လေးစားလျက်

ဟုတ်ကဲ့ကျေးဇူးပါ

ငွေကတော့ ပေါဘူးကွယ် ပေါသူများအစား အပျက်တောင်ခံချင်စိတ်ပေါက်တယ်ကွယ် ။

ဟဲဟဲ နာကတော့ ရေပေါတယ်ကွယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94