သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၅)
#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၅)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။
#တောင်သူယာခုတ်။
ဒီစကားက ကျွန်တော်တို့ တောသူတောင်သားဆိုတာ လယ် ယာ စိုက်ပျိုးရေးများ လုပ်ကိုင်ကြသည်။လယ် ယာ စိုက်ပျိုးရေး လုပ်ရင် တောသူတောင်သားတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ချုံနွယ် သစ်ပင်များရှင်းလင်းသုတ်သင်ကြသည်။ထိုသို့ ချုံနွယ် သစ်ပင်များရှင်းလင်းသုတ်သင်ရာ၌ ချုံနွယ်များကိုအရင်ရှင်းပြီးမှ သစ်ပင်များကို နောက်ကျမှရှင်းလင်းကြတာ တွေ့ရလိမ့်မည်။ထိုအတူ စကားပြောရာတွင် တောင်သူယာခုတ်စကားပြောနည်းအတိုင်း ပြောရမည်။မိမိအတွက်အရေးကြီးသောစကားကို နောက်မှ ပြောကာ အရေးမကြီးတဲ့စကားတွေကိုအရင်ပြောရလိမ့်မည်။အရေးကြီးသောစကားဟာ သစ်ပင်နဲ့တူပြီး အရေးမကြီးသောစကားဟာ ချုံနွယ်နဲ့အလားတူပါသည်။ဒါကြောင့် တောင်သူယာခုတ်စကားပြောနည်းနဲ့အလျင်သင့်သလိုပြောပါလို့ တိုက်တွန်းပါရစေ။
#ကြက်ဆုတ်ခွပ်ပစ်။
မိမိတို့ရဲ့ ပတ်ဝန်းကျင်တွေ သို့မဟုတ် တောရွာကြက်ဝိုင်းမှ ကြင်တိုက်နေကြသည့်ကို တွေ့မြင်ကြရလိမ့်မည်။ထိုသို့ ကြက်ဝိုင်းတွေမှာ ကြက်ခွပ်နေကြသည့်ကို သတိထားကြည့်မိမည့်ထင်ပါသည်။ထိုအတူ ကြက်ခွပ်တာကိုသတိထားကြည့်လျင် ကြက်တွေဟာ ရှေ့တိုးနောက်ဆုတ်ဆိုသလို ပြုမှုလှုပ်ရှားကြလိမ့်မည်။နောက်မိမိတို့ပိုင်မှ မိမှသာ ခွပ်ကြသည်။ထိုအတူ စကားပြောရာတွင် တစ်ဘက်လူရဲ့ စကားကို ရေလိုက်ငါးလိုက် အလိုက်အထိုက်နားထောင်သင့်သလို မိမိကပိုင်တဲ့အခါ အမိအရ လိုရာကို ဆွဲသွင်းနိင်အောင် ပြောဆိုတတ်ရပါမည်။သို့ဖြစ်ပါသောကြောင့် ကြက်ဆုတ်ခွပ်ပစ်စကားလည်း အရေးပါလှကြောင်း ပြောပါရစေ။
(စကားလက်ဆောင်)
#တောင်သူယာခုတ်။
#ကြက်ဆုတ်ခွပ်ပစ်။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
#myanmar#msc
မှတ်သားပါ့မယ် ကိုအေး😁
Posted using Partiko Android
ဟုတ်မကြည်
Posted using Partiko Android
Posted using Partiko Android
ဒီဥပဒေသလေးနှစ်ခုဟာလည်း စကားပြောဆိုရာတွင် အခြေအနေကို လိမ္မာပါးနပ်စွာ အသုံးချနိုင်ရန် မှတ်သားထားသင့်သော စကားပြောဆိုနည်းလေးတွေပဲဖြစ်ပါတယ်အစ်ကို။ကောင်းမွန်လှပါတယ်။
မှန်တယ်။
Posted using Partiko Android
Posted using Partiko Android
You got a 14.25% upvote from @joeparys! Thank you for your support of our services. To continue your support, please follow and delegate Steem power to @joeparys for daily steem and steem dollar payouts!
သူများပြောစကားနားထောင်မှ ကိုယ်လည်းသူလိုပြောတတ်အောင်သင်နေရတယ်
ဟုတ်တယ်အကိုရေ
Posted using Partiko Android
တောင်သူလဲယာခုတ်စရာမရှိတော့သလောက်ပါပဲ တိုက်စရာ ဗမာကြက်လည်း မရှိတော့သလောက်ရှားပါးနေပါပြီဗျာ
အထက်မြန်မာပြည်ဘက်မှတော့ ရှိသေးပါဗျာ
Posted using Partiko Android
ဆရာအေးရေးတဲ့ စာတွေကတော့
အဓိပ္ပာယ် အပြည့်တွေ ခြည်းပါဘဲဗျာ
ဟုန်ခုလိုကြားရတော့ အားဖြစ်စေပါတယ်
Posted using Partiko Android
သိသင့်သောအရာများကို ဖော် ပြပေးလို့ ကျေးဇူးပါအစ်ကို။
သိထိုက်သောအရာတွေကို တင်ပြလျက်ပါ
Posted using Partiko Android
စကားပြောနည်းသိရတ မှတ်သားထိုက်ပါပေတယ် ကိုအေးရေ
Posted using Partiko Android
သိသလောက်လေးရေးသားခြင်းဖြစ်ပါသည်
Posted using Partiko Android
မှတ်သားထားပါ့မယ် အကိုရေ
မှတ်ပါကွယ်
Posted using Partiko Android