About "SNAX" Token...!

in #myanmar5 years ago (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ မိမိတို့၏twitter account နှင့် ချိတ်ဆက်ပြီး အသုံးပြုရမည့် snax token လေးတစ်ခုအကြောင်း အနည်းငယ်ပြောပြခဲ့ချင်ပါသည်။
မနေ့က ကျွန်တော်တို့၏ MSC leader မှ ထို snax tokens ရရှိရန်အတွက် account ဖွင့်နိုင်ရန် snax.one link ကို MSC group page တွင် ချပေးခဲ့ပါသည်။
ထို snax token လေးအတွက် မည်သို့ မည်ပုံလုပ်ရမည်ကို ပြောပြ၍ လုပ်ထားကြရန် တိုက်တွန်းသွားပါသည်။
ဒါကြောင့် snax account လေးဖွင့်ပြီး လောလောဆယ်သူတို့ပေးသော 50 SNAX အရင်ယူထားနိုင်ကြစေရန် account ဖွင့်ပုံလေးအား ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ...။

Screenshot photo from my phone

#account ဖွင့်ရန်အတွက်...
*(1)မိမိ twitter account ရှိရမည်။
*(2)account ဖွင့်ရာတွင် extension add ရမည်ဖြစ်၍ Yandex Browser ရှိရမည်။(for mobile user)

#account ဖွင့်ပုံအဆင့်ဆင့်

Screenshot photo from snax.one

sign up with twitter ဆိုတာကို ထပ်နှိပ်လိုက်ပါက extension add ရန် ပြောပါလိမ့်မည်။

Screenshot photo from snax.one

ထို့ကြောင့် Chrome Browser extension ကိုသွား၍ add on လုပ်ရမည် ဖြစ်ပါသည်။ထိုအရာလုပ်ရန် ဖုန်းနှင့်လုပ်သောသူများအတွက် Chrome Browser နဲ့ အဆင်သိပ်မပြေသောကြောင့် မိမိတို့ စတင်လုပ်ကတည်းက Yandex Browser တွင်သုံးပြီး extension သို့သွားကာ add on လုပ်ပါက ပိုပြီးအဆင်ပြေပါလိမ့်မည်။

Screenshot photo from my browser

ပြီးပါက snax wallet ဖွင့်ရန်အဆင့်ကို ရောက်ပါလိမ့်မည်။wallet အတွက် name တို့ password တို့ဖြည့်ပြီး twitter တွင် first tweet လုပ်ရပါလိမ့်မည်။
သူပြန်ပို့လာသော wallet key ကိုတော့ copy ကူးပြီး မှတ်ထားလိုက်ပါ။

Screenshot photo from snax.one

snax wallet ဖွင့်ပြီးပါက snax.one link ကို ပြန်သွားပြီး sign in ဝင်လိုက်တာနဲ့ twitter account နှင့် ချိတ်ဆက်သွားပြီး မိမိ၏ snax account ရရှိပြီဖြစ်ပါကြောင်း snax - 50 free ရောက်ရှိလာမှာ ဖြစ်ပါကြောင်း account ဖွင့်ထားနိုင်ကြစေရန် ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။

Screenshot photo from my snax account

ဒါ့အပြင် "snaxBountyProgram" အတွက် မိမိ၏steem account တွင် snax အကြောင်းမိတ်ဆက်စာ ရေး၍ bounty program တွင် ပါဝင်နိုင်မှာဖြစ်ပါသည်။
steemit နှင့် 14.5.2019 တွင် ချိတ်ဆက်ပြီး reward များပေးသွားမှာဖြစ်တဲ့အတွက် ဒီ program လေးကိုလည်း ပါဝင်သင့်ကြောင်း တိုက်တွန်းချင်ပါသည်။

Screenshot photo from my snax account

#ဒီ snaxbountyprogram ပါဝင်နိုင်ဖို့အတွက်...
*(1)မိမိ steem account ရှိရမည်။
*(2)မိမိ steem blog တွင် snax အကြောင်းမိတ်ဆက်စာ Post တင်ရမည်ဖြစ်ပြီး စာလုံးရေ အနည်းဆုံး 1000 ခန့် ရှိရမည် ဖြစ်ပါသည်။
*(3)tag တွင် snaxbountyprogram ကို မဖြစ်မနေ ထည့်ပေးရပါမည်။
သို့မှသာ snaxBountyProgram ၏ participant တစ်ယောက်ဖြစ်လာပြီး သူပေးမည့် reward များရရှိလာမှာဖြစ်ပါကြောင်း ထပ်မံဖော်ပြပေးလိုက်ရပါတော့သည်။
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Posted using Partiko Android

Sort:  

ပြည့်ပြည့်စုံစုံ တင်ပြထားတာ ကောင်းတယ်ဗျာ။ နောက်လူတွေလဲ လက်တွေ့ အသုံးပြုနိုင်တာပေါ့။

ဟုတ်ကဲ့ပါအစ်ကို ဒီနေ့အစ်ကို့ရဲ့ post လေးတွေ့တော့ အမှန်တကယ် ဝမ်းသာမိပါတယ်။အခုလို အချိန်ပေးပြီး လာမန့်ပေးတာ ကျေးဇူးပါခင်ဗျာ။အစ်ကို အလုပ်တွေ အစစ အရာရာ အဆင်ပြေချောမွေ့ တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်အစ်ကို။

Posted using Partiko Android

အတော်ပဲ ဖုန်းနဲ့မလုပ်တက်တဲ့သူတွေအတွက်အဆင်ပြေသွားတာပေါ့...အရမ်းကောင်းပါတယ်...တစ်ဆင့်ချင်းရှင်းပြသွားတာ

ဟုတ်ကဲ့ပါအစ်မ အခုလိုပြောပေးလို့ ဝမ်းသာမိပါတယ်။ကျေးဇူးလည်းအများကြီးတင်ပါတယ်ခင်ဗျာ။

Posted using Partiko Android

အခုမှပဲ သဘောပါတော့တယ် ကျေးဇူးပါဗျာ

ဟုတ်ကဲ့ပါဦးထွေး ကျေးဇူးတင်ပါတယ်။

Posted using Partiko Android

လုပ်နိုင်သူများ လုပ်ကြပါ အခုလို သေသေချာချာ ရေးပေးထားတော့ အဆင်ပြေတာပေါ့ ကျေးဇူးပါ

ဦးစိုး အလုပ်မအားလို့လား...?

Posted using Partiko Android

အဲလိုပဲပြောရမှာပဲ

လုပ်ပုံလေးတွေကို အဆငိ့ဆင့် သေချာရှင်းပြထားတဲ့အတွက် မသိသေးသူတွေအလွယ်တကူ ဖွင့်တက်သွားပါတယ် ကျေးဇူးပါ

ဟုတ်ကဲ့အစ်မ မဖွင့်ရသေးတဲ့သူတွေ အနီးစပ်ဆုံး လွယ်ကူစွာ ဖွင့်နိုင်စေရန်အတွက်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85