အနာဂတ်ကမ္ဘာကြီး လှပအောင်...!

in #myanmar6 years ago

ကျွန်တော်တို့ကမ္ဘာပေါ်ရှိ သက်ရှိ သက်မဲ့များအားလုံးသည် မြေ..ရေ..လေ..ရာသီဥတု စသော သဘာဝအရင်းအမြစ်များအပေါ် လိုက်၍ ပြုပြင်ပြောင်းလဲ ရှင်သန်လျက်ရှိကြပါသည်။ထို့အထဲတွင် တစ်ခုအပါအဝင်ဖြစ်သော သစ်ပင်ပန်းပင်များသည်လည်း ရေ..မြေ..လေ..ရာသီဥတု အပေါ်တွင် မူတည်ပြီး ရှင်သန်နေကြရပါသည်။ ရေ..မြေ..လေ..ရာသီဥတု ကောင်းရင်ကောင်းသလို သစ်ပင်ပန်းပင်များ၏ ကြီးထွားပွင့်ဖူးနှုန်း မှာလည်း ပိုမိုပွင့်ဖူးကြမည်ဖြစ်ပါသည်။
Çiçek-Sulamanın-Püf-Noktaları.png
Crd-org-source
တစ်ချို့သော သစ်ပင်ပန်းပင်များမှာ လူတို့စိုက်ပျိုးပြီး ဂရုတစိုက် စနစ်တကျ ဆောင်ရွက်ပါက ပို၍ကောင်းသော စီးပွားဖြစ် တန်ဖိုးရှိသော သစ်ပင်ပန်းပင်များအဖြစ် ရှင်သန်နေကြသည်ကိုလည်း တွေ့ရှိကြမှာပါ။သစ်ပင်ပန်းပင်များ၏ အမျိုးအစားအလိုက် မြေဆီလွှာရွေးချယ်စိုက်ပျိုးခြင်း..မြေသြဇာထည့်ပေးခြင်း..အချိန်အလိုက် ရေဓါတ်ဖြည့်တင်းပေးခြင်း..အင်းဆက်ပိုးမွှားများအတွက် ပိုးသတ်ဆေးဖျန်းပေးခြင်း..နေရောင်ခြည် အထိုက်အသင့်ရရှိရန် ဆောင်ရွက်ပေးခြင်း စသော လိုအပ်သည်များဆောင်ရွက်ပေးခြင်းဖြင့် သစ်ပင်ပန်းပင်များကို ပိုမိုဖူးပွင့် ဝေဆာအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါသည်။
သို့မှသာ ပတ်ဝန်းကျင်အတွက် ပိုမိုအထောက်အပံ့ဖြစ်သော လူသားတွေအတွက် တန်ဖိုးရှိလှသော သစ်ပင်ပန်းပင်များ ဖြစ်လာပါလိမ့်မည်။
Sunflowers.jpg
Crd-org-source
ထို့အတူ လူသားအားလုံးသည်လည်း မိမိတို့၏သားငယ်သမီးငယ်များအား စနစ်တကျ ဂရုတစိုက် ပြုစုမွေးမြူစောင့်ရှောက်ရပေမည်။သစ်ပင်ပန်းပင်များ ပိုမိုကောင်းမွန်ရန်အတွက် ရေ..မြေ..လေ..ရာသီဥတု ကောင်းမွန်ရန်လိုအပ်သလို မိမိတို့၏သားသမီးများအတွက်လည်း မိမိ၏ပညာ..အတွေ့အကြုံ..ဗဟုသုတ..ငွေကြေးချမ်းသာမှု..မိမိ၏အပြောအဆို အမူအကျင့် စသောအရာများသည်လည်း ပိုမိုပြည့်စုံဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။
မိမိတို့နိုင်ငံ၏ အနာဂတ်သည် မိမိတို့၏မျိုးဆက်သစ် သားသမီး လူငယ်လူရွယ်လေးများအပေါ်တွင် များစွာမူတည်နေပေသည်။ထို့ကြောင့် မိမိတို့၏မျိုးဆက်သစ်ကလေးများအား ပိုမိုတိုးတက်အောင်မြင်သော လူတော်လူကောင်းလေးများ ဖြစ်ရန် မိမိတို့အပေါ်တွင်များစွာ မူတည်နေပါအုံးမည်။
OCO_9_small.png
Crd-org-source
ဒါ့အပြင့် သက်ရှိများထဲတွင် လူသားများသည် အသိညဏ်အရှိဆုံး ဖြစ်ပေသည်။ထို့ကြောင့် မိမိတို့၏သားသမီးများအတွက် ဦးနှောက်ညဏ်နှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ရန် စိတ်ဓါတ်ကြံ့ခိုင်ရေး စိတ်ဓါတ်ကောင်းမွန်ရေးတို့ကို လေ့ကျင့်သင်ကြားပေးရအုံးမည်ဖြစ်ပါသည်။မိမိပြုလုပ်သော ကိစ္စရပ်တစ်ခုဟာ သားသမီးများအတွက် စိတ်ဓါတ်ရေးရာ ပျက်ပြားသွားနိုင်လောက်ပါက သတိထားကိုင်တွယ် လုပ်ဆောင်ရမည်ဖြစ်ပါသည်။များသောအားဖြင့် ငယ်ရွယ်သောအချိန်တွင် စိတ်ဓါတ်ရေးရာပိုင်းမှာ အလွန်အကဲဆတ်သောအချိန်ဖြစ်ပါသည်။
ဒါလေးနဲ့ ပတ်သက်ပြီး မိမိဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခု ပြောပြခဲ့ပါရစေ။
shutterstock_171988865_ideas_invention.jpg
Crd-org-source
**အလွန်စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက သူ၏သားငယ်ကို  မိုးပျံပူဖောင်းတစ်လုံး ဝယ်ပေးပါတယ်။ကလေးငယ်က မိုးပျံပူဖောင်း၏ကြိုးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွခုန်ဆွနဲ့ပျော်နေခဲ့တယ်။ခဏအကြာမှာ မမျှော်လင့်ပဲ လက်ထဲကနေ ပူဖောင်းဟာ လွတ်သွားခဲ့ပါတယ်။ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်သွားပြီး ကောင်းကင်ပေါ်တက်သွားတဲ့ ပူဖေါင်းလေးကို နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေပါတယ်။ဒါကို ထက်မြတ်တဲ့မိခင်က မြင်တော့ ဝမ်းသာပျော်ရွှင်တဲ့အသံဖြင့် "သားရေ..ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းလေးကို ထမင်းစားဖို့ပြန်ခေါ်သွားပြီ.. သား..လက်ပြနှုတ်ဆက်လိုက်လေ"လို့ ပြောလိုက်တယ်လေ။
ဒီအခါမှာ မိခင်၏စကားကြောင့် ဝမ်းနည်းနေတဲ့စိတ်ကို အာရုံပြောင်းသလိုဖြစ်ပြီး ကလေးဟာ ပူဖောင်းကိုကြည့်ပြီး လက်ပြနှုတ်ဆက်နေပါတော့သည်။ပါးစပ်မှလည်း တာ့တာ တာ့တာဟုတောင် ရေရွတ်နှုတ်ဆက်နေတဲ့ အခြေအနေဖြစ်သွားတော့တာပေါ့။
အဲဒီနေရာမှာ...
**သားရေ မငိုနဲ့တော့ မေမေနောက်တစ်လုံးပြန်ဝယ်ပေးမယ်ဆိုရင် ကလေးရဲ့စိတ်ထဲမှာ ငါ့အမှားလုပ်လည်း လူကြီးတွေက တာဝန်ယူမှာပဲ။ လူကြီးမိဘတွေက ပြန်လုပ်ပေးမှာပဲ။ဖာထေးပေးမှာပဲ... လို့အတွေးမှားဝင်ရောက်သွားနိုင်ပါတယ်။ဒါကြောင့် ဒီလို စကားမျိုး ခဏခဏမပြောမိအောင် သတိထားရပါလိမ့်မယ်။
**ဒီနေရာမှာ နင်အသုံးမကျလို့ လွတ်သွားတာ ပြန်မဝယ်ပေးဘူးလို့  ပြောလိုက်ရင်လည်း ကလေးငယ်ဟာ မိမိကိုယ်မိမိ ယုံကြည်မှုကင်းမဲ့ပြီး တစ်ခုခုဆိုရင် သိမ်ငယ်စိတ်တွေ ဖြစ်လာမယ်။ဒါကြောင့် ဒီလိုမျိုးတွေလည်း မပြောဖြစ်အောင် ရှောင်ကြဉ်ကြရပါမယ်။
**ထက်မြတ်တဲ့မိခင်ပြောသွားသောစကားသည် ကလေးငယ်အား ဝမ်းနည်းနေသောစိတ်ကို ပျော်ရွှင်သွားအောင်လုပ်ဆောင်ပေးရုံတင်မကပဲ မိခင်က ထမင်းစားခေါ်သောအခါ ကလေးများဟာ ထမင်းစားဖို့သွားရတယ်ဆိုတဲ့ နာခံတတ်တဲ့အသိစိတ်ရအောင် ဖန်တီးသွားနိုင်ခဲ့ပါတယ်။
bee05b5270fb45088eef74b6c51b7ca4.jpg
Crd-org-source
ဒါကြောင့် မိမိတို့၏အနာဂတ် နိုင်ငံတော်ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မိမိတို့၏မျိုးဆက်သစ်များအား လူတော်လူကောင်းလေးများ ဖြစ်လာစေရန် မိမိတို့၏စနစ်ကျလှသော ပြုစုပျိုးထောင်မှုအပေါ်တွင် မူတည်ပါကြောင်း...
လောကကြီးပိုမိုတိုးတက်ပြီး ပိုမိုသာယာလှပဖို့ မိမိတို့၏အကောင်းဆုံးသော အရည်အသွေးများသည်သာ အဓိကကျပါကြောင်း...
မိမိကိုယ်တိုင် အရည်အသွေးမြင့်မားမှသာ မိမိ၏မျိုးဆက်သစ်အရည်အသွေး မြင့်မားလာပြီး မိမိပတ်ဝန်းကျင် ပိုမိုသာယာလှပနိုင်မည်ဖြစ်ပါကြောင်း...တိုက်တွန်းရေးသား အကြံပြုလိုက်ရပါတော့သည်။
oprahwinfrey1-2x.jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

သစ်ပင်တွေရှင်သန်ဖို့ ပြုစုပျိုးထောင်ပုံ သားသမီးတွေ အဖက်ဖက်ပြည့်စုံဖို့ ပြုစုပျိုးထောင်ပုံတွေကို ဥပမာလေးနဲ့တင်
ပြသွားတာကောင်းပါတယ်ကိုသန့်ဇင်

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

မျိုးဆက်သစ်လူငယ်တွေကို လမ်းမှန်တဲ့အသိတရားတွေနဲ့  သိမ်ငယ်မှု မဝင်ရအောင် ငယ်စဉ်ကတည်းက လမ်းညွှန်ပြသသွားဖို့  လိုအပ်ပါတယ် ဒါ့အပြင်
ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့အရည်အသွေး
ပြည့်ဝဖို့ လည်းလိုအပ်ပါတယ် Good Post ပါဗျာအကိုသန့် 

ဟုတ်ပါတယ်ခင်ဗျာ မျိုးဆက်သစ်လူငယ်တွေကို စနစ်တကျ လမ်းပြပေးနိုင်အောင် မိမိကိုယ်တိုင်ကလည်း ပြောင်မြောက်တဲ့ အရည်အသွေးရှိဖို့ လိုအပ်ပါတယ်

အနာဂတ်လေးတွေလှပအောင်ရှေ့ဆောင် လမ်းပြ ကြရမည်

မိမိ၏အရည်အသွေးကောင်းတွေနဲ့ အနာဂတ်အတွက် ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားကြရမှာပေါ့

မျိုးဆက်သစ်ဆွာ. ခေးကိုကျောနာဖိမေ 😃😃😃

ခေးအသက်က လူကြီးမဖြစ်သေးဘူးလား။လူကြီးဖြစ်ရင်တော့ နောင်မျိုးဆက်သစ်လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်အောင် ကြိုးစားရမှာပါ။

ဒါကတော့ မိဘတွေက အဓိကကျမယ် ထင်တယ်။ ပတ်ဝန်းကျင်လည်းဆိုင်ပါတယ်။ သို့သော်မိဘက ပိုအဓိကကျတယ် ထင်တယ်။

ဟုတ်ပါတယ် ရာခိုင်နှုန်းအရ မိဘနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ဒါကြောင့် ဒီလိုလေးပြန်လည်တင်ပြပေးလိုက်တာပါခင်ဗျာ

ပုံပြင်​​လေးနဲ့​ပြောပြသွားတာ​ကောင်းပါတယ်​...ငယ်​ရွယ်​တဲ့က​လေး​တွေကိုပြုစုပျိုး​ထောင်​ရတာလည်းတကယ်​အ​ရေးကြီးတာပါ​နော့....

တစ်ခါတစ်လေတော့ သိပ်ပြဿနာမရှိပေမဲ့ ငယ်ရွယ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ အကဲဆတ်လွန်းတဲ့အတွက် မိဘတွေအပေါ် အများကြီးမူတည်နေမှာပါ

သိပ်​​ကောင်းတဲ့ပိုစ့်​ပါ
ယ္ခုလူငယ်​​တွေဟာ ​နောင်​လူကြီး ဖြစ်​မှာမို့ ပြုစုပျိုး​ထောင်​သင့်​ပါတယ်

ဟုတ်အစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောင်အနာဂတ်ကမ္ဘာကြီးလှပဖို့ မျိုးဆက်သစ်လူငယ်လေးတွေကို မိမိတို့က စနစ်တကျ ပြုစုပျိုးထောင်ပေးရမှာပါ။

ပုံပြင် ပညာပေးလေး သိပ်ကိုကောင်းပါတယ်

ဟုတ်ကဲ့ အန်တီ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဟုတ်​တယ်​....မျိုးဆက်​သစ်​က​လေး​တွေကို​ကောင်း​ကောင်းပြုစု​ပေးရမယ်

သေချာတာပေါ့ခင်ဗျာ ဒါမှ အနာဂတ်ကမ္ဘာကြီး သာယာလှပနေမှာပေါ့။

မိဘ‌တွေကိုယ်‌တိုင်‌ အရည်‌အ‌သွေး မြှင့်‌ဘို့ လို‌ကြောင်း‌ထောက်‌ ပြသွားတာ တန်‌ဘိုးရှိလှပါတယ်‌။

ဟုတ်အစ်ကို မိမိတို့ကိုယ်တိုင် အရည်အသွေးမြင့်ဖို့လိုပါတယ်။ကျေးဇူးပါခင်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98