အရှုံးထဲကအမြတ်ကိုယူပါ...!

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးရှိ (၁၀)တန်းစာမေးပွဲ အောင်စာရင်းတွေထွက်တော့ ကိုယ့်အနီးအနားပတ်ဝန်းကျင် အသိမိတ်ဆွေများနှင့် အဝေးမှဆွေမျိုးများ၏သားသမီးများ အား သတင်းလှမ်းမေးပြီး အောင်တဲ့သူတွေလည်းအောင်ကြတယ်...တစ်ချို့ကျတဲ့ သူလည်းရှိကြတာပေါ့။စာမေးပွဲအောင်တဲ့သူတွေကတော့ အောင်တဲ့အထိမ်းအမှတ်နဲ့ မုန့်ဟင်းခါးချက်ကြွေးတာတို့...ကြာဇံကြော်ကျွေးတာတို့နဲ့ ပျော်ရွှင်နေကြတာပေါ့ဗျာ။တစ်ချို့မိဘတွေဆို သူ့သမီးလေးအောင်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဘုရားဖူးခရီးစဉ်လိုက်ပို့ကြတယ်လေ။ဝမ်းသာပီတိဖြစ်စရာကောင်းပါတယ်။
ဒီနေရာမှာ စာမေးပွဲကျသွားတဲ့သူတွေအတွက် အနည်းငယ်ပြောပြချင်တာပါ။စာမေးပွဲကျရှုံးသွားတဲ့သူတွေဟာ သူတို့ဖြတ်သန်းလာသော အတွေ့အကြုံ ဗဟုသုတတွေအပေါ်မူတည်ပြီး ထိုသူတို့တွင် ဖြစ်ပေါ်လာနိုင်သော စိတ်သုံးမျိုးကို အားဆေးအဖြစ်နဲ့ ဝေဖန်အကြံပေးခဲ့ပါရစေ။
FB_IMG_1528553961512.jpg
Crd-org-source
(၁)အားငယ်စိတ်-----!
             စားမေးပွဲကျသွားတဲ့သူတွေဟာ မိမိ ကျရှုံးသွားတဲ့အတွက် စိတ်အားငယ်မှုရှိလာမှာပါ။ဒါပေမဲ့ ဒီအရှုံးကို မိမိလက်ခံနိုင်ရမှာပါ။ဒါမိမိလုပ်ခဲ့တဲ့ကိစ္စပါ။မိမိဟာ စာမေးပွဲအောင်သွားတဲ့သူတွေလို စာအပေါ်မှာ ဂရုတစိုက် လေးလေးစားစား မသင်ယူ မကျက်မှတ်ခဲ့တဲ့အတွက် ဒီလိုရလဒ်ကို ရရှိလာတာလား..ဒါမှမဟုတ်ဘာကြောင့်လဲ စသည်ဖြင့် မေးစရာတွေရှိလာပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မိမိဘဝ၏အချိုးအကွေ့တစ်ခု..အစိတ်အပိုင်းတစ်ခုကို မိမိဂရုမစိုက်မိတဲ့အတွက် ဖြစ်ခဲ့တာပါ။ဒါကြောင့်မိမိပေါ့ဆခဲ့တာ အမှန်ပဲဆိုတာ သိရှိရပါမယ်။သိရှိပြီးတဲ့အခါ နောက်ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမှာပါ။တစ်ခါရှုံးလို့ တစ်သက်လုံးဆုံးရှုံးသွားတာ မဟုတ်ပါ။မိမိမှာ ကြိုးစားဆောင်ရွက်ဖို့ အခွင့်အရေးတွေရှိနေပါတယ်။ဒါကိုတော့ လက်လွတ်ဆုံးရှုံးမခံဖို့ စိတ်ထဲမှတ်သားပြီး ကြိုးစားလုပ်ဆောင်ရမှာပါ။ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပါ။နောင်နှစ်ငါဒီလိုမဖြစ်စေရဘူးဆိုတဲ့ မခံချင်စိတ်ထားပြီး ပြန်လည်ကြိုးစားဆောင်ရွက်ပါ။
###"လောကမှာ အောင်မြင်သောသူများသည်လည်း ကျရှုံးဖူးသောသူများသာဖြစ်သည်။ထိုသူများသည် ကျရှုံးသွားသောအခါတွင် စိတ်ပျက်အားငယ်မနေပဲ ထိုအရှုံးရလဒ်ထဲမှ သင်ခန်းစာယူပြီး လိုအပ်သည်များဖြည့်ဆည်းကာ နောက်ထပ်ကြိုးစားရင်း မိမိရည်မှန်းထားသောအောင်မြင်မှုဆီ ရောက်အောင်သွားခဲ့ကြတာပါ"။ဒီလိုမျိုးစိတ်ဓါတ်ခွန်အားတွေမွေးပြီး ကြိုးစားရှေ့ဆက်ပါက အောင်မြင်မှုကို ရရှိလာမယ်လို့ မှတ်သားကြရမှာဖြစ်ပါတယ်။
FB_IMG_1528552246331.jpg
Crd-org-source
(၂)တွေဝေစိတ်-----!
            ကျရှုံးသွားတဲ့အခါ နောက်တစ်ခုဖြစ်တတ်တာက ၎င်းကျရှုံးမှုကြောင့် စိတ်ဓါတ်ယိမ်းယိုင်ပြီး  တွေဝေသွားတတ်ပါတယ်။ဒါလည်းအရေးကြီးပါတယ်။ဒီစိတ်ဟာ လမ်းမှန်ပေါ်ရောက်အောင် ပြန်လည်တည့်မတ်နိုင်ဖို့ မလွယ်ကူပါ။ဒီလိုအခြေအနေကို သိရှိပြီး မိမိစိတ်ဓါတ်ယိမ်းယိုင်မသွားအောင် သေချာစဉ်းစားဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။
*** "ကျရှုံးသွားတယ်ဆိုတာ အောင်မြင်ဖို့အတွက် မိမိမှာလိုအပ်နေသေးတာတွေ ပြုပြင်ကြိုးစားဖို့ အချက်ပေးနေတာပဲလို့ မှန်မှန်ကန်ကန် မြင်ပြီး ဆုံးဖြတ်နိုင်ရမယ်"။
ဒီလိုမြင်နိုင်ပြီဆိုရင်တော့ ယိမ်းယိုင်တွေဝေသွားသောစိတ်ကို ပြန်လည်ထိန်းသိမ်းပြီး မိမိ၏အကျင့်စရိုက်.. အပေါင်းအသင်း..လေ့လာသင်ယူမှု.. စသောမိမိတွင်လိုအပ်သည့်အရာများကို ပြန်လည်ကြိုးစားပြီး အောင်မြင်မှုဆီသို့ ခရီးဆက်နိုင်မည်ဖြစ်ပါသည်။
FB_IMG_1528552055903.jpg
Crd-org-source
(၃)ကြောက်စိတ်-----!
ဒီကြောက်ဆိုတာလည်း မိမိတို့ဆောင်ရွက်လိုက်တဲ့ကိစ္စတစ်ခုဟာ ကျရှုံးသွားတဲ့အခါ နောက်ထပ်ကြိုးစားဖို့အတွက် စိုးရိမ်ခြင်းနဲ့အတူ ကြောက်စိတ်လေးဖြစ်လာပါတယ်။ဒါလေးကိုတော့ မိမိတို့ကလေးဘဝတုန်းကအခြေအနေလေးကိုပဲ ဥပမာပေးခဲ့ပါရစေ။မိမိတို့ငယ်စဉ်အခါက ထိုင်တတ်နေရာမှ မတ်တပ်ထရပ်နိုင်ရန်အတွက် အကြိမ်ကြိမ်လဲကျပြီး အကြိမ်ကြိမ်ပြန်ထကာ မိမိခန္ဓာကိုယ် မတ်တတ်ရပ်နိုင်ဖို့အရေး ကြိုးစားပြီးလုပ်ခဲ့ကြတာပါ။ထိုအချိန်မျိုးမှာတောင် မိမိအကြိမ်ကြိမ်လဲကျသော်လည်း မိမိဖြစ်ချင်သောအရာရရှိဖို့ အကြိမ်ကြိမ်ကြိုးစားဖြတ်သန်းခဲ့ကြတာပါ။ထိုအချိန်ထဲက မိမိလဲကျမှာကြောက်ပြီး ထပ်မကြိုးစားခဲ့ရင် ဒီအချိန်မှာ သင်ဟာလမ်းမလျှောက်တတ်တဲ့လူသားလေးဖြစ်သွားမှာပါ။
ဒါကြောင့် အရှုံးကိုမကြောက်ပါနဲ့။
***"အရှုံးကိုကြောက်ပြီးနောက်ထပ်မကြိုးစားတော့မှာကိုပဲ သတိထားပြီး မှန်ကန်စွာ ခွဲခြားဆုံးဖြတ်နိုင်ရမှာပါ"။ ဒီလိုမှတ်ယူပြီး ထပ်မံကြိုးစားပါက အောင်မြင်မှုတွေ ရရှိလာကြမှာဖြစ်ပါတယ်။
FB_IMG_1528554074124.jpg
Crd-org-source
အနှစ်ချုပ်အနေဖြင့်
**မိမိတို့ကျရှုံးသွားတဲ့အခါ စိတ်ပျက်အားငယ်မနေပဲ ထိုအရှုံးရလဒ်ထဲမှ သင်ခန်းစာယူပြီး ထပ်မံကြိုးစားရှေ့ဆက်ရမည်ဖြစ်ကြောင်း...
**ကျရှုံးသွားတယ်ဆိုတာ အောင်မြင်ဖို့အတွက် မိမိမှာလိုအပ်နေသေးတာတွေ ပြုပြင်ကြိုးစားဖို့ အချက်ပေးနေတာပဲလို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရမည်ဖြစ်ကြောင်း...
**အရှုံးကိုကြောက်ပြီး နောက်ထပ်မကြိုးစားပဲ လုံးဝ မနေသင့်ပါကြောင်း...
အောင်မြင်မှုရရှိဖို့အတွက် ခိုင်မာတဲ့ယုံကြည်ချက်..ပြင်းပြတဲ့စိတ်အားထက်သန်မှု..မှန်ကန်တဲ့ဆုံးဖြတ်ချက်ခိုင်မာမှု..စသောအချက်တွေနဲ့ ကြိုးစားဆောင်ရွက်ပါက မိမိရည်မှန်ထားသောအောင်မြင်မှုကို ရရှိပိုင်ဆိုင်ကြမှာဖြစ်ပါကြောင်း...
ဒါကြောင့် မိမိတို့အားလုံးသည်လည်း မိမိတို့ဘဝအတွက် ကိစ္စကြီးငယ် များအားကြိုးစားဆောင်ရွက်ရင်း အရှုံးရလဒ်ထွက်ပေါ်ခဲ့သည်ရှိသော် ထိုအရှုံးရလဒ်ထဲမှ အတွေအကြုံများအား သင်ခန်းစာယူပြီး ထပ်မံကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

Impossible is a word only to be found in the dictionary of fools.

Yes,That is right.Impossible is a word.Actually,We must try and try to our success life.That is an important for all human.

အရှုံးထဲကအမြတ်​ကိုယူပါ...ခွန်​အားဖြစ်​​စေပါတယ်​...​မှတ်​သားစရာများနှင့်​​ကောင်း​သောပိုစ့်​ပါ....

စိတ်ဓါတ်ခွန်အားလေးဖြစါစေချင်တာပါ။ကျေးဇူးတင်ပါတယ်အစ်မ

လဲကျပြီးတိုင်း ပြန်ထဖို့ရန် မဖြစ်မနေလုပ်ဆောင်သင့်သည်

ဘဝမှာ အခက်အခဲတွေ ကျရှုံးမှုတွေ ရှိနေမှာဖြစ်တဲ့အတွက် အဲဒီလိုဖြစ်တဲ့အခါတိုင်း ပြန်လည်တည့်မတ်ကြိုးစားကြရမှာပေါ့ဗျာ

ကျွန်တော့်တူမတစ်ယောက်လည်းစာမေးပွဲကျတယ်
ဒီpostကို ပေးဖတ်ဦးမှပဲ

ဟုတ်ပါတယ်အစ်ကို စိတ်ဓါတ်လေးပြန်လည်မြှင့်တင်ပေးချင်တာပါ။မှန်ကန်တဲ့ဆုံးဖြတ်ချက်လေးချနိုင်ဖို့ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

ဒီတစ်ခါကျရူံးတာ နောက်ကို ပိုကောင်းဖို့ပါဗျာ

အဲဒီလိုခံယူနိုင်ပြီဆိုရင်တော့ တိုးတက်အောင်မြင်အောင်ကြိုးစားချင်စိတ်တွေရပြီပေါ့ဗျာ

ကျရှုံးခြင်း ဆိုတာ လူဖြစ်ဆုံးရှုံးခြင်း မှမဟုတ်တာ
မကြိုးစားတော့ပဲ အရှုံးပေးလိုက်ခြင်းကသာ လူဖြစ်ရှုံးခြင်း
ပန်းတိုင်မရှိတော့ခြင်းပါ
သင်္ဘောတစ်စီးတည်ဆောက်ထားတာဟာ
ပင်လယ်ထဲဆင်းဖို့ပါ လှိုင်း မုန်တိုင်း ရိုက်ခတ်မှုကြောက်ရင်
ကမ်းပေါ်မှာပဲ နေရမှာပါ
ဒါဆိုရင်တော့ အဲဒီသဘောင်္ဟာ ကမ်းပေါ်မှာနေဖို့ဆောက်ထားတာလား? တွေးရပြီလေ
ကမ်းပေါ်နေမလား ပင်လယ်ထဲဆင်းမလား
'မုန်တိုင်း လှိုင်းတွေကိုရင်ဆိုင်ဖို့ သင်္ဘောတစ်စီးဟာ အမြဲအဆင်
သင့်ဖြစ်နေတယ်ဆိုရင် ကျောင်းသားတစ်ယောက်ရဲ့ယနေ့ စာမေးပွဲ
ကျခြင်းဟာ နက်ဖြန်အတွက်အကောင်းဆုံးပါလို့'
သားရဲ့'အရှုံးထဲကအမြတ်'ပေါ့ သိပ်ကောင်းပါတယ်

အန်တီက ဥပမားလေးနဲ့ပါ မန့်ပေးထားတာ ပိုမိုအားရှိစေပါတယ်။ကျေးဇူးတင်လျက်ပါအန်တီ။

စိတ်ဓာတ်ကျနေမဲ့အစား အရှိန်ယူပြီး အနိုင်ယူပါ

သေချာတာပေါ့အစ်မရယ်။စိတ်ဓါတ်ကျနေမဲ့အစား ထပ်ကြိုးစားပြီး အောင်မြင်မှုဆီ ရောက်အောင်သွားမှာပေါ့

မြင့်‌မြင့်‌ခုန်‌ဘို့ ‌နောက်‌သို့ေ ခြတစ်‌လှမ်းဆုတ်‌တယ်‌လို့ဘဲ သ‌ဘောထားပါတဲ့။

မှန်တာပေါ့အစ်ကို အမြင့်ရောက်ဖို့အတွက် တစ်ခါတစ်လေတော့ ခြေတစ်လှမ်းဆုတ်ပြီး အားယူကြိုးစားကြရမှာပေါ့ဗျာ

ကျရှုံးတိုင်းသာ ပြန်မထရင် ဘဝကစုန်းစုန်းမြုပ်မှာပဲ အဓိက က ပြန်ထနိုင်အြောုးစာ့းပဲ

အရှုံးထဲက သင်ခန်းစာယူပြီး ပြန်လည်ကြိုးစားရှေ့ဆက်ရမှာပါ။

အရှုံးကို ခွန်အားအဖြစ်ပြောင်းပြီး နေသွားတတ်ဖို့ ပါဘဲ thank for sharing

ဟုတ်ပါတယ်အစ်မ စိတ်ခွန်အားတွေမွေးမြူပြီး ထပ်မံကြိုးစားကာ အောင်မြင်မှုဆီလျှေက်လှမ်းရပါမယ်။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94