Drugwars Game ၏အဓိကသော့ချက်(သို့)ကျွန်တော်၏ကိုယ်ပိုင်ယူဆချက်...!

in #myanmar5 years ago (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
Drugwars ဂိမ်းနဲ့ပတ်သက်ပြီး ကျွန်တော်၏ကိုယ်ပိုင်ယူဆချက်.. တွေ့ရှိချက်လေးအား ပြန်လည်ရေသားမျှဝေပေးခဲ့ချင်ပါတယ်။
wa83sb8q12.png
ကျွန်တော်တို့တွေဟာ drugwars ဂိမ်းကို battles ပွင့်ပြီး နောက်ပိုင်းမှာ အရင်ကလို upgrade တွေလုပ်ပြီး daily steem rewards နဲ့ heist invest rewards တွေကို အေးအေးဆေးဆေးယူလို့မရတော့တဲ့အတွက် အဲဒီအချက်လေးကို ပြောပြချင်တာပါ။
ဒီလိုဘာကြောင့်ယူလို့မရတာလဲ ကျွန်တော်တို့စဉ်းစားအဖြေရှာရမှာပါ။ဒီအချက်ကို ကောင်းသတဲ့ကောင်းအောင် ကြိုးစားဖန်တီးလုပ်ဆောင်ကြရမှာပါ။
ကျွန်တော်တို့ဟာ Drugwars ဂိမ်းကိုကစားပြီး steem များများရလာနိုင်ဖို့ ရည်ရွယ်၍ကစားခြင်းဖြစ်ပါသည်။
ဒါကြောင့် steemပိုရလာဖို့အတွက် နေ့စဉ် drugs တွေများများထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။drugs တွေများများထုတ်နိုင်ဖို့ drugs မှာရှိတဲ့ upgrade လေးတွေကို တဖြည်းဖြည်းတိုးသွားနိုင်ရပါမယ်။
ဒီလိုပဲ drugs ကို upgrade လုပ်မယ်ဆိုရင် weapons နဲ့ alcohol ပမာဏတွေကိုပါ ပေးဝယ်ပြီး upgrade လုပ်ရခြင်းဖြစ်တာကြောင့် drugs..weapons..alcohol ဒီသုံးခုလုံးကို ချိန်ဆပြီး upgrade လုပ်ပေးရမှာဖြစ်ပါတယ်။
ဒီလိုအားလုံးကို upgrade လုပ်ရန်အတွက် အရေးအကြီးဆုံးနဲ့ အရင်ဆုံးလုပ်ရမည့်အချက်ကို ပြောပြပါမယ်။
u8dzna8uhr.png
***အဲဒါကတော့ drugs..weapons..alcohol သုံးခုလုံး၏ storage ကို upgrade အရင်ဆုံးလုပ်ကြရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ drugs တွေပိုမို ထုတ်လုပ်နိုင်ရန်အတွက် ကိုယ်တင်ချင်သော drugs upgrade တွင်ရှိသည့် ဝယ်ယူရမည့်ပမာဏများသည် မိမိ၏account တွင်လုံခြုံစွာ ထိန်းသိမ်းနိုင်မှု safe ပမာဏဖြစ်နေရန်လိုအပ်ပါသည်။ထိုသို့ safeပမာဏ မဖြစ်သည့်အတွက်ကြောင့် upgrade မတင်နိုင်ဘဲ တင်နိုင်ရန်စောင့်မည်ဆိုပါက မိမိထုတ်လုပ်ထားသောပမာဏသည် safe ပမာဏကျော်လွန်သွားသဖြင့် မိမိ account အားအခြားသူများလာရောက်တိုက်ခိုက်ကြခြင်းဖြစ်ပါသည်။ထိုသို့အတိုက်ခံရပါက စစ်ရှုံးသူရော စစ်နိုင်သူပါ စစ်အင်အားအတွက်ဝယ်ယူထားသော ကုန်ကျစားရိပ်များဆုံးရှုံးပြီး သူလာတိုက်.. ငါပြန်တိုက်နဲ့ လုံးလည်ခြာလည်ဘဝတွေသာ ဖြစ်နေကြမှာပါ။upgrade တင်ရန်မဖြစ်နိုင်ဘဲ စစ်ဖြစ်တဲ့အခြေအနေနဲ့သာ ကြုံတွေ့နေကြရမှာပါ။
ဒါကြောင့် ဒီ drugwars game ၏အဓိကသော့ချက်လေးကို ထုတ်နုတ်အသုံးပြုတတ်စေရန် အရေးကြီးလှပါသည်။ဒီအခြေအနေကို စစ်ပွဲထဲတွင်အာရုံဖမ်းထားပြီး အငိုက်ဖမ်းထားခြင်းဖြစ်ပါသည်။
fgbld6255y.jpg
*ဥပမာ အပေါ်ကပုံထဲမှာပြထားသလို ကျွန်တော်က drugs ထဲက ဒီအစိတ်အပိုင်းကို upgrade တင်ချင်ပါက ပေးချေရမည့် 12.6kdrugs..45kweapons..54kalcohol များ၏ပမာဏများအထိ safe ပမာဏဖြစ်စေရန် storage အသီးသီးကို upgrade တင်ခြင်းအား အရင်ဆုံးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း...
*သို့မှသာ မိမိတင်ချင်သော upgrade များတင်နိုင်မှာဖြစ်ပြီး စစ်ဘေးဒဏ်ကြောင့် upgrade မတင်နိုင်သောအခြေအနေများ နှင့် စစ်လာတိုက်ခံရသော အခြေအနေများ လျော့ပါးသွားမှာဖြစ်ပါကြောင်း...
*ထို့အပြင် တစ်ခါတစ်ရံ သတိလက်လွတ်ဖြစ်ပြီး သူများလာတိုက်တဲ့အခါ စစ်ရှုံးသွားခဲ့ရင်တောင် မိမိ၏safeပမာဏထက်ကျော်လွန်သော drugs..weapons..alcohol များကိုသာ ဆုံးရှုံးမှာဖြစ်တဲ့အတွက် မိမိ၏အဓိကရည်ရွယ်ချက်ကို မထိခိုက်နိုင်ပါကြောင်း...
*ဒီလို Plan idea လေးနဲ့ Drugwars ဂိမ်းကို ကစားပါက ပိုမိုအကျိုးရှိနိုင်ပါကြောင်း... ကျွန်တော်၏အတွေ့အကြုံနှင့် သတိပြုမိသောအချက်လေးအား ပြန်လည်ရေးသားမျှဝေရင်း ပိုမိုတိုးတက်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတော့သည်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီ Plan လေးကို အခုမှစတင်အသုံးပြုမှာ ဖြစ်ပါသည်။
ကျွန်တော်ပြောပြသောအချက်သည် အခုလက်ရှိအချိန် အပြင်မှသီးသန့် steem ထည့်ပြီးဝယ်ဆော့သော upgrade လုပ်သူများအတွက်တော့ သိပ်မလိုအပ်ပေမဲ့ steem မဝယ်ထည့်တော့သောသူများအတွက်တော့ အကျိုးရှိနိုင်ပါလိမ့်မည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်

@uthantzin
MSC-211
All photos credited by @uthantzin

Sort:  

ဗဟုသုတအများကြီးရပါတယ်​ ​ကျေးဇူးပါ

ဒီစာလေးဖတ်ပြီး တစ်ခုခုအသိတိုးပြီး idea ရသွားတယ်ဆိုရင်ပဲ ဝမ်းသာလှပါတယ်အစ်ကို။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Yes,thank you too.I would try the best with you in future.

Posted using Partiko Android

စတီးပိုစ့်နဲ့တင် နပန်းလုံးနေရတာ မအားရဘူး
ဂိမ်းတော့မျက်စိက မကောင်းတော့ သူများဆော့တာအားပေးနေရတယ်

ဟုတ်တယ် game ရော steem post ရောဆိုရင်တော့ မျက်စိခံနိုင်မှာမဟုတ်ဘူး။မျက်စိလည်းဂရုစိုက်ရမှာပါ။

Posted using Partiko Android

ဒီဂိမ်းအ​ကြောင်းဘာမှမသိ​သေးပါဘူး....ပြီးမှ​လေ့လာကြည့်​ပါ့မယ်​....

Posted using Partiko Android

ဟုတ်ကဲ့ပါအစ်မ။

Posted using Partiko Android

ဘာပလန်မှမရှိသေးဘူး

ဟုတ်ကဲ့ပါ ကျွန်တော်တော့ ဒီလိုလေးယူဆပြီး ကြိုးစားကြည့်အုံးမယ်။

Posted using Partiko Android

အရင်း​တော့​ကျေပီကွယ်

Posted using Partiko Android

အရင်းကျေဖို့က ပထမဦးဆုံး အဓိကပစ်မှတ်ပေါ့။

Posted using Partiko Android

ဟုတ်တယ် ငြိမ်းချမ်းရေးနဲ့ တင်မို့ပါဆို အရှုံးခံပီး လာလာတိုက်ကြဒယ်

ဟုတ်တယ် အဲဒါမျိုးကလည်း ရှိသေးတယ်။အဲဒါကြောင့် safe ပမာဏ အဓိကကျနေတာပေါ့

Posted using Partiko Android

ကိုယ်တွေလည်းအရင်းအတွက် နဘန်းလုံးနေရတုံး…:-))

ရင်းထားတာများလို့လား။အရင်းကျေအောင် ကြိုးစားဗျာ။

Posted using Partiko Android

ဟုတ်တယ်ကိုကြီး 100

Posted using Partiko iOS

ကောင်းတယ်ဗျာ။planလေးတွေ ideas လေးတွေထားပြီး စနစ်တကျလုပ်ပေါ့။အခုနောက်ပိုင်း အပေးနည်းတာကလွဲရင် သေချာတဲ့ game investment လေးလို့ ပြောလို့ရနေသေးတယ်။

Posted using Partiko Android

ဟုတ်တယ်ခမျ…တိုက်ရိုက်ပေးတာလေးက အချိန်တန်ရင် စိတ်အေးရပြန်တယ်…ကျနော်လည်းကိုကြီးပြောသလို plan လေးနဲ့လုပ်နေခဲ့တာ storage levels တွေကကို 80 ကျော်နေပီ ဆက်မြင့်ဖို့ plan ထားနေရတယ် ဒါမယ့်အချိန်နဲ့ rewards တွေရင်းရပြန်အုံးမယ်…

Posted using Partiko iOS

Congratulations @uthantzin! You received a personal award!

DrugWars Early Access
Thank you for taking part in the early access of Drugwars.

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!

You can upvote this notification to help all Steem users. Learn how here!

Thank you so much about it.

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63672.27
ETH 3126.79
USDT 1.00
SBD 3.87