တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ...!

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ တန်ဆောင်မုန်းလ ကထိန်ပွဲနီးပြီဖြစ်၍ ကထိန်ပဒေသာပင်နှင့် ကထိန်အလှူပွဲ အကျွေးအမွေး မဏ္ဍပ်နေရာအတွက် ကြိုတင်ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ပါသည်။
image
#photo credited by @uthantzin
ကထိန်အကြောင်းရေးမယ်ဆိုတော့ ကျွန်တော်တို့ဦးဆောင်စီစဉ်သော ကထိန်ပွဲကျင်းပဖြစ်ပုံနှင့် အစီအစဉ်ဖြစ်မြောက်ပုံလေး အနည်းငယ်ပြောခဲ့ပါရစေ။
ဖြစ်စဉ်လေးကတော့ လွန်ခဲ့သော (၄)နှစ်ခန့်က ကျွန်တော်တို့စက်ရုံ၏စက်ရုံမှူးအပြောင်းအလဲကြောင့် နှစ်စဉ်ကျင်းပလာခဲ့သော စက်ရုံ၏ဘုံကထိန်ပွဲဟာ ထိုနှစ်မှာပင် စက်ရုံမှူးအသစ်၏ဆန္ဒအရ စက်ရုံဘုံကထိန်အလှူပွဲ မကျင်းပဖြစ်တော့ပါ။
ထိုအချိန်တွင် ကျန်တော်၏ဇနီးသည်မှ လစဉ်လတိုင်း ကထိန်အလှူငွေထည့်ချင်သောသူများအား စာရင်းကောက်ခံပြီး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း...
ထိုကဲ့သို့ စနစ်တကျစီစဉ်ဆောင်ရွက်ပါက မိမိတို့လှူဒါန်းချင်သော ကထိန်ပွဲအလှူ ဖြစ်မြောက်အောင်မည်ဟု တိုက်တွန်းအကြံပြုလေတော့၏။
ဒီလို ကျွန်တော့ဇနီး၏ကိုယ်တိုင်တာဝန်ယူကောက်ခံပြီး လစဉ် စနစ်တကျ အလှူငွေများထည့်ဝင်၍ စက်ရုံဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်ဟု ခေါ်ဆိုပြီး အလှူပွဲဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြသောကြောင့် ဆက်လက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။မည်သည့်ကိစ္စမဆို ကျွန်တော်တို့၏စာရင်းဇယားနှင့် စနစ်တကျ တိတိကျကျလုပ်ဆောင်တတ်သောအကျင့်က အားလုံး၏ ယုံကြည်ခြင်းကိုလက်ခံရရှိစေသော အကြောင်းအချက်လည်း ဖြစ်စေခဲ့ပါသည်။
ဒါကြောင့် အခု ၂၀၁၈ခုနှစ်အတွက်ဘုံကထိန်ဟာ ကျွန်တော်တို့ ကိုယ်တိုင်ဦးဆောင်ပြီး စီစဉ်ပြုလုပ်သော တတိယအကြိမ်မြောက် စက်ရုံဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန်ပဲဖြစ်ပါတော့သည်။
ဒီနှစ်အတွက် ဘုံကထိန်ပွဲကိုလည်း အရင်နှစ်များထက်ပိုမိုကောင်းမွန်ပြီး စည်စည်ကားကားဖြင့် ကျင်းပနိုင်ရန် ကျွန်တော်တို့ ဝန်ထမ်းမိသားစုများသည်လည်း ကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။
image
#photo credited by @uthantzin
လက်ရှိအချိန်တွင် ဝန်ထမ်းမိသားစုများမှ လစဉ်လှူဒါန်းထားသော အလှူငွေ စုစုပေါင်း (၁၅)သိန်းခန့်ရရှိနေပြီဖြစ်၍ ထိုငွေအထဲမှ သင့်သလောက်ငွေအား လှူဖွယ်ပစ္စည်းများဝယ်ယူ၍ ပစ္စည်းပဒေသာပင်တစ်ခုနှင့် ငွေပဒေသာပင်တစ်ခုပြုလုပ်လှူဒါန်းမည်ဖြစ်ပါသည်။အကျွေးအမွေးအတွက်ကိုတော့ ဝန်ထမ်းမိသားစုများထဲမှ သီးသန့်အလှူရှင်များရှိနေပါ၍ ဆန်အတွက်ဆန်လိုသလောက်..ဆီအတွက်..အသားငါးအတွက်..လိုသလောက် ထည့်ဝင်လှူဒါန်းခြင်းဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများနှင့်တကွ ပျော်ပျော်ရွှင်ရွှင် စုပေါင်းကုသိုလ်ပြုလုပ်ဆောင်ကြခြင်းဖြစ်ပါသည်။
ကထိန်ပဒေသာပင်များအား အနီးအနားပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း(၁၅)ကျောင်းထဲမှ မဲနိုက်ရွေးချယ်ပြီး မဲပေါက်သောကျောင်းအား ကုသိုလ်ပြုပို့ဆောင်လှူဒါန်းကြမည်ဖြစ်ပါသည်။ကထိန်ပဒေသာပင်များအား ၁၁.၁၁.၂၀၁၈ ရက်နေ့တွင် မဲပေါက်သော ဘုန်းကြီးကျောင်းသို့ ဒိုးပတ်..ဆိုင်းဝိုင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွှင်စွာ လှည့်လည်  ပို့ဆောင်လှူဒါန်းကြခြင်းဖြစ်ပါသည်။၁၀.၁၁.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် စတုဒီသာဧည့်ခံကျွေးမွေးကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပစ္စည်းပဒေသာပင်အတွက် လှူဖွယ်ပစ္စည်းများဝယ်ယူခြင်း.. ငွေပဒေသာပင်အတွက် လှပအောင်ဒီဇိုင်းဖော်ခြင်း.. မဏ္ဍပ်နေရာအတွက် ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အခြားလိုအပ်သောကိစ္စရပ်များစီစဉ်ခြင်းဖြင့် အလုပ်ရှုပ်သောအချိန်ဖြစ်နေကြပါပြီ။
ငွေပဒေသာပင်ကိုတော့ ကျွန်တော်၏သူငယ်ချင်းများမှ ဒီဇိုင်းဖော်အလှဆင်ခြင်းဖြစ်ပြီး ပစ္စည်းပဒေသာအတွက်တော့ ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး အလှဆင်ထားခြင်းဖြစ်ပါသည်။
၂၀၁၈ခုနှစ် တတိယအကြိမ်မြောက် စက်ရုံမိသားစုမဟာဘုံကထိန်ပွဲအား မိမိတို့မှဦးဆောင်ပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါ၍ ဘက်စုံ အစစအရာရာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေကြသောအချိန်ဖြစ်ပါသည်။ဝန်ထမ်းမိသားစုများအားလုံး လှူဒါန်းပြုလုပ်သော ဘုံကထိန်ပွဲလေးဖြစ်ပါ၍ လက်ရှိပဒေသာပင်အနေအထားလေးအားကြည့်ပြီး စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးပီတိဖြစ်နေမိပါသည်။ဝန်ထမ်းများ၏ တူညီသောစိတ်ဓါတ်.. ကုသိုလ်ပြုချင်သော စိတ်အားထက်သန်မှုများကြောင့် တန်ဆောင်မုန်းလ ကထိန်ပွဲကို တတိယအကြိမ်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။
image
#photo credited by @uthantzin
ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များမှ မြတ်ဗုဒ္ဓ၏တရားတော်များနှင့်အညီ ထူးမြတ်လှသော ကထိန်ပွဲအလှူကို တစ်နှစ်တစ်ခါ မပျက်မကွက် လှူဒါန်းကုသိုလ်ပြုလုပ်ဆောင်နိုင်ခြင်းသည်လည်း အကောင်းဆုံး.. အမြတ်ဆုံးအလှူဒါနတစ်ခုဖြစ်ပါကြောင်း...
ဤကဲ့သို့ စုပေါင်းလှူ ဒါန်းကုသိုလ်ပြုခြင်းဖြင့် ပျော်ရွှင်ဝမ်းသာခြင်း..အေးချမ်းခြင်း.. ညီညွတ်ခြင်းများ လက်တွေ့ခံစားရရှိနိုင်ပါကြောင်း...
နှစ်စဉ်နှစ်တိုင်း ဒီလိုစုပေါင်းအလှူကုသိုလ်များ ဖြစ်မြောက်အောင် ဆက်လက်ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်း...မိမိတို့၏တတိယအကြိမ်မြောက် ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲလေးအား ဂုဏ်ပြုရေးသား မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

လှူဖွယ်တွေကြည့်ပြီး ပီတိ ဖြစ်မိပါသည်

ဟုတ်ကဲ့ပါအစမ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုသန့်‌တို့ရဲ့ စည်းလုံးမှုကို‌လေးစားမိပါတယ်‌။သာဓုပါ အစ်‌ကို‌ရေ။

ဟုတ်အစ်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

သာဓုပါဗျာ ကြည်နူးမိပါသည် ။

ဟုတ်ကဲ့အစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကထိန်​ရာသီ ​ရောက်​လာပြီဆို​တော့ ကွန်​​တော်​တို့နားမှာလည်း အုံးအုံးကြွက်​ကြွက်​ပါ့

ဟုတ်တယ် ဒီရာသီရောက်ရင် နေရာအနှံ့ ကထိန်အလှူပွဲတွေ တွေ့မြင်နေကြရမှာပဲပေါ့။

ဒါဟာကျွန်တော်တို့ မြန်မာတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့ လေးပေါ့ဗျာ

ဟုတ်တာပေါ့ ဦးထွေးရေ

သာဓု ​ခေါ်ပါတယ်​ဗျာ 😊

Posted using Partiko Android

ကျေးဇူးတင်ပါတယ်အစ်ကို

အလှူအတွက်​စနစ်​တကျ၊ကြိုတင်​စီစဉ်​မှု​တွေပြုလုပ်​ထား​တော့တကယ်.ကို​ကောင်းပါတယ်​....

Posted using Partiko Android

ဟုတ်တယ်အစ်မရေ အဆင်ပြေအောင် ကျကျနန လုပ်ထားပါတယ်။ကျေးဇူးပါအစ်မ။

မမတို့ စက်ရုံ ကထိန်လဲနီးပီ😁

Posted using Partiko Android

ဟုတ်လားမမရေ။ကထိန်အတွက် ဘာလှူထားလဲမမ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97