ချမ်းသာခြင်းအကြောင်း...! (အပိုင်း - ၁)
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ ချမ်းသာခြင်းနဲ့ပတ်သက်ပြီး အတွေးလေးတွေဖြစ်မိပါ၍ မိမိသိသလောက်လေး ရေးသားမျှဝေပေးခဲ့ချင်ပါတယ်။
Crd-org-source
လူသားအားလုံး မည်သူမဆို ချမ်းသာခြင်းကို လိုချင်ကြမှာပါ။ချမ်းသာခြင်း အနည်းအများနဲ့ အမျိုးအစားပုံစံသာ ကွာခြားနိုင်ပါတယ်။
ဒါဟာလည်း မိမိတို့၏လိုချင်သော အနေအထား အတိုင်းအတာအလိုက် မိမိတို့၏ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး ကွဲပြားစွာ ရရှိခံစား နေကြရတာဖြစ်ပါတယ်။
ဒါကြောင့် ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီး မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ် နိုင်ရန် အောက်ပါ အချက်(၄)ချက်ကို စိတ်ကူးပုံဖော်ပေးခဲ့ပါရစေ...။
(၁)ငွေကြေးချမ်းသာချင်တာလား...?
(၂)စိတ်ချမ်းသာချင်တာလား...?
(၃)ငွေရော..စိတ်ရော နှစ်ခုစလုံး ချမ်းသာချင်တာလား...?
(၄)နိဗ္ဗါန်ချမ်းသာကို လိုချင်တာလား...? ဆိုတဲ့အချက်လေးတွေပါပဲခင်ဗျာ...။
Crd-org-source
(၁)ငွေကြေးချမ်းသာချင်တာလား...?
ငွေကြေးချမ်းသာချင်တယ်ဆိုရင်တော့ ငွေကို ချစ်ခင်ရပါမည်။စနစ်တကျ သုံးစွဲတတ်ရပါမည်။ငွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရပါမည်။ငွေရဖို့အတွက် အလုပ်တွေကို ဂရုတစိုက် ကြိုးစားဆောင်ရွက်ရပါမည်။ငွေရှာနည်းနဲ့ပတ်သက်တာတွေကို သေသေချာချာ လေ့လာပြီး ငွေကို မိမိ၏အချိန်စက္ကန့်နဲ့အမျှ ငွေဝင်နိုင်အောင် နည်းလမ်းကောင်းတွေရှာဖွေပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်တတ်ရပါမည်။
မိမိဖြစ်ချင်သော ရည်မှန်းချက်ကို အဓိကထားပြီး ယုံကြည်ချက်ခိုင်မာစွာ ကြိုးစားဖော်ဆောင်လုပ်ကိုင်ဆောင်ရွက်ရပါမည်။
ငွေကို လိုချင်သော လောဘစိတ်ရှိရမည်။ငွေကို ရင်းနှီးမြုပ်နှံခြင်းများနဲ့အတူ စွန့်စားဆောင်ရွက် လုပ်ကိုင်တတ်ရပါမည်။
ငွေရနိုင်သောအကြောင်းအချက်များ.. နည်းလမ်းများအား ထပ်ခါထပ်ခါ စဉ်းစားပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရမည်။
မိမိဝါသနာပါသော.. စိတ်ဝင်စားမှုအားကောင်းသော လုပ်ငန်းများမှာ ပိုမိုအားပြုလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုလွယ်ကူစွာ တိုးတက်လာမည်ဖြစ်သဖြင့် ဒီအချက်ကိုလည်း အဓိကထား ထည့်သွင်းစဉ်းစား ထားရမည်ဖြစ်ပါသည်။
ဒီလို များပြားလှသော အကြောင်းအချက်များနှင့် ကြိုးပမ်းဆောင်ရွက်ပါက ငွေကြေးချမ်းသာခြင်းကို ရရှိလာနိုင်မှာဖြစ်ပါတယ်။
Crd-org-source
(၂)စိတ်ချမ်းသာချင်တာလား...?
စိတ်ချမ်းသာချင်တယ်ဆိုရင်တော့ မိမိရဲ့စိတ်အနေအထား..စိတ်စွမ်းအင်ကို အရင်သိအောင် လုပ်ရပါမည်။သိပြီးမှသာ ချမ်းသာအေးချမ်းဖို့အတွက် မည်သို့မည်ပုံ ကျင့်ကြံလုပ်ဆောင်ရမည်ကို ဆုံးဖြတ်နိုင်မှာပါ။ကိုယ်တိုင်ကျင့်ကြံနိုင်ပြီဆိုရင်တော့ ခံစားရရှိလာမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိ၏လောဘစိတ်..မောဟစိတ်..ဒေါသစိတ်..မာန် မာနစိတ်တွေကို သိရှိပြီး နည်းနိုင်သမျှနည်းအောင် ထိန်းချုပ်ရပါမည်။
မိမိတို့ဟာ နေ့စဉ် ဒီလိုစိတ်တွေနဲ့သာ ရှင်သန်နေကြရတာများတဲ့အတွက် ဒါတွေကို နည်းနိုင်သမျှနည်းအောင် ထိန်းချုပ်နိုင်မှသာ ပိုမိုအေးချမ်းပြီး စိတ်သက်သာကြည်လင်လာမှာဖြစ်ပါတယ်။
ဒီလိုဖြစ်လာပြီဆိုရင်တော့ စိတ်ချမ်းသာဖို့ အခြေအနေကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။
နောက်တစ်ခုက စိုးရိမ်ပူပန်ခြင်းဟာလည်း စိတ်ကိုညစ်နွမ်းစေတဲ့အတွက် ဒီအချက်ကိုလည်း နည်းနိုင်သမျှနည်းအောင် ကြိုးစားကျင့်ကြံမှသာ စိတ်ချမ်းသာမည့် အခြေအနေများရရှိလာမည် ဖြစ်ပါသည်။
ထို့ကြောင့် အရမ်းလျင်မြန်ပြီး..များပြားလှသော စိတ်၏စွမ်းအင်ကို ထိန်းချုပ်နိုင်ရန် အရာရာကို သတိတရားလေးနဲ့ ဆင်ခြင်ပြီး အမှားနဲ့အမှန်ကို ကောင်းစွာခွဲခြားလုပ်ဆောင်နိုင်မှသာ မိမိတို့၏စိတ် ပိုမိုချမ်းသာလာမှာဖြစ်ပါကြောင်း...စိတ်ကူးပုံဖော် ရေးသားမျှဝေလိုက်ရပါတော့သည်။
ကျန်သော ချမ်းသာခြင်းနှစ်မျိုးအား အပိုင်း (၂)အဖြစ် ဆက်လက်ရေးသားမျှဝေပေးပါအုံးမည်ခင်ဗျာ...။
မြန်မာစတီးမစ်မိသားစုအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
Hi, @uthantzin!
You just got a 0.02% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.
Thank you so much for your kindness.
Congratulations @uthantzin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
ငွေကြေးကိုစီမံခန့်ခွဲနိုင်ပြီး၊လောဘ၊ဒေါသ၊မောဟနည်းအောင်နေထိုင်နိုင်ရင်ချမ်းသာခြင်းအစစ်အမှန်ပါ....ဆက်ပြီးဖတ်ရှုဖို့မျှော်နေပါ့မယ်....
Posted using Partiko Android
မှန်ပါတယ်အစ်မ။ကိုယ်လိုချင်သော အနေအထား အတိုင်းအတာအလိုက် ချမ်းသာခြင်းပုံစံကိုတော့ ဖန်တီးဆောင်ရွက် အကောင်အထည်ဖော်နိုင်ကြမှာပဲ ဖြစ်ပါတယ်။
လူတစ်ယောက်အနေနဲ့တော့ ငွေကြေးလည်းချမ်းသာ,စိတ်လည်းချမ်းသာချင်ပါတယ်။ဒါတင်မက နိဗ္ဗာန်ချမ်းသာလည်း လိုချင်မိတာပါပဲ။
Posted using Partiko Android
ဟုတ်တယ်နော်။လိုချင်ရင်တော့ ကျွန်တော်တို့ ကိုယ်တိုင် ကြိုးစားကြရမှာပေါ့လေ။
လောဘ ဒေါသ မောဟတွေကို ထိန်းနိုင်သမျှထိန်းပါမှ အေးချမ်းခြင်းကို ရှာတွေ့နိုင်မှာပါ
Posted using Partiko Android
မှန်ပါတယ်အစ်မ။ကြိုးစားပြီး ထိန်းချုပ်ကြရမှာပေါ့။
ကိုသန်ရဲ့ postကောင်းလေးတွေ မျှော်နေတာနဲ့ အတော်ဘဲ။
ဟုတ်ကဲ့အစ်ကို ကြိုးစားပြီးရေးမှာပါ။ကျေးဇူးပါအစ်ကို။အခုတလော ကျွန်တော် steemhunt ဘက်ကို လုပ်ကြည့်နေလို့ပါအစ်ကို။
စိတ်ချမ်းသာမှူအဓိက ကတော့ အတ္တနဲ့ လောဘနည်းရင် စိတ်ချမ်းသာတာများပါတယ်
ဟုတ်ပါတယ် စိတ်ချမ်းသာဖို့အတွက် ဒီဟာတွေလည်း အဓိကတွေပဲပေါ့အစ်ကို။
စိတ်ချမ်သာ ချင်သလို ကိုယ်လည်းချမ်းသာချင်တယ် 😊
Posted using Partiko Android
ဟုတ်တယ်နော် ဘာပဲဖြစ်ဖြစ် နှစ်မျိုးလုံးတော့ လိုချင်ကြတာပါပဲဗျာ။
စိတ်ချမ်သာ ချင်သလို ကိုယ်လည်းချမ်းသာချင်တယ် 😊
Posted using Partiko Android