လုပ်လှချည်လား

in #myanmar8 years ago

*****လုပ်လှချည်လား******

ကျွန်ုပ်တို့ တောရွာနေလူကြီးများသည် အများအားဖြင့် ခပ်ရိုးရိုး
ခပ်အေးအေး နေတတ်ကြသည်
စကားပြောရာ၌လည်း ဘွင်းဘွင်းနဲ့ ရှင်းရှင်းသာပြောလေ့ရှိကြသည်
တစ်နေ့ ရွာထဲကဒယိကာမကြီးတစ်ယောက် သီးဦးသီးဖျား
ကောက်ညှင်းဆန်လေးချက်၍ ရွာဦးကျောင်းသို့ သွားပို့သည်
ကျောင်းရောက်သည်ဆိုရင်ပဲ ဆရာတော်အား ဝတ်ပြုရင်း နေကောင်းကျန်းမာပါစ စသော လောကဝတ် စကားများဖြင့် နှုတ်ခွန်းပြုလေသည် ဒယိကာမကြီးသည် စကားပြောရာ၌ ပေါ့ပေါ့ပါးပါး
ပြုံးပြုံး ပြုံးပြုံးနှင့်ပြောတတ်သည် ဆရာတော်သည်လည်း
ရွာဘုန်းကြီးဆိုတော့ သိသည့်အတိုင်းပင် စကားကို အားရပါးရ
အာဘောင်အာရင်း သန်သန်ဖြင့်ပြောလေ့ရှိလေသည်
အသံအိုးလည်း အတော်ကောင်းပုံပေါက်သည်
ဒကာမကြီး ဦးချနေစဉ် ဆရာတော်မှစ၍ နှုတ်ခွန်းဆက်လိုက်သည်
ဆရာတော်>>ဗျို့ ဒကာမကြီး ကျန်းမာပါစ´´ ဒကာမကြီး>>မှန်ပါ့ မာပါတယ်ဖျာ့
ဆ>>> ဒါနဲ့ ဘာတွေများ လာပို့တာတုန်း ဒကာမကြီးရဲ့´´ မ>>>မှန်ပါ့ လယ်ကထွက်တဲ့ ကောက်ညှင်းလေး ချက်ပြီး လာပို့တာပါဖျာ့´´
အော် လုပ်လှချည်လား တောင်းကြီးနဲ့ဆိုတော့ ဘယ်လောက်တောင်များတုန်းဗျ´´မှန်ပါ ကျောင်းမှာ ရှိတဲ့ ဘုန်းကြီး ဦးဇင်း ကိုရင် ကျောင်းသား ကုန်ကုန်ပြောရရင် ကျောင်းမှာရှိတဲ့ ခွေးပါ စားရအောင်လို့ ဆယ်ပြည် ချက်လာခဲ့တယ်ဖျာ့´
{ဒကာမကြီးအတော်စေတနာကောင်းပုံရသည်
ခွေး ကောက်ညှင်းကျွေး ပိတ်ပြီးသေမှာပေါ့}
ဘုန်းကြီးမှာ ခပ်အောင့်အောင့်နှင့်ပင်
``ဟ လုပ်လှချည်လား ဒကာမကြီးရဲ့´´
{ဆရာတော်ကသူ့ဝသီအတိုင်း ပါးစပ်နဲ့ ပလုပ်ပလောင်း
ပြောသည် အားရပါးရပင်}

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 65814.47
ETH 1719.53
USDT 1.00
SBD 0.42