in #myanmar6 years ago (edited)
image
Crd-org -source
မောင်ကံဟာ…သူချစ်ရတဲ့ချစ်သူ နဲ့ …သူ့ ရင်သွေးလေးကို ခွဲပြီးနေဖို့ …
မဖြစ်တော့တဲ့အဆုံး…တရုတ်ဘုရင်ဦးတည်ဘွားပြောတဲ့အတိုင်းပဲ…
ရွှေတိဂုံဘုရားမှ…ဆံတော်အစစ်များကို…ယူဖို့  ဆုံးဖြတ်လိုက်ပါတယ်…
သူဟာ သူ့ လှံရှည်ကိုခွစီးပြီး…ဘုရားရှိရာဒဂုံ(ရန်ကုန်)မြို့ ကို…ထွက်ခွာခဲ့တယ်…
ဝေဟင်ခရီးဖြင့်ကြာမြင့်စွာပျံသန်းခဲ့ပြီး…"မောပြီ "ဟု…
မောင်ကံဟာတွေးတောလိုက်ပြီးတော့…ခဏနားလိုက်ပါတယ်…
အဲ့ဒီ့နေရာဟာ…အခုအချိန်မှာတော့…" မှော်ဘီ "လို့ 
အမည်ပြောင်းလဲ…ဖြစ်တည်နေပါပြီ…အမောပြေတာနဲ့ …့ မောင်ကံဟာ…ဆက်လက်ပျံသန်းပြီး…
စမ်းချောင်းတစ်ခုကိုတွေ့ လို့ ရေဆင်းသောက်ခဲ့ပြန်တယ်…အခု ကျွန်တော်တို့ သိတဲ့ရန်ကုန်က…
စမ်းချောင်းမြို့ ပေါ့ဗျာ…
မောင်ကံဟာ…လှံနဲ့ ဆက်လက်ပြီးပျံသန်းတယ်…ရွှေတိဂုံဘုရားကို…
အဝေးမှကြည့်နိုင်,မြင်နိုင်လောက်တဲ့နေရာမှာခဏရပ်လိုက်ပြီး…ဘုရားကို ရည်မှန်းတိုင်တည်
လိုက်မိတယ်…အဲ့လို ကြည့်မြင်တိုင်တည်မိတဲ့နေရာဟာ…
" ကြည့်မြင်တိုင် "ဆိုတဲ့အရပ်ဒေသကို…ဖြစ်စေခဲ့တယ်လို့ ထင်မိပါတယ်…
မောင်ကံဟာ…တွေဝေစဉ်စားရင်းနဲ့ ပဲ…ခရီးကိုဆက်ပြန်တယ်…သူ့ စိတ်ထဲမှာတော့…
" ဘုရားရဲ့ ဆံတော်ကို…ခိုးယူမိတာဟာ…မကောင်းတဲ့အကုသိုလ်တရားကြီးပါလားလို့ 
လည်းတွေး…ဘုရားဆံတော်မပါရင်…ဒီတစ်သက် …သူသိပ်ချစ်ရတဲ့သားအမိကို ..
ဘယ်တော့မှတွေ့ နိုင်မှာမဟုတ်တော့ဘူးလို့ လည်းတွေး …"
အတွေးနှစ်ခုဟာပြိုင်ဆိုင်ရင်းနဲ့ ပဲ…နောက်ဆုံးတော့…မောင်ကံဟာ…ခိုးယူမယ်…
ရွှေတိဂုံကို…မရောက်ရောက်အောင်သွားမယ်ဆိုပြီး…ဆုံးဖြတ်ခဲ့တဲ့နေရာဟာ…
ရွှေဂုံတိုင်ဆိုတဲ့ မြို့ လေး ဖြစ်တည်ခြင်းအစလို့ ပဲယူဆမိပါတယ်…
(ရွှေတိဂုံထိတိုင်အောင်…ရောက်အောင်သွားမည်ဟု…ရည်ရွည်ခဲ့ခြင်းဖြစ်ဟန်တူပါသည်)
ရွှေတိဂုံဘုရားရင်ပြင်ရောက်တော့လည်း…သူပန်းရောင်းခဲ့တဲ့…အရပ်ဒေသလည်းဖြစ်…
သူရဲ့ ပင်ကိုယ်အရင်းခံစိတ်ကလည်း…မကောင်းမှုကိုမပျော်မွေ့ တတ်တော့…
ဆံတော်တွေခိုးယူဖို့ …မောင်ကံဟာစိတ်တွေ,လေးလံပြီး…တားဆီးနေသလိုခံစားနေရတယ်
အဲ့ဒါနဲ့ ပဲ …မောင်ကံဟာ…စိတ်တွေရှုပ်ထွေးပြီး…ဘုရားနဲ့ ခပ်လှမ်းလှမ်းအဝေးတစ်နေရာကို.
ထွက်ခွာ…လှံယာဉ်ပျံကိုစီးပြီး…
စဉ်းစားတွေးတောနေပြန်ပါတယ်…အဲ့အချိန်မှာပဲ…ကြီးမားတဲ့…
မြွေနဂါးကြီးတစ်ကောင်က…မောင်ကံ့အကြံကို…သိရှိသွားမိပြီးတော့…
မောင်ကံကို…မလုပ်ဖို့ …တားမြစ်ခဲ့တယ်…မောင်ကံလည်း …
သူ့ စိတ်တွေရှုပ်ထွေးနေတာရော…သူ့ ကိုတားဆီးနေတာတွေရောအတွက်ကြောင့်…
မြွေနဲ့ တိုက်ခိုက်ကြရင်း…မြွေကြီးဟာ…မောင်ကံရဲ့ …လှံလက်ချက်နဲ့ ပဲ သေဆုံးခဲ့ရတယ်…
အဲ့ဒီ့လို မြွေကြီးတားခဲ့တဲ့နေရာဒေသဟာ…
တားမြွေ…(တာမွေ)ဆိုတဲ့ …မြို့ တစ်ခုအဖြစ်…အခုထက်တိုင်ရှိနေပါတယ်ဗျာ…
မြွေနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့…မောင်ကံဟာ…ဆံတော်ကိုမြန်မြန်ခိုးယူမှ …
ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး…ရွှေတိဂုံဘုရားဆံတော်ရှိရာဆံတော်တွင်းသို့ …
လှံကိုထိုးစိုက်ပြီး…ဝင်ခဲ့ပါတယ်..…သိကြားမင်းကြီးဖန်ဆင်းစီစဉ်ထားတဲ့…
ဓားစက် လှံစက် ရေစက် မီးစက် တွေကို…မောင်ကံဟာ…သူရဲ့ တန်ခိုးကြီးတဲ့ လှံရှည်အစွမ်းနဲ့ ပဲ…
ဖြတ်ကျော်အောင်မြင်ခဲ့ပါတယ်…ဆံတော်ထားရှိရာဋ္ဌာပနာအနီးသို့ …
မောင်ကံရောက်ပြီးယူဖို့ အသွားမှာ…မြေငလျင်ကြီးမြည်ဟီးပြီး…
မောင်ကံ့ခြေထောက်တွေဟာ…လှုပ်ရှားလို့ မရတော့ပါဘူး…ခြေထောက်မှစလို့ …
အပေါ်ထိတစ်ဖြည်းဖြည်း…ကျောက်ရုပ်ကျောက်သားအဖြစ်ပြောင်းလဲလာပါတော့တယ်…
အဲ့လို မြေကြီးမြည်ဟီးပြီးမောင်ကံ့…ဒုက္ခရောက်တဲ့အကြောင်းကို…
ရသေ့ကြီးရဲ့ …စိတ်မနောမှာ အလိုလို သိမြင်လိုက်ပြီး…မောင်ကံရှိရာ
ဆံတော်ဌာပနာတိုက်အနီးသို့ …ဈာန်တန်ခိုးဖြင့်ရောက်လာခဲ့တယ်…
ရသေ့ကြီးလည်း မောင်ကံအဖြစ်ကိုမြင်ပြီး…စိတ်မကောင်းရုံမှတစ်ပါး…
ဘာမှ လုပ်ပေးလို့ မရနိုင်တော့ပါဘူး…ဒါပေမယ့်ရသေ့ကြီးဟာ…
မောင်ကံ…တောင်းဆိုတဲ့အတိုင်းသူ့ ချစ်သူရည်းစားကိုနောက်ဆုံးအကြိမ်တွေ့ ဖို့ …
တန်ခိုးဖြင့်ခေါ်ယူပေးပြီးတွေ့ ဆုံစေပါတယ်… မောင်ကံလည်း…သူရဲ့ အမှားများအတွက်နောင်တရပြီး…သူ့ ချစ်သူရည်းစား(မိန်းမ)ကို…
သူတို့ သားလေးမွေးရင်…ဘုရားပစ္စည်း တို့ ရတနာသုံးပါးတို့ ကို …
မပြစ်မှား မစော်ကားမိဖို့ အမြဲသွန်သင်ဆုံးမရန်…
မှာကြားနေရင်းနဲ့ ပဲ…တစ်ကိုယ်လုံးကျောက်ရုပ်ထုဖြစ်သွားပါတော့တယ်…
image
Crg-org-source
ရွှေတိဂုံသမိုင်းဌပနာတိုက်အကြောင်းတွေမှာတော့…မောင်ကံဟာ အခုထက်တိုင်ကျောက်ရုပ်ဘဝနဲ့ ပဲ…
နှစ်ပေါင်းများစွာ…အပြစ်တွေပေးဆပ်နေရတယ်လို့ 
ရေးသားဖော်ပြထားကြပါတယ်…သမိုင်းအထောက်အထောက်အထားတွေကလည်း…
နှစ်ပေါင်းများစွာကြာတော့…တစ်ချို့ သောအကြောင်းအရာတွေဟာ ခန့် မှန်းရေးသား
ဖော်ပြထားကြတာမို့ ( ကျွန်တော်မဟုတ်ပါဘူး…သမိုင်းသုတေတီတွေ…
သမိုင်းအကြောင်းတင်ပြရေးသားသူတွေပါ) …လွဲကောင်းလွဲနိုင်ကြပါတယ်…
ဒါပေမယ့်…ပုံပြင်ဆန်ဆန်ဖြစ်ပျက်ခဲ့တဲ့…မြို့ ရွာတွေကလည်း…
အထောက်အထားမှန်တွေရှိနေတော့…ချန်ထား…ဖျောက်ထားခဲ့လို့ 
မရနိုင်ပြန်ဘူး…ကျွန်တော့်ဘက်ကလည်း…အတတ်နိုင်ဆုံး…
ရှာဖွေ လေ့လာ ဖတ်ရှု့  ပြု စု တု ပြီး ရေးသားထားရတဲ့အတွက်…
မောင်ကံ နဲ့ ပက်သက်လို့ …အခုထက်ပိုပြီးမရေးပြတတ်တော့ပါဘူး…
ဆက် ရေး နေ ရင် အမှားတွေ ပါတော့မှာမို့ …ဒီလောက် နဲ့ ပဲ…နိ ဂျုံး ခုတ် ပါတယ်…
( နိ ဂုံး ချုပ် ပါတယ် ပြောတာ…)
အားလုံးသောချစ်ခင်သူအပေါင်းတို့ …
ရတနာသုံးပါးကို…အမြဲနှလုံးသွင်း
ဆင်ခြင်ပွားများနိုင်ကြပါစေ..
MSCး 234
Author >>> winko
Sort:  
ခုလို မောင်ကံရဲ့သမိုင်းကြောင်းကို ဂဃနဏ သိခွင့်ရလို့ ကျေးဇူးပါဗျာ
ဟုတ်ကဲ့ပါ ကိုသီဟရေ Thank
မှားနေတယ်နော်
မပြောသေးဘူး
ဆရာ နည်းနည်းလောက်လမ်းညွှန်ပြပပေးပါဦး
သမိုင်းမှန်​သည်​ဖြစ်​​စေ မမှန်​သည်​ဖြစ်​​စေ ဘုရားပစ္စည်း
မယူသင့်​ဘူး ဆိုတဲ့အသိရလို့တန်​ဘိုးရှိတဲ့စာ​လေး​ပေါ့ဗျာ
ဟုတ်တယ် အကိုယုရေ အဲ့ဒါ အဓိကပဲ
ဒီလို​ပြောပြ​တော့လည်းမသိတာသိရပါတယ်​...
ဟုတ်ကဲ့ပါ မAster ရေ Thank
ဘာပဲဖစ်ဖြစ် လူတိုင်းမသိတဲ့ ဇတ်လမ်းလေး ပြောပြပေးလို့ ကျေးဇူးပါဗျာ 😊😊
ကို လွှမ်းရေ Thank အသင်္ချေ ပါပဲဗျာ
သမိုင်းမှတ်‌တမ်းတို့ ၊ရာဇဝင်‌တို့က ဖတ်‌ရတာ ဗဟုသုတတိုးပါတယ်‌။ ဆက်‌‌ရေးပါ အား‌ပေး‌နေပါတယ်‌ညီ။
ဟုတ်ကဲ့ပါ အကို ကြီးမဟော်ရေ ဆက်ရေးသားပါ့မယ်
မလုက်သင့်တာ လုပ်မိတာကိုး..အာ့ မမကြားဖူးတယ် သားသား
ဟုတ် မမကြည်ရေ သားလည်း ဘုရားတရား မစော်ကားရဲဘူး
ဘယ်စာအုပ်က ဖတ်ထားတာလဲ
မှားလို့😁😁😁😁
ဘယ်ကမှီမြန်းထားတာလဲဟင်
မှီ ငြမ်းတယ် တော့ လုပ်လိုက်ပါ Sis
အခု မြန်း က ဆင်မြန်းတာ ကိုသုံးရမှာ
သမိုင်းကြောင်းလေးတွေ သေချာပြုစုတင်ပြပေးလို့ ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ပါ မSandiရေ Thank
သမိုင်းမှတ်တမ်းမှန်တာ မမှန်တာကိုအဓိကမယူပဲ...မလုပ်အပ်သော အရာကိုမစဉ်းစားမဆင်ခြင်ပဲ လုပ်မိ၍အပြစ်ဒဏ်ခံရသည်ကို မှတ်သားလေ့လာနိုင်တဲ့ စာကောင်းတစ်ပုဒ်ပါ။အားပေးနေပါမယ်အစ်ကို
ဟုတ်ကဲ့ပါ ကိုသန့် ရေကျေးဇူးတင်ပါတယ်ဗျာ
Coin Marketplace
STEEM 0.28
TRX 0.13
JST 0.032
BTC 60725.43
ETH 2900.91
USDT 1.00
SBD 3.59