" Are you yawning too ?………"

in #myanmar6 years ago (edited)

တစ်ချက် သမ်းဝေ မြည်တမ်းလိုက်မိတယ်…(အချိန်က ည ၉း၀၀ နာရီလောက် ပေါ့)
အဲ့ဒီ "သမ်း" လိုက်တာဟာ အခု postကို စ,ရေးဖို့ မောင်းတင်လိုက်သလိုဖြစ်သွားတယ်
ဒီလိုဗျာ…ကျွန်တော်တို့ တွေ အရမ်းအိပ်ချင်တဲ့အချိန် သမ်းကြတယ်
အိပ်ရေးပျက်တာများတဲ့သူလည်း မကြာခဏ "သမ်း"မိကြပါတယ် တစ်ချို့ လည်း
အိပ်ရေးဝ , ပါလျှက် တစ်ခါတစ်ခါ နိုးနိုးပြီးခြင်း "သမ်း" တတ်ကြပါတယ်
ခန္ဓာဗေဒအရတော့ ဒါဟာ အနားယူဖို့ အင်အားပြန်ဖြည်ဖို့ 
အိပ်စက်အနားယူဖို့  သတိပေးတဲ့ Alarm ပေါ့
"တစ်ချို့ ဆေးစာအုပ်တွေမှာတော့ အိပ်စက်ချိန်ဟာ သတ်မှတ်ချိန်ပြည့်မီတယ်
ဒါပေမယ့် အိပ်ရေးဝအောင် ဖြည့်ရတဲ့ ဆဲလ်ဂလင်းန် (အကန့် လေးတွေ)က
မပြည့်ရင်လည်း လူက အိပ်ရေးဝတယ် လန်းနေပေမယ့် (တစ်ချက် တစ်ချက်)
သမ်းဝေ တတ်ပါတယ် "တဲ့ ဒါပေမယ့် ကျွန်တော်ပြောချင်တာက
" သမ်း "တာကို ပြောချင်တာမဟုတ်ပါဘူး
တစ်ယောက်တည်း"သမ်း"မိတာလည်းရှိမယ် လူ၂ယာက်ကြား လူ၃ယောက်ကြား
လူအုပ်စုကြား သတိမထားမိပဲ "သမ်း" လိုက်တာလည်းရှိမယ် သတိထားပေမယ့်လည်း
မထိန်းနိုင်တော့လို့  " သမ်း" လိုက်တာမျိုးလည်း ရှိမယ် အများကြီးပေါ့

imageCrd-org-source

ဥပမာ ကိုယ်က သမ်းလိုက်တယ် ကိုယ့်မိတ်ဆွေထဲကဖြစ်ဖြစ် သူစိမ်းထဲကပဲဖြစ်ဖြစ် လိုက်"သမ်း"မိတတ်ပါတယ် ကိုယ်ကလည်း သူတစ်ပါး"သမ်း"နေတာကို မြင်လိုက်မိတာပဲဖြစ်ဖြစ်
ဘေးနားကတစ်ယောက်ယောက်က
"သမ်း"မိလိုက်တာပဲဖြစ်ဖြစ်ကိုယ်ကိုယ်တိုင် လိုက်ပြီး "သမ်း"မိတတ်ပါတယ် ဒါဟာ သူ့ အလိုလို ဖြစ်သွားတာပါ
ဒါကို "ဓာတ်ကူးတာ"လို့  ပြောလို့ ရပါတယ် အဖြစ်အပျက်တစ်ခုအတိုင်း
နောက်တစ်ခုက အလိုလိုဖြစ်နေမိရင် ဓာတ်ကူးတတ်တဲ့သဘောသဘာဝတွေလို့ သတ်မှတ်နိုင်ပါတယ်
(အမြဲတမ်း အရာရာတိုင်း ကိစ္စတိုင်းရယ်လို့ သတ်မှတ်ထားဖို့  မဟုတ်ပါဘူး)
ဒါပေမယ့်တမင်လုပ်ကြံပြီး "သမ်း"လိုက်တာမျိုးကတော့ နောက်လူလည်း သမ်းမှာမဟုတ်ပါဘူး
ကိုယ့်အနီးနားက လူဟာ ကိုယ့်အတိုင်း ဓာတ်ကူးတတ်ပါတယ်
များသောအားဖြင့် " သမ်း " မိတာလေးကိုတော့ ကျွန်တော်သတိထားမိပါတယ်
ကိုယ့်မိသားစု ညဘက်စကားပြောတာ ညနက်သွားတာမျိုးကျ တစ်ယောက်ယောက်က
"သမ်း"လိုက်ရင် ကိုယ်လည်း အလိုလို "သမ်း" မိတတ်ပါတယ်
စမ်းလည်းစမ်းသပ်မိပါတယ် ကိုယ်တိုင်လည်း လူ,အုပ်စုကြား မိတ်ဆွေကြား
"သမ်း" မိတတ်ပါတယ် လက်က ပါးစပ်ကိုအုပ်ပြီး"သမ်း"တာပါ
(လက်မအုပ်ပဲ ပါးစပ်အကျယ်ကြီး ဟ,
သမ်းတတ်တဲ့ Friends တွေလည်းရှိကြပါတယ် ဟီး)

imageCrd-org-source

ဓာတ်ကူးတယ်ဆိုတာက ကိုယ့်ဘေးက သူတွေအားလုံး လိုက်လုပ်နေရမယ်လို့ 
ဆိုလိုတာတော့မဟုတ်ပါဘူး "သမ်း"တာမဟုတ်ပဲ တစ်ခြားဓာတ်ကူးတာမျိုးတွေလည်း
ရှိကြမှာပါ ကျွန်တော် သတိထားပြီး ကြည့်မိတာကတော့ ကိုယ်"သမ်း"မိလို့ 
တစ်ခြားလူ"သမ်း"မိတာပဲဖြစ်ဖြစ်
တစ်ခြားမိတ်ဆွေ သူစိမ်းထဲက "သမ်း"တာ တွေ့ လိုက်မိလို့ ကိုယ်ကိုယ်တိုင်
"သမ်း"မိတာပဲဖြစ်ဖြစ် မှတ်ထားမိသလောက်တော့၅ကြိမ်မှာ
၃ကြိမ်လောက်အထိမှန်တာတွေ့ ရတယ်
ဓာတ်ကူးကြတာကို တွေ့ နေရတာပါ
ကျန်တဲ့ ၂ကြိမ်ကတော့ အနီးနားမှာဆိုပေမယ့် ဓာတ်မကူးလိုက်မိလို့ ပဲနေမှာပေါ့
ဓာတ်ကူးတာကို သိပ္ပံနည်းကျ အဖြေထုတ်တဲ့သူတွေလည်း ရှိကြသလို
တရားသဘောအရလည်း
အဖြေထုတ်လို့ ရပါတယ်
ကောင်းတဲ့ပတ်ဝန်းကျင်ပဲမှာပဲဖြစ်ဖြစ် မကောင်းတဲ့နေရာဒေသ မှာပဲနေနေ
ရှင်သန်နေထိုင်ရသူတွေဟာ
အဲ့ဒီ့နေရာရဲ့ အဆိုးအကောင်းကို အပြည့်အဝရစေနိုင်သလို အနည်းအကျဉ်းလည်း
ရစေနိုင်တယ်ဆိုတဲ့
အသိတရားတွေကို လက်ခံရရှိနိုင်ပါတယ်

imageCrd-org-source

ဥပမာ ထပ်ပေးပြီးပြောပြရရင် Steemit Online Earnings အကြောင်းကို
လူ ၅ယောက်ရှင်းပြလိုက်ရင် တစ်ကယ်ဝါသနာပါပြီး လုပ်ကိုင်မယ့်သူဟာ
၅ယောက်လုံး ဖြစ်ကြလိမ့်မယ်လို့ မထင်ပါဘူး ၁ ယောက် (သို့ ) ၂ယောက်လောက်သာ
ပါဝင်လုပ်ကိုင်နိုင်မယ်ထင်မိပါတယ် Steemitမှာစာရေးပြီး ဝင်ငွေရှာလို့ ရတာကို
ဆရာ Henry Aung (Kachin) ကစတင်ခဲ့ပြီး ကိုယ့်သက်ဆိုင်ရာ Leaders တွေက
အဆင့်ဆင့်လမ်းညွှန်ပြသပေးခဲ့တယ် ယုံကြည်ပြီး လုပ်တဲ့သူတွေရှိသလို
မယုံလို့ မလုပ်တဲ့သူတွေလည်းရှိတယ် အချိန်ပေးပြီးလုပ်တဲ့သူတွေရှိသလို
အချိန်မပေးနိုင်လို့ မလုပ်တော့တဲ့သူတွေလည်းရှိတယ် စသည်ဖြင့်ပေါ့လေ အမျိုးမျိုးရှိကြပါတယ်
ဒါတွေဟာ ဓာတ်ကူးတတ်တဲ့သဘောသဘာဝတွေ နိယာမတွေနဲ့ ဆက်စပ်နေကြလိမ့်မယ်လို့ ပဲ
ထင်မိပါတော့တယ်

imageCrd-org-source

အခုလည်း စာရေးရင်း (နိဂုံးချုပ်ခါနီး) " သမ်း "လိုက်မိတယ်…
ဒါပေမယ့် ဘေးမှာ ဘယ်သူမှမရှိတော့ စမ်းသပ်လို့ မရနိုင်ဘူး
မိတ်ဆွေ သူငယ်ချင်း ညီအကိုတို့ လည်း စမ်းသပ်ကြည့်နော်…

MSCး 234

Author >>> winko

Sort:  

ဖတ်ရင်းနဲ့ ဓါတ်ကူးချင်လာတယ် 'ဝါး' တစ်ချက်လောက်တော့ သမ်းခဲ့ပါတယ်ဗျ

ဤ Post ကိုဖတ်ရင်းနဲ့  သမ်းလာစေရမယ်

ဟဲဟဲ

ဘောလုံးပွဲတွေလာရင် ပုံမှန်ထက်အိပ်တာနောက်ကျပြီး သမ်းမှာတော့သေချာပါတယ်ခင်ဗျာ။

ဟီး အဲ့ဒါတော့ ဟုတ်တယ်
တစ်ချို့ အိပ်ငိုက်ခံပြီး ကြည့်ကြတာ လေးစားမိတယ်လေ

ဒီတစ်​ခါစမ်းကြည့်​ဦးမယ်​...😀

တစ်ကယ်ပြောတာ စမ်းကြည့် ok လိမ့်မယ်

ဝါး ခနဲ တစ်ချက်သမ်းလိုက်မိတယ်။ နန်းဆန်သားဟ

ဖတ်ရင်း နန်းဆန်သွားရမယ်လေ😀

သူများတော့ မသိဘူး ကိုယ်တော့ စာဖတ်နေရင်း တစ်ချက် သမ်းဝေ သွားခဲ့တယ် ဝါး အိပ်ချင်ပီလေ 😂😂

Post ကိုဖတ်ရင်းနဲ့  သမ်းလာစေရမယ်လေဗျာ

😀😂😀😂😀

ကြိုးစားထား အရေးသားတွေတက်လာပြီ

ဟုတ် ကဲ့ပါ ဆရာရေ

ကြိုးစားပါ့မယ်

တင်‌ ပြပုံ ‌ကောင်းတယ်‌ညီ။ သူများ ‌တွေ မ‌တွေးတာကို ‌တွေး ပြီး‌ရေးသားတာ ‌good တယ်‌။ဒါ‌ပေမယ့်‌ နမူနာ ပြတာ လွဲ‌နေသလားလို့။

ညီလည်း လွဲတဲ့ဘက်ရောက်မှာစိုးလို့မနည်း ပြန်ဆွဲရေးသားထားတာ

ဒါပေမယ့်အကိုက တော်ပါတယ် မြင်တယ်
ကျေးဇူးပါအကို

ဝါးးး အမြဲတမ်းအိပ်ရေးပျက်😂😂😂

အိပ်ရေးမပျက်စေနဲ့ 😂😂😂

ခ်ခ် ဝှါးး သန်းတာကူးသွားပြီ

ဟားးး
မန္တလေးထိ ကူးသွားတယ်ပေါ့
😂😂😂

ဓာက်ကူးပါရစေ😊

ကူးလိုက်တော့ မမရေ
နှလုံးသားဓာတ်တွေ
😂😂😂

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63133.02
ETH 3043.69
USDT 1.00
SBD 3.63