နွေရင့်​နှင်းစက်​.... ၃

in #myanmar6 years ago

နွေရင့်​နှင်းစက်​.... ၃
image
Crd org source
ထင်​မင်းက ထင်​တာထက်​ ပိုယုတ်​မာလွန်းတယ်​။ ထင်​မင်းရဲ့ facebook account မှာတင်​ထားတဲ့ status ​တွေက သူမနဲ့ သူကပဲ လွန်​လွန်​ကျူးကျူး ဖြစ်​ထား​လေသ​ယောင်​..သူမကပဲ အ​နေအထိုင်​မတတ်​စွာ ​ကျောင်းစရိတ်​ကို ​​ညစ်​ညမ်းတဲ့​လောကထဲ ဝင်​ပြီး ရှာ​ဖွေ​နေခဲ့သ​ယောင်​..သူမဟာ အကျင့်​သိက္ခာမဲ့လွန်းသူတစ်​​ယောက်​ပုံစံကို နာမည်​မ​ဖော်​​ပေမယ့်​ ရင့်​​ရော်​ကြမ်းတမ်းစွာ​ရေးထားခဲ့ခြင်းဖြစ်​​လေသည်​...။

လောကကြီးထဲမှာ အထူးသဖြင့်​ သူမရဲ့ဘဝအတွက်​ တစ်​စိတ်​​တစ်​​ဒေသ ပတ်​သက်​ခဲ့ဖူး​တဲ့ လူတစ်​​ယောက်​ရဲ့ စိတ်​ဓာတ်​​တွေဟာ အဲ့ဒီ​လောက်​ ​အောက်​တန်းကျလိမ့်​မယ်​လို့ သူမ တစ်​ခါမှ မ​တွေးခဲ့မိဖူးပါ။သူမရဲ့ဘဝဟာလည်း လူတစ်​​ယောက်​ရဲ့ ပ​ယောဂသက်​သက်​နဲ့ ပျက်​စီးခြင်း​တွေထဲ ထည့်​သိုခံရလိမ့်​မယ်​လို့ တစ်​ခါမှ မ​တွေးခဲ့မိဖူးပါ။
အခု​တော့ သူမထိန်းသိမ်းခဲ့တဲ့ သိက္ခာက ဘာလဲ။အဲ့ဒီသိက္ခာ​တွေဆိုတာ ဘယ်​မှာများလဲ...

.............................
image

Crd org source
" လူတစ်​​ယောက်​ရဲ့ ဂုဏ်​သိက္ခာ...ငါ့လို မိန်းက​လေးတစ်​​ယောက်​ရဲ့ ဂုဏ်​သိက္ခာဆိုတာ ဘာလဲ နဒီ..​ပြောစမ်းပါ..ငါ့ကို ​ပြောစမ်းပါ....ငါ ဘယ်​မှာ ရှာရမလဲဟာ...."
" ယုယရယ်​...ထင်​မင်းရဲ့ စိတ်​ဓာတ်​​တွေကိကု ယုတ်​ညံ့လွန်းတာပါဟာ..နင်​မငိုပါနဲ့ "

နဒီက မငိုပါနဲ့တဲ့။
သူ့အလိုလို ကျလာ​နေတဲ့ မျက်​ရည်​​တွေကို​တော့ သူမ မတားဆီးချင်​​တော့ပါ။ရုံးထဲဝင်​လိုက်​ချိန်​ လူတချို့ရဲ့မျက်​ဝန်း​တွေဟာ သူမကို ဘယ်​လို ကြည့်​​နေကြသလဲဆိုတဲ့ သံသယက သူမကို ​ကြောက်​လှန့်​​နေ​စေခဲ့ပြီ...
ဟိုတစ်​ခါ သူမအ​ပေါ်ညံ့သက်​ရီ​ဝေတဲ့ အကြည့်​​တွေနဲ့ကြည့်​တတ်​တဲ့ ဒါရိုက်​တာရဲ့ အကြည့်​​တွေမှာလည်း ​လှောင်​ရိပ်​​စွန်းစွန်း​တွေနဲ့ ရိသဲ့သဲ့​တွေလို ဖြစ်​လာခဲ့ပြီ...
ကျွန်​မ..ဘာလုပ်​ရမလဲ....
ကျွန်​မ ဘယ်​လို လုပ်​ရမလဲ....

သူမရဲ့​မေးခွန်း​တွေက သူမကို နှိပ်​စက်​လွန်းလှကြပြီ။အာရုံဝင်​စားရခက်​လာတဲ့အလုပ်​​တွေမှာ စိတ်​နဲ့လူနဲ့မကပ်​လို့ အမှားအယွင်းများစွာ...

" မင်း ဘယ်​လို ဖြစ်​​နေတာလဲ ယုယ..အလုပ်​ကို ဂရုစိုက်​မလုပ်​တာ​လောက်​ စိတ်​ပျက်​ဖို့ ​ကောင်းတာမရှိဘူး ..ဟိုတစ်​ခါလည်း မှားပြီး အခုလည်း မှားပြန်​ပြီ မင်းကို ဘယ်​နှခါ​ပြော​နေရမှာလဲကွ.."

" ဟုတ်​...ဟုတ်​...ဂျာကြီး ​နောက်​တစ်​ခါ မမှားဖို့ ကြိုးစားပါ့မယ်​။ အခွင့်​အ​ရေး​ပေး​ပေးပါ​နော်​ ..​တောင်းပန်​ပါတယ်​..."

မန်​​နေဂျာကိုပဲ ​တောင်းပန်​​နေရတာလည်း ကြာရင်​ အကျင့်​ပါမှာ​တောင်​​ကြောက်​​နေရ​လေပြီ။
" ယုယရယ်​...နင်​ အဆင်​​ပြေရဲ့လားဟာ "
နဒီကို အပြုံးယဲ့ယဲ့ပဲ သူမ ပြုံးပြနိုင်​​တော့တယ်​။သူမဒီခွန်​အား​တွေကို​တောင်​ မနည်းးဖျစ်ညစ်ထားခဲ့ရ​​တာ​လေ..။
" နဒီ..."
သူမ ညရဲ့ လ​ရောက်​ကို ​ငေးရီရင်း နဒီ့ကို​ခေါ်လိုက်​မိတယ်​။အ​ဆောင်​ ဝရန်​တာမှာ အတူတူ ထိုင်​ကြရင်းမှ တိမ်​​တွေကြားထဲ ငုတ်​ချည်​​ပေါ်ချည်​နဲ့ လ​မင်​ကြီးကို ​ငေးကြည့်​ရင်း သူမမပွင့်​တပွင့်​ ​ခေါ်လိုက်​မိခြင်းပါ။နဒီက သူမ​ခေါ်ကို မတုန့်​ပြန်​​ပေမယ့်​ သူမကိုသာ ​ငေးစိုက်​ကြည့်​​နေ​ဖြစ်​တယ်​။
" ငါ့ဘဝမှာ အစကတည်းက ရုန်းကန်​ခြင်း​တွေနဲ့ပဲ စခဲ့ရတယ်​ဆို​ပေမယ့်​ ငါ့ကိုယ်​ကျင့်​တရားနဲ့ ပတ်​သက်​လို့​တော့ ဘယ်​​တော့မှ အထိခိုက်​မခံခဲ့ရဖူးဘူး။ငါက ဆင်းရဲပါတယ်​ဟာ..ငါ့အိမ်​မက်​က ပညာတတ်​တစ်​​ယောက်​ဖြစ်​ချင်​တာ..ငါ့ဘဝကို ပညာနဲ့ထိန်း​ကျောင်းပြီး ပညာနဲ့ပဲ လုပ်​စားချင်​တာ ပညာနဲ့ပဲ အ​ခြေချချင်​ခဲ့တာပါ။ လူငယ်​တစ်​​ယောက်​ရဲ့ဘဝ ဖြတ်​သန်းမှုမှာ စိတ်​ကစားခဲ့တဲ့ လှုပ်​ခတ်​မှုက အခုအချိန်​အထိ ငါ့ကို အရိ​ပ်​လို​ခြောက်​လှန့်​​နေခဲ့မယ်​လို့ ငါမထင်​ခဲ့မိဘူး..။ထင်​မင်းလတ်​ဟာ ဘယိုလလူစားလဲဆိုတာ ငါအခုထိ နားမလည်​နိုင်​​သေးဘူး..။သူက ကစားပွဲကို ဖန်​တီးတာ ဖြစ်​​ချင်ဖြစ်မယ်​​​။ ငါက​တော့ ငါ့စိတ်​ဓာတ်​​တွေ ​သေဆုံး​နေကုန်​ပြီဟ..."
သူမ စကားသံခဏရပ်​တန့်​လိုက်​မိတယ်​။ လ​ရောင်​ရဲ့ထိ​တွေ့မှုနဲ့ သူမရဲ့ပါးပြင်​ထက်​မှာ မျက်​​ရောက်​​တွေ လက်​​နေတာ နဒီမြင်​​နေပါလိမ့်​မယ်​။သူမ မျက်​ရည်​​တွေကို လက်​ဖဝါးနဲ့ ဖိသုတ်​လိုက်​ပြီးမှ ဆက်​​ပြောလိုက်​တယ်​။ပြီိး​တော့ ဝရန်​တာကို​နောက်​ပြန်​ထိုင်​ချလို့ မှီရင်း
image

Crd org source
" နင်​သိလား နဒီ..မ​နေ့က ငါရုံးကအပြန်​ ထင်​မင်းက လိုက်​လာခဲ့တယ်​။ငါ့​ဘေးက​နေ စကား​တွေ လိုက်​​ပြော​နေခဲ့တာ ..ငါ့ကို လက်​ဖက်​ရည်​ဆိုင်​တစ်​ခုထဲကို အတင်း​ခေါ်​နေခဲ့တာ..။ လူ​တွေအများကြီးကြားမှာ ငါ ရှက်​လွန်းလိုက်​တာဟာ.."
"ဘာ...နင်​က လိုက်​သွားတာလား ယုယ"
သူမမချိပြုံးပြုံးလိုက်​ပြီး
" လမ်းမလယ်​မှာ ဣ​နြေ္ဒစုတ်​ပဲ့​နေရတာရယ်​ ခြိမ်း​ခြောက်​ခံရတဲ့ အခိုက်​အတန့်​ရယ်​ဆိုရင်​ မိန်းက​လေးတိုင်း ဆုံးဖြတ်​မိမယ့်​ ဆုံးဖြတ်​ချက်​တစ်​ခုပါပဲ နဒီ.."
" သူဘာ​တွေ ​ပြောလိုက်​လဲ.."
" ထုံးစံအတိုင်း ငါ့ကို​နှောင့်​ယှက်​ဖို့ပဲဟာ အ​ရေမရ မဖတ်​မရ​ပေါ့.."

သူမ ​ငေးရင်း ​ပြော​နေခဲ့​ပေမယ့်​ ထိုပုံရိပ်​​တွေက ​မေ့မရခဲ့ပါ။ထင်​မင်းရဲ့ ပြုံးချို​နေတဲ့ မျက်​နှာက သူမနဲ့ ဘာမှ မဖြစ်​ကြတဲ့အတိုင်းထင်​မင်းက မျက်​နှာ​ပြောင်​တတ်​လွန်းခဲ့သူ​လေ....
သူမ မ​နေ့က ကျခဲ့တဲ့မျက်​ရည်​​တွေက သူမရဲ့ သိက္ခာ​တွေအတွက်သက်​သက်​ပဲ ရှိ​တော့တယ်​ဆိုတာ သူမကိုယ်​ သူမ​သေချာ သိ​နေခဲ့ပါတယ်​..။

လမင်းက​တော့ ပုန်းလျှိုး ကွယ်​လျှိုး ရှိ​နေဆဲ...
ပတ်​ဝန်းကျင်​ကလည်း သူမတို့နဲ့အပြိုင်​ တိတ်​ဆိတ်​​နေဆဲပင်​....
"ယုယ...."
"ဟင်​ "

အပိုင်း..၄ သို့

Writter @yekungsatthone
Msc 213

Sort:  

ကျနော်လဲ cheetah မိတာ ဝကြည့်တော့ 18+ နေရကြီး😣

ငင့်​..အ့ာဆို ကြည့်​​တော့ဘူး..😜😜

ဆက်​အား​ပေးပါ့မယ်​...

ကျေဇူးပား

ဟ ဘယ်လိုဖြစ်တာလဲ။ဒီနေ့postတွေမှာ ချိတွေလမ်းမှားရောက်နေတယ်

ဒီတပတ်တင်တာ g3က cheetah 3ယောက်တောင် လျောက်ပို့နာ @cheetah is bad robot😒

စိတ်​ပျက်​စရာ ချိတက်​..

ရသမြောက်တဲ့ အခန်းဆက်လေးပါဗျာ 😊😊

ဟုတ်​ဗျ

နောက်အပိုင်းဆက်မျော်နေပါ့မယ်

ဟုတ်​ အား​ပေးပါအုံးဗျ

မိန်းကလေးခမျာ သနားစရာ

ဟုတ်​ဗျ

ချိတက်လာလည်တယ်တော့

အေးဆို

နင်သိလား နဒီ ငါ့ကို cheetah လာနှောင့်ယှက်သွားတာလေ...

ယုယရယ်​...ထင်​မင်းရဲ့​နှောင့်​ယှက်​မှုကို​တောင်​ နင်​ခံနိုင်​ရည်​ရှိခဲ့ပြီးမှ...😛😛

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62872.85
ETH 3031.64
USDT 1.00
SBD 3.92