နွေရင့်​နှင်းစက်​...၇

in #myanmar6 years ago

နွေရင့်​နှင်းစက်​...၇
images (2).jpeg
Credit image
" မိန်းက​လေးတစ်​​ယောက်​က မင်းကစားစရာ မဟုတ်​ဘူးထင်​မင်း..။ အ​ပျော်​ဆိုတာ ​ပျော်​ချိန်​မှာပဲ ​ကောင်းတာကွ။ မင်းကစားတာ လူသားထဲမှာ​တောင်​မှ သက်​ရှိလူသား ခံစားချက်​ရှိတဲ့ လူသား​တွေ..။အဲ့ဒီ မိန်းက​လေး​တွေ​နေရာမှာ မင်းကိုယ်​တိုင်​ဝင်​ခံစားကြည့်​ "

သူအမှန်​တကယ်​ ခံစားချက်နှင့်​ ပြော​နေတာ ဖြစ်​​ပေမယ့်​ ထင်​မင်းလတ်​က ရယ်​ဟဟနှင့်​ နား​ထောင်​ပြီး ပြုံးစိစိနှင့်​ ​လှောင်​ကြည့်​ကြည့်​​နေတာဖြစ်​သည်​။
" ​နေ​ရောင်​ရာ မင်းဆိုတဲ့အ​ကောင်​က ​တော်​​တော်​ ညံ့​သေးတယ်​ကွ ။ တကယ်​ သက်​ရှိ ဂိမ်း​တွေကို မင်း မခံစားတတ်​​သေးဘူး..ဟားဟား.."
သူ့ဘာသာ သ​ဘောကျသလို ထင်​မင်း ရယ်​လိုက်​၏။သူ့စိတ်​ထဲ အ​တော်​ကြီး တင်းသွား​ပေမယ့်​ ​ဒေါသ​တွေကို ပြန်​မျိုချလိုက်​သည်​။

ထိုအချိန်​ကတည်းက ထင်​မင်းကို သူ ကြည့်​မရတတ်​​တော့..
ဘကြီးနဲ့ ကြီးကြီးတို့​ကြောင့်​သာ မဟုတ်​ရင်​ သူ စာ​မေးပွဲမ​ဖြေ​တော့ပဲ ​ကျောင်း​ပြောင်း ပစ်​လိုက်​မိမည်​ပင်​။
သို့​သော်​ ကိုးတန်းနှစ်​ ဖြစ်​​နေသည့်​မို့ သူ​အောင့်​အည်းသည်းခံကာ ထိုကိုးတန်းနှစ်​ကို ​အောင်​​အောင်​ ​ဖြေခဲ့လိုက်​ပြီး ​နောက်​နှစ်​မှာ ​ကျောင်း​ပြောင်းခဲ့လိုက်​​တော့သည်​။
သို့​သော်​ အ​နှောင့်​အယှက်​ဖြစ်​ရခြင်းတစ်​ခုက ထိုနှစ်​မှ စကာ တစ်​ဘဝလုံးစာအထိ သူ့နှလုံးသားထဲအထိ စိမ့်​ဝင်​​စေခဲ့ခြင်းက ထင်​မင်းဆီမှပင်​ ရရှိခဲ့ရ​လေသည်​။
ကောင်​မ​လေးတစ်​​ယောက်​ကို တွဲ​နေတယ်​ဆိုသည့်​ သတင်းက မကြာခင်​ ​ရောက်​ရှိခဲ့​ပေမယ့်​ သူဂရုမစိုက်​မိခဲ့ပါ။ထိုအချိန်​ကတည်းက အခုထိပင်​ ထင်​မင်းကိုသူ သိပ်​အ​စေးမကပ်​မိ​တော့။
ထင်​မင်းက သူတို့အိမ်​ကို မကြာခဏ ​ရောက်​လာတတ်​​ပေမယ့်​ သူ့အလုပ်​နှင့်​သူသာ လုပ်​​နေမိတတ်​သည်​။ထင်​မင်းတို့နှင့်​ သူ့မိသားစု ကိုယ့်​မိသားစု ခွဲခြားမ​နေကြ​ပေမယ့်​ ထင်​မင်းကို​တော့ သူ ​ရှောင်​ဖယ်​​နေခဲ့မိသည်​။
အထူးသဖြင့်​ ထင်​မင်းအချိန်​အတန်​ကြာတွဲခဲ့​သော မိန်းက​လေးသည်​ ရိုးသား​အေး​ဆေးပြီး ကြိုးစားသည်​ဟု သူသိထားသည့်​ ယုယဖြစ်​​နေခဲ့ခြင်းနှင့်​ သိပ်​မကြာခင်​တုန်းက ထင်​မင်းနဲ့ ပြတ်​သွားပြီး ထင်​မင်း၏ လျှာဖျားထက်​က တစ်​ဖက်​သတ်​တိုက်​ပွဲကြားမှာ ​ဗုန်း​ဗုန်းလဲကျသွားခဲ့​သော မိန်းက​လေးတစ်​​ယောက်​သည်​ ယုယဖြစ်​​နေခြင်းကပင်​ ထင်​မင်းကို သူရွံရှာ မုန်းတီးသွားမိ​တော့သည်​။
ထင်​မင်းလိုလူနှင့်​ မထိုက်​တန်​​သော မိန်းက​လေးသည်​ ထင်​မင်း​ကြောင့်​ လဲကျသွားရမည်​ဆိုပါလျှင်​ တရားမျှတမှုရှိနိုင်​​တော့မည်​ မဟုတ်​ဟု သူ ယူဆမိသည်​နှင့်​အမျှ ယုယကို သူ တတ်​နိုင်​သမျှ အား​ပေးခဲ့မိသည်​။
လူချင်း​တွေ့ဖို့ တွန့်​ဆုတ်​​နေခဲ့ခြင်းမှာ ထင်​မင်းနှင့်​ သူ၏ ပတ်​သက်​မှု​ကြောင့်​ ယုယ၏ မုန်းတီးမှုကို မခံယူလိုခြင်း သက်​သက်​သာ။
သေချာတာတစ်​ခုက​တော့ အချိန်​ကြာလာသည်​နှင့်​အမျှ ယုယနှင့်​ စကား​တွေ ​ပြောဖြစ်​တာ များလာသည်​နှင့်​အမျှ ယုယအ​ပေါ် သူ့စိတ်​တို့ တိမ်းညွှတ်​​နေခဲ့ခြင်း၏ ထုထည်​သည်​ ကြီးသထက်​ ကြီးမားလာခဲ့ခြင်းပင်​။
images (3).jpeg
Credit image
အခု​တော့
ကန့်​လန့်​ကာကို မ လို့ ငါဟဲ့ မင်းသားလို့ သူမဆိုလိုက်​နိုင်​မီ ထွက်​​ပြေးတိမ်း​ရှောင်​သွားသူအား အရိပ်​အ​ယောင်​အားဖြင့်​ပင်​ မ​တွေ့လိုက်​ရ​တော့..။
သူမက ​တော်​​နေခဲ့တာလား
သူကပဲ ညံ့​နေခဲ့တာလား...

အခု ငါလွမ်းတတ်​​နေပြီ လို့သူ​ပြောလိုက်​ရင်​ အ​ကြောင်းသိ​သော သူငယ်​ချင်း​တွေက ဝိုင်းရယ်​ကြလိမ့်​မည်​ ထင်​။

သူ့ကိုယ်​တိုင်​က​တော့ ​သေချာ​နေခဲ့ပါသည်​။

ယုယကို ကျွန်​​တော်​ တမ်းတမ်းတတလွမ်းတတ်​​နေခဲ့ပါပြီ..။


" ယု ဒီလိုဘဝမျိုးနဲ့ မင်းက ထိုက်​တန်​တဲ့ မိန်းက​လေး မဟုတ်​ဘူးကွယ်​။ မင်းကို ​တွေ့တိုင်း မင်း​ဆေးသုံးတိုင်း ငါ မင်းကို ကြည့်​လို့ သနားတယ်​။ ငါ့ကိုယ်​ငါလည်း တစ်​ခုခုကို ဆွဲနှစ်​လိုက်​သူလို ခံစားရတယ်​.."
ယုယ ပြုံးလိုက်​သည်​။
" ဒါဟာ ဘဝပဲ​လေ မသက်​ ..ယုယရဲ့အိမ်​မက်​​တွေက ထင်​သလို မက်​ခွင့်​မရခဲ့ခြင်းက ကျိန်​စာတစ်​ခုလိုပဲ နာကျင်​ရတယ်​။အခု စိတ်​ထဲမှာ ဘာမှ မထား​တော့ ဘယ်​လိုမှ မနာကျင်​ရ​တော့ဘူး။ အခု ယုမှာ အလုပ်​တစ်​ခုရှိတယ်​ ..။ထမင်းစားနိုင်​တယ်​။ ​နေစရာလည်း ရှိ​နေတယ်​ ။ ​ဆေးလည်း သုံး​နေနိုင်​တယ်​ ။ယု​ကျေနပ်​တယ်​​လေ မသက်​ရဲ့..ဒါမှ တကယ့်​ဘဝလိုပဲ ..ဟား...ဟား ...."

ယုယ ​ကျေနပ်​စွာရယ်​​မောလိုက်​​တော့ မသက်​က မနှစ်​မြို့စွာ​ခေါင်းခါ​လေသည်​။
တကယ်​​တော့ မသက်​က NGOဝန်​ထမ်းတစ်​​ယောက်​ဖြစ်ပြီး မူးယစ်​​ဆေးဝါးနဲ့ သက်​ဆိုင်​​သူတို့အတွက်​ နိုင်​ငံတကာမှ အ​ထောက်​အပေံ့​သာေ​ဆးဝါးအ​ထောက်​အပံ့တွေကို ​နေရာ​ဒေသများစွာသို့ ပြန်​လည်​ ဖြန့်​ဖြူး​ပေးရသူ ဖြစ်​သည်​။ထို့​ကြောင့်​လည်း မူးယစ်​​ဆေးစွဲသူတို့အ​ပေါ် စာနာနားလည်​သည်​။ထပ်​တူခံစားနိုင်​​သူ ဖြစ်​သည်​။
သူမ၏ နာကျင်​ဖွယ်​ ဘဝအစိတ်​အပိုင်းတချို့က သူမ၏အိမ်​​ထောင်​ဖက်​မှ စတင်​ခြင်းပင်​။ တက်​ကြွကြိုးစား​သော မသက်​၏ လန်းဆန်းမှု​တွေက လူတစ်​​ယောက်​ကို ဆွဲ​ဆောင်​နိုင်​ခြင်း​တွေပင်​။ ထိုအထဲတွင်​မှမသက်​၏ ​ရင်ခုန်သံတို့​​ရွေးချယ်​ခဲ့​သော လူတစ်​​ယောက်​သည်​ အယုံလွယ်​တတ်​​သော မိန်းက​လေးတစ်​​ယောက်​၏ဘဝကို အညှာအတာမရှိ ​ခြွေ၏။ကြွေ​သောပန်းကို ​ချေ၏..
သူ့တွင်​ မိန်းမကြီး ရှိပါတယ်​တဲ့..
ဘဝကို ​ရေစုန်​​မျှော ပစ်​ချင်​သည့်​တိုင်​ သူမတွင်​ ကိုယ်​ဝန်​ရ​နေခဲ့​လေပြီ..
သူမ၏ဘဝမှာ လင်​​ယောက်ျားအ​ပေါ် အယုံအကြည်​မဲ့ခဲ့သည့်​တိုင်​ သား​လေးအ​ပေါ်မှာ​တော့ ပုံအပ်​လို့ ချစ်​ခဲ့မိသူပါ..။
images (4).jpeg
Credit image
ရက်​စက်​​သော ကံကြမ္မာသည်​ မသက်​အတွက်​ လွတ်​​မြောက်​ခွင့်​မ​ပေးခဲ့ပါ..။အခါလည်​ရုံ သား​လေးသည်​ သူမ၏ တိုက်​ခန်းမီး​လောင်​ချိန်​တွင်​ ​သေဆုံးပါသွားခဲ့​လေသည်​။မသက်​အမျိုးသား၏မိန်းမကြီးသည်​ ထိုမီး​လောင်​မှုမှတဆင့်​ ​ယောက်ျားဖြစ်​သူအ​ကြောင်း သိသွားရာမှ ဇာတ်​ရှုပ်​၏ အ​ဖြေမှာ မသက်​တစ်​​ယောက်​ နှလုံးသားဒဏ်​ရာတို့ တစ်​သက်​စာ ကျန်​ရှိခဲ့ခြင်းမှ လွှဲ၍ ..ဘဝတစ်​ခု၏ အိမ်​မက်​ဆိုးတို့ မက်​ခွင့်​ရခဲ့သည်​မှ လွှဲ၍ ဘာဆိုဘာမှ ကန်​ရှိမ​နေ​တော့သည့်​အခါ ခံစားချက်​တို့မှ လွတ်​​မြောက်​ရာတစ်​ခုအဖြစ်​ မူးယစ်​​ဆေးဖြင့်​သာ အသက်​ဆက်​​နေသူ တစ်​​ယောက်​ ဖြစ်​ကျန်​ခဲ့ရ​လေ​တော့သည်​....


အပိုင်း ၈သို့

Writter>>>>>@yekungsatthone
Msc 213

Sort:  

ပို့စ်ကနောက်ကျပါတယ်ဆိုမှ Cheetah ကအရင်ရောက်နေပြီ။

အေးဆို..

ကြေကွဲစရာ

ဆက်​လက်​​ကြေကွဲ..

အပိုင်း၈ဆက်​လက်​အား​ပေးပါ့မယ်​....ဖတ်​လို့​ကောင်းပါတယ်​...

‌နောက်‌မှ‌အေး‌အေး‌ဆေး‌ဆေးဖတ်‌မယ်‌‌နော်‌။အခုမအား‌သေးလို့ပါ။

ဟုတ်​ဗျ

ဇာတ်မသိမ်းသေးဘူးလား

သိမ်း​သေးဘူးဗျ

နောက်ကျပေမဲ့လည်းအားပေးနေပါတယ်

ကျေးဇူးပါ

V ခဲ့တယ် နောက်ခါ နောက်မကျနဲ့အေ😎

ပရိုမှီပါ​စေဗျာ

မသိ​တော့ဘူးဗျာ

မသက်တစ်ယောက် ဘဝကလည်း သနားစရာပါ

ဟုတ်​ကဲ့ဗျ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67