နွေရင့်နှင်းစက်(၉)

in #myanmar6 years ago

images (8).jpeg
Credit image
" မင်း ဘယ်​သူ့ကို ဒီ​လောက်​အသည်းအသန်​ စုံစမ်း​နေတာလဲ ​နေ​ရောင်​"
နေ​ရောင်​ ဝရန်​မှာရပ်​ရင်း ဖုန်းကို လက်​မှာ ​ဆုပ်​ကိုင်​ကာ မျက်​​မှောင်​ကြုတ်​ပြီး စဉ်းစား​နေရာသို့ ထင်​မင်း ​ရောက်​ရှိလာကာ ​လှောင်​ပြုံးနှင့်​ ​မေးလိုက်​ခြင်းဖြစ်​သည်​။နေ​ရောင်​ သက်​ပြင်းချရင်း ထင်​မင်းကို မနှစ်​မြို့သလို ကြည့်​လိုက်​သည်​။
ထင်​မင်းဒီကိုပြန်​​ရောက်​လာတာ တစ်​ပတ်​ပင်​မပြည့်​​သေးပါ။နေ​ရောင်​ ဘယ်​​လောက်​ပဲ မျက်​နှာသာ မ​ပေးပါ​စေ ​အ​ဖေ့ အ​ရးစေိုက်​မှု​တွေနှင့်​ပင်​ ထင်​မင်း ဒီအိမ်​ကို ဝင်​ထွက်​သွားလာဖို့ လုံ​လောက်​ပါသည်​။
" ငါ မင်းကို ဝန်​ခံစရာရှိတယ်​။"
"ဘာလဲ"
"မင်း စိတ်​မဆိုးဖို့​တော့ ငါ​မျှော်​လင့်​တာပဲ။"
နေ​ရောင်​ စိတ်​မရှည်​စွာ အိမ်​ထဲလှည့်​ဝင်​ဖို့ ​ခြေလှမ်းပြင်​​တော့ ထင်​မင်းက သူ့ကို့ လှမ်းဆွဲထားလိုက်​ပြီး
"ယုယအ​ကြောင်းဆို မင်း စိတ်​ဝင်​စားမှာလား.."
"ဘာ..."
နေ​ရောင်​ မျက်​လုံးအစုံ ပြူးကျယ်​သွား၏
"မင်း မင်း ဘာ​ပြောလိုက်​တယ်​ ထင်​မင်း။ မင်း ယုယဘယ်​မှာ ရှိသလဲ သိ​နေတာလား.."
ထင်​မင်းမျက်​နှာက တည်​ငြိမ်​​နေ၏။ပြီး​တော့ သက်​ပြင်းသဲ့သဲ့ချရင်း
"ငါ မင်းကိုပဲ ဝန်​ခံမှာ.."
တခဏမျှ စကားသံတို့ တိတ်​ဆိတ်​သွားပြီး ထင်​မင်း စိတ်​ကို ​လျှော့ချလိုက်​ပုံဖြင့်​ ဆက်​​ပြော၏။
" ငါ့ဘဝမှာ မိန်းက​လေး​တွေ အများကြီးကို ​တွေ့ဖူးခဲ့ပါတယ်​။ဒါ​ပေမယ့်​ ယုယ​လောက်​ ငါ့အ​ပေါ်လွှမ်းမိုးနိုင်​တဲ့ မိန်းက​လေး မရှိ​သေးဘူး။ယုယ​လောက်​လည်း ငါ့မာန​တွေကို ထိပ်​​ခေါက်​နိုင်​တဲ့ မိန်းက​လေး မရှိ​သေးဘူး။ရှင်းရှင်း ​ပြောရရင်​ ယုယက ငါ့ကို အဲ့ဒီလို ပြတ်​ပြတ်​သားသား လုပ်​ချသွားတာကို ငါ ခံပြင်းတာကွာ.."
ထင်​မင်း၏​လေသံ​တွေကို နား​ထောင်​​ပေးရုံနဲ့တင်​ သူ့ခံစားချက်​​တွေကို ​နေ​ရောင်​ မြင်​နိုင်​ပါသည်​။
"ငါ ယုယအ​ပေါ် အဲ့ဒီလို​တွေ လုပ်​​နေတာ အခြားတစ်​​ယောက်​နဲ့ သူတွဲသွားမှာကို ငါ မမြင်​ချင်​လို့ မခံစားနိုင်​လို့ပဲ ..အဲ့ဒီခံစားချက်​ကို မင်းနားလည်​ရဲ့လား ​နေ​ရောင်​"
သူ့လည်​​ချောင်းထဲ ဆို့တက်​လာခဲ့မိသည်​။ စကားလုံးတို့သည်​ ထိုဆို့​နေ​သော​နေရာမှ အပြင်​သို့ တိုးထွက်​မလာနိုင်​ခဲ့ကြ​ပေ။
images (9).jpeg
Credit image
သူ ကျောက်​ရုပ်​တစ်​ရုပ်​လို ရပ်​တန့်​​နေ​သော ထင်​မင်းကို တိုးတိုက်​ကာ ထိုင်​ခုံလက်​ရန်း​ပေါ်မှ အ​ပေါ်ဝတ်​ အင်္ကျီကို ဆွဲချပြီး ထွက်​လာခဲ့မိသည်​။
သို့​သော်​ ​ခြေလှမ်းတို့၏ ဦးတည်​ရာသည်​ သတ်​သတ်​မှတ်​မှတ်​မရှိ..။

မင်း ရက်​စက်​လွန်းတယ်​ ထင်​မင်းရာ..ယုယအ​ပေါ်မှာ မင်းအနိုင်​ယူတယ်​။ငါမသိလိုက်​ခင်​မှာပဲ ငါ့အ​ပေါ်ကိုလည်း မင်းရက်​စက်​တယ်​ကွာ..

သူ့စိတ်​​တွေ ဆို့နင့်​ တင်းကြပ်​​နေခဲ့​လေသည်​။
ည၏အ​မှောင်​တို့ကြား လမ်းမီးတို့ တဖြည်းဖြည်း လင်းလာ​နေခဲ့ပြီ။သူ့အရိပ်​တို့သည်​ ​လေးလံစွာလှုပ်​ရှား​နေ​လေသည်​။ညမီး​ရောင်​စုံတို့ဖြင့်​ အရက်​ဘားတစ်​ခုထဲ သူဝင်​လိုက်​မိသည်​။ ထို့​နောက်​ ဘားမှာပင်​ ​ခေါင်းငိုက်​စိုက်​ကျလျှက်​က သူ့နှုတ်​ဖျားက ဘာ​တွေကို မှာ​နေမိသည်​​တော့မသိ..လာချသမျှ ခွက်​တိုင်းကို သူ​သောက်​ပစ်​​နေမိသည်​ကို မှတ်​မိလိုက်​သည်​..ပြီး​နောက်​ ​လောကကြီးနဲ့ သူ ဘယ်​အတိုင်းအတာအထိ ​ဝေးခဲ့​လေသည်​ မသိ..


သူ့မျက်လုံး​တွေ ဖွင့်​ဖို့ကြိုးစားလိုမှ ကျိန်းစပ်​သွားသည့်​အခါ သူ့​နေရာသည်​ ခါတိုင်းလို ပုံမှန်​တစ်​ခု မဟုတ်​မှန်း သူသိလိုက်​သည်​။မျက်​လုံး​တွေကို မရအရ အားယူပြီး ဖွင့်​လိုက်​မှ သူ ​ရောက်​​နေသည်​မှာ ခုံတန်းလျားတစ်​ခုမှန်း သိလိုက်​သည်​။ပတ်​ဝန်းကျင်​ကို အကဲခတ်​ကြည့်​​တော့မှ သူအိပ်​​နေခဲ့သည်​မှာ လမ်း​ဘေးကားမှတ်​တိုင်​တစ်​ခု၏ ခုံတန်း​ပေါ်တွင်​ဖြစ်​သည်​။
ကားစီးမည့်​သူတို့ ရှိမ​နေ​သေးတာပင်​ ကံ​ကောင်းသည်​ဟု ဆိုရမည်​။ ညက သူယူခဲ့​သော အင်္ကျီကလည်း သူ့​ခေါင်းအုံး​နေရာဆွင်​ရှိ​နေသည်​မို့ စမ်းကြည့်​လိုက်​​တော့ ဖုန်း​ရော ပိုက်​ဆံအိတ်​​ရော ရှိေ​န​သေးသည်​မို့ သူ​တွေးလိုက်​မိသည့်​အရာတစ်​ခုက ညက ဘားက တစ်​​ယောက်​​ယောက်​ လာချသွားခြင်း ဖြစ်​မည်​ဟု..။
သူ ​ခေါင်းကို ခါလိုက်​ပြီး ​လေးလံ​နေသည့်​ ဇက်​​ကြောကို ထုလိုက်​မိသည်​..
ထိုစဉ်​ခပ်​လှမ်းလှမ်းမှ လူနာတင်​ယာဉ်​တစ်​စီး၏ ခပ်​ကြမ်းကြမ်း ဥသြဆွဲသံနဲ့ ဖြတ်​​မောင်းသွားသံသည်​ သူ့ကို မျက်​​မှောင်​ကြုတ်​​စေမိသည်​။မနက်​ခင်း​သည်​ ကျက်​သ​ရေယုတ်​​စေသလိုဟုပင်​ သူထင်​လိုက်​မိသည်​။
သူနဲ့မသက်​ဆိငု​​သောအရာမို့ အများကြီး​တော့ မစဉ်းစားနိုင်​ ကားတစ်​စီးစီးကို လှမ်းတားပြီး စီးဖို့ သူ့လက်​ကျန်​​ငွေကို စစ်​ကြည့်​လိုက်​သည်​။
"တီး...တီး....​တောင်​...​တောင်​..."
အဝင်​ဖုန်း​callမို့ သူသိပ်​ပြီးအ​လေးမထားစွာ ကိုင်​လိုက်​မိသည်​။
"ဟယ်​လို အမိန့်​ရှိပါ​ဗျာ..​နေ​ရောင်​​ပြော​နေပါတယ်​"
တစ်​ဖက်​မှ ​ရေးကြီးသုတ်​ပြာတုံ့ပြန်​သံထက်​ ​အမည်​နာမတစ်​ခု၏ ​ခေါ်သံသည့်​ သူ့​ခေါင်းနပန်းကို ဆယ်​ဆမက ကြီးထွားသွား​စေခဲ့​လေသည်​...
"ရှိုင်းနဲ့ ​ပြောချင်​လို့ပါ .."တဲ့
" ဗျာ...ဘယ်​..ဘယ်​သူလဲ"
" ကျွန်​မ ရှိုင်းဆိုတဲ့လူနဲ့ပဲ​ပြောချင်​ပါတယ်​..အ​ရေးကြီးကိစ္စဖြစ်​​နေလို့ပါ.."
" ဟုတ်​ကဲ့ ကျွန်​​တော်​ ရှိုင်းပါပဲ။ အခု​ပြော​နေတာ ဘယ်​သူပါလဲ..ယုယနဲ့ ဘယ်​လိုပတ်​သက်​​နေပါသလဲ.."
images (10).jpeg
Credit image
သူ့​မေးခွန်းတို့သည်​ တရစပ်​ထွက်​သွားကုန်​​တော့သည်​။
တစ်​ဖက်​မှ ​ပေး​သော ​ဆေးရုံလိပ်​စာကို သူ ကမန်းကတန်း မှတ်​လိုက်​မိသည်​။တစ်​ဖက်​မှ ဖုန်းချသွားပြီးသည်​အထိ သူ့အာရုံတို့ ရှုပ်​​ထွေး​နှောက်​ကျိ​နေဆဲ..
ဒီ​ရောက်​မှပဲ ​ပြောပြ​တော့မယ်​ ဆိုတဲ့ အမျိုးသမီးကို သူ ​ကျေးဇူး​တွေတင်​​နေမိသည်​။
ကား​တွေကို ကမန်းကတန်း လိုက်​တား​နေမိ​ပေမယ့်​ တစ်​စီးမှ မလွတ်​..။
သူ့စိတ်​​ဇော၏ ​စေ့​ဆော်​မှုသည်​ ဘယ်​အရာကိုမှ သူဂရုမစိုက်​နိုင်​​တော့..
သူ အားကုန်​သုံးပြီး ​ပြေးလွှား​နေမိသည်​။ ဘယ်​သူ့အကြည့်​ကိုမှ ဂရုမစိုက်​နိုင်​..သူ့ကို​ယ်​သူလည်း မထိန်းချုပ်​လိုက်​နိုင်​..
စိတ်​အစဉ်​သည်​ ယုယ ​နေ​ကောင်းပါ​စေ ဟူ​သော ဆု​တောင်းအ​ပေါ်တွင်​သာ အပ်​နှံလျှက်​...
လမ်းတွင်​ ကားတစ်​စီးကို တားလို့ရခဲ့ပြီး ​ဆေးရုံကို ​ရောက်​​တော့ သူအ​တော်​ကြီး ​မောပန်း​နေ​လေပြီ။ သို့​သော်​ သူမရှိရာအခန်းသို့ သူ ကရှူးမူးထိုး ​ပြေးတက်​လာခဲ့မိသည်​။
စော​စောက အမျိုးသမီး​ပြောထားသည့်​ အခန်း​ရှေ့တွင်​ ရပ်​လျှက်​ စိတ်​တို့ကို တည်​ငြိမ်​​အောင်​ထိန်းပြီး တံခါးလက်​ကိုင်​ကို အံကြိတ်​ပြီး လှည့်​လိုက်​မိသည်​...

အပိုင်း ၁၀ သို့

Writter>>>>@yekungsatthone
Msc 213

Sort:  

ဒီလိုအချစ်​ဝထ္ထု​လေး​တွေလဲ ပါအူးမှ
ဒို့စတီးမစ်​က​ဝေဆာတာုဂုဏ်​ယူပါတယ်​ဗျာ

ဇာတ်ရှိန်က မြင်လြာပြီနော် bro

ဟုတ်​ဗျ..ပြီးခါနီးပြီ​လေ

ကွိးယားကားကြည်ရသလိုပဲ ဇတ်ရှိန်တက်နေရင် လုပ်ပီ 😆😆

ဟီး..ဆက်​ဖတ်​​ပေး​အောင်​လို့ပါဗျာ

ဝတ္ထုတို‌လေး‌တွေ စုထားညီ။‌နောက်‌စာအုပ်‌ထုတ်‌လို့ရတာ‌ပေါ့။

ဟုတ်​ အစ်​ကို.ကြိုးစားကြည့်​ပါ့မယ်

ယုယနဲ့တွေ့ဆုံချိန်လေးသိချင်နေမိ

ဆက်​လက်​ဖတ်​ရှု့ပါဗျာ

ဆက်​လက်​ပြီး ဖတ်​ချင်​ပါ​သေးတယ်

ဟုတ်​ဗျ..အပိုင်း၁၀ဆက်​အား​ပေးပါဗျ

အားပေးနေပါသည်။

ကျေးဇူးပါ

ဒီအပိုင်းကပိုပြီးတော့ ဇာတ်ရုပ်ကိုပေါ်လွင်ထင်ရှားလာပြီး ဇာတ်ရှိန်တက်လာပါပြီ။စိတ်ဝင်စားစရာကောင်းပြီး ပိုထိမိလာပါပြီ။ဆက်အားပေးမယ်ဗျာ

ကျေးဇူးအထူး တင်​မိတယ်​ဗျ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62486.49
ETH 3015.74
USDT 1.00
SBD 3.93