ကျနော်နဲ့  စာရေးခြင်း

in #myanmar6 years ago

download (10).jpeg
Credit image
ဒီတစ်​ပတ်​မှာ​တော့ ကျ​နော်​ အမြဲ​ရေး​နေကျ ဇာတ်​လမ်းတွဲ​လေး​တွေကို နားလိုက်​ပါအုံးမယ်​။
စိတ်​ကူး​လေး​တွေကို ဖြန့်​ကျက်​ပြီး ဇာတ်​​ကောင်​​တွေကို ​မွေး ဇာတ်​ကွက်​​တွေကို ဖန်​တီးပြီး ဇာတ်​လမ်း​တွေလုပ်​ရတဲ့ ကျ​နော်​..
ကျ​နော့်​ဇာတ်​လမ်း​လေး​တွေကို အား​ပေးကြတဲ့ ချစ်​တဲ့ အစ်​ကို အစ်​မ​တွေလည်း ကြာ​တော့ ဇာတ်​လမ်းတွဲ​တွေ ဖတ်​​နေရတာ ငြီး​ငွေ့လာကြ​တော့မယ်​​။
အဲ့ဒီ​တော့ ကျ​နော်​ ဇာတ်​လမ်းတွဲထဲက အချို့အ​ကြောင်းကို ပြန်​လည်​ ​ဖောက်​သည်​ချချင်​ပါတယ်​။

ကျ​နော်​ဟာ သာမန်​ထက်​ steemitကို အချိန်​​ပေးနိုင်​မှု အားနည်းခဲ့သလို gpမှာလည်း ရင်းနှီးမှု အားနည်းခဲ့တာ ဝန်​ခံပါတယ်​။
ဒါ​ပေမယ့်​ steemitဟာ စာ​ရေးရင်းနဲ့ ဝင်​​ငွေရတဲ့ အလုပ်​ဖြစ်​​လေ​တော့ ​စာ​ရေးရတာ ကြိုက်​တဲ့ ကျ​နော့အတွက်​ အကြိုက်​​တွေရပါတယ်​။
ကျ​နော်​ စာ​ရေးရတာ ကြိုက်​​ပေမယ့်​ ဘာ​ရေးရမှန်း မသိဘူး။ သူများ​တွေရဲ့ ပိုစ့်​​တွေက ဗဟုသုတရစရာ​တွေ ​တွေး​တော ဆင်ုခင်​စရာ​တွေနဲ့ ပိုစ့်​​ကောင်း​တွေအများကြီး ​တွေ့​နေရ​တော့ ကျ​နော်​က ​ဖျော်​​ဖြေ​ရေးပုံစံ​လေးနဲ့ ​ပေါ့​ပေါ့ပါးပါး ရသ အချစ်​ဝတ္ထု​လေး​တွေ​ရေးဖို့ အကြံရသွားခဲ့တာပါ။
ဟိုတုန်းက ​ရေးခဲ့တာ​တွေက pro ပိုစ့်​ တင်​နိုင်​ရုံသက်​သက်​ စာလုံးပြည့်​ရုံသက်​သက်​သာ ​ရေးခဲ့​ပေမယ့်​ ကျ​နော်​ ဝတ္ထု​လေး​တွေကို​တော့ ဇာတ်​လမ်း ဇာတ်​ကွက်​​လေး​တွေ အချိတ်​အဆက်​မိဖို့ ဇာတ်​လမ်း​ကောင်း​လေး​တွေဖြစ်​ဖို့ ကြိုးစားအားထုတ်​မိပါတယ်​။
images (28).jpeg
Credit image
ဖျော်​​ပြေ​ရေးဝတ္ထု ဖြစ်သည့်​တိုင်​ စာဖတ်​သူ​တွေကို ဖတ်​ချင်​စိတ်​​လေးဖြစ်​​စေဖို့​တော့ လိုတယ်​​လေ။
အဲ့ဒါနဲ့ ကျ​နော်​လည်း စာအုပ်​​လေး ဘာ​လေး​တွေ ရှာဖတ်​ရင်း ဝတ္ထုမတိုမရှည်​​လေး​တွေ ​ရေးတင်​ခဲ့တာ ကျ​နော့ရဲ့ အားစိုက်​မှု​လေး​တွေ ထည့်​ထားမိတဲ့ ဝတ္ထု​တွေက သိုဝှက်​​နေ့စွဲက စရမယ်​ဆိုရမှာပါပဲ။

သိုဝှက်​​နေ့စွဲကို ​ရေးတဲ့အခါ ဇာတ်​လမ်းဟာ ​စာဖတ်​သူကို ​ပြောပြတဲ့ပုံစံမျိုး​လေးနဲ့ ​ပေါ့​ပေါ့ပါးပါး​လေးပဲ ​ရေးထားခဲ့ပါတယ်​။ ဒါ​ပေမယ့်​ စာဖတ်​သူစိတ်​ထဲ နည်းနည်း​လေးပဲ ဖြစ်​ဖြစ်​ ထိရှသွားဖို့ ကျ​နော်​ ဇာတ်​​ကောင်​နှစ်​​ယောက်​လုံးကို သတ်​ပစ်​လိုက်​ပြီး ဇာတ်​သိမ်းခဲ့ပါတယ်​။
အချက်​အလက်​​တွေ ဇာတ်​လမ်းဇာတ်​ကွက်​​တွေက တိုတိုနဲ့ရှင်းရှင်းဆို​တော့ လိုအပ်​ချက်​​တွေ အများကြီးရှိခဲ့ပါတယ်​..

အဲ့ဒီလို ဇာတ်​လမ်း​တွေ​ရေးတာက ပိုအဆင်​​ပြေတာ သိလာရ​တော့ ​နောက်​တစ်​ပုဒ်​ဆက်​​ရေးမိပါတယ်​။
နူးညံ့ရီ​ဝေ​စေတတ်​​သော ကျိန်​စာ​ပေါ့..။
အဲ့ဒီအထဲက ဇာတ်​​ကောင်​မင်းသမီးကို ကျ​နော်​က အဲ့ဒီထက်​ပိုပြီး နားလည်​ရခက်​​စေချင်​တာ မင်းသားက ပိုပြီး မုန်း​စေချင်​တာ အဲ့ဒီအရာနှစ်​ခုကြားမှာ နားလည်​မှု​လေးတစ်​ခုက​နေ သူတို့ရဲ့နီးစပ်​မှုကို ​မွေးဖွား​စေချင်​တာပါ။
ဒါ​ပေမယ့်​ ဇာတ်​လမ်းဟာ ကျ​နော်​ လိုချင်​သ​လောက်​ဆိုရင်​ သိပ်​ပြီး ရှည်​လျားသွား​တော့မှာ ဖြစ်​သလို အဲ့ဒီ​လောက်​ရှည်​သွားရင်​ ဖတ်​သူလည်း ပျင်းသွားနိုင်​တယ်​​လေ။ ကျ​နော်​လည်း အဲ့ဒီ​လောက်​ ဆွဲ​ဆောင်​ထားနိငု​မယ်​ မထင်​တာ​ကြောင့်​ ​နောက်​ပိုင်းမှာ​တော့ ဇာတ်​လမ်း​တွေကို သိပ်​ပြီး ခင်းကျင်းမ​နေ​တော့ပဲ မြန်​မြန်​ဆန်​ဆန်​ကြီး.ဇာတ်​သိမ်းပစ်​လိုက်​ရ​တော့တယ်​။
အဲ့ဒီအထဲမှာလည်း မင်းသားရဲ့ အိမ်​​ထောင်​ဖက်​အတွက်​ ​နေရာမရှိပဲ နစ်​မြှုပ်​​နေခဲ့တာ​တွေက ကျ​နော်​က ဇာတ်​သိမ်းကို ဘယ်​လိုသိမ်းရမယ်​မှန်း မသိ​တော့လို့ ချက်​ချင်းလက်​ငင်း မင်းသားကို မိန်းမ​ကောက်​​ပေးစားလိုက်​ရတာပါပဲ​ဗျာ..စိတ်​​တော့မ​ကောင်းဘူး​ပေါ့​လေ..

အခု ​ရေးခဲ့ပြီးတဲ့ ​နွေရင့်​နှင်းစက်​က​တော့ မင်းသမီးရဲ့ စိတ်​ဓာတ်​ပိုင်းဆိုင်​ရာ​တွေ အဆုံးအထိ ပြိုလဲပြီးမှ ပြန်​လည်​ ထူမတ်​ဖို့​ဗျ။
သိပ်​ပူ​လောင်​တဲ့ ​နွေရာသီမှာ ​အေးမြတဲ့ နှင်းစက်​လိုမျိုး​လေး​ပေါ့​လေ။ဇာတ်​​ကောင်​ ထင်​မင်းရဲ့ ရက်​စက်​မှုကို ကျ​နော်​ မယုတ်​မာ​စေချင်​ဘူး​ဗျာ။မင်းသား ​ရှိုင်းရဲ့ အခန်းကဏ္ဍကလည်း နည်းနည်း​လေး အားနည်းသွား​လေရဲ့။
ကျ​နော့ရဲ့ လိုအပ်​ချက်​​တွေကို ကျ​နော်​ ပြန်​ရှာကြည့်​လိုက်​တာ​ပေါ့​လေ။
ကျ​နော်​ဟာ ဆက်​ပြီး ကြိုးစား​နေအုံးမှာပါ.​နောက်​တစ်​ပတ်​မှာ​တော့ တရုတ်​ဇာတ်​လမ်း​လေးတစ်​ပုဒ်​ကို ​ကျောရိုးနည်းနည်း​လေး ယူထားမိ​ပေမယ့်​ ကျ​နော့်​ကိုယ်​ပိုင်​ ဇာတ်​လမ်း​လေးတစ်​ပုဒ်​ကို အခန်းဆက်​ ​ရေးသားပါအုံးမယ်​။
အား​ပေးကြလိမ့်​မယ်​လို့ ယုံကြည်​မိပါတယ်​။
images (27).jpeg
Credit image
အခုကျ​နော့်​ရဲ့ ကြိုးစားမှု​လေး​တွေပါဝင်​တဲ့ သိုဝှက်​​နေ့စွဲ၊ နူးညံ့​ရီ​ဝေ​စေတတ်​​သောကျိန်​စာနဲ့​နွေရင့်​နှင်းစက်​ သုံးပုဒ်​ထဲမှာ​ရော ဘယ်​တစ်​ပုဒ်​ကို အကြိုက်​ဆုံးလဲလို့ ကျ​နော်​ ​မေးကြည့်​ချင်​မိပါတယ်​။

နောက်​ဇာတ်​လမ်း​တွေမှာ​ရော..ဇာတ်​​ကောင်​​တွေကို ဘယ်​လို ဇာတ်​သိမ်းမျိုးကို သ​ဘောကျကြပါသလဲခင်​မျာ..

ကျ​နော်​က ကြိုးစား​နေဆဲသူမို့ မိတ်​​ဆွေ​တွေ အ​တွေ့အကြုံများတဲ့အကိုအစ်​မ​တွေဆီက နည်းပညာ​တွေ အကြံဉာဏ်​​တွေ ​တောင်းခံခြင်းပါ။

ကျ​နော်​ သ​ဘောကျ​တဲ့ ဇာတ်​လမ်း​တွေကို​ရေးပြီး ကျ​နော်​ချစ်​တဲ့ steemitနဲ့အတူ ကျ​နော်​ ဆက်​ကြိုးစားပါအုံးမယ်​။
ကျ​နော်​​လေးစားရတဲ့ အစ်​ကိုအစ်​​တွေ အဖွဲ့သား​တွေအားလုံး ကျန်းမာကြပါ​စေလို့ ဆု​တောင်း​​ပေး​နေပါတယ်​​ခင်ဗျား

Writter>>>>>@yekungsatthone
Msc>>>>>>213

Sort:  

အားလုံးထဲက တစ်ခုဆိုရင်တော့ "နူးညံ့ရီဝေစေတတ်သောကျိန်စာ" ဆိုတဲ့ဇာတ်လမ်းလေးကို အကြိုက်ဆုံးပါ။

😁😁ဟုတ်

bro ရဲ့ ပရိတ်သတ်တစ်ယောက်အဖြစ် အားပေးနေလျက်ပါ

ကျေးဇူးပါဗျ

ကောင်း​ပါတယ်အရင်​​ ဇာတ်​လမ်းတွဲ​တွေ

ဟုတ် ကျေးဇူးပါဗျ

ဒါလည်းpostဖြစ်သွာပဲ
ကောင်းပါတယ်
ဆက်ရေးပါအားပေးနေပါတယ်

ကျေးဇူးပါဗျ

သုံးပုဒ်​လုံးတစ်​မျိုးစီဖတ်​​ကောင်းပါတယ်​....ဆက်​အား​ပေးပါ့မယ်​.. ...

ဟုတ် ကျေးဇူးပါဗျ

ဘာပဲဖြစ်​ဖြစ်​ဆက်ရေးပါ တဖြည်းဖြည်းနဲ့ဘာရေးရမယ် ဆိုတာ သိလာပါလိမ့်မယ်

ဟုတ်​ကဲ့ပါဗျ..ကြိုးစား​နေပါတယ်

အခု​တောင်​ စာ​ရေးတာ ​ကောင်း​နေတာ ....​ကြိုးစားရင်​ပိုပြီး ​ကောင်းမှာ ​အ​သေအချာပဲ အား​ပေးလျက်​ပါ

ဟုတ်​..​ကျေးဇူးပါဗျာ

ဖတ်ရမိသလောက်တော့ ကောင်းပါတယ်။ ပရိုဆန်ဆန် ရေးနိုင်တာ တကယ်ချီးကျူးတယ်

ကျေးဇူးပါဗျာ.

နောက်လာမဲ့ ဇတ်လမ်းတွဲ လေးတွေလည်း အားပေးနေပါ့မယ်ဗျာ 😊😊

ဟုတ်​ဗျ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11