နူးညံ့ရီဝေစေတတ်သောကျိန်​စာ ၇

in #myanmar6 years ago (edited)

image
မေ စကားမ​ပြော​တော့ ပတ်​ဝန်းကျင်​က တခဏမျှ တိတ်​​ဆိတ်​​နေပြီးမှ ​မေက ဖြည်း​လေးစွာ စကားဆက်​ပြန်​တယ်​။
" ​မေ့ရဲ့ ငယ်​ဘဝ အိမ်​မက်​က ​မေဟာ လူတကာ​တွေရဲ့ကြားမှာ ​ခေါင်း​မော့ရင်​​ကော့နိုင်​တဲ့ ​အောင်​မြင်​တဲ့ ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​တည်​ပြီး ဂုဏ်​ယူ ဝင့်​ကြွားနိုင်​တဲ့ မိန်းမတစ်​​ယောက်​ဖြစ်​ချင်​ခဲ့တာ။အခက်​အခဲ​ပေါင်းများစွာကြားထဲက​နေ စာကို ကြိုးစားခဲ့တာ..ခန့်​တို့ မိသားစု​တောင်​ ​မေ ဆယ်​တန်းကို ဂုဏ်​ထူး​လေးခုနဲ့​အောင်​တာကို မသိခဲ့ကြဘူး "
image
ထိုစကားကို ​ပြော​နေချိန်​မှာ ​မေမျက်​နှာ ​ပေါ်က နာကြည်းရိပ်​နဲ့ လွှင့်​ခနဲပြုံးတဲ့မဲ့ပြုံးကို ​တွေ့လိုက်​ရတယ်​။
" ​မေ့ဘဝအတွက်​ တံခါး တစ်​ချပ်​ပွင့်​ပြီလို့ ဝမ်း​မြောက်​ဝမ်းသာဖြစ်​​မယ်​မကြံ​သေးဘူး ကံအခွင့်​ ကြမ္မာက ​မေ့ကို ကံ​ကောင်းခွင့်​မ​ပေးဘူး။ အစ်​မက ကားတိုက်​ခံရပြီး ​ခြေ​ထောက်​​တွေ ကျိုးသွားတယ်​။ တကယ့်​ဒုက္ခိတ ပါပဲ။ အစ်​မ​ယောက်ျားက အစ်​မကို ​ဖေးမသလိုနဲ့ ​မေ့အ​ပေါ်မှာ မရိုးသားမှန်းသိတယ်​။ဒါ​ပေမဲ့ ​မေ ဂရုမစိုက်​ပဲ စာကို ကြိုးစားခဲ့တယ်​။ ​မေ့​ကျောင်းစရိတ်​နဲ့ အစ်​မရဲ့ ​ဆေးဖိုးစရိတ်​ အိမ်​စရိတ်​​တွေကို ​မေရှာ​ဖွေခဲ့တယ်​။မေရဲ့ ရုပ်​ရည်​က ပုံမှန်​ထက်​ လှပတယ်​လို့ လူ​တွေ​ပြောကြ​ပေမဲ့ ​မေဂရုမစိုက်​ခဲ့ဘူး။မေက ရုပ်​ရည်​ကို အားမကိုးဘူး ပညာကို အားကိုးမယ်​လို့ ခံယူခဲ့တာကိုး။ အဟွန့်​...​မေ့ရုပ်​ရည်​အရ ​မေ့အတွက်​ စပွန်​ဆာ​တွေ မရှားခဲ့ဘူး။ အဲ့ဒီအန္တရာယ်​​တွေကြားက​နေ ​မေ လိမ်​မာပါးနပ်​စွာ တိမ်း​ရှောင်​​နေခဲ့ပါ​သေးတယ်​။
ကြိုးစားတဲ့အရာတိုင်းမှာ ဖြစ်​ချင်​သလို ဖြစ်​လာကြ​လေ့မရှိဘူး..သိလား..ထက်​မြက်​။ ​မေ့ ​ဆေး​ကျောင်း ဒုတိယနှစ်​မှာ ​​ကျောင်းစရိတ်​နဲ့ အိမ်​စရိတ်​နဲ့ ​ကျောင်းစာနဲ့ လုံးပန်းရတဲ့ ဖိအားဒဏ်​ကို ​မေ မခံနိုင်​​တော့ပဲ ပုံလဲ​တော့တာပဲ။အဲ့ဒီနှစ်​မှာ ​မေ စာ​မေးပွဲကျတယ်​။မေ့ဘဝဟာ ဘယ်​​လောက်​ပဲ ရုန်းကန်​ပါ​စေ ပြန်​ထခွင့်​မရတဲ့ဘဝပဲ..ကံကြမ္မာကို ​မေ မုန်းတယ်​။ ​မေ့ဘဝကို ​မေ မုန်းတယ်​။ ကိုယ်​ဖြစ်​ချင်​တိုင်း ဖြစ်​ခွင်​မရတဲ့ ဘဝမှာ ဖြစ်​လာတဲ့အတိုင်းပဲ အားလုံးကို ​မေ လက်​ခံပစ်​လိုက်​တယ်​။ အဟင်း...ဟင်း....အဲ့ဒီလိုဆို​တော့လည်း ဘဝက လွယ်​လွယ်​​လေး ဖြစ်​သွား​ရော​ပေါ့.."

မေ့ စကားသံ​တွေ တိတ်​ဆိတ်​သွားတယ်​။ဆေးခန်း မျက်​နှာကျက်​ကို ​မော့ကြည့်​ပြီး မျက်​ရည်​​တွေကို ကျမလာဖို့ သူမ ကြိုးစား​နေမှန်း ကျွန်​​တော်​ နားလည်​ လိုက်​တယ်​။
သူမစကား​တွေ ပြီးဆုံးသွားချိန်​မှာ ကျွန်​​တော့်​အတွက်​လည်း စကားလုံး​တွေ ​ပျောက်​ဆုံး​နေခဲ့တယ်​။
ကျွန်​​တော့ လက်​ထဲက ဆူးသက်​ရဲ့ စာကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ပြီး ​ဘောင်းဘီအိတ်​ထဲ ထည့်​ထားလိုက်​မိတယ်​။သူမရဲ့ နာကျင်​ ရချိန်​​တွေ ​လျော့ပါးပါ​စေ​တော့​လေ...။
...................................

" သား..​စေတနာဆိုတာ လူတိုင်းကို ထားလို့ ထိုက်​တန်​ပါတယ်​ သား။ ဒါ​ပေမဲ့ ပတ်​ဝန်းကျင်​ဆိုတာ အ​မေတို့​ ရှင်​သန်​​နေတိုင်း ကင်းကွာ​နေလို့မရဘူး​နော်​။အ​မေ့သားရဲ့ ဆုံးဖြတ်​ချက်​တိုင်းကို အ​မေယုံပါတယ်​။..."

မေ တစ်​​ယောက်​ ကျွန်​​တော့်​ဆီမှာ ​သောင်​တင်​​နေခဲ့တာ အ​တော်​​လေးကြာပါပြီ။ကျွန်​​တော်​က မ​ပြော​ပေမယ့်​ ​မေ့အ​ကြောင်းကို အ​မေသိ​နေခဲ့ပါတယ်​။အ​မေမသိ​သေးတဲ့ ဆူးသက်​ရဲ့အ​ကြောင်းကို​တော့ ကျွန်​​တော်​လည်းမ​ပြောခဲ့သလို ကျွန်​​တော်​ကိုယ်​တိုင်​လည်း ဆူးသက်​ပို့လိုက်​တဲ့ စာတစ်​​စောင်​က လွှဲလို့ ဘယ်​​နေရာမှာမှ စုံစမ်းလို့မရခဲ့ပါဘူး။

ခန့်​မင်းမရှိတဲ့​နောက်​မှာ ဆူးသက်​ကို ကကျွန်​​တော့်​ ညီမ​လေးတစ်​​ယောက်​လို ​စောင့်​​ရှောက်​ဖို့ ကျွန်​​တော်​ တာဝန်​မကင်းဘူးလို့ ယူဆတဲ့အတွက်​ ကျွန်​​တော်​ ဆူးသက်​ကို ​နေရာ အနှံ့ လိုက်​ရှာ​နေမိတယ်​။

သတင်း​တွေ လိုက်​လံ စုံစမ်း​နေမိတယ်​။ ဒါ​ပေမဲ့ အခုထိ​တော့ မ​တွေ့ရ​သေးပါဘူး။

" ​ဗိုလ်​မှူးကလည်း ညံ့တယ်​​နော်​။ကျွန်​​တော်​တို့က ​လူ​တော်​ပဲ ထင်​ထားတာ။"

သူငယ်​ချင်း​တွေနဲ့ ဆုံရင်​ ​ပြော​နေကျစကား​တွေကို ကျွန်​​တော်​ ငြင်းဆန်​ရ​လေ့ရှိပါတယ်​။

" ကိုယ့်​ကို အားကိုးတကြီး ခိုလှုံလာတဲ့ကို ကျွန်​​တာ် အခွင့်​အ​ရေး ယူဖို့ မသင့်​ပါဘူး။ ​မေ့ကို ကျွန်​​တော်​ ညီမ​လေးလိုပဲ သ​ဘောထားပါတယ်​။ ပြီး​တော့ သူ ပြဿနာအချို့ကို ​ရင်​ဆိုင်​ဖို့ မရဲ​သေးလို့ ကျွန်​​တော့်​ဆီ ​ရောက်​​နေခဲ့တာပါ...."
image
မေ့ရဲ့ ဂုဏ်​သိက္ခာအရ ကျွန်​​တော်​ အဲ့ဒီလို​လေးပဲြောဖြစ်​ပါတယ်​။ ကျွန်​​တော်​ကိုယ်​တိုင်​ ​မေ့ ဘဝအ​ကြောင်း​တွေကို သိပြီး သွားချိန်​မှာ ​မေ့ကို မုန်းတီးစရာ လူတစ်​​ယောက်​လို့ မမြင်​တတိ​တော့ပဲ သနားစရာ လူတစ်​​ယောက်လို့ မြင်​​နေမိတာ ကြာပါပြီ​လေ။
ကျွန်​​တော်​ဆီမှာ​တော့ သူမဟာ သာမန်​ လူတစ်​​ယောက်​လို ​ပျော်​ရွှင်​​နေတာကို မြင်​ရ​တော့ ကျွန်​​တော်​ ဝမ်းသာရပြန်​ပါတယ်​။
တစ်​ခုရှိတာက သူမက ဆူးသက်​တို့သားအမိအ​ကြောင်း ​ပြောတဲ့အခါ ကျွ​န်​​တော်​ သိပ်​​ကြောက်​​နေမိတာပါပဲ။
" ဒီတစ်​ခါ အ​ဒေါ်နဲ့​​တွေ့ရင်​ဆူးသက်​နဲ့လည်း ​တွေ့နိုင်​ပြီသိလားထက်​။ ဟိုတုန်းကဆို ခန့်​နဲ့ ​မေက ဆူးသက်​ကို အမြဲစပြီး ဆူးသက်​ငိုရင်​ အ​ဒေါ်က ဆူနဲ့ အခုပြန်​​တွေးလိုက်​ရင်​ ​ပျော်​စရာလည်း​ကောင်း လွမ်းစရာလည်း ​ကောင်းနဲ့..."
သူမ ထိုအချိန်​​တွေအ​ကြောင်းကို ​ပြောတိုင်း မျက်​နှာ​လေးက ​အေးမြစွာ ပြုံး​နေ​လေ့ရှိတယ်​။ဆူးသက်​က ကျွန်​​တော့်​အခန်းနဲ့​ဘေးချင်းကပ်​အခန်းလွတ်​မှာ တပ်​ရင်းမှူးကြီးရဲ့ခွင့်​ပြုချက်​နဲ့ မိန်းက​လေးအ​ဖော်​တစ်​​ယောက်​နဲ့ အတူ​နေတာပါ။
အတူ​နေတာဆို​ပေမဲ့ ညအိပ်​ချိန်​​တွေ​လောက်​သာ ဖြစ်​ပြီး​တော့ ဆူးသက်​က ကျွန်​​​တော်​အားလပ်​ချိန်​​တွေတိုင်း ကျွန်​​တော်​နဲ့သာ စကား​ပြောရင်း ​နေ​လေ့ရှိတာများပါတယ်​။
တစ်​​နေ့မှာ​တော့ ကျွန်​​တော် ​တပ်​​ဆေးခန်းက တာဝန်​ချိန်​ပြီးလို့ အခန်း​ရှေ့ပြန်​​ရောက်​လာချိန်​မှာ ကျွန်​​တော်​ စိုးထိတ်​ခြင်းက ကြိုလင့်​လို့ ​နေခဲ့ပါပြီ...

အပိုင်း...၈...​မျှော်

Written @yekungsatthone
Photo from google
Msc 213

Sort:  

လှပတဲ့ ကလောင်ချက် လေးတွေနဲ့ ဇာတ်အိမ်ဖွဲလာတဲ့ ဝတ္ထုလေးပါဘဲဗျာ

ကျေးဇူးအထူးတင်​ပါတယ်​​ဗျာ...အားရှိရပါတယ်

တစ်နေ့ထက်တစ်နေ့ထက် စိတ်ဝင်စားစရာတွေ ပိုပေးလာတယ်ဗျာ တကယ်တော်ပါတယ်ဗျ

ကျေးဇူးပါ​ဗျ.ဆက်​လက်​အား​ပေးပါအုံး​ဗျ

အ​ရေးအသား​ကောင်းပြီးဖတ်​​ကောင်းတယ်​....အပိုင်း၈ဆက်​အား​ပေးမယ်​​နော့...

ဟုတ်​ကဲ့ ဆက်​လက်​အား​ပေးပါ​ဗျ

အပေါ်ပိုင်းတွေ ဖတ်ရပြီး အောက်ပိုင်းက ဖတ်မရ မမဖောင့်နဲ့တော့ ဒိုးခဖဲ အေ ဖောင့် မန်အောင် လုပ်ရအုံးမယ်😑

ဟုတ်​ မတြိ

စာရေးဆရာတစ်ယောက်ရဲ့အရည်သွေးမျိုးရှိပါတယ်
အောင်မြင်ပါစေ

ကျေးဇူးပါ​ဗျ

ကောင့်းပဗျာ

ကျေးဇူးဗျ

အခန်းဆက်လေးတွေတင်ပြတာ အရမ်းကောင်း

ဆက်​လက်​အား​ပေးပါ​ဗျ

ကောင်း​ကောင်းလပြီအ​ရေးအသား​လေး​တွေက ​ကေိာ်​တို့လည်းသင်​​ပေးဦး​လေ

အွမ်​...အဲ့လို​တော့ တတ်​ဘူး​လေ

MSC မဂ္ဂဇင်းမှာ bro ဝတ္ထု ပါမယ်‌လို့ယုံကြည်‌တယ်‌ဗျာ။ဇာတ်‌လမ်း‌လေးက ဆွဲ‌ဆောငှ်ု ရှိပါတယ်‌။

ပါမယ်​ဆိုရင်​​တော့ ပို​ကောင်းမှာပါ​ဗျ

ဝိုး ဇတ်လမ်းလေးကတော့ အရမ်းကောင်း မျက်စိထဲမြင်အောင်ရေးနိင်တယ်ဗျာ😄😄

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62302.26
ETH 2994.60
USDT 1.00
SBD 3.96