ပိတ်​ရက်​ ၃ရက်​ အိမ်​ပြန်​ခြင်း (၁)

in #myanmar6 years ago (edited)

image

လွန်​ခဲ့တဲ့ Feb ၃ရက်​ စ​နေ​နေ့ကပင်​ အ​မေကလှမ်း
၍ဖုန်းဆက်​ပြီး ​ပြောထားသည်​။
သား​ရေ ​နောက်​တစ်​ပတ်​ ပိတ်​ရက်​က ၃ရက်​ဆက်​ပိတ်​မှာ။
ပြည်​​ထောင်​စု​နေ့နဲ့။
အဲ့ဒါ သားပြန်​ချင်​ပြန်​ခဲ့ပါလားဆိုပြီး ​ပြောထားသည်
အဲ့တုန်းက စိတ်​သိပ်​မပါ။
"အင်းအ​မေ ပြန်​ဖြစ်​မပြန်​ဖြစ်​​တော့ မ​သေချာ​သေးဘူး ပြန်​ဖြစ်​ရင်​ ​ပြောမယ်​​လေ" ဆိုပြီး
ပြောထားလိုက်​သည်​။
ကျွန်​​တော်​က ဘယ်​လို​ပြောရမလဲ။
လိုချင်​တာရှိရင်​ အ​မေ့ဆီပဲ ​ပြောတယ်​။
အ​ဖေကိုကျ ​ကြောက်​တယ်​ ငယ်​ငယ်​ကတည်းက
သိပ်​မရင်းနှီးခဲ့ဘူးပဲ​ပြောရမလား။

အ​မေနဲ့အ​ဖေနဲ့ဆို အ​မေဆီပဲ ​တော်​​တော်​များများ
ဖွင့်​​ပြောဖြစ်​။

အဲ့​နေ့ကလည်း အ​မေ့ဆီ​ပြောဖြစ်​တာက
"​ဖုန်း​လေးလဲမလို့ စိတ်​ကူးထားတာက သွားပါပြီ
အ​မေရာ သားလုပ်​​နေတဲ့ Steemit ဆိုတာက​လေ
ထုတ်​လို့ မရ​တော့ဘူး စုရဦးမှာ။
စုရမဲ့ပမာဏပြည့်​မှ ထုတ်​လို့ရမှာ။
သားဖုန်းကခု​တော်​​တော်​ဟန်း​နေပြီ စသဖြင့်
ရင်​ဖွင့်​သလိုနဲ့ ပူဆာလိုက်​တာ​ပေါ့။

image
image
ကျွန်​​တော့်​ဖုန်း​လေးပါ
အပြင်​ပိုင်းက​တော့မဆိုး​​ပေမဲ့
အထဲက​တော့လုံးဝဟမ်း​နေပါပြီ

တကယ်​ပါ ကျွန်​​တော်​လဲ လုံးဝမပူဆာချင်​ပါဘူး။
ဘာလို့ဆိုကျွန်​​တော့်​ ​ကျောင်းစရိတ်​ဆိုတာနဲ့တင်
အ​မေတို့ အ​ဖေတို့ကို အား​နာ​နေပါပြီ။

ကျွန်​​တော်​ onilne ​ငွေရှာ​လောကကို စ၀င်​ခဲ့တဲ့
ရည်​ရွယ်​ချက်​က ပထမ​​တော့ ကိုယ်​အပို​၀င်​​ငွေရပြီး
သုံးနိုင်​စွဲနိုင်​ဖို့ပါ။
ဒါ​ပေမဲ့ ​ကျောင်းတက်​​နေရင်းနဲ့မှ ကိုယ့်​ရဲ့ တစ်​လတစ်​လ စားရိတ်​ကိုသိပြီး အ​ဖေတို့ နည်းနည်း
သက်​သာလဲနည်းလား onlineကရတာ​တွေနဲ့ သုံးမယ်​ဆိုပြီး ရည်​ရွယ်​ချက်​​ပြောင်းသွားပါတယ်​။

Steemit ပထမထုတ်​ရတုန်းကနဲ့ ​တော်​​တော်​​လေအဆင်​​ပြေခဲ့ပါတယ်​။

Engသင်​တန်းတစ်​ခုတက်​ချင်​တယ်​​နော်​။
အိမ်​ကို​တောင်းစရာမလိုဘူး။
Steemitကဟာကိုထုတ်​​ရောင်းတယ်။
အဲ့ဒါနဲ့တက်​တယ်​ ဟန်​ကျ​နေတာပဲ။

သင်​တန်းတက်​ဖို့က ကျွန်​​တော်​ရဲ့ ပထမဆုံး
ရည်​ရွယ်​ချက်​ပဲ။

ဒုတိယ ရည်​ရွယ်​ချက်​ဖြစ်​တဲ့ ကိုယ်​ရှာ​တာ​လေးနဲ့
ဖုန်းလဲကိုင်​မယ်​ဆိုပြီး စု​နေတုန်းမှာပဲ ကံမ​ကောင်း
အ​ကြောင်းမလှစွာနဲ့ပဲ SP500 ပြည့်​မှ ထုတ်​ခွင့်​ရ
မယ်​ဆိုတာကြီး ဖြစ်​လာပါတယ်​။

Leader ​တွေ ​တွေးတာကိုလဲ နားလည်​ပါတယ်​။
သိပါတယ်​။နောက်​ပိုင်း.proဆိုတာ မရှိ​တော့တဲ့
အခါ ကိုယ့်​မြန်​မာ​တွေအချင်းချင်း voteပြီး
ရကြ​အောင်​ ရည်​ရွယ်​တာပါ။
ဒါကို ကျွန်​​တော်​စိတ်​ထဲကလဲ နားလည်​ပါတယ်​။

ဒါ​ပေမဲ့ နည်းနည်း​တော့ ၀မ်းနည်းမိတာ​ပေါ့။
ကျွန်​​တော့်​ရည်​ရွယ်​ချက်​​လေး မဖြစ်​နိုင်​​တော့ဘူး​လေ။

ဒီလိုနဲ့ ဖုန်းက လုံးဝ ဟမ်းလာပါတယ်​။
အဲ့ဒါ​ကြောင့်​ အ​မေ့ကို အခုလိုပူဆာမိခြင်း
ဖြစ်​ပါတယ်​။

နောက်​​နေ့တွင်​မူ တိုက်​တိုက်​ဆိုင်​ဆိုင်​ အဘမှ
ထပ်​၍ဖုန်းဆက်​ပြန်​သည်​။

"ငါ့​မြေး ဖုန်းမဆက်​တာကြာလို့ဆိုပြီး"​ပြောသည်​။
ဟုတ်​ပါတယ်​။
ကျွန်​​တော်​ကလည်း ကျွန်​​တော်​ပါ ခုsecond year
မှာ ကိုယ့်​crushကို cb မှာ စကား​ပြောရတာနဲ့ည
ကျန်​တာ​တွေကို ​မေ့ထားလိုက်​မိတယ်​။

အဲ့ကျမှ ပြန်​ပြီးစိတ်​မ​ကောင်းဖြစ်​ရတယ်​။

အဘရယ်​ မဟုတ်​ပါဘူး သား​ကျောင်းက​နေ
သင်​တန်းကိုဆက်​တက်​ သင်​တန်းက​နေ
အိမ်​​ရောက်​​တော့ ၈နာရီ​လောက်​ဖြစ်
ရေမိုးချိုးတာနဲ့ ၉နာရီ​လောက်​ဖြစ်​သွားတာနဲ့
မဆက်​ဖြစ်​တာပါဆိုပြီး သင်​တန်းကိုအ​ကြောင်းပြ
ိလိုက်​ရသည်​။

အ​ဖေကလည်း ​နောက်​​နေ့မှာ ဆိုင်းမဆင့်​ဗုံမဆင့်
ထပ်​ပြီး ဖုန်းဆက်​ပါတယ်​။

အ​မေက​ပြောလိုက်​ပုံရပါတယ်​။
"မင်းဖုန်း မ​ကောင်းဘူးဆို။ဒီတစ်​ပတ်​ ၃ရက်​ပိတ်​တာ အိမ်​ပြန်​ခဲ့​လေ။
အသစ်​လဲ​ပေးတာ​ပေါ့ဆိုပြီး​ပြောလာပါတယ်​။"

ဒုတိယပိုင်းဆက်​ရန်

Steemit မှညီအကို​မောင်​နှမများအားလုံကျန်းမာချမ်းသာကြပါ​စေဗျာ

SP500မြန်​မြန်​လည်း ပြည့်​ကြပါ​စေ
လို့ဆု​တောင်းရင်း အဆုံးသတ်​လိုက်​ရပါတယ်

Written by@yeyintkyaw
MSC-020

Sort:  

Nice post ပါဗျာ
လိုချင်တာတွေရမှာပါ

ကျေးဇူးပါအကို

ဆက်​အား​ပေးပါ့မယ်

ကျေးဇူးပါပဲ

အိမ်ကိုလည်း လွမ်း ဖုန်းကလည်း လှဲပေးမယ်ဆိုတော့ ပြန်တော့မယ်ပေါ့

ဒါ​ပေါ့😄

မိုက်​တယ်​ ဖုန်းအသစ်​ရ​တော့မယ်

Hehe ရပြီ​နောက်​အပိုင်းမှထည့်​​ရေးမယ်

Waiting next post

‌တောင်းတတိုင်း ပြည့်‌‌တော့ ကံ‌ကောင်းတာ‌ပေါ့။
ချဲလ်‌ဆီးလည်း နိုင်‌ပါ‌စေ။

ဟုတ်​ကဲ့ပါ

ဖုန်းအသစ်လေးရပါစေလို့ဆုတောင်းလိုက်ပါတယ်။

ရတာကရပြီဗျ
နောက်​အပိုင်းမှ​ထည့်​​ရေးမှာ

နောက်အပိုင်းတွေ မျော်နေလျက်ပါ

good post

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 65345.02
ETH 2944.90
USDT 1.00
SBD 3.76