မေတ္တာတရားကြီးမားအောင်..ဘယ်လိုလုပ်ကြမှာလဲ.

in #myanmar6 years ago (edited)

ဒီနေ့..ကိုမိုးဇော်ရဲ့ပို့စ်တခုကိုဖတ်ရင်း..ရေးခြင်တာလေးတင်လိုက်တာပါ။လွတ်လွပ်စွာဖြင့်..သဘောထားကွဲလွဲခွင့်ရှိပါတယ်။လောကကြီးမှာအမြဲတန်းတူညီနေတယ်ဆိုတာ၊မဖြစ်နိုင်ပါဘူး။တခါတရံမှာ..ကွဲလွဲမူ့တခုကနေ..အဖြေမှန်ကောင်းတခုကိုလည်းရတတ်တယ်လေ။
ကျမကလေ...ပြသနာ..ဆိုတာကို၊ဘယ်တော့မှအရှူံးမပေးဘူး။ရှောင်ထွက်ရိုးထုံးစံမရှိဘူး။ဖြေရှင်းရမဲ့နည်းလမ်းရှိဖို့နဲ့သိဖို့ဘဲ၊အရေးကြီးတယ်။IMG_20171130_212632.jpg
ကဲ...စရေးပီနော်...။
ကိုမိုးဇော်က..လူတယောက်မျက်လုံးရဲ့အဓိပ္ပါယ်ကိုဖတ်တတ်ခြင်လိုက်တာလို့၊ဆရာဦးတင်လှိုင်ကိုပညာတောင်းတဲ့အခါ...ဆရာက၊မေတ္တာတရားကြီးမားရင်၊ကြည့်လို့ရတယ်လို့ပြောတယ်တဲ့။အဲဒါမှန်ပါတယ်။
ဆရာနဲ့ကျမ..စကားပြောကြရင်..ဆရာ့ကိုကျမ..အမြဲပြောတဲ့စကားက..."ဆရာ..ဆရာ့စာတွေက..အရမ်းကောင်းပီး
အဆင့်မြင့်လွန်းတယ်..ကလေးတွေနားမလည်နိုင်လောက်ဖူး"ဆိုတဲ့စကားပါဘဲ။
ဒီတော့..ဆရာက၊မေတ္တာတရားကြီးမားဖို့ပြောပီ။
အဲဒီမေတ္တာတရားဆိုတာ..ငွေနဲ့ဝယ်လို့ရတဲ့အရာမဟုတ်သလို၊သိရုံနဲ့လည်းရတဲ့အရာမဟုတ်တော့...ခက်သားလား။ဒါပေမဲ့မေတ္တာတရားကြီးမားစေတဲ့နည်းလမ်းတွေရှိတယ်။အဲဒါတွေကိုအရင်လေ့လာရမယ်။လေ့လာပီးမှကျင့်ယူရမယ်။အလေ့အကျင့်များလာရင်...လုပ်ယူစရာမလိုအောင်၊ကိုယ့်မှာပေါများလာမယ်။
မေတ္တာတရားဆိုတာ...ကောင်းကျိုးဖြစ်စေခြင်းနဲ့ကောင်းကျိုးကိုလိုလားသောစိတ်။
အကောင်းတွေကိုလိုလားရင်..အဆိုးတွေကိုလက်ခံနိုင်ရမယ်။လက်ခံပီးမှ..ကျော်ဖြတ်နိုင်ရမယ်။
မေတ္တာတရားရဲ့မိတ်ဖက်ဟာ..သီးခံခြင်း။
မေတ္တာတရားရဲ့ရန်သူဟာ...ဒေါသ။
သီးခံတယ်ဆိုတာ...မနိုင်၍သီးခံတာလား..။အကျိုးမဲ့စေမဲ့အရာနဲ့အကျိုးရှိစေမဲ့အရာကိုသိ၍သီးခံတာလား။ဒါကိုတော့..ခွဲခြားသိရမယ်။
မနိုင်၍သီးခံတယ်ဆိုရင်...ကိုယ်ကနိုင်တဲ့တနေ့မှာ၊ပြန်တုန့်ပြန်မိမှာဘဲ..။ဒါဟာသီးခံခြင်းအစစ်အမှန်မဖြစ်နိုင်ဘူး။
အကျိုးမရှိစေသောအကြောင်းကိုသိ၍သီးခံခြင်းမှသာလျင်၊
ပညာနဲ့ယှဉ်တွဲသောစိတ်ဖြစ်တာကြောင့်၊မြင့်မြတ်ပါတယ်။
ဒုတိယအချက်က...ကိုယ်ချင်းစာစိတ်ရှိရပါမယ်။လူတယောက်မှာ..ကိုယ်ချင်းစာစိတ်မရှိရင်..မေတ္တာတရားမကိန်းအောင်းပါဘူး။အတ္တကြီးသူဟာ...ကိုယ်ချင်းစာစိတ်မရှိပါဘူး။
အရာရာအားလုံးကို..ငါဆိုတဲ့အသိနဲ့ဘဲမြင်တယ်သိတယ်။ငါ..ဆိုတဲ့အသိမှာ၊မာန်မာန၊ဝိသမလောဘနဲ့မောဟတွေဘဲ
ဖုံးလွမ်းနေတယ်။
တတိယအချက်က..အရာရာကိုခွဲခြားစိတ်ဖြာနားလည်နိုင်တဲ့ပညာရှိဖို့လိုအပ်ပါတယ်။အဲဒီပညာကိုရော...ဝယ်လို့ရသလား...။မရပါဘူး...။ဒီတော့..ဘယ်လိုလုပ်ကြမှာလဲ..။
လူတိုင်းလူတိုင်း..မွေးကထဲက၊ဘာမှတတ်လာ၊သိလာကြတာမဟုတ်ပါ။အဲလိုတူညီမူ့တခုကနေထွက်ပေါ်လာတာခြင်းအတူတူ၊ဘာကြောင့်ကွဲပြားခြားနားချက်တွေဖြစ်သွားရတာလဲဆိုတော့....။ပွင့်လင်းစွာရေးရရင်တော့...အချောင်ခိုစိတ်များလွန်းလို့ပါ။
သူများတွေ.ကြိုးစားနေချိန်မှာ..လေ့လာနေချိန်မှာ..ဝီရိယတွေစိုက်နေချိန်မှာ...ကိုယ်က.အချိန်ဖြုန်းနေတယ်..မေ့လျော့နေတယ်..ပေါ့ဆနေတယ်။ဒီလိုနေရင်းနဲ့ကာလတခုကြာမြင့်သွားချိန်မှာ..အဖြေကထွက်သွားတယ်လေ။ကြိုးစားသူကရှေ့မှာပန်းဝင်သွားပေမဲ့၊ကိုယ်ကတော့..တာမထွက်သေးဘူး။အဲဒီအချိန်ကျမှ..ကယောင်ကတမ်းထအော်နေလို့ကတော့...အလကားဘဲလေ။
ဒီတော့..အသိပညာဆိုတာကို၊လေ့လာခြင်းဖြင့်၊သင်ယူခြင်းဖြင့်ရနိုင်ပါတယ်။စာအုပ်စာပေထဲမှာ..ဘဝတွေရှိတယ်။
အသိတွေ..ဥာဏ်ပညာတွေ၊စွမ်းအားတွေအားလုံးရှိတယ်။
ဒါကြောင့်မို့..ဘယ်သူ့ကိုဖြစ်ဖြစ်..စာဖတ်ဖို့ဘဲ၊အမြဲနှိုးဆော်တာ၊တိုက်တွန်းတာပါ။အတတ်ပညာကိုတော့...သင်ယူလေ့ကျင့်ရင်းဖြင့်ရပါတယ်။သင်ယူပီးပေမဲ့အသုံးမချရင်..အသုံးမကျတော့ပါဘူး။မသုံးဘဲထားတဲ့ဓားဟာ..သံချေးတက်တယ်လေ။ဆိုတော့ကား...
မေတ္တတရားရှိလာစေဖို့နဲ့ကြီးမားလာစေဖို့က..
စာဖတ်ပါ..လေ့လာပါ..တွေးတောပီးဆင်ခြင်ပါ။
အတ္တကြီးမားမူ့ရဲ့အပြစ်ကိုသိပီး..ပယ်ပါ။
ဘာသာတရားရဲ့အဆုံးအမကို၊လေးလေးနက်နက်ခံယူလိုက်နာပါ။ကျင့်ကြံမူ့ပြုပါ။
မကြာမီမှာ...သင်ဟာ..အရာရာကိုသိပီး..နားလည်လာပါမယ်။မိမိကိုယ်မိမိလည်းနားလည်လာမယ်။အဲဒီနားလည်မူ့တွေက..မေတ္တာတရားကို..သင့်အတွက်လက်ဆောင်ယူလာပေးပါလိမ့်မယ်.....။

MSC NO. 256

ရီရီဆွေ

အလုံ.မုံရွာ

Sort:  

ဟုတ်ကဲ့အားတဲ့အချိန်စာများများဖတ်နေပါတယ်ဆရာမကြီးရေ။ဘုရားတရားလဲများများလုပ်ဖြစ်ပါတယ်။

အတ္တနည်း​အောင်​​တော့အတတ်​နိုင်​ဆုံးကြိုးစား​နေပါတယ်​အန်​တီ​ရေ။

ငါဆိုတဲ့ ငါစွဲ ဖြုတ်နိုင်အောင်ကြိုးစားနေပါတယ်ဗျာ

မေတ္တာတရားသည်သာ အောင်နိုင်ခြင်းလမ်းစဉ်ပါ။
မေတ္တာပွားမှ မေတ္တာများများ ရမှာပါ။
မေတ္တာကိန်းမှ အပြစ်အနာတွေ ထိန်းနိုင်မှာပါ။

ဆရာမ အားပေးခဲ့ပါသည် သားအလုပ်ထဲမှာဆိုတော့

မေတ္တာတရား အမြဲထားနိုင်အောင် လေ့ကျင့်ရအုံးမယ် ဆရာမရယ်။

အတ္တစိတ်ကို နည်းနိုင်သမျှနည်းအောင် ထိန်းချုပ်နိုင်တာ အဆင့်မြင့်တဲ့ စိတ်လို့ ယူဆမိပါတယ် အန်တီဆွေ

အခုလို postတင်ပြီးထပ်ဆင့်ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီရေ။ လေ့လာရင်းကြိုးစားပါ့မယ်။ တစ်ခါတလေတော့ ဒေါသလေးတွေထွက်မိနေတုန်းပဲအန်တီရေ ဒါပေမယ့်လည်း ကိုယ့်ဒေါသကို ကိုယ်ဘရိတ်တော့အုပ်ထားရတယ်😁😁

အန်တီရယ် သူများအပေါ် မေတ္တာတွေသာ ပေးချင်ပါတယ်ဗျ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62983.95
ETH 2962.52
USDT 1.00
SBD 3.58