ကျမရဲ့ဘဝ..(၂ )

in #myanmar6 years ago (edited)

နူံချာလွန်းတဲ့လူသားတယောက်ဖြစ်တဲ့ကျမရဲ့မျိုးရိုးက..ဟိုးယခင်ခေတ်က၊စော်ဘွားတဦးရဲ့ဆွေတော်မျိုးတော်ဖြစ်တယ်ဆိုရင်...
IMG_20180530_141536.jpg
အဲဒီပုဂ္ဂိုလ်ကြီးဟာ..ကျမရဲ့အဘိုးပါ။ဖွားဖွားရဲ့အဖေဖြစ်ပီး..
သောင်သွပ်စော်ဘွားကြီးစပ်ခွန်ဆောင်းရဲ့အကိုအရင်းဖြစ်ပီး၊စော်ဘွားနန်းတော်မှာ..အတွင်းဝန်ကြီးဖြစ်ပါတယ်။စော်ဘွားပီးလျှင်..ဒုတိယအာဏာအရှိဆုံးပါ။စော်ဘွားကြီးကတော်..မဟေသီကြီးကလည်း၊ဖေဖေရဲ့အဒေါ်အရင်းဖြစ်ပါတယ်။ကျမရဲ့မိဘနှစ်ပါးစလုံးက..ဆွေကြီးမျိုးကြီးလို့ဆိုရပါမယ်။အမေက..စော်ဘွားကြီးဖက်ကတော်ပီး၊ဖေဖေက..စော်ဘွားကတော်ဖက်က..တော်ပါတယ်။ဖေဖေက..တဦးတည်းသောသားဖြစ်ပီး..အရမ်းချမ်းသာပါတယ်။ကျမမှတ်မိသလောက်..ကျမငယ်ငယ်တုန်းက(သုံးနှစ်သမီး)အရွယ်ဓာတ်ပုံလေးမှာ..ရိုက်ထားတဲ့ပုံလေးမှာဆိုရင်..စိန်ဘယက်လည်ဆွဲလေးနဲ့ပါ။အခုချိန်ကာလပေါက်ဈေးဆိုရင်...တော်တော်များမှာဘဲနော်။ဒါကြောင့်..ဟိုးအရင်က..ဖေဖေ့ကိုမီလိုက်သူများပြောကြတာက...ညည်းတို့အဖေသာ..လိမ္မာခဲ့ရင်
ညည်းတို့သားသမီးတွေ..ဆယ်သက်စားလို့မကုန်ပါဘူးတဲ့လေ...။ဒါဆိုရင်...ကျမရဲ့ဖေဖေက၊သူတို့အမြင်မှာ..မိုက်လို့ပေါ့နော်...။
ကျမအနေနဲ့ကတော့...ဖေဖေက..မလိမ္မာကောင်းမလိမ္မာဖြစ်လိမ့်မယ်။ဒါပေမဲ့..ဖေဖေမမိုက်ဘူး..။ဒါက..ကျမရဲ့ပြတ်သားတဲ့အမြင်ပါ။ဒီနေ့အထိ...မိဘအပေါ်မှာ..ဘာလုပ်လုပ်...ဘယ်တော့မှ..အပြစ်မမြင်မိဘူး။ဖေဖေ..နောက်အိမ်ထောင်ပြုတယ်...သားသမီးတွေရတယ်။ဖေဖေရဲ့နောက်အိမ်ထောင်ကိုလည်း..ချစ်တာဘဲ။ဖေဖေ့သားသမီးတွေကိုလည်း..ချစ်တာဘဲ။ချစ်တတ်အောင်..သင်ပေးသွားတာလည်း
ဖေဖေပါဘဲ။မိသားစုအပေါ်မှာချစ်တတ်တဲ့စိတ်ကိုသင်ပေးသွားလို့လည်း...ကျမရဲ့မိသားစုကိုချစ်တတ်ပီး..မပြိုကွဲအောင်နေတတ်လာတာပေါ့...မဟုတ်ဖူးလား..။
ဖေဖေကစာအရမ်းဖတ်တယ်..သားသမီးတွေကိုစာဖတ်ခိုင်းတယ်။အားကစားတွေပြိုင်ခိုင်းတယ်..နိုင်ရမယ်ဆိုတဲ့ရာဇသံပေးတယ်။မနိုင်ရင်..ဖေဖေရိုက်မှာကြောက်တဲ့စိတ်နဲ့ပြိုင်ခဲ့တယ်။ကျမငယ်စဉ်က..စစ်ဘုရင်ကစားတာကျွမ်းကျင်တယ်။ဖေဖေလေ့ကျင့်ပေးတာလေ..။ဒီတော့...ဆင်းရဲပေမဲ့၊ဖေဖေလေ့ကျင့်ပေးလိုက်တဲ့စိတ်ဓာတ်တွေဟာ..ကျမရဲ့ဘဝတလျှောက်မှာ..အခက်အခဲပေါင်းများစွာကို၊ကျော်ဖြတ်နိုင်ခဲ့သော..စွမ်းအင်တွေ..သတ္တိတွေဖြစ်ပါတယ်။အကယ်၍များ..သူတို့မြင်ကြသလို..ဖေဖေဟာ၊လိမ္မာခဲ့ပါတယ်ဆိုရင်...ဖေဖေပိုင်ဆိုင်တဲ့ရတနာတွေရဲ့တန်ဖိုးအလိုက်..ကျမတို့လူနေမူ့ဘဝဟာ..မြင့်မြင့်မားမားနေရတယ်ထားပါတော့...၊စည်းစိမ်ကိုယစ်မူးတဲ့စိတ်တွေနဲ့အတူ..ဘဝကိုလွယ်လင့်တကူဖြတ်သန်းနေထိုင်ရတော့..အခက်အခဲကိုကျော်ဖြတ်နိုင်တဲ့သတ္တိတွေ..ဖြစ်လာပါ့မလား...။
လူဘဝဆိုတာ...ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုတဲ့..ရာထူးတွေ
ဂုဏ်ဓနတွေဆိုတာ..အချိန်မရွေးပျက်စီးသွားနိုင်တယ်။ဒါပေမဲ့..ကိုယ့်မှာရှိနေတဲ့စိတ်ဓာတ်ခွန်အားတွေဆိုတာ..ကိုယ်သေခါမှဘဲ..ပျက်စီးသွားမှာလေ။
ဒီတော့..ကျမအတွက်တော့..ဖေဖေဟာမမိုက်ဘူး..။ကျမတို့
မောင်နှမတတွေရဲ့လူစွမ်းကောင်းဘဲ။
ဖေဖေပိုင်ဆိုင်သမျှ..ဆီစက်တွေ..ဆန်စက်တွေဟာတော်လှန်ရေးအစိုးရတက်လာတော့..ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်။ရှိသမျှစည်းစိမ်တွေဟာလည်း..လှေမျောရင်လှေနဲ့လိုက်..ငွေမျောရင်ငွေနဲ့လိုက်ဆိုတာလိုဘဲ..လိုက်ရင်းလိုက်ရင်းနဲ့ဘဲ..ဖေဖေဟာ..နောက်ထပ်မိန်းမတယောက်ရလိုက်တယ်ပေါ့...။သားသမီးရှစ်ယောက်ရှိတဲ့ဖေဖေလိုလူမျိုးက..ချောချောလှလှအပျိုတယောက်ကိုရအောင်ယူနိုင်တယ်
ဆိုတာ...ဖေဖေတော်လို့ပေါ့နော်။
ဒါနဲ့ဘဲ..ခေတ်စနစ်အပြောင်းအလဲမှာ...မွဲကြလေသောကျမတို့မောင်နှမမိသားစုတွေဖြစ်လာကြတယ်။ရုန်းကန်ရတယ်ဆိုတာ..ကျမအတွက်တော့..အခက်အခဲတခုရယ်လို့မသတ်မှတ်တတ်တော့အောင်ကို..ကျင့်သားရနေတဲ့အလေ့
အထတခုဖြစ်နေတယ်။
အလုပ်ဆိုတာ...လျှောက်ရမဲ့လမ်းဘဲ...။
အခက်အခဲဆိုတာ...ရင်ဆိုင်ရမဲ့အလုပ်တခုဘဲ...။
အဲဒီလိုလျှောက်တဲ့အခါမှာ...ဖေဖေလေ့ကျင့်ပေးလိုက်တဲ့..မလျော့သောဇွဲတွေ..ဝီရိယတွေ...။နောက်တခု..အရေးကြီးဆုံးသော...တည်ငြိမ်စွာ..တည့်မတ်ဖြောင့်တန်းစွာ..သစ္စာရှိစွာ...တည်ငြိမ်ပြတ်သားစွာ...ရိုးသားစွာဖြင့်ရင်ဆိုင်တတ်ဖို့ကိုတော့...ကျမရဲ့အမေက..ပေးတဲ့စိတ်ဓာတ်ပါဘဲ။
ဒါကြောင့်မို့လေ...ကျမတက်လာခဲ့သော..ဘဝလှေခါးထစ်များကို..ပြန်ပီးလှည့်ကြည့်မိရင်..ကြောက်စရာကောင်းလောက်အောင်..ကြမ်းတမ်းခဲ့သော်လည်း...မိမိကြောင့်..တပါးသူတဦးတယောက်ကိုမျှ..ထိခိုက်ပြိုလဲစေခဲ့ခြင်း...စိတ်ဆင်းရဲစေခဲ့ခြင်း..မရှိခဲ့တာ..၊အခက်အခဲမည်မျှပင်ကြမ်းတမ်းခဲ့
ပါစေ.အရှက်နဲ့ကိုယ်ကျင့်သိက္ခာကို..တရွေးသားမျှအပွန်းအပဲ့မခံခဲ့တာ...အရောင်မစွန်းထင်းခဲ့တာတွေ...ပြန်လည်မြင်တွေ့ရတိုင်း...ဖေဖေနဲ့အမေတို့ပေးခဲ့တဲ့အားအင်တွေ...စာဖတ်ခြင်းဖြင့်ရလာတဲ့..အသိဥာဏ်ပညာတွေကို..ယနေ့အထိချီးမွမ်းမဆုံး..ဖြစ်နေတုန်းပါဘဲ။
ဒီလိုနဲ့..B.E.H.S ဆိုတဲ့ပညာသင်ကာလတွေမှာလည်း..ချို့တဲ့
ခဲ့ပေမဲ့လည်း...သချာင်္ရည်ချွန်တို့..မြန်မာစာ..ရူပဗေဒဘာသာရပ်တွေမှာတော့..ပြိုင်ဖက်ကင်းပါဘဲ။IMG_20180204_172612.jpg
IMG_20171008_103715.jpg
IMG_20171008_103838.jpg
ဒါတွေဟာ..ကျမရဲ့ပညာရေးလမ်းကြောင်းမှတ်တိုင်တွေပါဘဲ။ဒါပေမဲ့လည်း...အတိတ်ရဲ့အကြောင်းတရားလို့ဘဲဆိုချင်ဆို..၊ပံ့ပိုးမူ့အားနည်းသောလူတယောက်ရဲ့ဖြစ်ခွင့်ဆိုတာ
ဖြစ်ခြင်တာထက်..ဖြစ်သင့်တာကိုရွေးချယ်လိုက်ရတာလည်း...ဘဝတခုပါဘဲ။

ရီရီဆွေ
အလုံ.မုံရွာ
MSC No 256

Sort:  

ထင်တယ်အရမ်းချောခဲ့မယ်ဆိုတာ..တစ်မျိုးလုံးအချောမျိုးတွေနော်ဆရာမကြီးရေ..

ငါးရှဉ့်မျိုးပါဆို...

ဥစ္စာဓနက ကံအ​ကြောင်းတရားနဲ့လည်း သက်​ဆိုင်​နိုင်​တယ်​လို့ ဆိုကြတယ်​မဟုတ်​လား
..အန်​တီ
အ​ကောင်းဆုံးစိတ်​ဓာတ်​​တွေကို ​ပေးနိုင်​ခဲ့တယ်​ဆိုကတည်းက မလိမ္မာသူမဟုတ်​ဘူးဆိုတာ သိသားနိုင်​သားပဲ​လေ..အခု​ခေတ်​က​တော့ ​ငွေ​ကြေးရဲ့အရှိနိအဝါက ပိုပြီးလွှမ်းမိုးခံကြရတယ်​ အန်​တီ​ရေ

စာပေရဲ့ စွမ်းအားတွေ ဆရာမရဲ့ အသိဥာဏ်တွေက
အရမ်းလေးစားဂုဏ်ယူရပါတယ် ဆရာမ

ဝိုး အန်တီဆွေ
ငယ်ငယ်က ချောတယ် တော်တယ်ဗျို့ 

အခုလဲ..ချောတုန်းပါဟယ်..ဟဲ..ဟဲ။ကွမ်းစားပါးစပ်ကြီးနဲ့ကိုယ့်မျက်ခွက်ကိုယ်ကြည့်ပီး..အမြင်ကပ်လိုက်တာ။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးချယ်လိုက်ရတာ ဘဝတစ်ခုကြိုက်တယ် အဲ့ဒီစကားလေးကို

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးချယ်လိုက်ရတာ ဘဝတစ်ခုကြိုက်တယ် အဲ့ဒီစကားလေးကို

Congratulations! This post has been upvoted from the communal account, @minnowsupport, by yiyiswe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဆရာမ ချောချော
မင်္ဂလာပါနော်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67