ချစ်ခဲ့ရလေသော...ဒိုင်ယာနာ

in #myanmar6 years ago (edited)

မနေ့ကf.bမှဗြိတိန်နိုင်ငံရဲ့တော်ဝင်မင်းသားလေး..ဟယ်ရီHenryရဲ့မင်္ဂလာပွဲအကြောင်း..သတင်းတက်လာတော့..၊သူ့မိခင်ဖြစ်သော..ဒိုင်ယာနာမင်းသမီးလေးကိုသွားပီး၊လွမ်းဆွတ်သတိရမိတယ်။သူသာရှိခဲ့ရင်...ဆိုတဲ့အတွေးတွေကလည်း..ရှည်လွန်းပါ့..။
IMG_20180520_092946.jpg
ဒိုင်ယာနာဆိုတဲ့မိန်းမချောလေးဆိုတာ.ဗြိတိန်နိုင်ငံတခုတည်းရဲ့အသဲနှလုံးမဟုတ်ပါဘဲ..တကမ္ဘာလုံးရဲ့အသဲနှလုံးဖြစ်ရတာ..ဘာကြောင့်ပါလည်း...။သူမဟာ..1.7.1961မှာမွေးဖွားပီး..31.8.1997မှာ..ကားအက်ဆီးဒင့်ဖြစ်ပီး..ဆုံးပါးသွားရှာတယ်။အဲဒီတုန်းက..ကျမဖြင့်နှမျောလိုက်တာ။ကျမ
သူ့ကိုအရမ်းချစ်တယ်..အရမ်းသနားတယ်။အဲဒီအချိန်က..
အခုခေတ်လို..အင်တာနက်ခေတ်မဟုတ်ဖူး။သူ့အကြောင်းသိဖို့..သူ့ပုံလေးတွေမြင်တွေ့ရဖို့..မဂ္ဂဇင်းမှာစောင့်ဖတ်ရတယ်။သူပုံပါသမျှ..စာအုပ်တွေ့ရင်ဝယ်ဖို့..မနှမြောဘူး။
IMG_20180520_212659.jpg
IMG_20180520_212636.jpg
IMG_20180520_212525.jpg
IMG_20180520_212545.jpg
IMG_20180520_212611.jpg
ရိုးသားပွင့်လင်းတဲ့မိန်းမချောလေးဟာ..သာမန်ဘဝကနေ
နိုင်ငံရဲ့တော်ဝင်မိသားစုမှာ၊အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်ဖြစ်သွားစေခဲ့တာက..သူမရဲ့အလှအပကြောင့်လား..ကံတရားကြောင့်လား။ဒီလိုနဲ့သားတော်လေးနှစ်ပါးကို21.6.1982Prince Willian..15.9.84 မှာHenryကိုမွေးဖွားခဲ့တယ်။IMG_20180520_093337.jpg
IMG_20180520_212457.jpg
IMG_20180520_093136.jpg
IMG_20180520_093303.jpg
အိမ်ထောင်တခုတည်မြဲမူ့အတွက်၊အဓိက..အကျဆုံးဖြစ်တဲ့
ဆည်းလည်းသံလေးတွေဖြစ်ပေါ်ပေမဲ့လည်း..ပြိုကွဲစေမဲ့အက်ကြောင်းတွေက..အဲဒီအချိန်ကတည်းက..ပေါ်ပေါက်နေပါပီ။ဘာဖြစ်လို့လည်းဆိုတော့...
လူ့ဘဝဆိုတာ..ရာထူးတွေ၊ဂုဏ်တွေ..ပစ္စည်းဥစ္စာကြွယ်ဝမူ့တွေက..ဘဝတခုကိုမြင့်မားစေဖို့၊အကောင်းဆုံးအထောက်အပံ့ဖြစ်ပေမဲ့...လူ့စိတ်ကိုအေးချမ်းသာယာစေဖို့ငြိမ်းချမ်းစေဖို့ဆိုတာ..မမြင်နိုင်သောစိတ်ရဲ့အကြောင်းတရားများကသာပေးစွမ်းနိုင်တယ်
ဆိုတာ...ဒိုင်ယာနာက..သက်သေပြသွားပါတယ်။
သူတို့အနေနဲ့ဆိုရင်..ဘာတခုမှ..ကြောင့်ကြစရာမရှိသောနေရာမှာ၊အပူအပင်ကင်းမဲ့စွာနေ..နေရတယ်၊အရာခပ်သိမ်ပြီးပြည့်စုံတယ်။လက်ညှိုးညွှန်ရာ..ရေဖြစ်တယ်။ဒါပေမဲ့..သူမ..မပျော်ဘူး။ဘာဖြစ်လို့လည်း...
တထီးတနန်း..ခမ်းခမ်းနားနားနေရပေမဲ့..စည်းနဲ့ဘောင်နဲ့..
အကန့်အသတ်များလွန်းသောနေရာ...သူမက..သာမန်မိသားစုနဲ့သာမန်လူ့ပတ်ဝန်းကျင်မှာ.ကြီးပြင်းလာသူတဦး။
အရေးကြီးဆုံးက..သူမရဲ့ပင်ကိုယ်စိတ်အခြေခံကိုက..လွပ်
လွပ်လပ်လပ်..ပေါ့ပေါ့ပါးပါး..ဟန်ဆောင်မူ့ကင်းစွာနေခြင်သူ။
လူသားတဦးကိုလူသားတဦးအနေနဲ့မြင်တတ်..ခံစားတတ်
ပြုမူဆက်ဆံတတ်တဲ့သူမရဲ့စိတ်ဟာ...လူတဦးတယောက်ကို..အကန့်အသတ်နဲ့မြင်ပီးဆက်ဆံတဲ့နေရာမှာ..သူမ..မပျော်မွေ့ဘူး။
ဒါပေမဲ့..သူမ..နေတတ်အောင်ကြိုးစားပါတယ်။သူမရဲငြီးငွေ့နေသော..အသိုင်းအဝိုင်းမှာ..ဆက်ပီးရှင်သန်ဖို့..မျှော်လင့်ချက်ကတော့...ခင်ပွန်းဖြစ်သူ..ချားလ်စ်မင်းသားရဲ့အချစ်ပါဘဲ။လူတကာရဲ့အမြင်မှာတော့...ချောမောလှပတဲ့မင်းသမီးလေး..ဒိုင်ယာနာဟာ..ချားလ်စ်မင်းသားရဲ့အချစ်တွေကို
သိမ်းကြုံးရယူလိုက်ရတယ်လို့ထင်နေကြပေမဲ့..တကယ်အမှန်ရလိုက်တာက...မင်းသားနဲ့ပတ်သက်သောအဆောင်အယောင်ကိုဘဲ..ရခဲ့တာပါ။ချားလ်စ်မင်းသားက..သူမနဲ့မရခင်ကတည်းက..Camilla Parker Bowles ဆိုသော..မုဆိုးမ
ဆီမှာ..သူ့အချစ်တွေပုံပေးထားခဲ့ပါပီ။
ကမ်မီလာဆိုတဲ့..အမျိုးသမီးကို..ဒီနေ့အထိ..ကျမကြည့်မရခဲ့ဘူး။ရုပ်ဆိုးတာထက်..အကျင့်ဆိုးတာကို..မုန်းတာ။ကျမဖတ်ရသလောက်..ချားလ်စ်ကဒိုင်ယာနာနဲ့လက်ထပ်ပီး..သားနှစ်ယောက်ရနေတာတောင်မှ..ချားလ်စ်ကိုချစ်နေကြောင်း၊လွမ်းနေသေးကြောင်း..အမြဲပို့တယ်တဲ့။ဒါကို..ချားလ်စ်ကလည်းလက်ခံပီး..တိတ်တဆိတ်ဆက်သွယ်တယ်။ဒီအကြောင်းတွေ...ဒိုင်ယာနာသိသွားတဲ့နေ့တွေမှာတော့...နာကျည်းစိတ်တွေက..တဆင့်ပေါက်ကွဲမူ့တွေဖြစ်ကုန်တယ်။ဒိုင်ယာနာက..ညှိယူဖို့ကြိုးစားပါသေးတယ်။
ချားလ်စ်ရဲ့စိတ်ထဲမှာလည်း..ဒိုင်ယာနာကို..မကြည်ဖြူပေဘူး။ဘာဖြစ်လို့လည်းဆိုတော့...တော်ဝင်မင်းသားဆိုတာ
ဘယ်နေရာသွားသွား..ဘာဘဲလုပ်လုပ်..ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ..ပေါ်လွင်ခြင်တယ်..အရေးတယူလုပ်ခြင်းခံခြင်တယ်...။ဒါက..မွေးကတည်းက..ပုံသွင်းပေးလိုက်သောအကျင့်ဆိုတော့..ဖျောက်ရခဲတယ်လေ။သူတယောက်ထဲဆိုရင်..မသိသာပေမဲ့၊ဒိုင်ယာနာပါတဲ့အခါတိုင်း..
လှပသွက်လက်သော..ရင်းရင်းနှီးနှီးဖေါ်ဖေါ်ရွှေရွှေဆက်ဆံတတ်သော..မင်းသမီးလေးဒိုင်ယာနာကို..ပြည်သူအများစုက..ပိုပီးဦးစားပေးကြတယ်..။ဒါကို..ချားလ်စ်ကလက်မခံဘဲ၊ဒိုင်ယာနာကိုငြိငြင်တယ်။အမှန်ကတော့..မနာလိုစိတ်ပါဘဲ။
ဒိုင်ယာနာက..မင်းသမီးတပါးလို၊နန်းတွင်းထဲမှာ..နေရတာထက်၊ပြည်သူတွေထဲဆင်းပီး..လိုအပ်ချက်တွေရှာပီးအားပေးခြင်တယ်..ဖြည့်ဆည်းခြင်တယ်။အဲဒီတုန်းက..AIDSဆိုတာ..ပေါ်ခါစ..တော်ရုံလူတွေက..မကပ်ခြင်ဘူး။ဒီအချိန်မှာ
ဒိုင်ယာနာက..အိပ်စ်ဝေဒနာရှင်တွေဆီသွားပီးအားပေးတယ်။ရေမြုပ်မိုင်းတွေပေါတဲ့နေရာကို..မကြောက်မရွံ့သွားပီး..ရှင်းလင်းရေးလုပ်ငန်းတွေလုပ်တယ်။..သူမရဲ့လုပ်ရပ်တွေဟာ.တော်ဝင်မိသားစုက၊မနှစ်မြို့ပေမဲ့...ပြည်သူတွေအားလုံးနဲ့တကမ္ဘာလုံးရဲ့အသဲနှလုံးဖြစ်စေသွားတာပါဘဲ။IMG_20180520_093406.jpg
ငယ်ရွယ်နုပျိုတယ်..လှပချောမောတယ်..သွက်လက်ထက်မြက်သော..မိန်းမတယောက်ဟာ..သူတောင်းတမျှော်လင့်တဲ့..အချစ်ကိုရှာဖွေတာ..မှားသလား..။သူမကစောင့်စည်းပေမဲ့..တဖက်က..မစောင့်စည်းလေတော့..သူမရဲ့တုန့်ပြန်ချက်ဟာ..မမှားဘူးလို့ယူဆပါတယ်။
1996မှာဘဲ၊ချားလ်စ်နဲ့ divorceလုပ်လိုက်ပါတယ်။
31.8.1997 မှာ..သူမရဲ့ချစ်သူဖြစ်တဲ့..ဒိုဒီ Dodi Alfayedနဲ့အတူပျော်ပါးခရီးစဉ်မှာ..သတင်းသမားတွေကိုတိမ်းရှောင်မောင်းနှင်မူ့မှာ..အက်ဆီးဒင့်ကြောင့်၊သေဆုံးသွားပါတယ်။IMG_20180520_093021.jpg
IMG_20180520_093204.jpg
သူဝတ်တဲ့ဖက်ရှင်မှန်သမျှ..ငေးမောနေရသလို..သူမရဲ့အပြော၊သူမရဲ့အပြုံးတွေက..လူတကာတွေရဲ့နှလုံးသားကိုပြုစား..ဖမ်းစားနိုင်သလောက်..သူမချစ်တဲ့သူဆီက..အချစ်ကိုတော့..ဖမ်းမစားနိုင်ခဲ့ပါဘူး...။
အံ့သြစရာကောင်းတာက...သူမ.ရှူံးခဲ့ရတဲ့..မိန်းမရဲ့ရုပ်ရည်ဟာ...သူမရဲ့ခြေဖျားကို..လုံးဝမမှီတာပါဘဲ။ဒီတော့..ချားလ်စ်မင်းသားက..မရုန်းထွက်နိုင်ခဲ့တာဆိုတာ၊ကမ်မီလာရဲ့ရုပ်ရည်ကြောင့်တော့..မဖြစ်နိုင်ဘူး။ကမ်မီလာရဲ့အကျိုးပေးလား..အပြောအဆိုကြောင့်လား..
စကားချပ်...တချို့သောပူရိသတွေက..ညှူတာ..ပလီတာကိုကြိုက်တယ်လေ။IMG_20180520_092852.jpg
ဘာဘဲဖြစ်ဖြစ်..ချားလ်စ်ကမချစ်ခြင်နေပါစေ...
ဒီနေ့အထိ..နိုင်ငံခြားကအမျိုးသမီးတွေထဲမှာ..ကျမရဲ့အသဲနှလုံးဖြစ်ခဲ့..ဖြစ်နေဆဲကတော့...ဒိုင်ယာနာပါဘဲ။
ယနေ့အထိ..မမေ့နိုင်သေးဘဲ..
ချစ်နေဆဲပါ.....ဒိုင်ယာနာ။

ရီရီဆွေ
အလုံ.မုံရွာ
MSC No 256

f.bမှမိတ်ဆွေတင်ပြထားသောဓာတ်ပုံများကိုအသုံးပြုထားပါသည်။

Sort:  

ဝိုးဝိုးကျော်ခဲ့သောဒိုင်ယာနာပါဆရာမကြီးရေ။သူ့ချစ်သူအသည်းနှလုံးကိုမပိုင်ဆိုင်ခဲ့တာတော့စိတ်ထဲမကောင်းဘူးပေါ့လေ။ရေစက်မပါလို့ လို့ လဲဆိုလို့ရမယ်ထင်ပါတယ်။

အမျိုးမျိုး​သော ပ​ဟေဠိ​တွေကို ​သေသည်​အထိ ​ပေးသွားခဲ့သူတစ်​​ယောက်​ စိတ်​ဝင်​စားဖို့​ကောင်းသလို အားကျဖွယ်​ ဘဝပိုင်​ရှင်​တစ်​​ယောက်​ ဒါ​ပေမယ့်​ သနားစရာလည်း​ကောင်း​နေခဲ့တဲ့ မိန်းက​လေးတစ်​​ယောက်
ကျမအထင်​က​တော့ြ​ဗိတိန်​ ​တော်​ဝင်​ထီးနန်း​လောကဟာ ဒိုင်​ယာနာ​ကြောင့်​သာ ပိုပြီး အသက်​​ဝင်​​တောက်​ပပြီး တစ်​ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရခဲ့တာလို့ ထင်​မိတယ်​..
သူတို့ ​တော်​ဝင်​မိသားစု​တွေထဲမှာ ဒိုင်​ယာနာ​လောက်​ တစ်​ကမ္ဘာလုံးကလူသား​တွေရဲ့နှလုံးသားကို သိမ်းပိုက်​နိုင်​တဲ့သူ မရှိ​သေးဘူးလို့လည်း ယူဆမိတယ်​..အန်​တီ

ဟုတ်တာပေါ့သမီးရယ်..တော်ဝင်မိသားစုသွေးအစစ်တွေတောင်မှ..သူမလောက်..ပြည်သူသာမက..တကမ္ဘာလုံးရဲ့နှလုံးသားကိုမသိမ်းပိုက်နိုင်ဘူး။နောက်ဆုံး..သူမရဲ့လုပ်ရပ်လေးတွေက..သူ့ရဲ့အသက်ကိုတိုစေခြင်းဘဲ။ဒါကလည်း..လူတယောက်ရဲ့လိုအင်အကြီးမားဆုံးဆန္ဒတခုအတွက်..သူဘဝ..တလျောက်လုံးမျှော်လင့်ဆုံးအရာတခုကို..အသက်နဲ့လဲပေးလိုက်ရသလိုဖြစ်သွားရှာတယ်။ဒါကလည်း..
ဘာသာရေး..လူမျိုးရေးနဲ့အများကြီးဆက်နွယ်တယ်။အမုန်းစကားတွေဖြစ်မှာစိုးလို့..မရေးဘဲချန်ထားလိုက်တယ်သမီး။

ကျွန်တော်လဲ ဒိုင်ယာနာကို သဘောကျတယ် ဆရာမ

ငယ်ငယ်တုန်းကတော့ သူမကိုသတိထားမိတယ်
ကံကောင်းတဲ့အမျိုးသမီးအဖြစ်
တကယ်ရောသူမ ကံကောင်းခဲ့လေသလားဗျာ

သားကတော့ ဒိုင်ယာနာ ဆိုတာ ဒေးဗစ်ဘတ်ခမ်း နဲ့
ပတ်သက်ပြီးမှ နဲနဲကြားဖူးခဲ့တာပါ အခုလိုဆရာမရှင်း
ပြတော့မှပဲ တော်တော်သိလိုက်ရတယ် လေးစားစရာ
လည်းကောင်းပါတယ် သား vote နည်းနေလို့မနက်ဖြ
န်မှ vote တော့မယ်ဆရာမ

ငယ်​ငယ်​ကဒိုင်​ယာနာဆံပင်​ပုံအရမ်း​ခေတ်​စားခဲ့တာအန်​တီ​ရေ။

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

အန်တီဆွေအခုလို ရေးပြလိုက်တော့ ကျွန်တော့ ဖတ်ထားမိတဲ့ မော့ဆက်သူလျိုတွေနဲ့ပါတ်သက်တဲ့ ဆောင်းပါး တပုဒ်ကိုသွားသတိရတယ် အန်တီ။ တကယ်တော့ ဒိုင်ယနာက ချာလ်စ်း နဲ့ကွာရှင်းပြီး သီးသန့်နေရင် အသက်ဆုံးရှုံးရမယ်မဟုတ်ပေမယ့် သူဌေးကြီး Alfayed ရဲ့သား dodi Alfayed နဲ့ ချစ်ကြိုးသွယ်မိရာမှာ ကြမ္မာငင်သွားတာပါ။ ဒိုင်ယနာရဲ့ အသက်ဆုံးရှုံးရမှုမှာ အင်္ဂလန်က MI 5 , MI 6 တွေရဲ့ လက်ချက်မကင်းသလို ပြင်သစ် နိုင်ငံက လည်း ဒီအကြောင်းအရာ တော်တော်များများကို လျို့ဝှက်ထားပေးကြပါတယ်။

အစ္စရေး မော့ဆက် သူလျိုတွေက အရှေ့အလယ်ပိုင်း လက်နက်ကုန်သယ် တယောက်ကို နောက်ယောင်ခံရင်း ဒိုင်ယနာနဲ့ Dodi တို့ရဲ့ သတင်းကို သဲလွန်စရခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဒိုင်ယနာ ဆီမှာ Dodi ရဲ့ ကိုယ်ဝန် လွယ်ထားပုံရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ တော်ဝင် သားသမီးတွေမှာ နောက်ထပ် မအေတူ ဖအေကွဲ သားသမီးရရှိမှာကို တော်ဝင် အသိုင်းအဝိုင်းက လိုလားပုံမရပါဘူး။ အဆိုးဝါးဆုံးက Alfayed မိသားစုက အစ္စလမ်လာသာ ဝင် ဖြစ်နေတာပါ။ Gideon’s Spies - the secret history of the Mossad စာအုပ် ရဲ့ Beyond the looking glass ဆောင်းပါးမှာ ဒိုင်ယနာ သေဆုံးရပုံအကြောင်းအတိအလင်း ရေးထားပါတယ် အန်တီ။ အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

0000.jpg

ဟုတ်တယ်သား...ဒါပေမဲ့..အခုအချိန်က၊တို့နိုင်ငံမှာ..ဘာသာရေးနဲ့လူမျိုးရေးနဲ့ပတ်သက်ပီး..တော်တော်ကိုအောက်တန်းကျကျ...သွေးခွဲနေတယ်..သွေးကွဲနေတယ်။အခုဒီပို့စ်ကိုရေးရင်း..အဲဒီအကြောင်းထည့်ရေးဦးမယ်ဆိုပီးစိတ်ကူးသေးတယ်။ဒါပေမဲ့..မရေးတာဘဲကောင်းပါတယ်လို့တွေးပီး..
ချန်ထားခဲ့တာပါ။သူအသက်တိုသွားရတဲ့..အဓိက..အချက်ပါဘဲ..သားပြောတာအမှန်တွေဘဲ။ကိုယ့်တို့နိုင်ငံမှာ..တော်တော်များများက..အဲလောက်ခွဲခြားမမြင်တတ်ကြသေးတာအမှန်ဘဲ။

ခုမှပဲဒိုင်ယာနာအကြောင်း တော်တော်သိရတယ်
ပြန်လည်မျှဝေပေးတာ ကျေးဇူးတင်ပါတယ်

ဒိုင်ယာနာအကြောင်း စာအုပ်တွေထဲမှာလည်း ခဏခဏ ဖတ်ဖူးပြီး သူရဲ့ရုပ်ရည်နဲ့ပရဟိတစိတ်ဓါတ်ကိုလည်း သဘောကျမိပါတယ်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62352.72
ETH 2953.59
USDT 1.00
SBD 3.62