ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၂)

in #myanmar6 years ago

ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၂)

ဘုန်းကြီးကလဲ စာသင်​သားက​နေ​ကျောင်းထိုင်​ရကာစဆို​တော့အားရဝမ်းသာဖြစ်​​နေ​လေသည်​၊​ကျောင်းကြီးကလဲဘယ်​​လောက်​ကြီးတယ်​၊တိုင်​​ပေါင်းရှစ်​ဆယ်​​ကျော်​တယ်​ ​ကျောင်းထဲမှာလဲ မရမ်းပင်​ကဘယ်​နှစ်​ပင်​ ငှက်​​ပြောပင်​အုံးပင်​စသည့်​အပင်​များအပြင်တခြားသီးပင်​စားပင်​​တွေ​ရောအ​မြောက်​အမြားရှိ​ကြောင်းဆွမ်းခံရန်​မလို​ကြောင်းရွာထဲမှ​နေစဉ်​အလှည့်​ကျဆွမ်းအုပ်​​တွေ​မြောက်​များစွာရှိ​ကျောင်း ဆွမ်းကွမ်းကပိုလျှံ​နေ​ကြောင်းအားရဝမ်းသာ​ပြော​လေ၏။တခြားရပ်​ရွာမှာသူတ​ယောက်​ထဲ​နေရသဖြင့်​ရွာက က​လေးသုံး​လေး​ယောက်​​လောက်​​ခေါ်ခြင်​တယ်​ ၊ကျ​တော်​ကိုလဲကြည့်​ပြီးတကာကြီးရဲ့သားကိုလဲ​ခေါ်ချင်​တယ်​ ဟိုမှာ​ကျောင်းထား​ပေးမယ်​၊ဘုန်းကြီး​ကျောင်းနားမှာ အစိုးရတွဲဘက်​အလယ်​တန်း​ကျောငိးရှိ​ကြောင်း​ကျောင်းကိုလဲသူတက်​ချင်​သ​လောက်​ထား​ပေးမယ်​ဟု​ပြော​လေသည်​၊
ထိုအခါအ​မေက မဖြစ်​နိုင်​ဘူးဦးဇဉ်းရဲ့က​လေးကငယ်​​သေးတယ်​ တပည့်​​တော်​ကတခါမှ တပည့်​​တော်​သားနဲ့ခွဲဘူးတာမဟုပ်​ဘူးလို့​ပြောလေ၏။ အ​ဖေက​တော့ တပည့်​​တော်​သားကနဲနဲငယ်​​သေးတယ်​ဘုရားဟု​ပြော​လေ၏။ကျွန်​​တော်​က​တော့အဲ့ဒီအချိန်​မှာလိုက်​ချင်​တယ်​မလိုက်​ချင်​ဘူးသိတ်​စိတ်​မဝင်​စား​သေးပါ။

FB_IMG_1522745043412.jpg

နောက်​တရက်​နှက်​ရက်​​နေ​တော့ ညီအကိုသူငယ်​ချင်းဖြစ်​တဲ့ ​ကျော်​​ရွှေ၊​ကျော်​​ငွေ၊ဖိုး​ငွေ၊ခင်​ဦးစသည့်​​ဆော့ဖက်​ကစားဘက်​​တွေက ဘုန်းကြီး​နောက်​လိုက်​ဖို့မိဘ​တွေကသ​ဘောတူကြ​လေ၏၊ဘုန်းကြီးကလဲက​လေး​တွေကိုအတန်းပညမတက်​ကြသဖြင့်​သူတို့​တွေ​တွေကိုဝါသနာပါရာပညာများသင်​​ပေးမယ်​ဟုမိဘများကို​ပြော​လေ၏ကျွန်​​တော်​သည်​ထိုအခါမှ သူငယ်​ချင်း​တွေကလဲအတူတူလိုက်​ခဲ့ဘို့​ပြော၊ အဖွဲ့ကလဲ​ကောင်းဆို​တော့ ဘုန်းကြီးနဲ့လိုက်​ခြင်​​ကြောင်း အ​ဖေနှင့်​အ​မေကိုပူဆာ​လေ​တော့၏။မိဘ​တွေကလဲမထည့်​ချင်​ ကျွန်​​တော်​ကလဲမလိုက်​ရမှာစိုးသဖြင့်​​ကျောင်းမတက်​ဘဲ ဘုန်းကြီး​နောက်​တ​ကောက်​​ကောက်​လိုက်​​နေ​လေ၏၊​နောက်​ဆုံး​တော့တခြားက​လေး​တွေ​ရောပါပြီးပညာ​ရေးကလဲ ဒီမှာကမူလတန်း​အောင်​ရင်​ဆက်​ထားစရာ​ကျောင်းကမရှိဘုန်းကြီးကလဲ​ကျောင်းဆက်​ထား​ပေးမယ်​အာမခံ​တော့ ကျွန်​​တော့ကို မြန်​​အောင်​ကိုထည့်​လိုက်
ဖို့သ​ဘောတူ​လေ၏။ထို​ခေတ်​အခါက ရှစ်​တန်း​အောင်​လျှင်​မူလတန်းပြဆရာရ​လေ၏။ခြောက်​တန်း​အောင်​ရင်​အစန်းခန့့်​ဆိုပြီးမူလတန်းပြဆရာရ​လေ၏။ဒီလိုနှင့်​ကျွန်​​တော်​သည်​လိုက်​ခွင့်​ရသဖြင့်​ဘုန်းကြီးနှင့်​ကျွန်​​တော်​တို့က​လေးအုပ်​စုကို​ပခုက္ကူသို့နွားလှည်းဖြင့်​လိုက်​ပို့ကြ​လေ၏။ထို​ခေတ်​အခါကလမ်​ပန်းဆက်​သွယ်​​ရေးယခုလိုမ​ကောင်းလှ​ပေ၊​အောက်​ပြည်​နှင့်​အညာ​ဒေသကို ကုန်​​ရောင်းကုန်​ဝယ်​အဖြစ်​ဧရာဝတီဖြစ်​ကိုအဓိကအားထားရ​လေသည်​၊ကျွန်​​တော်​မှတ်​မိသ​လောက်​ သ​င်္ဘောကြီး​တွေမ​ပေါ်​သေးဘဲ စက်​​လှေများ ​မော်​​တော်​များ​လောက်​သာအဓိကအားထား​နေရတယ်​လို့ထင်မိ​ပါသည်

FB_IMG_1534847856249.jpg

 ၊အခုအချိ​န်​ ပခုက္ကူနှင့်​မြန်​​အောင်​ ဆိုင်​ကယ်​ဖြင့်​​သော်​လည်း​ကောင်း ကားဖြင့်​​သော်​လည်း​ကောင်း​နေခြင်း​ပေါက်​​ရောက်​​သောခရီးကို​လှေတတန်​ ကုန်းတတန်​ဖြင့်​ နှစ်​ညအိပ်​သွားခဲ့ရ၏၊​မော်​​တော်​ဖြင့်​သာခရီးအစအဆုံးဆိုရင်​တပတ်​​လောက်​ကြာမည်​ထင်​ပါသည်​၊
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Sort:  

လက်​ယက်​တွင်း​လေး​တွေ ယက်​ကာခပ်​ရသည်​....
သန်းထွန်​​လေးသီချင်း​လေးကိုသွားသတိယမိတယ်

Posted using Partiko Android

အဲ့​ခေတ်​က​ရေတအားရှားတယ်

လက်ယက်တွင်းမှာ ရေခပ်လာ ပျိုဖြူတစ်သိုက် လူပျိုကြိုက်

Posted using Partiko Android

အိမ်​တအိမ်​လူတ​ယောက်​က ​ရေတာဝန်ူယူရသလိုပါ့

မြန်​​အောင်​​ရောက်​အ​ကြောင်းအရာများလည်းဆက်​ဖတ်​ပါ့မယ်​...ငယ်​ဘ၀အ​တွေ့အကြုံများဖတ်​​ကောင်းပါတယ်​...

Posted using Partiko Android

အဲ့မှာစိတ်​ဝင်​စားစရာအ​​ကြောင်း​လေး​တွေပါလာမှာမို့​ရေးမိတာပါ

တို့အစ်ကိုက ငယ်ဘဝအကြောင်းကို သေသေချာချာ ရေးပြထားတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ဆက်လက်စောင့်မျှော်အားပေးမယ်အစ်ကို။

ကျေးဇူးပါ

ငယ်ဘဝကိုသတိရမိတယ်

ငယ်​တုံးက ဒို့​တွေအဲ့လိုခပ်​ရတာ

နှစ်‌၅၀ ‌လောက်‌က ‌တော်‌‌တော်ေ ပြာင်းလဲသွားတယ်‌‌နော်‌။

ပြောင်းလဲတာ​ပေါ့ဗျာ ​ညောင်​ဦးနဲ့ပခုက္ကူ မနက်​​ဝေလီ​ဝေလင်းထွက်​လာ ​ညောင်​ဦးကို ၁၂နာရီ​လောက်​မှ​ရောက်​တယ်​ ​နေ့ဝက်​ခရီးပါ့

သားလေးကို မခွဲနိုင်ဘူး သမီးလေးနဲ့ တစ်ခါမှ မခွဲဖူးဘူး ဆိုတဲ့စကားကို အထပ်ထပ်အခါခါ ပြောကြားရင်းနဲ့ သူက အရင်ခွဲသွားတတ်တာပါပဲ ဘဘယုရယ် ☺

ဟုပ်​တယ်​ဗျာ မိခင်​​မေတ္တာ ကိုးဗျာ့

ငယ်ငယ်ကရွာမှာသဲရေတွင်းလေးတွေမှာစောင့်ပြီးရေခပ်ခဲ့ရဘူးတယ်၊ပုံထဲလိုလေး

Posted using Partiko Android

အရင်​က မိသားစုတစုမှာ တ​ယောက်​က
ရေတာဝန်​ယူရတာဗျာ့ ကျုပ်​တို့ဆီမှာ

ဖွံ့ဖြိုးတိုးတက်လာပြီပေါ့ရှင်

အခုက​တော့ တိုးတက်​လာပါပြီ

စိတ်ဝင်စားဖွယ်ရာ ဆင်လက်စောင့်ဆိုင်းလျှက်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99